(ယဉ်ကျေးပျူငှာ)
မက်ဆေ့ချ်တခုရလို့ ရေးပါတယ်။
နင်၊ နင်တို့၊ ကွာ၊ မင်း၊ မင်းတို့၊ ကျုပ်၊ ဟေ့၊ ငါ စတဲ့အသုံးစကားတွေကို သက်တူရွယ်တူ၊ ရင်းနှီးသူတွေအချင်းချင်း ပြောဆိုရာမှာသာ သုံးရပါတယ်။
ဖေ့ဘွတ်ဆိုတာ လမ်းဘေးဇရပ်လို လူအို၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး၊ ဖိုးသူတော်၊ သီလရှင်၊ သူကြီး၊ ဘုန်းကြီး၊ သူတောင်းစား၊ မင်းသား ဘယ်သူမဆိုတာပြီး နားခိုလို့ရသလိုဘဲ။
အဲဒါကြောင့် အာမေဋိတ်စကား၊ နာမ်စားတွေကို သတိထားသုံးရပါမယ်။
လူတိုင်းကို ကိုယ့်ကစားဘက်လို့ မမှန်ယူသင့်။ ကိုယ်နဲ့တဝိုင်းတည်း စားသူ၊ သောက်သူ၊ ကစားသူသူလို့ မထင်သင့်။
ကိုယ့်မိဘ၊ ကိုယ့်မောင်နှမ၊ သားချင်းဆွေမျိုးတွေလည်းရှိတယ်။
ဟိုတိုင်းပြည် ဒီတိုင်းပြည်က မသိသူတွေက ပိုများတယ်၊
ကွန်မင့်နဲ့ မက်ဆေ့ချ်ရေးရင် ကိုယ်စာရေးသူရဲ့ ပရိုဖိုင်းလ်ကို အစကလေးလောက်ဖတ်တာနဲ့ ဘယ်သူဘယ်ဝါ မှန်းရင် သိပါတယ်။
ကျွန်တော်က လူကြီးမင်းမိဘတွေထက် အသက်မငယ်ပါ။
နောက်တချက်
တိုင်းရင်းသားလူမျိုးစုတွေက မြန်မာစကားမှာ အားနည်းတတ်တယ်။ ဒါကတော့ သဘာဝ။ ဖွယ်ဖွယ်ရာရာ၊ ဖွဲ့ဖွဲ့နွဲ့နွဲ့ နည်းကြလေ့ရှိတယ်။
ရိုးရိုးတော့ ပြောဆိုနိုင်ကြပါတယ်။
အဆင်မပြေတာတမျိုးက လူတကာကို
နင်…
ငါ …
ကွာ …
လို့ပြောဆိုတာဖြစ်ပါတယ်။
ပြင်လို့ခက်တဲ့အသုံးစကားလည်း မဟုတ်ပါ။
ထိတွေ့ဆက်ဆံနေကြတာ အနှစ် ၂၀-၃၀ လည်း မပြင်တာတော့ မသင့်ပါခင်ဗျား။
ရွှေဗမာလို့ခေါ်သူတွေလည်း တချို့က ရိုင်းကြတယ်။
ဒေါက်တာတင့်ဆွေ
.png)
Comments
Post a Comment