ကွန်မင့်တခု = အခု တသိန်းက ဘာမှဝယ်မရ။
၁၉၆၂ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင်က ဆန်ဈေး၊ ရွှေဈေးကို သိမီလိုက်သူ လက်ချိုးရေလို့ ရသလောက်သာ ကျန်တော့မယ်။
အဲဒီခေတ်မှာ ငွေတသိန်းနဲ့ တိုက်တလုံး၊ ကားတစီး ဝယ်လို့ရတယ်။
ဘယ်ကသေးမလဲ -
အောင်ဘာလေထီ အများဆုံးပေးတာက တသိန်း။
ခင်သန်းနု ယူရန် အတိတ်နဲ့ ထီထိုးသူ တသိန်းဆုပေါက်တယ်။
တသိန်းနဲ့ တိုက်တလုံး၊ ကားတစီး၊ မိန်းမတယောက်။
မြန်မာစာကိုလည်း အဲလို မှန်အောင်ရေးခဲ့ကြပါတယ်။
မယုံသူတွေ ဒုနဲ့ဒေး။
ဆရာ ဒုနဲ့ဒေး အဓိပ္ပါယ်ကို သိချင်တယ်။ ကျေးဇူးပြုပြီးဖြေကြားပေးပါ။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
ဒု နဲ့ ဒေး
အများကြီး။ “စိုက်ဘို့ မြေနေရာလွတ်တွေလဲ ဒုနဲ့ဒေးပါဘဲ။” ယမုန်။ ၃၅။
ခေတ်လူတွေ -
တချို့က စိုက်ဘို့ မြေနေရာလွတ်တွေလဲ ဒုနဲ့ဒေးပါ ‘ပဲ’ တဲ့။
တချို့က စိုက်ဘို့ မြေနေရာလွတ် ‘တေ’ လဲ ဒုနဲ့ဒေးပါ ‘ပဲ’ တဲ့။
ဒု နဲ့ ဒေး = အများအပြား။
မြေနေရာလွတ်တွေလည်း ဒုနဲ့ဒေးပါပဲ။ ယမုန်။ ၃၅။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment