Skip to main content

အချစ် မေတ္တာ နှင့် အဲ့


မေးခွန်းတခု = အဲ့စာသားက အချစ်နဲ့ မေတ္တာက မတူဘူးလားဗျ

(၁)

ပန်းလိုမွှေးပါစေ

ရေး - ကိုဘိုခင်

တွေးလေတိုင်း 

မှိုင်းမှုန်မှုန်ရီဝေ 

တကိုယ်တည်း ဖြေမပြေ

မောင် ဖေး ကူပါ လေ

မိုး မြေ မိုးနဲမြေဟာ မောင်ရေ ဝေးပါစေ

မောင် သာ အမုန်းမဖက်လို့ ပြုံးနိုင်ပါစေ

အချစ်နယ်မြေမှာလေ

တဦးပေါ် တဦး

အထူးမေတ္တာ မေတ္တာ နှင်းကာစေ

(၂)ဘာနဲ့စမ်းမလဲ 

ကဲ မှတ်ကျောက်တင်ကြည့်၊ သိလိမ့်မယ်လေ 

ရွှေအစစ် 

မောင့်မေတ္တာ။ (မောင်ချောနွယ်)

(၃)

သစ္စာပန်းတခက်

တေးရေး - ဦးဘိုခင်

တေးဆို - ချိုပြုံး 

ထာဝရသစ္စာ

မေတ္တာ မျှနှစ်ကိုယ်ယှဉ်

ချစ်တာ ပမာပြလိုချင်

အသဲလွှာတွင်မခွဲခွါ ဘူးရှင်

ဝသုန်ဤမြေ သိကြားသက်သေတင်

ရည် ညွှန်းပါသရှင် 

ချစ်သော သူ မငြို ငြင်

(၄)

"မေတ္တာလွှမ်းခြုံ"

မေတ္တာတရား လွှမ်းကာခြုံ

ကျင်လည်ကြတဲ့ ၃၁ ဘုံ

ဝေနေယျသတ္တဝါအစုံ

စိတ္တကာယသုခ ပြည့်စေကုန်

မေတ္တာတရားထားကြပါမှ သွားကြလာကြ

နေရာအဖုံဖုံ ဘေးဘယာ ရန်ခပ်သိမ်း

ရောဂါခပ်သိမ်း ကင်းငြိမ်းကြမယ်ယုံ

(၅)

ဆုတောင်းမေတ္တာ

တုံ့လှည့်မေတ္တာ

တဦးကမေတ္တာ တဦးကစေတနာ

တဦးမေတ္တာတဦးမှာ

မိဘမေတ္တာ

မေတ္တာစာ

မေတ္တာတုံ့ပြန်

မေတ္တာတရား

မေတ္တာထားပါ

မေတ္တာဓါတ်

မေတ္တာပို့သည်

မေတ္တာဘာဝနာ

မေတ္တာမျှသည်

မေတ္တာရှိသည်

မေတ္တာသက်ဝင်သည်

၅၂၈ သွယ်မေတ္တာ

၁၅၀၀ မေတ္တာ

(၆)

၅၂၈ အချစ် ဆိုသည်မှာ ပါဠိတော်အရ ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာစစ် မေတ္တာမှန်များ ပင်ဖြစ်သည်။

အနောဓိသ မေတ္တာ ၅-ပါး၊ ဩဓိသမေတ္တာ ၇-ပါး၊ ပေါင်း ၁၂-ပါးကိုတည်၊ အဝေရာဟောန္တု , အဗျာပဇ္ဇာဟောန္တု, အနီဃာဟောန္တု, သုခီအတ္တာနံ ပရိဟရ န္တု, ၄-ခုနှင့်မြှောက်၊ ၄၈-ပါးရ၏၊ ၎င်းကို အရပ်ဆယ်မျက်နှာနှင့်မြှောက် ၄၈၀-ဖြစ်၏။ ယင်းသို့ (အရပ်မျက်နှာမရည်ညွှန်းပဲပွားများသောမေတ္တာ) ၄၈-နှင့် (အရပ်မျက်နှာရည်ညွှန်းပေးပို့သောမေတ္တာ) ၄၈၀-နှစ်ရပ်ကို ပြန်၍ပေါင်း ၅၂၈-ရ၏။

(၇)

အချစ်မီး (သိပ္ပံမောင်ဝ)

ယခင်က ဖျတ်ဖျတ်လတ်လတ် ပြေးလွှား ကစားလေ့ရှိသော မလွေဇောမှာ ယခုအခါ ခွေကာ ယိုင်နေလေပြီ။ မောင်အာမိတ်ကား မလွေဇောလောက်မဖြစ်။ အဖိုတို့သည် အမတို့ထက် အချစ်၏လောင်ကျွမ်းခြင်းကို ပိုမိုသည်းခံနိုင်ကြောင်း ထင်ရှား၏။

လွေဇော၏အချစ်ကို သိမ်းကြုံးကာ ယူလိုက်သူကား အာမိတ် မဟုတ်ချေ။ မောင်လူအေးတို့၏ အိမ်နောက်ဖေး အစေခံတန်းလျားတွင် ခိုကပ်ကာစားနေသော ခွေးနက်ကြီးဖြစ်လေသည်။ ထိုခွေးနက်ကြီးမှာ အာမိတ်လောက် အဘယ်မှာ လှပါအံ့နည်း။ သို့သော် အာမိတ်ထက် ခွန်အားဗလသန်စွမ်း၏။ အကင်းပါး၏။ အဆွယ်ကောင်း၏။

(၈)

အချစ်

အဖိုးအိုလျှင်

ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ

ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။ 

အဖြားအိုက

ရေချိုတခွက်၊ လက်လှမ်းဆက်သည်

အော် သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း

ချစ်တုန်းခင်တုန်းပါတကား။   ။

ကြည်အောင် (ငွေတာရီမဂ္ဂဇင်း ၁၉၆၃)

(၉)

သည်တောင်ရိုး ကျားဆိုးပေါရဲ့

မောင့်အချစ် မျှစ်ချိုးလိုက်ခဲ့ (ကြည်အောင်)

(၁၀)

အဲ့ အသုံးကတော့ မမှန်ပါ။ 

အဲ့

• မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်ငါးလုံးမြောက် သရ။

• အသံမှာ အဲ့၍ ချောင်းလည်း အမြဲဆိုးသူ ဖြစ်လေသည်။

အဲ

• မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်သုံးလုံးမြောက် သရ။

• အဲဟူသော အသံချီကာ အဲဟူသော အသံချ၍ သီဆိုသော ရှေးကဗျာသီချင်း။

• အစုအဝေးလိုက် သွားရာမှ ရှေ့သို့ ဆက်၍ မသွားပဲ ရပ်တန့်နေသည်။ အဲ ဟူသည်ကား အများအပေါင်း စုဝေးရပ်နေသည်ကို ယူသင့်၏။

• အာလုပ်။ စကားပြောရင်း စကားစ ရှာမရ၍ ရုတ်တရက် မည်သို့ စကားဆက်ရမည်မသိပဲ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသအခါတွင် သုံးလေ့ရှိသေစကား။ အဲ့ ကောင်းပါလေရဲ့၊ ဝမ်းသာအားရ ရှိလောက်ပါပေရဲ့။

• အဲခိုး

• အဲချင်း

• အဲထူး

• အဲမောင်း

• အဲသည်လောက်

• အဲဟို

• အဲသည်

• အဲသည်တော့

• အဲသည်လို

• အဲဒီတုန်းကပေါ့ဗျာ သူကလေးနဲ့တွေကြရာတွင် မှတ်မိကာပင် ကျွန်တော့ စိတ်ထဲတွင် နေ့တိုင်းပင် (တူရိယာလုလင်)

စာနဲ့ရေးတဲ့အခါမှာတော့ -

ထို

ယင်း

အနှီ

၎င်း

လည်းကောင်း၊ သော်လည်းကောင်း နဲ့ ၎င်း ကတော့ မတူပါ။ 

အဆိုပါ စတာတွေကို သံးပါတယ်။

အဲမောင်း၂ – န / အဲမောင်း / ရှေးခေတ် ရှေ့တန်းစစ်မျက်နှာတွင် တပ်သားများ နိုးနိုးကြားကြားရှိစေရန် နှိုးဆော်သောအခါ တီးခတ်ရသော မောင်းတမျိုး။ "တဆုတည်းသုံးကြိမ် တပ်ဆော်က အဲမောင်းတီး၍ ဟစ်အော်စေ။" ချုပ်ပုံ၊ စ။ ၂၆၀။

အဲသည် – နစ / အဲဒီ / ရည်ညွှန်းပြောဆိုလိုသော အကြောင်းအရာ၊ ပစ္စည်းစသည်ကိုလည်းကောင်း၊ ပြောဆို ဖော်ပြခဲ့ပြီးသော အကြောင်းအရာ၊ ပစ္စည်းစသည်တို့ကိုလည်းကောင်း ညွှန်ပြရာတွင် သုံးသော စကားလုံး။ "အဲသည်ကစပြီး တောအုပ်ကြီး တခုလုံးဟာ... အမြဲတမ်း မိုးရွာနေဒါဘဲ။" ပြည်တီ။ ဂ၁။

အဲသည်တော့ – သံ / အဲဒီဒေါ့ / ပြောဆို ပြုမူ ဖြစ်ပျက်ခြင်း အကြောင်းရင်းကို ဖော်ပြသောအနက်ဖြင့် ရှေ့ဝါကျနှင့် နောက်ဝါကျကို ဆက်စပ်ပေးသောစကား။ "သူကမသွားနဲ့ ပြောလျက်နဲ့သွားတယ်။ အဲသည်တော့ အခုလိုဖြစ်တာပေါ့။"

အဲသည်လို – ကြိဝိ / အဲဒီလို / အဲဒီ့လို / မည်သို့မည်ပုံ ပြုမူ ဖြစ်ပျက်ပြောဆိုသည်ကို ရည်ညွှန်းဖော်ပြလိုရာတွင် သုံးသော

စကားလုံး။ "သူက အဲသည်လိုပြောလိုက်တော့ အားလုံး အံ့ဩသွားတာပေါ့။"

အဲသည်လောက် – ကြိဝိ / အဲဒီလောက် / အဲဒီ့လောက် / တစုံတခုသော အတိုင်းအတာ၊ အရေအတွက်၊ ပမာဏ စသည်တို့ကို ရည်ညွှန်းဖော်ပြလိုရာတွင် သုံးသော စကားလုံး။

အဲဟို – နစ / အဲဟို / အဝေးရှိပစ္စည်းကို ညွှန်ပြ ပြောဆိုရာတွင်လည်းကောင်း၊ တချိန်ကဖြစ်ပျက်ခဲ့သောအကြောင်းအရာကို ညွှန်ပြပြောဆိုရာတွင်လည်းကောင်း သုံးသော စကားလုံး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ