ကွန်မင့်တခု = မြန်မာစာတကယ် ချစ်ရင် ခုလို လုပ်နေတာ မထိရောက်ပါဘူး ငါးပွက်ရာ ငါးစာချ သလိုပါပဲ ဆရာပင်ပန်းပါတယ်။ ထိရောက်စေချင်လျင် ပညာရေးဝန်ကြီဌာနကို အမှားတွေ ချပြလိုက်ပါ။ သူတို့လက်ခံရင်ပြင်ပါလိမ့်မယ်။ ဆရာ့ကို ဆရာလုပ်တာမဟုတ်ပါဘူးဗျ
တခြားကွန်မင့်တခု = ပညာရှင်တွေကသိပြီးသားပါ။ မြန်မာစာဌာနကော၊ ပညာရေးဝန်ကြီးဌာနကော၊မလွန်ဆန်ဝံ့ကြလို့ဒီလိုဖြစ်နေကြတာကိုငိုချင်လျက်လက်တို့သွားမလုပ်နဲ့။ တောင်သူလယ်သမားတွေပြောသလို သွားမလုပ်နဲ့ နွားပြုတ်သွားလိမ့်မယ်။
ပြန်စာ
ပဌမကွန်မင့်လိုပြောသူ ၂၀ ဦးလောက်ရှိပြီ။
ဒုတိယကွန်မင့် ကျေးဇူး။
ဖဆပလ လက်ထက်မှာ လူတွေက တိုင်းပြည်ငြိမ်းချမ်းစေချင်တယ်လို့ သမတ၊ ဝန်ကြီးချပ်၊ ကက်ဘိနက်တွေ ကြားအောင် အသံကုန်ဟစ်ခဲ့ကြတယ်။ ဟစ်တိုင်ကနေလည်း အော်ကြတယ်။
မဆလ လက်ထက်မှာ လောကနိဗ္ဗာန်ရောက်ချင်ကြကြောင်း နေ့တိုင်းနေ့တိုင်း၊ နေရာတိုင်းနေရာတိုင်းကနေ အော်ခဲ့ကြတယ်။
အင်နယ်လ်ဒီ ၅ နှစ်မှာ ဖွဲ့စည်းပုံပြင်ပါ လုပ်ကြတာဘဲမဟုတ်လား။
စကစ လက်ထက်မှာ မီးမရှို့ပါနဲ့၊ လူတွေ မသတ်ပါနဲ့ - ရပ်ပြီလား။
အထက်ကကြားအောင် အော်တိုင်းသာ ဖြစ်လိုတာဖြစ်မယ်ဆိုရင်တော့ သိကြားမင်းကြားအောင်သာ မဖြစ်နိုင်တာ။
မြန်မာစာရေးတာကို ဝေဖန်မှု အမျိုးမျိုး၊ ဆဲရေးမှုအမျိုးမျိုး၊ တရားပြမှုအမျိုးမျိုး အတော်တော့ စုံပြီ။ ဘာတွေလာဦးမလဲ မပြောတတ်။
ညက မအိပ်ခင် တင်ပြလိုက်သလို ရေစာ ပါတာ ရှားတယ်။ ထင်ရာ လာပြောသူကသာ များတယ်။
ဟော်တော့ တရွေးစိလောက်ကျသွားပြီ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment