အဲလိုမေးယူရတဲ့အဆင့်ထိ ကျဆင်းနေပါသည်။
မြန်မာပြည်က မြန်မာစာ အခြေအနေကို ထင်ဟပ်နေပါသည်။
"ခွေးကိုက်တတ်သည်" မှန်။
"ခွေးကိုက်တက်သည်" = ခွေးသည် ကိုက်ပြီးနောက် တက်သွားသည် (ခွေးက အမြင့်မတက်တတ်ပါ)
မော်ဒယ်အမျိုးသမီးတွေက "ပွဲတက်ဝတ်စုံ" မဝတ်ကြဘဲ "ပွဲတတ်ဝတ်စုံ" ဝတ်ဆင်ကြပါသတဲ့။ ကိုယ့်ရုပ်ရည်နဲ့ မလိုက်ပါ။ ကြော်ငြာရိုက်ခရပြီးရော မလုပ်သင့်ကြပါ။
သတိပေးစာ၊ ဆိုင်းဘုတ်နဲ့ ဗိုင်နဲလ် (ဗီနိုင်း လို့ မှားပြီး အသံထွက်နေကြသည်) ရေးသူတွေ နည်းပညာသာတတ်ပြီး "တတ်" နဲ့ "တက်" ကို မှန်အောင်မရေးတတ်ကြပါ။
အရင်က ဆောင်ပုဒ်က
"ကျောင်းမှန်မှန်တက် စာမခက်"
အခုတော့
"ကျောင်းက "တတ်" နဲ့ "တက်" ကို မှန်အောင်မသင်တော့ပြီလား"
မေးချင်လာပါသည်။
သင်ပေးတာတော့ မှန်ပြီး ကျောင်းသားမှားတာလား။
မှားရေးသူကို အလုပ်ပေးသူ မှားတာလား။
မှားရေး၊ မှားပြော၊ မှားလုပ်တာတွေကို အားပေးသူကတော့ အလွန်မတန်များလှသည်။
ကျောင်းသုံးစာအုပ်တွေမှာ ဂန္ထဝင်ကဗျာတွေကို သတ်ပုံတွေပြင်ပြီး သင်ပေးနေသည်။
သိပ္ပံမောင်ဝ ရေးတဲ့ ဆရာစောကျောင်းလောက်အဆင့် မရှိတော့ပါ။
တယောက်က ပုံရိုက်ပြီး ပို့ပေးပါသည်။
"သူငယ်ချင်း ငါတော့ အူတတ်နေပြီ"
"အူလေ …" တဲ့။
ယနေ့ခေတ် မြန်မာစာ အခြေအနေကို ရှင်းလင်းစွာ သက်သေခံနေပါသည်။
သတ်ပုံစာကို မျက်မုန်းကျိုးနေသူများအတွက် ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment