Skip to main content

တပွင့်ပန်


ကွန်မင့်တခု = သီချင်းတောင်ရှိတယ်ထင်တယ်နော်ဆရာ တပွင့်ပန်ချင်တယ်.....တပွင့်ထဲ.....ပန်ချင်တယ်.. ဆိုလားဘဲ

သီချင်းစား လိုက်ရှာတော့ တပွင့်ကို မှန်အောင်ရေးထာတာ မတွေ့ရတော့ပါ။ အခုစာသားမှာလည်း တပွင် ကတော့မှန်ပြီး ချင် နဲ့ ခြင် လွဲနေတယ်။ စပယ်၊ ခြယ်၊ ခုနစ်၊ လျှမ်း၊ မလာစမ်း စတာတွေကိုလည်း ပြင်ရသေးတယ်။

ခေတ်ကို မှန်ထဲကြည့်လို့ မြင်ရသလိုဘဲ။ မှန်တာရှား။ လွဲတာများ။ အမှားတွေက ပေါချင်းသောချင်း။

မြန်မာစာတပွင့်မက ပန်နေရရှာတော့သည်။ စပယ်ပန်း၊ နှစ်ဆီပန်း၊ ခေါင်ရန်းပန်း။ ပဒိုင်းပန်း။

တပွင့်ပန် 

တေးပြု/ကိုလေးညွန့်

တေးဆို/နော်အေမီချစ်

တပွင့်ပန်ချင်တယ်

တပွင့်တည်း . . ပန်မယ်

ငွေသားနု ဝတ်လွှာရယ်

စပယ်တို့လို ဖွေးဖွေး၊ လွှလွှ . .

တရောင်ထဲ ခြယ်တာမျိုးမှကွယ် . . 

မယ့်ကေသာ ဆံလွှာဦးထိပ်မယ် . .

တပွင့်ကို ပိုင်ပိုင်ပန်ချင်တယ် . .

တပွင့်ပန်ချင်တယ်

တပွင့်တည်း . . ပန်မယ်

ငွေသားနု ဝတ်လွှာရယ်

စပယ်တို့လို ဖွေးဖွေး၊ လွှလွှ . .

တရောင်ထဲ ခြယ်တာမျိုးမှကွယ် . . 

မယ့်ကေသာ ဆံလွှာဦးထိပ်မယ် . .

တပွင့်ကို ပိုင်ပိုင်ပန်ချင်တယ် . .

သတ် တရဘန် (သတ္တရဗ္ဗာန်)

သီတာခုနစ်တန် ရေမြေဆုံးတော့ကွယ်

တပွင့်ကို ရှာမယ်

သဇင်ကိုတွေ့ပေမဲ့

မခင်မှာပဲ စိုး . . ရိမ်မိတယ် . . 

နှင်းဆီ ဆိုပြန်တော့လည်း

ထူးလျက်နှင့် ဆူးခက်တွေကြောင့်ကွယ်

မွှေးချင် ပန်ချင်လျက်နှင့်

ဘယ်မှာလဲ . . မဉ္ဇူရယ် . .

မရှိတဲ့ ပျောက်ဆုံးမှုတရပ်ရယ်

နောက်ဆုံးတော့ ရှာလျင်တွေ့ဘူးကွယ်

လှည့်စားပုံထူးလှပေတယ် . . 

တပွင့်ပန်ပါရစေကွယ်

တပွင့်တည်းပန်ပါရစေကွယ်..

တပွင့်မေတ္တာလျမ်းမည့်..

တပွင့်သစ္စာပန်းကလေးရယ်..

တပွင့်သစ် မလာစမ်းနှင့်ကွယ်

တပွင့်သာ ပိုင်ဆိုင်လိုသူမယ်..

တပွင့် ပန်ပါရစေကွယ်

တပွင့်တည်း ပန်ပါရစေကွယ်..

တပွင့်မေတ္တာလျှမ်းမဲ့..

တပွင့်သစ္စာပန်းကလေးရယ်..

တပွင့် သစ်မလာစမ်းနှင့်ကွယ်

တပွင့်သာ ပိုင်ဆိုင်လိုသူမယ်..

တပွင့် သစ္စာ ပန်း . . ရယ်

ပန်း . .. ရယ် . . 

တပွင့်ကို .ပိုင်ပိုင်ပန်ချင်တယ် . .

တပွင့်ပန်ချင်တယ်

တပွင့်တည်း . . ပန်မယ်

ငွေသားနု ဝတ်လွှာရယ်

စပယ်တို့လို ဖွေးဖွေးလွှလွှ . .

တရောင်ထဲ ချယ်တာမျိုးမှကွယ် . . 

မယ့်ကေသာ ဆံလွှာဦးထိပ်မယ် . .

တပွင့်ကို ပိုင်ပိုင်ပန်ချင်တယ် . .

တပွင့်ပန်ချင်တယ်

တပွင့်တည်း . . ပန်မယ်

ငွေသားနု ဝတ်လွှာရယ်

စပါယ်တို့လို ဖွေးဖွေးလွှလွှ . .

တရောင်ထဲ ခြယ်တာမျိုးမှကွယ် . . 

မယ့်ကေသာ ဆံလွှာဦးထိပ်မယ် . .

တပွင့်ကို ပိုင်ပိုင်ပန်ချင်တယ် . .

သတ် တရဘန် (သတ္တရဗ္ဗာန်)

သီတာခုနစ်တန် ရေမြေဆုံးတော့ကွယ်

တပွင့်ကို ရှာမယ်

သဇင်ကိုတွေ့ပေမည့်

မခင်မှာပဲ စိုး . . ရိမ်မိတယ် . . 

နှင်းဆီ ဆိုပြန်တော့လည်း

ထူးလျက်နှင့် ဆူးခက်တွေကြောင့်ကွယ်

မွှေးချင် ပန်ချင်လျက်နှင့်

ဘယ်မှာလဲ . . မဉ္ဇူရယ် . .

မရှိတဲ့ ပျောက်ဆုံးမှုတရပ်ရယ်

နောက်ဆုံးတော့ ရှာလျင်တွေ့ဘူးကွယ်

လှည့်စားပုံထူးလှပေတယ် . . 

တပွင့် ပန်ပါရစေကွယ်

တပွင့်တည်း ပန်ပါရစေကွယ်..

တပွင့်မေတ္တာလျမ်းမည့်..

တပွင့် သစ္စာပန်းကလေးရယ်..

တပွင့်သစ် မလာစမ်းနှင့်ကွယ်

တပွင့်သာ ပိုင်ဆိုင်လိုသူမယ်..

တပွင့် ပန်ပါရစေကွယ်

တပွင့်တည်း ပန်ပါရစေကွယ်..

တပွင့်မေတ္တာလျှမ်းမဲံ

တပွင့် သစ္စာပန်းကလေးရယ် . .

တပွင့်သစ် မလာစမ်းနှင့်ကွယ်

တပွင့်သာ ပိုင်ဆိုင်လိုသူမယ် . .

တပွင့် သစ္စာ ပန်း . . ရယ်

ပန်း . .  ရယ် . . 

တပွင့်ကို ပိုင်ပိုင် . .

ပန်ချင် . . တယ်။   ။

https://www.facebook.com/watch/?v=273249683714186

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ