Skip to main content

ဆေးပညာစာများ စာအုပ်

(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)
ကွန်မင့်တခု = ကျွန်တော်ဆယ်ကျော်သက်တုန်းက နေမကောင်းရင် ဒေါက်တာတင့်ဆွေရေးတဲ့ English ဆေးနံမည်နှင့် ရောဂါကုသသက်သာနိုင်တဲ့ဆေးနည်းစာအုပ်ဖတ်ပြီး ကြီးပြင်းခဲ့ရပါတယ်။ အဲဒီစာအုပ်က ဆရာရေးထားသားတာ ဟုတ်လားခင်ဗျ

မဟုတ်လောက်လို့ ထင်ပါတယ်။ 

ကျွန်တော်က ဆေးပညာစာများစာအုပ် မြန်မာလို ၃ အုပ်သာ ထုတ်ဘူးပါတယ်။

ကွန်မင့် = စာအုပ်နာမည်တွေ သိပါရစေဆရာ

ကျွန်တော် ဆေးပညာစာများ စာအုပ် ၃ အုပ် ထုတ်ထားပါတယ်။ စာအုပ် ၃ အုပ်လုံးကို ကျွန်တော့မူ သတ်ပုံနဲ့သာ ရိုက်နှိပ်ပေးကြပါတယ်။ ပုဂံတိုက်နဲ့ စိတ်ကူးချိုချို ကျေးဇူး။ စာအုပ်တွေ လက်ကျန် ရှိ မရှိ မသိပါ။

နဝတ-နအဖ စစ်အစိုးလက်ထက်တုန်းက စာအုပ်ထုတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သေးတယ်။ ကျွန်တော့်နာမည်နဲ့ဆို ထုတ်ဝေခွင့် ရမှာမဟုတ်လို့ တခါမှမတခါဘူးတဲ့ ကလောင်နာမည်တခု ရွေးပေးသေးတာ။ မအောင်မြင်လိုက်ပါ။

၂၀၁၆-၂၀၁၇ ခုနှစ်အတွင်းမှာတော့ ဆေးပညာစာ ထုတ်နိုင်တာ ၃ အုပ်တိတိရှိပြီ။ ကျွန်တော့စာအုပ် ၃ အုပ်ကို ကျွန်တော့သတ်ပုံမူအတိုင်း ပုဂံတိုက်နဲ့ စိတ်ကူးချိုချိုတို့က ထုတ်ပေးပါတယ်။ ကျေးဇူး။

၁။ ဒေါက်တာတင့်ဆွေ ဆေးပညာစာများ (ကိုယ်ဝန်ဆောင်များအတွက်) - ၂၀၁၆ ခုနှစ်၊ ပထမအကြိမ်။

၂။ ဒေါက်တာတင့်ဆွေ ဆေးပညာစာများ (အသည်းရောဂါစာများ) - ၂၀၁၇ ခုနှစ် မတ်၊ ပထမအကြိမ်။

၃။ ဒေါက်တာတင့်ဆွေ ဆေးပညာစာများ (အမျိုးသမီးရောဂါစာများ ၁ + ၂) - ၂၀၁၇ အေပြီလ၊ ပထမအကြိမ်။

ရေးထားပြီးသား စာတွေကတော့ များတယ်။ နောက်တအုပ်ကို ကလေးဆေးပညာများ စာအုပ်ထုတ်မလို့ အဆင်သင့် လုပ်ထားတယ်။ ကံဆိုးချင်တော့ တိုင်းပြည်အခြေအနေ မကောင်းတော့ ထုတ်မရတော့ပါ။

ဆေးပညာစာမဟုတ်တာလည်း စာအုပ်ထုတ်ချင်တယ်။ စာတွေက ရေးထားပြီးသား။ တလောက ပြည်တွင်းက စာအုပ်တိုက်တခုကို ပေါ်လစီသတ်ပုံတွေအတိုင်း မပြင်ဘဲ ထုတ်လို့ရပါသလား လှမ်းမေးပါတယ်။ စာအုပ်တိုက်က ယဉ်ကျေးစွာနဲ့ စာပြန်ပါတယ်။ ၂၀၂၃ ကစပြီး အခက်အခဲတွေ ရှိသွားလို့ပါတဲ့။

နိုင်ငံရေးဖြတ်သန်းမှု အကြောင်းစာအုပ်အတွက် တိုက်တွန်းမှုတွေကတော့ များတယ်။ အခုထိ ရှေ့မဆက်နိုင်။

ယူအက်စ်အေမှာတော့ စာအုပ်ထုတ်လို့ မခက်ခဲလှပါ။ ဒါပေမဲ့ ဖတ်မဲ့သူ မရှိ။ ကျွန်တော်က ပြည်တွင်းမှာနေသူတွေအတွက်သာ ရည်စူးတာ။

မြန်မာစာအတွက် အွန်လိုင်းဆွေးနွေးခန်း လုပ်မလားလို့ ပရော်ဖက်နယ် မီဒီယာသမားတယောက်နဲ့ စီစဉ်သေးတယ်။ မလုပ်ဖြစ်ပါ။ သတင်းမီဒီယာနဲ့ မြန်မာစာအကြောင်း မတူပါ။ မေးတဲ့သူကလည်း မြန်မာစာကို နှိုက်နှိုက်ချွတ်ချွတ်သိမှ ပိုကောင်းတယ်။ 

တယောက်တည်း ဟောပြောတာလုပ်မလား။ ပျင်းစရာကြီး။ စိတ်ကူး မတည့်သေးပါ။

ကျွန်တော့်မှာ မာနလေး တမိုက်သာသာရှိတယ်။ စာရေးဟန်နဲ့ အသုံး၊ စာလုံးပေါင်းမှာ မူထားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ