တပိုင်းတစ
တပိုင်းတစကို စသတ်တွေနဲ့ရေးထားတဲ့ မောင်သာချို စာတခု တင်ထားတာ တွေ့လိုက်တယ်။ မူရင်းစာပါ သတ်ပုံ ဟုတ် မဟုတ် မသိပါ။ လက်ထဲမှာ မူရင်း မရှိပါ။
တပိုင်းတစ ရေးနည်း အုပ်စု ၄ ခုကွဲနေတယ်။
- တပိုင်းတစ
- တစ်ပိုင်းတစ်စ
- တစ်ပိုင်းတစ
- တပိုင်းတစ်စ။
ကျွန်တော်ကတော့ သူငယ်တန်းဆရာဆရာမတွေ သင်ပေးတဲ့အတိုင်း တပိုင်းတစလို့သာ တသက်လုံး ရေးပါတယ်။
သတ်ပုံစာအုပ်တွေက အများကြီးရှိတယ်။ ကိုယ်ထင်တာကို ကိုယ်သုံးတဲ့သတ်ပုံစာအုပ်ကို အကိုးအကား ပြုနေကြတယ်။ ကျွန်တော်လည်း မြန်မာအဘိဓာန် အကျဉ်းချုပ် ၁၉၇၉ ထုတ်၊ စာမျက်နှာ ၈၀ ကို တင်ပြပါမယ်။
တပတ်ကျော့ — ကြိ / ဒဗတ်ကျော့ / တကြိမ်တဖန်ထပ်၍ လုပ်သည်။
တပတ်နွမ်း — န / ဒဗတ်နွမ်း / အသင်အတင့် သုံးစွဲပြီးသော အခြေအနေ။
တပတ်ရိုက် - ကြိ / ဒဗတ်ယိုက် / လိမ်လည်သည်။ လှည့်စားသည်။
တပတ်ရစ် — ကြိ / ဒဗတ်ရစ် / ၁။ တပတ်နွမ်း - ၄ နှင့် အတူတူ။
“မြမြသည် ပိုးလုံချည်တပတ်ရစ် အပြာနုကလေးကို ဝတ်ဆင်ကာ”။ မြမြ။ ၃၁။
၂။ အသင့်အတင့် ခြောက်သွေ့သော အခြေအနေ။ ၎င်းလှမ်းသည့်သားရေ တပတ်ရစ်ခန့်ရှိလျှင်။” ပြင်သစ်မှတ်။ ၁၀၈
တပတ်လှိမ့် - ကြိ / ဒဗတ်လှိန့် / တပတ်ရိုက်သည်။
တပတ်လျှို — န / ဒဗတ်ယျှို /
၁၊ ဆံထုံးနည်း တမျိုး။
၂၊ ကြိုး။ ချည်နည်းတမျိုး။
တပန်းရှုံး - ကြိ / ဒဗန်းယှုန်း / (နှိုင်းယှဉ်းရာတွင်) အစကပင် အားနည်းချက် တစုံတရာရှိသည်။ “မေရီတို့ မိန်းမများဟာ တပန်းရှုံးတာဘဲ။” ဗြူ။ ၈၄။
တပိုင်းတစ
တပိုင်းတပစ်
တပိုင်းရူး
တပိုင်းသေ
တပည့်
တပည့်တပန်း
တပတ်ကျော့
တပတ်နွမ်း
တပတ်ရိုက်
တပတ်ရစ်
တပတ်လှိမ့်
တပတ်လျှို
တပန်းရှုံး
ဘယ်အုပ်စုထဲပါပါ လူကြီးမင်းတို့သဘောပါဘဲ။ တပတ်လှိမ့် မခံရစေနဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment