ဆေးကျောင်းက သူငယ်ချင်းတွေနဲ့ ဆုံခဲ့တယ်။
သူငယ်ချင်းတယောက်က မှတ်ချက်ရေးတယ် ၄ ယောက် မရှိကြတော့ဘူးတဲ့။
သူငယ်ချင်းတယောက်လည်း တနေ့က ဖုန်းဆက်တယ်။ မန္တလေးနွေကို အံတုပြီး စွပ်ကျယ်နဲ့။ ငါတော့ အကုန် လွှတ်ချထားလိုက်ပြီတဲ့။
ဆေးကျောင်းတုန်းကတော့ ကျောင်းသူ ကျောင်းသားတိုင်း ချိုင်းမှာ ထူပေ လေးပေဆိုတဲ့ စာအုပ်ကိုယ်စီနဲ့။
ပိုးထားတာတွေ၊ ပွေ့ထားတာတွေ၊ ခေါင်ပေါ်နဲ့ ခေါင်းထဲကဟာမှန်သမျှ လေးတယ်။
နေကောင်းကြစေသတည်း။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment