ကျောင်းစာတွေမှာဆိုရင် အဲ့စာလုံးတွေမှာ _စ် ပါနေတယ်မလားရှင့် သမီးလည်း ကျောင်းသူဆိုတော့ အဲ့ဒီ _စ်ပါတာကမှ မှန်တယ်ထင်နေတာ
မကြာခဏ ဖြေရပါသည်။
၁၉၈၆ ခုနှစ်ကတည်းက မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေကို အထက်အမိန့်နဲ့ ပြင်ထားပါတယ်။
အတိအကျဆိုရင် ၃၀-၉-၁၉၈၆ နေ့က စပါတယ်။
ကျောင်းတွေ၊ ရုံးတွေ၊ ဘဏ်တွေ၊ ပုံနှိပ်တိုက်တွေ၊ လွှတ်တော်တွေမှာ ခိုင်းတဲ့အတိုင်းသာ ရေးသား၊ သင်ကြား၊ ပုံနှိပ်ထုတ်ဝေရပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်းကစပြီး စာပေစိစစ်ရေးက
- တ တလုံး စမသတ်ရင် ၁၀ ပြား ဒဏ်ရိုက်တယ်။
- စစ်အစိုးရမူမဟုတ်တဲ့စာအုပ် ထုတ်ဝေခွင့်မပေးပါ။
၂၀၁၂ မှာတော့ စာပေစိစစ်ရေး မရှိတော့ပါ။ သတ်ပုံမှန်အတိုင်း ထုတ်ဝေခွင့် ပြန်ရလာပါတယ်။
ကျွန်တော့ ဆေးပညာစာများ စာအုပ် ၃ အုပ်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကျောင်းတွေ၊ ရုံးတွေ၊ ဘဏ်တွေ၊ လွှတ်တော်တွေမှာ ခိုင်းတဲ့အတိုင်းသာ သင်ကြား၊ ရေးသား၊ ဥပဒေပြုကြရပါသေးတယ်။
ဆိုရှယ်မီဒီယာမှာတော့ ကြိုက်သလို၊ ထင်သလို ဘယ်လိုရေးရေး။
- လွဲလေ လူကြိုက်များလေ။
- မှားလေ ဖေါ်လိုအာ ပေါလေ။
- မမှန်လေ ဆဲလီ ဘွဲ့ရလေ။
လူကြီးမင်းတို့ သဘောသာ ဖြစ်ပါကြောင်း။
ကမ္ဘာကြီးသည် အိမ်မှာ လုံးဝန်း၍၊ ကျောင်းမှာ ပြားချပ်နေသည်။
အမှန် စံကိုက် မြန်မာစာ ပြန်လည် အသက်ရှူနိုင်လာပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment