Skip to main content

ဦးသူတော်ဦးမင်း၏ သဘာဝပြက္ခဒိန်






(မင်းသုဝဏ်)

၁၉၆၆

ကဆုန်လ

စံကားဝါ ငုံသင်းလို့

ကြွယ်မင်းတဲ့ ဝိသာခါ။

တိမ်ဗွေမှာ ရောင်ခြည်ရုန်း

ထွန်းတဲ့ချိန်ခါ။

စုံကန္တာ ဟေမာမြိုင်ထဲ

ရွှေကျေးပျံသင်လို့

ခံပျော်ရွှင် ဟိုသည်ကူးတယ်

မြူးကြစို့မြဲ။ ။

စံကားဝါ

စံကားဝါပန်းသည် မြန်မာ့သမိုင်းတွင် ရာဇဝင်တွင်သော ပန်းဖြစ်သည်။ မြန်မာရာဇဝင်ကို တကောင်းက စသည်ဆိုကြသည်။ တကောင်းရာဇဝင်ကို စံကားပင်က စသည်ဟု ဆိုက ဆိုနိုင်ရသောအကြောင်းရှိသည်။ အဘယ်ကြောင့်ဆိုသော် တကောင်းရာဇဝင်လာ ပန်းပဲဆရာကြီး မောင်တင့်တယ်ကို စံကားပင်တွင် ကားတင်၍ စီရင်ခဲ့ဘူးသောကြောင့်ဖြစ်သည်။ မောင်တင့်တယ်နှင့် နှမဖြစ်သူတို့ သေကြသောအခါ နတ်ဖြစ်၍ စံကားပင်တွင် နေကြသည်။ ထိုစံကားပင်ကို လူတို့ကြောက်ကြ၍ တူးနှုတ်ကာ ဧရာဝတီမြစ်ကျော်၌ မျှောလိုက်ရာ ပုဂံပြည်သို့ရောက်သည်။ ပုဂံမင်းသည် စံကားသားကို နတ်မောင်နှမရုပ်-

ထု၍ ပုပ္ပါးတောင်မှာထားသည်။ မဟာဂီရိ နတ်မောင်နှမ ဖြစ်လာ၏။ ထိုနတ်တို့ကို သတိရသောအားဖြင့် မြန်မာတို့သည် အိမ်ဦးခန်း၌ အုန်းသီးဆွဲကြလေသည်။ ထိုအကြောင်းနှင့်စပ်၍ ရှေးသူဟောင်းတို့ ဖွဲ့ဆိုသော နတ်သံကို ဗြိတိသျှမင်းကြီး ဦးစကော့တ္တု ရေစုဆောင်းကာ အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့သည်။

နှမရင်းချာ၊ လှမြတ်စွာကို

တောင်ညာတင်လို့၊ သွေးငင်လှည့်ဖြား

မြို့ရွှေနန်းဦး၊ ရွှေနန်းရည်ကို

မုကြည်ပုဂ္ဂါးအောင်း၊ ချောအေးပြီးလျှင်

ငါ့ကိုလှည့်စား၊ အရှင်လက်လတ်

တေားညွှန့်ရှည်၊ ဝေစည်စည်မှာ

နည်းကာထားလို့၊ ရွှေဝါနီး

ရွှေဖုံကြီး၊ စီးနှင့်အမတ်မောင်

နတ်ကြီးလှမောင်စံ၊ ငါလျှင်ဖြစ်သည်

ချစ်လို့ဝေး၊ နှမရင်းချာ

ရှင်းအေးလှနှင့် စေတလီယာ

ငါ့မှာရည်ရွယ်၊ မဟာဂီရိအမည်ရှာ၊

မောင်တင့်တယ်မှာ၊ ပျော်ဘွယ်သာသည်

ရွှေညာသားကို၊ ဖြိုးလျှံချစ်ခါ

မင်းကဏာတို့။ ။

စံကားပင်သည် တောင်ကုန်းမြေပြင်တွင် ပေ ၅၀ အထိ ကြီးပွားသည်။ ပုပ္ပါးတောင်တွင် စံကားပင်ပေါသည်။ ပုဂံပြည်ရှင် အနော်မင်းမြတ်တို့သည် စံကားပန်း လှိုင်ချိန်တွင် ပုပ္ပါးမှ-

စံကားပန်းကို မြင်းသည်ကျော်တို့အား ဒုန်းစိုင်းချ၍ ဆက်သစေသည်။ ကျော်စောထင်ရှားသော ပုဂံမြင်းကောင်းတစီး ဖြစ်သည့် "နတ်ယဉ်ကျော်" ကား ပုဂံကသည် ပုပ္ပါးမှာ စံကားပန်းကို ယူသည် ဆယ်ကြိမ်ရောက်လေသည်။" သထုံပြည်ကရောက်လာသော ဗုဒ္ဓကို ပုဂံပြည် အနော်ရထာမင်းကြီးသည် ပုပ္ပါးသို့ စံကားပန်းယူရန် အနော်ရထာမင်းခေါ် ခေါ်စေတော်မူကြောင်းရာဇဝင်တွင် ဆိုထားလျက် ရှိလေသည်။ ထိုမျှမြန်မာတို့ မြတ်နိုးသော စံကားပန်းကို ပုပ္ပါးနတ်တော်ဘွဲ့တွင် ဤသို့ဆိုထားလျက်ရှိသည်။

ပုပ္ပါးနတ်အောင်း၊ အခေါင်မြင့်ဖျား

စုံတောပြားတွင်၊ နံ့ရှားမြိုင်ဆင့်

ခါတန်ပွင့်သည်၊ ရွှေနှင့်ငွေယား

ပန်းစံကား။

ဤပန်းကို မြန်မာတို့ဤမျှမြတ်နိုး၍ ဤမျှထင်ရှားသည်မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သည်ပြေပင်စံကား ဤပန်း ဤသစ်ပင်တို့၏ အမည်ဖြစ်သော စံကား သည် ပါဠိ သက္ကတမှ ဆင်းသက်လာသည်မှာ မှတ်သားဘွယ်တရပ် ဖြစ်ပေသည်။ သျှင်မဟာ သီလဝံသဆရာတော်သည် ဝိပဿနာ ဖြတ်စာဘုရား ဆွမ်းတော်ကြီးစာဝါ၌ လူတို့အား ပန်အမျိုးမျိုးဖြင့် ကြည်မြတ်ပုံတို့ကို အနက်မြန်မာပြန်ရာတွင် ဤသို့တွေ့ရပေသည်။

ဘုမ္မလက္ခဏာ၊ မြေအပြင်၌သွားကုန်သော၊ နာရာဇာလူတို့သည်၊ စံပယ်စံကားတို့ကို၎င်း။ ။ သဒ္ဒါ၊ လင်း ရွှေပန်း

ကို၎င်း၊ ဝါဒိဗ္ဗံ၊ ထိပ်ပုဗ်ကို၎င်း၊ နာဂ ပုန္နာဂ ကေတကံ ကံ့ကော်ပွင့် ပုန်းညက်ပွင့် ဆပ်သွား ပွင့်တို့ကို၎င်း။ ဝိဒေသီ အသံထက်ဝန်းကျင်ဆိုဆိုအရပ်မျက်နှာမှ၊ ဥက္ကုံ၊ ကြောက်မက်ကုန်၏။

ပါဠိဓမ္မပဒအသေွာကပင် စံကား ဖြစ်လာသည်။ ထို့ကြောင့် ပုဂံခေတ်တို့မှ စသော ရှေးစာဟောင်းတို့တွင် စံကားဟူသော အရေးအသားနှင့် တွေ့ရသည်။ (၁) စံကားပွင့်ညို (၂) စံကားစိမ်း (၃) စံကားနီ (၄) စံကားဝါ (၅) စံကားဖြူဟူ၍ စံကားပန်း ၅ မျိုးရှိကြောင်း ကျမ်းဂန်တွင် ဆိုလေသည်။ မျက်မြင် ရှာဖွေလေ့လာကြည့်ကြရသည်။

ပုဒ်ဖြတ်ပုံ

စံကားဝါငုံသင်းလို့ ဟူသော အပိုဒ်ကို (စံကားဝါငုံ-သင်းလို့) ဟု၎င်း၊ (စံကားဝါ-ငုံသင်းလို့) ဟု၎င်း ၂-မျိုး ပုဒ်ဖြတ်နိုင်သည်။ ပထမနည်းအရ (စံကားဝါပန်းတို့မွှေးကြသည်) ဒုတိယနည်းအရ (စံကားဝါမှ အငုံများထွက်၍မွှေးကြသည်) ဟု အသီးသီးအနက်ကောက်ရပေမည်။ အနက်ချင်း မထူးခြားလှ။ သို့သော်လည်း ကဗျာနည်းအရ ဂီတဆရာ့ အလိုနှင့်အညီ ပုဒ်ဖြတ်ရသော်ကား (စံကားဝါ ငုံသင်းလို့) ဟု နောက်နည်းအတိုင်း ဖြတ်မှ သင့်လျော်ရာသည်။ ကဗျာလင်္ကာဖတ်ရာတွင် ပုဒ်ဖြတ်ပုံကို အထူးသတိပြုရသည်။ ပုဒ်ဖြတ်မှန်မှ အဓိပ္ပာယ်သည် အနက်ရှာရလွယ်သည်။

ငုံသင်း

ငုံသင်းလို့ ဟူရေးရာ၌ ပန်းများပွင့်သောအခါ သင်းသလား ပွင့်သောအခါ သင်းသလား၊ ငုံတုန်းမသင်းနိုင်၊ ပွင့်ခါမှသာ သင်းသည်မဟုတ်တုံလောဟု မေးဘွယ် ရှိသည်။ စာဆိုကား မိမိဖွဲ့လိုသောအဖွဲ့ကို သိပ္ပံပညာရှိကဲ့သို့ အဘာဝ ကျကျဖွဲ့သည်ကောလဲရှိသည်။ အသိအာရာ အမြင်လှရာသို့လိုက်၍ အဘာဝကို နည်းအမျိုးမျိုးဖြင့် ဖွဲ့ဆိုသည့်အခါလဲ ရှိသည်။ စာဆို လက်ရာကို သိပ္ပံပညာမျက်စိနှင့် မကြည့်အပ်ပေဟူသတည်း။ သိပ္ပံပညာသည် မဟုတ်သည်ကို သတိပြုရသည်။ သိပ္ပံပညာရှိသည် အချက်အလက်ကို အခြေပြု၍ အမှန်တရားကိုရှာသည်၊ စာဆိုသည်အလှကို အခြေပြု၍ အမှန်တရားကို ရှာသည် ပန်းတိုင်ချင်း တူသော်လည်း လုပ်နည်းချင်းမတူကြပေ။ ဤတွင် (စံကားဝါငုံသင်းလို့) ဟု ဆိုမည့်အစား (စံကားဝါ ပွင့်သင်းလို့) ဟု ဆိုလျှင် မည်သို့ခြားနားချက် ရှိမည်ကို ဆင်ခြင်ကြရသည်။

ကြွယ်မင်း

ကြွယ်မင်းတဲ့ဝိသာခါဟူရာ၌ ဝိသာခါနက္ခတ်သည် ကဆုန်လ၏ယှဉ်နက္ခတ်ဖြစ်သည်။ ထိုသို့ ဖြစ်ခြင်းကြောင့် ကဆုန်လတွင် ဝိသာခါနက္ခတ်သည် နက္ခတ်(၂၇)လုံးတို့အနက် အမြတ်ဆုံး အကြီးအကဲမင်းဖြစ်သည်။ ထို့ကြောင့် ကြွယ်မင်းတဲ့ဝိသာခါ ဟု ဖွဲ့ခြင်းဖြစ်သည်ဟူယူလျှင် သင့်လျော်လောက်ပေပြီ။

သို့သော် ပါဠိကျွမ်းကျင်သူအချို့မှမူ (ကြွယ်မင်း) ဆိုသည်မှာ (လ) ၏အမည်တမျိုးဖြစ်ပေသည်။ လသည်နက္ခတ်တရာ ကြွယ်တာတို့၏ အကြီးအကဲမင်း ဖြစ်ခြင်းကြောင့် ပါဠိဘာသာတွင် (တာဒီသ၊ နက္ခတ္တရာဇာ၊ ဥဠုရာဇာ) ဟုတွင်လေသည်။ ထို့ကြောင့် ပါဠိအမြင်နှင့်ကြည့်လျှင် ဝိသာခါကို ကြွယ်မင်းဟု ဆိုခြင်းသည် သင့်နိုးပေမည်။ အကယ်၍ စာမူတွင် (ကြွယ်မင်းနှင့် ဝိသာခါ) ဟု ရှိပါမူကား (လနှင့် ဝိသာခါနက္ခတ်တို့ ယှဉ်တွဲယှက်ကူးကြသည်) ဟု အနက်လည်း ပြည့်စုံ အသွားလည်းပြေလှပေတော့သည်။ တကယ့်ပုဂ္ဂိုလ်ဆိုသည် ဖြစ်စေ၊ မပြိုင်လိုသည်ဖြစ်စေ ဤကဲ့သို့ အကြောင်းဆုံးလာလျှင် အဖက်ဖက်က စဉ်းစားသုံးသပ်ကြရသည်။ သို့မှလည်း တဖက်သတ် တကြောင်းစွဲ အယူသန်ဉာဏ်မျိုးကုန်ခမ်း၍ ကျယ်ပြန့် နက်နဲသောဉာဏ်မျိုးကို ရနိုင်ပေမည်။

တိမ်ဗွေ

တိမ်ဗွေဆိုသည်မှာ ဤတွင် (ကောင်းကင်) ကို ဆိုလိုသည်။ တိမ်ကစြား ကောင်းကင်အပြင်၌ မျက်စိနှင့် အမြင်ရသာဘဲ အခြားအံ့ ဤသို့သော်လည်း ကဗျာ ဆရာတို့အဖို့ အမြင်နှင့်မကြည့်ရာ ဟု ပြောရပေမည်။ ကဗျာဆရာကား တိမ်တိုက်သည် တိမ်သိုက်သို့မဟုတ်လျှင် ဂူအိမ်နှင့်တူသည်ဟု သုံးသေွာ အလေ့ ရှိသည်။

ပါဠိပညာသင်ကြားရသော ဦးမင်းတို့လူစုသည် (အဗ္ဘာ နာမ တဗ္ဗန္တ နိသေယျနကာ။ မေဃော၊ တိမ်တိုက်၊ ဝိဟာယတော၊ ကောင်းကင်၌၎င်း။ အဝေ ဖြစ်၏) ဆိုသောအဘိဓာန်နိယံတွင် တွေ့ကြုံခဲ့ရလေပြီ။ သူတို့ရေးသောစာကို နားလည်လိုလျှင် သူတို့၏ ပတ်ဝန်းကျင်အခြေအနေကို တတ်နိုင်သမျှ လေ့လာ ကြည့်ကြရမည်။

စုံကန္တာ

စုံကန္တာ ဟေမာမြိုင်ထဲ ဟူသည်ကို (တောထဲ၌) ဟူစကား ပြေပြန်လျှင်တော်ပြီ။ စကားပြေ ဆိုသည်ကား ပြေပြစ်သော စကားကိုဆိုသည်။ ကောင်းသော ကေသော ထောင့်သော ယွန်းသောစကားကို မဆိုပေ။ အကယ်၍ (ပါဠိ၌ စံကားတွင် ကန္တာရဟူ၎င်း၊ ဟေမာဟူ၎င်း ပေါက်ရသောစကားတွင် စုံဟူ၍၎င်း မြိုင် ဟူ ၍ ၎င်း စေTသောတောထဲ၌) ဟူ၍ ပြန်ရေးလျှင် စကားပြေဖြစ်နိုင်ပါမည်လား။ သို့တည်းမဟုတ် (ပြတ်သန်းရခက်သောကြောင့် ကန္တာရစေTသော ပါဠိစကားမှ ပျက်လာသည့်ကန္တာ နှင်းခဲများရှိသောကြောင့် ဟိမဝါစေTသော ပါဠိစကားမှပျက်လာသည့် ဟေမာ ပေါက်က ကန္တာဝယ် စုံမြိုင် စေTသည့် တောထဲ၌) ဟူ၍ ပြန်ရေးလျှင် စကားပြေ ဖြစ်နိုင်ပါမည်လား။ မိမိတတ်သည်ကို ပြစားလို၍ ရေးသောစာနှင့် တဖက်သား ရှင်းရှင်းလွယ်လွယ်သိစေရန် စေတနာထား၍ ရေးသောစာဟူ၍ စာ ၂ မျိုးရှိသည်တွင် ပြစားလိုသောစာမျိုးကို ပညာ-

ရှိတို့ရှောင်ကြသည်။ ပြစားလိုသော် စာသည် ရှိသမျှသော အယှက် အကြိုး လည်တုန် လက်ထောက် နားကပ် ခြေချင်း ရင်ထိုး စသည်တို့ကို တပြိုင်နက် ဝတ်သလိုကြီး ဆင်ယင်လာသော ပွဲထိုင်အမျိုးသမီးနှင့်တူသည်ကို သတိပြုကြရသည်။

ရွှေကျေး

ကဆုန်လတွင်ပေါက်ခါစ ကြက်တူရွေးငယ်များ တပင်မှ တပင်သို့ကူး၍ အပျံသင်ပြကြသည်ကို အတိပြန်ဆက်မိသော ဦးမင်းသည် မိမိရာသီဘွဲ့ထဲတွင် ဤကျေးငှက် အကြောင်းကလေးကို ထည့်သွင်းလိုက်သည်မှာ အလွန်နှစ်သက်ဘွယ်ကောင်း၍ ကဗျာကလေးကို လှုပ်လှုပ်ရွရွ စိုစိုပြည်ပြည် ဖြစ်လာစေပေသည်။ မြန်မာတို့သည် ကြက်တူရွေးကို အလွန်ချစ်သည်။ ကြက်တူရွေးကို မွေးလျှင် မင်္ဂလာရှိသည်ဆို၍ အိမ်တော် နန်းတော်တို့မှ အစ နေရာတကာတွင် မွေးကြသည်။ လေနှင့် ထက်နှင့်သားကာ နေထိုင်ကြသူများပင်လည်း လေပေါင်းမိုးထက်တွင် ကြက်တူရွေးကို ချဉ်နှင့်မွေးကြသည်။ ကြက်တူရွေးအဖျော်ကို မမွေးနိုင်သူတို့မှာမူ အိမ်တွင် ကြက်တူရွေးရုပ်ထုကာ ဆင်ယင်ထားတတ်ကြသည်။ လှည်းဦးတွင် ထုလုပ်ထားသော ကြက်တူရွေး များကို လည်း မကြာခဏ တွေ့ရပေမည်။ ပန်းပုဆရာ ပန်းယွန်းဆရာ ပန်းချီဆရာ ပန်းတမော့ဆရာ ပုရုသဆရာတို့၏ လက်ရာတို့တွင် ကြက်တူရွေး လည်ပြန် ပန်ကို တောင်ပံခတ် စသည်တို့ကို များစွာတွေ့ရပေမည်။ ထိုနည်း တူစွာ စာ ဆို တို့ က လည်း-

ကြက်တူရွေးကို ပျားစွာဖွဲ့ဆိုကြလေသည်။ ဤသို့ ကြက်တူရွေး ချစ်တတ်သော မြန်မာ့ဝါသနာဟောင်းကို အရင်းခံ၍ အဗုဒ္ဓအစ စစ်ကိုင်း၊ လယ်တွင်းကိုးခရိုင် စသည်တို့တွင် လူတို့သည် သွားလေရာ၌ ကြက်တူရွေးတို့၏ သဘာဝကို အတုယူသော စာဆို ဦးမင်းသည် မိမိ၏ရာသီဘွဲ့တွင် ကြက်တူရွေးကို ထည့်သွင်းလိုက် သည်မှာ တကယ် စိတ်ပါဝင်စားသောကြောင့် ဖြစ်ပေသည်။ ပွဲရိုးပွဲစဉ်ဖြစ်၍ ဖွဲ့လိုက်သည်မဟုတ်တန်ရာ။ ရာသီဖွဲ့ ရေးလျှင် ဇေယျနန္ဒသူ၏ ရာသီဖုံး ရေနီဖုံး နေ့နာရီ ညနာရီ စသည်တို့မပါလျှင် မဖွဲ့ကောင်းသို့ဖြစ်သတည်း။ ထေရ်လှ ထေရတု တဂါထာ ၆ မြောက် ဂါထာဖြစ်ချေသည်။

မြန်မာနိုင်ငံတွင် (၁) ဖေါင်းကား (၂) တဗာ (၃) ကျေးသတ္တ (၄) ကျေးဝါ (၅) ကျေး ကျုတ် (၆) ကြက် တော (၇) ကုလား (ဂ) ကျေးဗုဒ္ဓဟူ၍ ကျေး ၈ မျိုးရှိသည်ဟု ရှေးဆရာတို့ မှတ်တမ်းတင်ခဲ့ကြသည်။ ယခုကာလပေါ် ငှက်ကျမ်းတို့တွင်ကား (၁) ဖေါင်းကားခေါ်ကြက်တော (၂) ကျေးကျုတ် (၃) ကျေးတမာ (၄) ကျေးကုလား (၅) ကုလားမ ကြက်တူရွေး (၆) ကျေးသန္တာ (၇) အမည်မသိဟူ၍ ကြက်တူရွေး ၇ မျိုးရှိကြောင်း ဆိုလေသည်။ ကြက်တူရွေးတို့သည် နွေရာသီတွင် ဥဥ ပေါက်ကြသည်။ တခါ လည်းကျေး လည်း ဥ တဗာ လည်း ရင် ကြွေလည်လျှင် ဆိုသော စကားပုံသည် ဦး မင်း ၏ကျေး ပျံသင်ပုံကို ထောက်ခံလျက်ရှိပေမည်။

စကားပြေ

ဤကဆုန်လတွင် စံကားဝါပန်းတို့ ဖူးပွင့်၍ သင်းပျံ့ ကြိုင်လှိုင်ကြသည်။ ကောင်းကင်၌ ဝိသာခါကြွယ်မင်းသည် ရှန်းရှန်းဝေဝေထွန်းတောက်သည်။ တောထဲ၌ ကြက်တူရွေး ငှက်ငယ်တို့သည် တပင်မှ တပင်သို့ကူးကာ ပျော်ရွှင်စွာ အပျံသင်မြဲဖြစ်ပေသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ