စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်
(၁၉၈၁)
"မြန်မာနိုင်ငံရောက် နိုင်ငံခြားသားများ၏ အမြင်ဖြင့် ရေးသားသော ခရီးသွားစာပေ"
တင်ပြသူ - ဦးသန်းထွန်း (တိုက်စိုး)
[စာမျက်နှာ ၂၄၂ - ၂၄၃]
မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများသည် ခေတ်အဆက်ဆက်တွင်
ရောက်ခဲ့ကြလေသည်။ ထိုအခါ မြို့တော်သို့ ရောက်ခဲ့ကြသူများလည်း ရှိသည်။ နိုင်ငံအကြီးအကဲများနှင့် ကြုံဖူးသူကလည်း ကြုံဖူးကြသည်။ အချို့ကလည်း အုပ်ချုပ်ရေး၊ စီးပွားရေးကို အကဲခတ်မိကြရသည်။ အချို့ကမူ လူမျိုးဓလေ့ထုံးစံဖြစ်စေ၊ ပညာဗဟုသုတဖြစ်စေ လေ့လာမိရလောက်အောင် စိတ်ဝင်စားခဲ့ပေလိမ့်မည်။ ထိုသူတို့သည် နိုင်ငံရပ်ခြားတွင် မြင်တွေ့ခဲ့ရသည်များကို မှတ်တမ်းထားရစ်ခဲ့ကြသဖြင့်၊ မှတ်တမ်းလာ အချက်အလက်များသည် သိတန်ကောင်းလေသည်။
ဤတွင် မြန်မာနိုင်ငံဟူသည် သုဝဏ္ဏဘူမိ၊ သရေခေတ္တရာ၊ ဗုဒ္ဓဂယာဟူသည်ဖြင့် နေရာဒေသလည်း များပြားသည်။ ပုဂံခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် စသည်ဖြင့် ခေတ်ကာလအသီးသီးလည်း ဖြတ်ကျော်ခဲ့ရသည်။ ဒေသစုံ၊ ခေတ်ကာလစုံနေသော စာမှတ်တမ်းများအထဲမှ လိုအပ်သည်ကို တင်ပြပါအံ့။
အေဒီ ၂-၁၀ ရာစုများတွင် ဂရိပထဝီဆရာ တော်လမီနှင့် အခြားသူတို့သည် အိန္ဒိယသမုဒ္ဒရာ၏ ဟိုမှာဘက်ကမ်းတွင် ရွှေကျွန်းဆွယ် (ဝါ) သုဝဏ္ဏဘူမိရှိသည်ဟူ၍ ရေးခဲ့ဖူး၏။ ထိုသုဝဏ္ဏဘူမိသည် သထုံပြည်ဖြစ်စေ၊ မလေးကျွန်းဆွယ်တခုလုံးဖြစ်စေ ပြောသံကြားနှင့် ရမ်းတမ်းရေးသည်ဖြစ်၍ ဤစာတမ်းနှင့် မဆိုင်ပါ။
အေဒီ ၇ ရာစုတွင် တရုတ်ရဟန်းတော် အရှင်ဟိယန်ဆင်သည် အိန္ဒိယတိုက်မြောက်သို့ ပိဋကတ်စာပေ စုဆောင်းရန် ရောက်ခဲ့လေသည်။ ထိုအရှင်သည် သရေခေတ္တရာအမည်တပ်ကာ ယခုခေတ်အခေါ် ဗမာလားဒေသနှင့် မဝေးသောနေရာဟူ၍ ညွှန်းခဲ့ဖူး၏။ ထိုနေရာသည် အမှန်ပင်ဖြစ်စေကာမူ မိမိကိုယ်တိုင် မရောက်ဖူးသည်ဖြစ်၍ ဤစာတမ်းနှင့်မဆိုင်ပါ။
အေဒီ ၁၃ ရာစုတွင် မင်းနန်ပျိုသား မာကိုပိုလိုသည် မွန်ဂိုဘုရင် ကုဗလိုင်ခန်ထံ၌ အမှုထမ်းခဲ့ဖူးလေသည်။ ထိုခေတ်အခါ၌ မွန်ဂိုတပ်များသည် ဗမာနိုင်ငံထဲရောက်ခဲ့လေသည်။ မွန်ဂိုတပ်များနှင့်အတူ လိုက်ပါခဲ့သော မာကိုပိုလိုသည်လည်း မွန်ဂိုအင်ပါယာ၏ အုပ်ချုပ်ပုံအကြောင်း
[စာမျက်နှာ ၂၄၄ - ၂၄၅]
ကို ရေးယင်း မြန်မာ့မြို့တော် (ပုဂံ) တွင် ဆည်းလည်းသံသာသာနှင့် ရွှေပုထိုးစေတီ၊ ငွေပုထိုးစေတီ ပေါများလှကြောင်းကိုပါ ထည့်သွင်းဖော်ပြခဲ့ပါသည်။ ဤတွင် မာကိုပိုလိုသည် တကောင်းအထိသာ ရောက်ဖူးဟန်တူသည်ဟု သုတေသီအချို့က ဆိုကြလေသည်။ မျက်မြင်ကိုယ်တွေ့မဟုတ်၍ မာကိုပိုလို၏အချက်အလက်ကို ဤမျှလောက်သာ တင်ပြလိုပါသည်။
အေဒီ ၁၅ ရာစုတွင် ဗင်းနစ်မြို့သား ကုန်သည် နီကိုလိုဒီကွန်တီသည် အရှေ့မြို့တော်သို့ ရောက်ခဲ့ဖူးလေသည်။ သူ၏မှတ်တမ်းတွင် အရှေ့မြို့တော်အကြောင်း ဟုတ်ဟုတ်ငြားငြားမပါ။ လူမျိုးဓလေ့ထုံးစံစကား အနည်းငယ်မျှသာ ပါလေသည်။ ထို့ကြောင့် ဆိုင်ရာအနီးအနားသို့ရောက်မှ ဆိုင်ရာအချက်အလက်များနှင့်အတူ ပေါင်းစပ်ကာ တင်ပြလိုပါသည်။
အေဒီ ၁၅ ရာစုသည် မြန်မာနိုင်ငံသို့ အနောက်တိုင်းသားများ အဝင်အထွက် အရေအတွက် ပေါများလာသော ကာလဖြစ်လေသည်။ ပေါ်တူဂီလူမျိုး ဗာတိုဒီဂါမာဆိုသူသည် ဂွတ်ဟုပ်အငူကိုဖြတ်၍ အိန္ဒိယဘက်သို့သွားရန် ပင်လယ်လမ်းကို စတွေ့ခဲ့လေသည်။ ထိုအခါမှစ၍ ဒေသန္တရဗဟုသုတအတွက်ကြောင့် လည်းကောင်း၊ စွန့်စားစိတ်ကြောင့် လည်းကောင်း၊ ရောင်းဝယ်ကူးသန်းလိုသောကြောင့် လည်းကောင်း၊ သာသနာပြုချင်သောကြောင့် လည်းကောင်း ဥရောပတိုက်မှ ပေါ်တူဂီ၊ ဒတ်ချ်၊ ပြင်သစ်၊ အင်္ဂလိပ် စသော လူမျိုးအသီးသီးသည် အရှေ့ဘက်နိုင်ငံများသို့ ရောက်လာခဲ့လေသည်။
(နောင်သော် လူတချို့သည် ထိုနိုင်ငံများတွင် ကုန်တိုက်ထူထောင်၍ ခြေကုပ်စခန်းလုပ်ရာက နယ်မြေသိမ်းယူလာသည်အထိ ဖြစ်ခဲ့လေသည်။) တဖန် လာရောက်သည့်အထဲတွင် အလုပ်အကိုင်အမျိုးမျိုးဖြင့် ခရီးသည်၊ ကုန်သည်၊ စာရေးဆရာ၊ သမားတော်၊ စစ်သည်၊ သာသနာပြုဆရာ၊ အုပ်ချုပ်သူဟူ၍ ပါခဲ့လေသည်။ နောက်ဆုံး အမျိုးအစားလား အုပ်ချုပ်သူကို ထည့်သွင်းထားခြင်းမှာ တိုင်းတပါးသားက မြန်မာ့မြေပေါ်သို့ လာရောက် နယ်မြေသိမ်းယူအုပ်ချုပ် ထို့နောက် သူတို့၏အတွေ့အကြုံများကို ရေးဖွဲ့ထားရစ်ခဲ့သောကြောင့် ဖြစ်လေသည်။ ထိုမှတ်တမ်းများသည်လည်း ခရီးသွားစာပေတွင် ပါဝင်ကောင်း၏ဟု ယူဆကာ ဤစာတမ်းတွင် ထည့်သွင်းအသုံးပြုခဲ့ပါသည်။
ဤသို့အားဖြင့် မြန်မာနိုင်ငံရောက် နိုင်ငံခြားသားများ၏အမြင်အတွေ့ကို အောက်ပါအတိုင်း ပိုင်းခြားတင်ပြလိုပါသည်။
(က) ဟံသာဝတီ၊ မြောက်ဦး၊ ရွှေဘို၊ အမရပူရ၊ အင်း၊ မန္တလေးကဲ့သို့ မြို့တော်များအကြောင်း။
(ခ) ဘုရင့်နောင်မင်းတရားနှင့် အလောင်းမင်းတရားကဲ့သို့ မြန်မာ့စည်းလုံးရေး ခေါင်းဆောင်များ။
(ဂ) မြတ်မင်းကြီးဦးဝန်၊ ကနေဒါမင်းသားကဲ့သို့ တိုင်းပြည်ပြု ပုဂ္ဂိုလ်များ။
(ဃ) အုပ်ချုပ်ရေး၊ စီးပွားရေး လေ့လာချက်များ။
(င) ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု သုံးသပ်ချက်များ။
စသည်ဖြင့် ခွဲခြားပြဆိုလိုပါသည်။ အေဒီ ၁၆ ရာစုတွင် ရောက်လာသော ဗင်းနစ်မြို့သားကုန်သည် ဆီဇာဖရက်ဒရစ်နှင့် အင်္ဂလိပ်ကုန်သည် ရပ်ဖ်ဖစ်ချ် တို့၏အမြင်အတွေ့ကို ဖော်ပြလိုပါသည်။ ထိုခေတ်အခါက မြန်မာ့သမိုင်းတွင် တောင်ငူခေတ်ဟူ၍ အမည်တွင်ပါသည်။ တောင်ငူမှ ဘုရင့်နောင်မင်းတရားသည် မြောက်ဘက် မိုးကောင်း၊ ဗန်းမော်၊ အရှေ့ဘက် သိန္နီ၊ ကျိုင်းတုံ၊ တောင်ဘက် ထားဝယ်၊ တနင်္သာရီ စသည်ဖြင့် အကွဲကွဲ အပြားပြားဖြစ်နေသော ပြည်နယ်များကို စည်းရုံးကာ ပဲခူး (ဟံသာဝတီ) ကို ဗဟိုပြု နန်းစိုက်ခဲ့ပါသည်။ ထိုမျှမကသေး ဇင်းမယ်၊ သောက္ကတဲ၊ လင်းဇင်းဒေသများကိုပါ တိုက်ခိုက်၍ မြန်မာ့လက်နက်နိုင်ငံတွင်း သိမ်းသွင်းခဲ့လေသည်။ တိုက်ခိုက်သိမ်းသွင်းရာ၌ မြန်မာ့ရင်းသား မွန်၊ မြန်မာစသည်များသာမက ပေါ်တူဂီ ကြေးစားစစ်သား၊ စစ်သည်အင်အားကိုလည်း သုံးခဲ့လေသည်။ ထိုလက်နက်နိုင်ငံကို ဘုရင့်နောင်မင်းတရားနောက် သားတော် ငါးဆူဒါယကာက ဆက်ခံခဲ့လေသည်။
ဆီဇာဖရက်ဒရစ်သည် အေဒီ ၁၅၆၉ ခုနှစ်တွင်လည်းကောင်း၊ ရပ်ဖ်ဖစ်ချ်သည် အေဒီ ၁၅၇၅-၈၇ ခုနှစ်တွင်လည်းကောင်း တောင်ငူခေတ် မြန်မာ
၂၄၆
နိိုုင်ငံသို့ ရောက်ခဲ့ကြလေသည်။ ထိုခေတ်မြန်မာနိုင်ငံကို စည်းရုံးမှုပေးခဲ့သော ဘုရင့်နောင်မင်းတရားအကြောင်းကို ဆီဇာဖရက်ဒရစ်က ရေးခဲ့သည်မှာ အောက်ပါအတိုင်းပင်ဖြစ်သည်။
....ဤကမ္ဘာမြေပြင်ဝယ် ပဲခူး (ဟံသာဝတီ) ဘုရင်လောက် တန်ခိုးကြီးမားသူမရှိ။ ထိုဘုရင့်လက်အောက်တွင် ထီးဆောင်းမင်း ၂၆ ဦးရှိလေသည်။
....ရွှေငွေရတနာအစား၊ လူအင်အား၊ ကုန်းတပ်အင်အား အရာတွင် ထိုဘုရင်သည် အော်တိုမန်ဘုရင်ဧကရာဇ်ထက်သာလေသည်။ သူမ၌ ရွှေတိုက်တော် အများအပြားရှိ၍ ရွှေငွေတို့သည် နေ့စဉ်နှင့်အမျှ တိုးပွားလျက်သာရှိသည်။ သူမသည် နိလာကျောက်သံပတ္တမြားတို့၏ အရှင်သခင်လည်း ဖြစ်ပေသည်။
....ထိုဘုရင်သည် မြင်း ၁၆ ကောင်ကသော ရွှေချပြာသဒ်ရထားကို စီးလေသည်။ ရထားနောက်တွင် မှူးမတ် ၂၀ လိုက်ရ၍ ရထားကြိုးကို ဆွဲကိုင်ရသည်။ ရထားအလယ်တွင် ဘုရင်စံပယ်၍ ဘုရင့်မျက်နှာလေးဘက်တွင် သားမြတ်နိုးဆုံး မှူးမတ်လေးဦး ရံရလေသည်။ ရထားရှေ့တွင် စစ်သည်တော်များနှင့် မှူးမတ်များ ပါရသည်။ ပတ်လည်တွင်မူ အရာရှိချုပ်ခဲ နယ်ပယ်များမှ စုတမ်းမှူးမတ်များ ဝိုင်းလျက်ရှိရလေသည်။.... ဤမျှစနစ်တကျ တခမ်းတနား မြင်တွေ့ရလေသည်မှာ အံ့ဖွယ်ရာပင်တည်း။ ပဲခူး (ဟံသာဝတီ) ဘုရင်တွင် မိဖုရား (ခေါင်) တပါး.... မောင်းမ ကိုယ်လုပ်တော် ၃၀၀ ရှိသည်။ သားတော် သမီးတော်များကား ကိုးကျိပ်ဟူ၏။
....နေ့စဉ်မပြတ် ရှင်ဘုရင်သည် တိုင်းသူပြည်သားတို့၏ အမှုအခင်းများကို ကြားနာဆုံးဖြတ်လေသည်။ လွှတ်ရုံးရာဇပလ္လင်ထက်၌ ဘုရင်သည် ထိုင်၏။ သူ၏အောက်တွင် မှူးမတ်များ၊ ထို့နောက် ဘုရင်နားတော်တင်ရန် စောင့်ဆိုင်းနေကြသော အမှု
၂၄၇
သည်များဟူ၍ရှိကြသည်။ အမှုသည်များ၏ လက်တွင်ကား.... လျှောက်လွှာပမာရွက်များ၊ ထိုပြင် အမှု၏တန်ဖိုးအလိုက် လက်ဆောင်ပဏ္ဏာများ ကိုင်ထားသည်။ ဤတွင် ရုံးအရာရှိများက လျှောက်လွှာကိုယူငြား၍ ဖတ်ပြကြရ၏။ ဘုရင်က သူတို့လျှောက်သည့်အတိုင်း သင့်သည်ဟု သဘောရလျှင် သူတို့လက်မှ လက်ဆောင်ပဏ္ဏာများကို သိမ်းရန် အမိန့်ပေးသည်။ တရားနည်းလမ်းမကျဟု သဘောရလျှင် လက်ဆောင်ပဏ္ဏာကို မယူရန် အမိန့်ပေးသည်။
ဤသည် ဟံသာဝတီဘုရင်၏ အာဏာစက်ပျံ့နှံ့ပုံ၊ ဟံသာဝတီဘုရင်က မှူးမတ်အစုံအညီရှေ့တွင် ပြည်သူပြည်သားတို့အား တရားစီရင်ပုံဖြစ်လေသည်။ တရားစီရင်ပုံနှင့်စပ်၍ ဆီဇာဖရက်ဒရစ် ရေးခဲ့သည့်အချက် နှစ်ချက်ကို ထပ်၍ဖြည့်လိုပေးသေးသည်။ တစ်ချက်သည် လူသတ်မှုတွင် ကိုယ်ဖိုးပေးလျော်စေသည့် ထုံးဖြစ်လေသည်။ နှစ်အချက်သည် အမှုသက်သေထွက်ရှားပါက အမှုသည်အချင်းချင်းကို ကမ္ဘာလေးရပ် အပါအဝင်ရေလားစေသည့် ထုံးဖြစ်လေသည်။
ဆီဇာဖရက်ဒရစ် မြင်ခဲ့သော ပဲခူး (ဟံသာဝတီ) မြို့တော်ကို ယခု ပြုပေးဦးမည်။
....ကျွန်တော်တို့သည် ပဲခူး (ဟံသာဝတီ) သို့ ဘေးကင်းစွာရောက်ကြပါသည်။ ပဲခူးသည် မြို့ဟောင်း၊ မြို့သစ်ဟူ၍ နှစ်ပိုင်းရှိပါသည်။
မြို့ဟောင်းတွင် ပြည်တွင်းပြည်ပ ကုန်သည်များ နေထိုင်ကြ၍ ကုန်ရောင်းကုန်ဝယ် အများဆုံး လုပ်ပါသည်။ မြို့ဟောင်းမှာ မကြီးလှသော်လည်း ဆင်ခြေဖုံးရပ်ကွက်များ ကျယ်ပြန့်ပါသည်။ လူနေအိမ်များသည်လည်း ကြိမ်၊ ဝါး၊ ဓနိ၊ ခြေ၊ သက်ကယ်တို့ဖြင့် ဆောက်လုပ် မိုးကာထားပါသည်။ ကုန်သည်များကမူ ထိုအိမ်မျိုးတွင် မကြာခဏ ဆိုက်တတ်သော မီးဘေးမှ ကာကွယ်နိုင်ရန် ဂိုဒေါင်ခေါ် အုတ်တိုက်ဆောက်ထားကြ၍ ဂိုဒေါင်တွင် ကုန်များကို သိုလှောင်ထားပါသည်။
၂၄၈
မြို့သစ်တွင် ဘုရင့်နန်းတော်နှင့် မင်းညီမင်းသား မှူးကြီးမတ်ရာတို့၏ နေအိမ်များရှိပါသည်။ ကျွန်တော် ရောက်ရှိနေသည့်အတောအတွင်း (၁၅၆၉) မြို့သစ် တည်လုပ်ပြီးစီးပါသည်။ ထိုမြို့မှာ ကြီးကျယ်၍ မြေပြန့်တွင် တည်ရှိပါသည်။ လေးထောင့်စတုရန်းပုံ မြို့ရိုးကာထားသော မြို့တော်ဖြစ်ပါသည်။ မြို့ရိုးပတ်လည်တွင် မိကျောင်းများ ပြည့်နေသော ကျုံးဖြင့် ဝိုင်းရံထားပြန်ပါသည်။ ထိုကျုံးများကို ဖြတ်ကျော်ရန်အတွက် တံတားရှင်များ မထားပါ။ သို့ရာတွင် မြို့တွင်းသို့ဝင်ရန် တံခါးပေါက် ၂၀ ရှိရာ မြို့ရိုးတဖက်စီတွင် တံခါးငါးပေါက်စီကျထားပါသည်။ တံခါးစောင့်၊ တံခါးဗိုလ်များအတွက်လည်း ရွှေချမွမ်းမံ ပြာသဒ်ဆောင်များ သီးခြားစီထားပါသည်။
ကျွန်တော် မြင်ဖူးသမျှတွင် လမ်းမများမှာ အလွန်ကောင်းလှ၍ တံခါးတဖက်မှနေ၍ တံခါးတဖက်သို့ ဖြောင့်တန်းနေပါသည်။ တလမ်းတလမ်းလျှင် လူ ၁၀ ယောက်၊ လူ ၁၂ ယောက် ရင်ပေါင်တန်း လျှောက်နိုင်လောက်အောင် ကျယ်ပါသည်။ ဖြတ်လမ်းများမှာလည်း ကောင်းမွန်ကျယ်ဝန်းပါသည်။ လမ်းတဖက်တချက်ရှိ အိမ်ပေါက်များတွင် ကွမ်းပင်အုန်းပင်အစရှိသည်များ စိုက်ထားကြ၍ အိပ်မကောင်းစွာ ရပါသည်။ အိမ်များကို သစ်ဖြင့်ဆောက်၍ အုတ်ကြွပ်ဖြင့် မိုးပါသည်။
....ဘုရင့်နန်းတော်မှာ မြို့အလယ်တွင် တည်ရှိ၍ ရဲတိုက်ကဲ့သို့ အုတ်နံရံဖြင့် ကာရံထားပါသည်။ ရေအပြည့်ရှိ ကျုံးကလည်း လေးဘက်လေးတန် ပတ်ထားပါသည်။ နန်းတော် အဆောင်အယောင်မှာမူ ရွှေထည်၍ ပြာသာဒ် တုရင် ဗိတာန်များခန့်၍ တင့်တယ်လှပပါသည်။ တန်ဖိုးလည်းကြီးလှပါသည်။
....နန်းရင်ပြင်သည် ကျယ်ဝန်းပျံ့ပျူးပါသည်။ ဆင်ဖြူတော်လေးကောင်ထားရာဆောင်ကပ်လည်း ရှိပါသည်။.... ရှင့်ဘုရင်ကို အခြားဘွဲ့နာမများအပြင် ဆင်ဖြူများအရှင်ဟုလည်း ခေါ်ဝေါ်ကြပါသည်။....
၂၄၉
ပဲခူး ဟံသာဝတီကား ထိုခေတ်အခါက အရှေ့တိုင်းတွင် အလွန်ထည်ဝါသော မြို့တော်၊ ပြည်ပနှင့် စီးပွားအဆက်အသွယ်များလှသော မြို့တော်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ "သင်္ဘောဆိပ်လှေ၊ လေးမျက်နှာမှ" ဟု မြန်မာကဗျာများတွင် ဆိုခဲ့သည့်အတိုင်း ဥရောပကုန်သည် မှတ်တမ်းများကလည်း ထောက်ခံနေပါသည်။ ကြည့်ပါလေ။
ပြည်ပကုန်သည်များသည် အိန္ဒိယဂုဂျရတ်ဘက်မှ ဘိန်း၊ မဒရပ်ကမ်းခြေဘက်မှ ပန်းရိုက်ဆေးဆိုးထည်၊ သစ်မြစ်ဆေးချည်ခင်း၊ မလေးဘက်မှ အထည်ချောကို သင်္ဘောဖြင့် တင်ဆောင်ကာ ပုသိမ်ဆိပ်ဆိုက်၏။ ထို့နောက် ပဲခူးသို့ အရောက်ပို့ခဲ့ကြလေသည်။ ရန်ကုန်ရဲခုံ ပဲခူး ၁၂ မိုင်အကွာ မယက်ကြီးရွာတွင် ကုန်လှည်းများ စုဝေးတင့်ပြီးလျှင် ရောက်လာသော ကုန်များကိုချကာ ပဲခူးသို့ သယ်ဆောင်တင်ပို့လေသေးသည်။
တဖန် ပြည်ပကုန်သည်များသည် မက္ကာမှသိုးမွေး၊ သက္ကလတ်၊ ကတ္တီပါ၊ ရွှေစက္ကူကို သယ်ဆောင်ကာ သံလျင်ဆိပ်ဆိုက်၏။ ထို့နောက် ပဲခူးသို့ အရောက်ပို့ခဲ့ကြလေသည်။
တဖန် ပြည်ပကုန်သည်များသည် မလက္ကာနှင့် အစည်ကျွန်းဘက်မှ ရုက္ခဗေဒင်း၊ စန္ဒကူး၊ ကြွေထည်၊ ပုဂံ၊ လောဗန်ဆေးကို သင်္ဘောဖြင့် တင်ဆောင်ကာ မုတ္တမဆိပ်ဆိုက်၏။ ထို့နောက် ပဲခူးသို့ အရောက်ပို့ခဲ့ကြလေသည်။
ထိုပြည်ပကုန်သည်များကို မြန်မာဘက်က ဆိပ်ကမ်းအခွန် ၂၀ မှ ၂၂ ရာခိုင်နှုန်းအထိ ကောက်ခံလေသည်။ ထို့ပြင် အကောက်ရုံးစား ၅ ဦးမှတဆင့် ကုန်ရောင်းခွင့်ပြုလေသည်။ ပွဲခသည် နှစ်ရာခိုင်နှုန်းဖြစ်လေသည်။
ပဲခူးဘက်ကလည်း ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ပြန်လေသည်။ ထိုပစ္စည်းများမှာ ရွှေ၊ ငွေ၊ ပတ္တမြား၊ နီလာ၊ ခဲ၊ ချိပ်၊ စန္ဒရည်၊ ထန်းရည်၊ သကြား၊ ဆန်ဖြစ်လေသည်။
ထိုစဉ်က သုံးသော အသပြာမှာ ဂင်္ဂါခေါ် ခဲနှင့် ကြေးရောစပ်ထားသော ပုဂ္ဂလိကထုတ်လုပ်သည့် ဒင်္ဂါးဖြစ်လေသည်။
ဤသို့ဖြင့် ပြည်ပ စီးပွားရေးလည်း စည်ကားပါသည်။ ပြည်တွင်း၌လည်း ခေတ်အလိုက် ကုံလုံကြွယ်ဝပုံကို ကုန်သည်မှတ်တမ်းများတွင် တွေ့ရပါသည်။ ကုန်သည်များသည် ပုသိမ်မြို့ချောင်းမှ ဝင်လာသည့်အခါ မြစ်ရိုး
၂၅၀
တလျှောက် ရွာကြီးရွာငယ်တွေ တခုနှင့်တခု ထိစပ်လုမတတ် နီးကပ်လှသည်ကို သတိပြုမိကြလေသည်။ ထို့ပြင် ကြက်၊ ကြက်ဥ၊ ခို၊ နွားနို့၊ ဆန်စပါး အလွန်ပေါများလှသည်ကို ကိုယ်တွေ့ဖြစ်ခဲ့ကြလေသည်။
ရှေ့ဆက်ရပေဦးမည်။ ငါးဆူဒါယကာလက်ထက်တွင် မြန်မာနိုင်ငံသည် ပြိုကွဲကာ ပြည်နယ်အစိတ်စိတ် ဖြစ်ပြန်လေသည်။ ယိုးဒယားဘက်သို့ ခဏခဏစစ်ချီခြင်း၊ မွန်တိုင်းရင်းသားတို့ကို နှိပ်စက်ခြင်း၊ ဆန်ရေစပါး ရှားပါးခြင်း၊ အစ၊ ပြည် တောင်ငူ လက်အောက်ခံမင်းတို့နှင့် မသင့်တင့်ခြင်းအစရှိသည်တို့သည် နိုင်ငံပြိုကွဲရာအကြောင်းများပါပေ။ လက်အောက်ခံ တောင်ငူဘုရင်သည်လည်း ရခိုင်ဘုရင်နှင့် ပူးပေါင်း၍ ပဲခူးဟံသာဝတီကို တိုက်ခဲ့လေသည်။ ထိုအခါကာလ၌ အနောက်ရိုးမတောင်တန်း ခြားလျက်ရှိသော ရခိုင်ဒေသသည် သီးခြားပဒေသရာဇ် ပြည်နယ်တခုဖြစ်လေသည်။
ရခိုင်ပြည်မှာလည်း ခေတ်အခါအလိုက် အင်အားရှိနေခဲ့၏။ ရခိုင်သားတို့သည် ပင်လယ်သင်္ဘောအတတ်ကို ကျွမ်းကျင်ကြသည်။ မင်္ဂလားအရှေ့ပိုင်းအထိလည်း သူတို့ တိုက်ခိုက် သိမ်းပိုက်ထားကြသည်။ တဖန် ဒေသရောက် ပေါ်တူဂီတို့ကလည်း သူတို့အကျိုးအတွက် အသုံးချလေသည်။ ပေါ်တူဂီတို့ကား မရီမင်းပိုင် အိန္ဒိယဘက်ကိုသာမက အရှေ့အိန္ဒိယကျွန်းစုဘက်သို့လည်းကောင်း၊ မလက္ကာအရှေ့ဘက်သို့ လည်းကောင်း၊ မြန်မာနိုင်ငံဘက် သံလျင်သို့လည်းကောင်း အာဏာပိုင်များ၏ အခွင့်အရ ကုန်သွယ်ရာဌာနများ တည်ဆောက်ကာ ခြေကုပ်ယူထားကြသူများပေတည်း။ ရခိုင်ဘုရင် သုဓမ္မရာဇာသည် ပေါ်တူဂီအုပ်စုတစုချီသည် ဒေသအာဏာပိုင်များအပေါ် မခန့်တရန့်ပြုတတ်၊ သစ္စာဖောက်တတ်ကြလေသည်။ ပင်လယ်ဒမြလည်း လုပ်တတ်ကြလေသည်။ ယေဘုယျအားဖြင့်မူ ပေါ်တူဂီတို့၏ အကူအညီသည် ရခိုင်သားတို့အတွက် တအားဖြစ်လေသည်။ စစ်ရေးတွင် မဆိုထားဘိ၊ မြောက်ဦးမြို့တော် တည်ဆောက်ရေး၌ပင် သူတို့ပါရလေသည်။
ထိုမြောက်ဦးမြို့တော်အကြောင်းကိုလည်း ပေါ်တူဂီဘုန်းကြီး ဆီဗက်ရှ်စတီယန်မန်ရစ်သည် မြင်တွေ့ ရေးမှတ်ခဲ့ဖူးလေသည်။ ထိုဘုန်းကြီးသည်
၂၅၁
ဂိုအားတွင် မူလကနေခဲ့၏။ ထို့နောက် ပေါ်တူဂီတို့၏ အခြေစိုက်စခန်းဖြစ်သော ရခိုင်ပိုင် ဘင်္ဂလားအရှေ့ဘက် ဒိအင်္ဂါသို့ပြောင်းရွှေ့၍ သာသနာဝန် ထမ်းရလေသည်။ ထိုအတွင်း ပေါ်တူဂီတို့သည် ရခိုင်ဘုရင်ကို မခန့်တရန့်လုပ်ခဲ့လေ၍ ရခိုင်စစ်သည်များက နှိမ်နှင်းခဲ့ရလေသည်။ ဘုန်းကြီး မန်ရစ်သည်လည်း မနေသာတော့ပဲ ဒေသနေ ပေါ်တူဂီများ၏ ရှေ့ရေးအတွက် ရခိုင်ဘုရင်ထံ သွားရောက် စေ့စပ်ရလေသည်။ ဤသို့ဖြင့် ဘုန်းကြီး မန်ရစ်သည် မြောက်ဦးမြို့တော်သို့ ရောက်ခဲ့လေသည်။ အောက်ပါမြို့တော်ရှုခင်းကို ကြည့်ပါလေ။
....ဤမြို့တော် (မြောက်ဦး) သည် ကျောက်တောင်မြင့်များ ဝိုင်းရံ၍ ၁၅ မိုင်ခန့်ကျယ်သော ချိုင့်ဝှမ်းသဘာဝအတွင်း တည်ရှိလေသည်။
ထိုတောင်များတွင်လည်း သဘာဝအကာအကွယ် ဖြစ်နေလေသည်။ တောင်ပေါ်မှ တောင်အောက် မြေပြင်သို့ဝင်ပေါက်များရလေအောင် တောင်အတွင်း နံရံများကို ခုတ်ပိုင်း ချဲ့ထွင်ထားရလေသည်။ ထိုအထက်တွင် အမြောက်သေနတ် ဆင်ထားသော ခံကတုတ်များ ရှိလေသည်။.... ရေစီးသန်သန်နှင့် မြစ်ချောင်းကြီးတခုသည် မြို့နေလူတန်းကျင့်ဖြတ်သန်းလျက် ချောင်းငယ်အများအပြား ဖြာထွက်၏။ ထို့ကြောင့် မြို့တော်တိုက်တွင် သွားလာရန်မှာ လှေဖောင်ကြွင်းပင်အသုံးပြုရသော ရေလမ်းသာ များလေသည်။
ထိုရေလမ်းတလျှောက်တွင် ဆန်၊ အသား၊ ငါး၊ ငါးခြောက်၊ ငါးပိ၊ ထောပတ်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံနှင့် အခြား စားစရာများ ရောင်းလေသည်။ ထို့ပြင် အိမ်သုံးပစ္စည်းများ၊ ကုန်စည်များလည်း ရောင်းလေသည်။ ဈေးအလွန်ပေါ်၏။ ထိုပစ္စည်းများ ရနိုင်သော ဈေးဆိုင်တွေလည်း အများအပြား ရှိလေသည်။
၂၅၂
ဤမြစ်ဝသည် ပင်လယ်သို့ စီးဝင်လေသည်။ ထိုနေရာများတွင် ကုန်သည်မျိုးစုံရာ အများဆုံးမှာ မွတ်စလင်ဘာသာဝင်များ ဖြစ်လေသည်။ ဒီရေတက်ချိန်တွင် ပင်လယ်ရေသည် တံခါးပေါက် ခုနစ်ခုမှ မြို့ထဲသို့ အရှိန်ပြင်းစွာ စီးဝင်လေသည်။ ဒီရေကျချိန်တွင်လည်း ထိုတံခါးပေါက် ခုနစ်ခုမှပင် စီးထွက်လေသည်။
မြို့အတွင်းရှိ အိမ်အများစုမှာ ဝါး၊ ကြိမ်၊ ဝါးနှီးဖြင့် တည်ဆောက်၍ ဓနိ မိုးလေသည်။ ထိုအိမ်များကို အိမ်ရှင်ကျွမ်းကျင်သည့်တန်ဖိုးပမာဏအလိုက် အိမ်ရှင်၏ဂုဏ်အဆင့်အတန်းအလိုက် ဆောက်ထားသည်လည်း ဖြစ်သည်။ အိမ်အကာအရံအတွက် အသား ကောင်းကောင်း၊ အရောင် စိုစို ဖန်တီးပြုလုပ်တတ်ကြသည်။ အိမ်ဆောက်ရာတွင် သံမသုံး၊ နှီးကို သုံးလေသည်။ ထိုအိမ်မျိုးသည် ၁၂ နှစ်မှ ၁၅ နှစ်အထိ ခံလေသည်။ အချို့သော မင်းညီမင်းသားများ၊ လူကုံထံများသည် သူတို့အိမ်များ၊ အဆောင်များတွင် အမွမ်းအပြောက် ထည့်လေသည်။
နန်းတော် အဆောင်များသည်ပင် နှီးထည့်၍ သုံးလေသည်။ အဆောင်တွင်းရှိ တိုင်များကား မြင့်မား လုံးဝန်းနေသည်ဖြစ်ရာ ဤသို့သော သစ်ပင်ကြီးများရှိကြောင်းကို တအံ့တဩသိရတော့သည်။ အဆောင်တွင်းရှိ တိုင်များကိုလည်း ရွှေပိန်းချထားလေသည်။ အချို့အဆောင်များသည် စန္ဒကူးသားအဖြူ အနီဖြင့်ပြီးလေသည်။
ကျွန်တော်တို့သည် ခန်းလုံးပြည့် ရွှေချထားသဖြင့် ရွှေခန်းဆောင်အမည်တွင်သော အဆောင်တခု ရှိလေသည်။.... ထိုအဆောင်တွင် လူပမာဏရှိ ရွှေဆင်းတု ခုနစ်ဆူထက်မက ထားရှိသည်။ ဆင်းတုများကို ပတ္တမြား၊ နီလာ၊ စိန် စသောရတနာမျိုးစုံဖြင့် နဖူးသင်းကျစ်၊ လက်မောင်း၊ ခါးနေရာများတွင် စီခြယ်သည်။ ထိုအဆောင်တွင် ရွှေကလပ်.... ရွှေခွက်များလည်း ရှိသည်။
၂၅၃
တဖန် ကျွန်နန်းတော်တွင် ယိုးဒယား၊ ပဲခူး၊ တောင်ငူ၊ အာရမ်း၊ ရခိုင်မှ လည်းကောင်း၊ မဂိုမင်းနယ်ပယ်မှ လည်းကောင်း အဖိုးတန်ကျောက် နားကပ်များလည်းရှိသည်။....
နန်းတော်နှင့် မနီးမဝေးနေရာတွင် စတုရန်းမိုင် ၉၀ ကျယ်ပြန့်အောင် လူတူးထားသည့် ဆိုသော ရေကန်သည် ရှိ၏။ ထိုကန်ထဲတွင် သစ်သီးလဲပေါသော ကျွန်းများ ပြန့်နေလေသည်။ ထိုကျွန်းများပေါ်တွင် ရဟန်းများ.... သီတင်းသုံးကြလေသည်။ ထိုကျွန်းတွေအကြား သွားလာကူးသန်းရန် လှေများထားရှိ၏။ မြို့တော်နှင့်မူ ရေလမ်းပိတ်ထားသဖြင့် အဆက်အသွယ်မရှိချေ။
လူအများ၏ တွက်ကိန်းအရ ဤမြို့တော်တွင် လူမျိုးခြားကုန်သည်အပါအဝင် လူဦးရေ တသန်း ခြောက်သောင်း ရှိလေသည်။ မဂ်လား၊ မဆူလီပတမ်၊ တနင်္သာရီ၊ မုတ္တမ၊ အသည်၊ ဂျာကာတာဒေသများနှင့် သင်္ဘောအဆက်အသွယ်ရှိသောကြောင့် လူမျိုးခြားကုန်သည် ဦးရေမှာလည်း များပြားလှသည်။ ထိုအထဲတွင် ကုန်သည်များအပြင် ဘုရင့်လစာစား စစ်သည် ရဲမက်များလည်း ပါဝင်သည်။ ထိုစစ်သည်များကား ပေါ်တူဂီ၊ မွန် (ပဲခူး)၊ မြန်မာ၊ မဂိုများပင် ဖြစ်သည်။ တဖန် ထိုစစ်သည်များတွင် ခရစ်ယာန် ဘာသာဝင် ဂျပန်လူမျိုး၊ ခရစ်ယာန် ဘာသာဝင် ဗင်္ဂလီလူမျိုးများလည်း ရှိလေသည်။
ဤတွင် တိုင်းတပါးခြားသားများထဲမှ ကုန်သည်ရော စစ်သည်ပါ နေရာအနှံ့ ကျက်စားနေသူများမှာ ပေါ်တူဂီလူမျိုး၊ ဒတ်ချ်လူမျိုးတို့ ဖြစ်လေသည်။ ထိုလူမျိုးတို့သည် အမိနိုင်ငံ၏ အခြေအနေကြောင့် လည်းကောင်း၊ ခြေကုပ်စခန်း လုပ်ရာဒေသတွင် အနေအစားမသင့်သောကြောင့် လည်းကောင်း၊ တစတစနှင့် ဆုတ်ခွာခဲ့ရသည်။ ထိုအခါ ပြင်သစ်နှင့် အင်္ဂလိပ်က နေရာဝင်ယူလာလေသည်။ အထူးသဖြင့် အင်္ဂလိပ်သည် အရှေ့အိန္ဒိယ ကုမ္ပဏီထူထောင်ကာ အိန္ဒိယဘက်တွင် ကုန်ကူးရာမှ လက်နက်အင်အား သုံး၍ မဂိုမင်းပိုင်နယ်မြေများကို ဖဲ့ထုတ် သိမ်းပိုက်လာသည့် အခြေသို့ ရောက်ခဲ့လေသည်။ ကုမ္ပဏီအရာရှိများသည် မြန်မာနိုင်ငံကို ပို၍ အာရုံ
စာမျက်နှာ ၂၅၄
စိုက်လာလေသည်။ ဈေးကွက် ပို၍ချဲ့ချင်လေသည်။ ဤသို့ဖြင့် သူတို့လိုချင်နေသော ကုန်ပစ္စည်းများထဲတွင် သူတို့သိမ်းပိုက်ထားသော နယ်မြေရှိ လူများကို ကျွေးရန်အတွက် ဆန်ပါသည်။ သင်္ဘောတည်ရန် ကျွန်းသစ်ပါသည်။ ကမ္ဘာတွင် အကောင်းဆုံးချိပ်ဟု နာမည်ကြီးနေသော မြန်မာချိပ် ပါသည်။ စစ်ရေးဗဟိုရေးအတွက် ယမ်းစိမ်းပါသည်။
ထိုအချိန်ကာလတွင် မြန်မာနိုင်ငံသည်လည်း အနောက်ဘက်လွန်မင်းနှင့်တကွ နောက် ဆက်လက် အုပ်စိုးသောမင်းများ အောက်တွင် တပူးတပေါင်းတည်းအခြေအနေ၌ ရှိနေခဲ့ပြန်သည်။
မြို့တော်ကား အဝေပေတည်း။ အေဒီ ၁၆၉၅ ခုနှစ်တွင် အဝမြို့တော်သို့ အိန္ဒိယဒေသ မဒရပ်နေ အင်္ဂလိပ်ဘုရင်ခံထံမှ အေဒွပ်ဖလိဝုဒ် နှင့် ဂျိမ်းလက်စလီ တို့ကို ကိုယ်စားလှယ် လွှတ်လိုက်လေသည်။ ထိုကိုယ်စားလှယ်အဖွဲ့၏ လက်ငင်းကိစ္စမှာ ခွင့်မရဘဲဝင်ခဲ့၍ အာဏာပိုင်များက သိမ်းထားခဲ့သော သင်္ဘောမှ အင်္ဂလိပ်တို့၏ ကုန်ပစ္စည်းများကို ပြန်လည်တောင်းခံရန် ဖြစ်လေသည်။ အဓိကကိစ္စမှာမူ အထက်က ပြခဲ့သည့်အတိုင်း ကုန်သွယ်ရေး တိုးချဲ့ရန် ဖြစ်လေသည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် မဒရပ်မှ သူတို့ခြေကုပ်စခန်း ဖြစ်သော သံလျင်၊ ထို့နောက် သံလျင်မှ အဝသို့ တက်လာ၍ ဆိုင်ရာ ဝန်စုမှူးနှင့် တိုင်ပင်ဆွေးနွေးယင်း မြန်မာ့အုပ်ချုပ်ရေးစနစ် တစိတ်တပိုင်းကိုလည်း မြင်တွေ့ခဲ့ရလေသည်။ သူတို့သည် ရုံးတော်သို့ ရောက်ရ၏။ မြို့ဝန်နှင့် အရေးဆိုရ၏။ ထို့နောက် အတွင်းဝန်၊ ဝန်ကြီးတို့နှင့် ထပ်ဆင့် ဆွေးနွေးရ၏။ ဤတွင် မြန်မာ့အုပ်ချုပ်ရေးကို စဉ်းစားလိုက်သောအခါ ဘုရင်နှင့်နောင်မင်းတရားလက်ထက်၌ ဘုရင်နှင့် မှူးမတ် ဟူ၍ သာမည အဆင့်အတန်းထားမှုကိုသာ ကုန်သည် မှတ်တမ်းများမှတစ်ဆင့် သိရလေသည်။ ယခု ဖလိဝုဒ်မှတ်တမ်းမှမူ တဆင့်တိုးလာလေသည်။ မြို့တိုက်နှင့် လွှတ်တော်ဟူ၍ ဗဟိုအုပ်ချုပ်ရေးတွင် နှစ်ခုခွဲ၍ ရှိသကဲ့သို့ မြင်လာရလေသည်။
၂၇။ Edward Fleetwood.
၂၈။ James Lesley.
၂၉။ A. Dalrymple, Reprint from Oriental Repertory, 1791-7 of Portions Relating to Burma (Rangoon, 1926), p.210.
စာမျက်နှာ ၂၅၅
အင်္ဂလိပ်ကိုယ်စားလှယ်များကိစ္စကို ပြန်ဆက်ရဦးမည်။ သူတို့၏ ရည်ရွယ်ချက်သည် ပြည်ထဲရေး မငြိမ်မသက်မှုကြောင့် ကောင်းစွာ မဖြစ်ထွန်းခဲ့။ ပဲခူးဘက်မှ ထောင်ထား တိုက်ခိုက်လာသဖြင့် အဝ ပျက်လေသည်။ ထိုအခါ မုဆိုးဘိုရွာမှ ဦးအောင်ဇေယျ (နောင် အလောင်းမင်းတရား) သည် မြန်မာနိုင်ငံကို ပြန်လည်စုစည်းရန် ကြိုးပမ်းလေသည်။ (နောင်အခါ မဏိပူရ ကသည်းပြည်ကိုလည်း တိုက်ခိုက်သိမ်းယူလေသည်။) အခြေကျလာသောအခါ အရှေ့အိန္ဒိယကုမ္ပဏီက ကပ္ပတိန် ဂျော့ဗေကာ ကို မုဆိုးဘို (ရွှေဘို) သို့ ကိုယ်စားလှယ်လွှတ်၍ ဆွေးနွေးပြန်လေသည်။ ဗေကာသည် အလောင်းမင်းတရားအကြောင်း အောက်ပါအတိုင်း ရေးခဲ့လေသည်။
ကျွန်ုပ်သည် နန်းဆောင်တွင်းသို့ ဝင်လာခဲ့လေသည်။ နန်းဆောင်တွင် ဗောင်း၊ နားတောင်း၊ ဝတ်လုံ၊ စလွယ် ဝတ်ဆင်ထားကြသော မှူးမတ်များနှင့် ဘုရင့်သားတော်ကြီးနှစ်ပါးသည် ရာဇပလ္လင်၏ ဘေးတဖက်တချက်၌ ထိုင်လျက်ရှိကြလေသည်။ ဘုရင်မင်းကြီးသည်လည်း မင်းဝတ်တန်ဆာဆင်ယင်လျက် ရာဇပလ္လင်ပေါ်၌ ရှိနေပါ၏။
ကျွန်ုပ်အဖွဲ့ ဒူးပဆစ်တုပ် အရိုအသေပြုပြီးသည့်နောက် အတန်ကြာအောင်ပင် ဘုရင်မင်းကြီးသည် ကျွန်ုပ်ကို စိုက်ကြည့်နေလေသေးသည်။ ထို့နောက်ကား -
မောင်မင်းတို့ဘုရင် ကျန်းမာရဲ့လားဟု မေးလေသည်။
နောက်ဆုံး ကြားသိရသလောက် ကျန်းမာပါတယ်၊
အသက်ဘယ်လောက်ရှိပြီလဲ။
ခုနစ်ဆယ့်နှစ်နှစ် ရှိပါပြီ။
အခြားမင်းများနှင့်ကော သင့်မြတ်ရဲ့လား။
ရှေးက ရန်သူဖြစ်ခဲ့တဲ့ ပြင်သစ်နဲ့ စစ်ပြီးခဲ့တာ ခြောက်နှစ်ရှိပါပြီ။ ယခုကတည်းကစပြီး သင့်မြတ်နေပါတယ်။
စကား ရပ်နေပြီးနောက် ဘုရင်မင်းကြီးက ဆက်ပြန်ပါ၏။
မတ္တရာ ဝိုက်ဟပ်နဲ့ မောင်မင်းတို့ သင်္ဘောတွေဟာ အလွန်
၃၀။ George Baker.
၃၁။ Dalrymple, p.53.
စာမျက်နှာ ၂၅၆
မှာရှိစဉ်က ငါကိုယ်တော်မြတ်က ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်။ လိုချင်တာလဲ ပေးခဲ့တယ်။ ဖြူးကန်အရေး အကြောင်းပေါ်ခဲ့ရင် ငါ့လူတွေကို ကြည့်လိုက်ဖို့၊ သို့မဟုတ်ယင်လဲ ပဲခူးသားတွေဘက်ကနေပြီး မတိုက်ဖို့ ငါသည်ကပြန်ခါနီး မှာခဲ့တယ်။ သူက ကတိပေးပြီးလျက်နဲ့ သူဘက်ကပ် ပေးပြီး ငါ့လူတွေကို ပစ်ခတ်ခဲ့တယ်။
... ဤပြစ်မှု ဤသို့သော အဆင်အခြင်ကင်းမဲ့မှုများအတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းမိပါကြောင်းဖြင့် ကျွန်ုပ်က လျှောက်ထားရလေသည် ....
... ဘုရင်မင်းကြီးသည် ရာဇသံစာကို ဖတ်ရန် အမိန့်ပေးလေသည်။ ထိုစာကို ငြိမ်သက်စွာ နားထောင်ရာမှ -
ဂုဏ်သရေရှိ အရှေ့အိန္ဒိယကုမ္ပဏီကဲ့သို့ အင်အားကြီးအစိုးရနှင့် ရာဇမဟာမိတ်ဖွဲ့ခဲ့ပါလျှင် နောက်နောင် ပြည်တွင်းသူပုန်ထသည့်အခါဖြစ်စေ၊ ပြည်ပရန်သူနှင့် စစ်မက်ဖြစ်ရသည့်အခါဖြစ်စေ သူတို့ကို နှိမ်နင်းရန် အကူအညီရပါလိမ့်မည် ဟူသောအပိုဒ်သို့ ရောက်သည့်တွင် အားရပါးရ ရယ်ပါလေသည် ...
ငါ့ရန်သူတွေကို ချေမှုန်းဖို့ ငါကိုယ်တော်မြတ်က အကူအညီ တောင်းခဲ့လို့လား။ အဲသည်လိုမျိုးအစား မထင်လိုက်လေနဲ့။ သုံးနှစ်အတွင်းမှာ မောင်မင်းတို့ အမြောက်သေနတ်အကူအညီမပါပဲ အရပ်လေးမျက်နှာ အာဏာစက်ဖြန့်ခဲ့တယ် မဟုတ်လား။ ယုတ်စွအဆုံး ဝါးရင်းတုတ်နဲ့ပဲ အဝမြို့တော်ကို ဖျက်ဆီးခဲ့တဲ့ ပဲခူးသားတွေကို တိုက်ခိုက်နှိမ်နင်းခဲ့တယ် မဟုတ်လား ...
ထို့နောက် ရာဇသံစာကို ဆက်လက်ဖတ်ပါ။
အတွင်းဝန်ကြီးက မဟာမိတ်စာချုပ်လက်မှတ် ရေးထိုးနိုင်ရန်၊ ဤပုဂ္ဂိုလ်များသည်လည်း ရွှေတော်မှောက်တွင် ရှိနေကြပါလိမ့်မည် ဟူသောအပိုဒ် ရောက်လာသောအခါ ရယ်မောပြန်လေသည် ....
32. Ibid., p. 54.
စာမျက်နှာ ၂၅၇
သည်စာကို ဘယ်အရူးက ရေးတာလဲဟု မေးလေသည်။ စာဖတ်ပြီးသော် ဘုရင်မင်းကြီးသည် ဤသို့ မိန့်ဆိုလေသည်။
ကပ္ပတိန်၊ သည်စာကိုကြည့်။ သည်စာနဲ့ ငါ့ရန်သူတွေကို နှိမ်နင်းခဲ့တာ သုံးနှစ်ရှိပြီ။ ဓားတုံးခါနီး အခြေအနေတောင်ရောက်နေပြီ။ ရန်သူတွေ လုံးလုံးပျက်ပြုန်းတဲ့အထိ သုံးရလိမ့်အုန်းမယ်။ အကူအညီစကားမပြောနဲ့၊ မလိုဘူး ...
ကျွန်ုပ်က ဘုရင်မင်းကြီး၏ ဘုန်းလက်ရုံးအာဏာကို ယုံကြည်ပါကြောင်း၊ သို့ရာတွင် ကျွန်ုပ်တို့ဘက်က လိုလိုလားလားအဆိုပြုချက်ကို နားလည် စေချင်ပါကြောင်း လျှောက်ထားပါ၏။ ဘုရင်မင်းကြီးသည် အင်္ကျီလက်ပင့်၊ ပုဆိုးအောက်ပိုင်းကျိုက်၍ -
လူတထောင်မှာ ငါနဲ့ပြိုင်ဘက် တယောက်မျှမရှိဘူး ... ဟု ဆိုပြန်လေသည်။
... အဝနေပြည်တော်ကို ပဲခူးသားများ တက်ရောက်သိမ်းပိုက်၍ အဝဘုရင်ကို ဖမ်းဆီးယူငင်ခဲ့စဉ်က အလောင်းမင်းတရားသည် အိမ်ခြေ ၃၀၀ ရှိ မုဆိုးဘိုရွာငယ် (ယခုနေပြည်တော်) ၌ သူကြီးလုပ်ခဲ့သဖြင့် ဖြစ်လေသည်။
... မင်းကြီးသည် အသက် ၄၅ နှစ်ခန့်ရှိ၍ ငါးပေ ဆယ့်တစ်လက်မ မြင့်လေသည်။ ကိုယ်ခန္ဓာ ကြံ့ခိုင် မာကျောသည်၊ သန့်ရှင်းသည်။ အများနည်းတူ အသားညိုသည်။ မျက်နှာသွယ်သွယ်၊ ရုပ်ရည်ခပ်ကြမ်းကြမ်းဖြစ်ပါသည်။ ကျောက်ပေါက်မရံ သက်သက်ရှိသည်။ အရေးကိစ္စဆောင်ရွက်ချိန်တွင် လေးနက်တည်ကြည်သော အမူအရာပြလေသည်။ ထို့ပြင် ရာဇပလ္လင်၌ စံပယ်သည့်အခါ ရာဇဣန္ဒြေနှင့်ပြည့်စုံသည်ဟု ကျွန်ုပ်မှတ်ယူပေသည်။ ကျွန်ုပ် ကြားရသလောက် ... စိတ်သဘောထားလည်း မြန်ဆန်၍ အာဏာပြင်း လေသည်...
မင်းကြီး၏ သုရသတ္တိမှာမူ မကြောက်မရွံ့ မဆုတ်မနစ်ဆောင်ရွက်တတ်ကြောင်း ထင်ရှားသည်။ ထိုသုရသတ္တိဖြင့် မိမိ၏စစ်သည်
စာမျက်နှာ ၂၅၈
ရဲမက်တို့ကို ကြပ်ကြပ်မမ ထိန်းသိမ်းအုပ်ချုပ်ခဲ့၍ ဘုရင်အဖြစ်ကို ရခဲ့ပေသည်။
အလောင်းမင်းတရားသည် သူ၏အမိန့်ကို ယုံကြည်သည်ကောမှန်ပါသည်။ သို့ရာတွင် ပဲခူးသားများကို အပြတ်တိုက်ရန်အတွက် နောင်အခါတွင် အင်္ဂလိပ်များထံမှ ခေတ်မီလက်နက်များကို တောင်း လာရပေသည်။ တောင်းလာသည်နှင့်အမျှ ဟိုင်းကြီးကျွန်း၊ ပုသိမ်ဘက်တွင် ကုန်တိုက်ဖွင့်နေသော အင်္ဂလိပ်များကို အကောက်လွတ် ကုန်ကူးခွင့်၊ ခံတပ်လုပ်ခွင့် ပေးခဲ့လေသည်။
နိုင်ငံစည်လုံးရေးအတွက် အလောင်းမင်းတရားသည် ခေတ်လက်နက်များကို အင်္ဂလိပ်တို့ထံမှ တောင်းခံခဲ့သော်လည်း သူ၏မြို့တော်သစ်ကိုကား ယခင်ကမြို့တော်များကဲ့သို့ ရှေးနည်းအတိုင်း တည်ဆောက်စေခဲ့လေသည်။ သူ၏ မြို့တော်သစ်ကား ရွှေဘိုတည်း။ ရှေးပုံစံနှင့်မခြားလှသော ထိုမြို့တော်ကို ကပ္ပတိန်ဗေကာ မြင်ခဲ့လေသည်။ ထိုမြို့တော်ကိုသာမက ထိုထက်ထူးသော အမြင်အရာကိုလည်း မြင်ခဲ့လေသည်။ ကြည့်ပါလေ။
မုဆိုးဘိုမြို့ ... သည် ၁၂ ပေခန့်ရှိ ပေ ၂၀ မြင့်သော အုတ်မြို့ရိုးဖြင့် ကာရံထားသော မြို့ဖြစ်လေသည်။ ထိုမြို့ရိုးသည် စတုရန်းပုံဖြစ်၍ တဘက်တွင် တာတထောင် ရှိမည်ဟု ကျွန်ုပ်ခန့်မှန်း မိသည်။ အိမ်ခြေလည်း လေးထောင်မျှ ရှိလေသည်။ မြို့သည် မြေပြန့်တွင်ရှိ၍ မြစ်မှ ၁၂ မိုင် ဝေးကွာလေသည်။ သဲမြေဆားမြေပေါ၏။ ထို့ကြောင့် ဆားချက်ကြ၊ ထုတ်လုပ်ကြလေသည်။ ထို့ပြင် ယမ်းစိမ်းအကောင်းစား ... ထွက်လေသည် ...
ဤသည် ကပ္ပတိန်ဗေကာ၏ မှတ်စုအစဖြစ်လေသည်။ မှတ်စုအဆုံးတွင် ယမ်းစိမ်းအကြောင်းလည်း ပါလေသည်။ ကပ္ပတိန်ဗေကာတို့ အင်္ဂလိပ်တွေအဖို့ ယမ်းစိမ်းသည် အရေးကြီးလေသည်။ အင်္ဂလိပ်တို့သည် လောကတကြီးနှင့် အိန္ဒိယနယ်မြေများကို သိမ်းနေကြပြီ။ ထိုပစ္စည်းကို ပြင်သစ်ကဲ့သို့ အပြိုင်လူမျိုးများ အယူသွားမည်ကို စိုးရိမ်ကြလေသည်။ ယမ်းစိမ်းမှာလည်း လွယ်လွယ်နှင့် ပြည်ပထုတ်ခွင့်မရ။
တဖန် ဆန်ဈေးမှာ ၁၅ တင်းလျှင် (ရူပီ) တကျပ်သာ ကျသည်ကိုလည်း
စာမျက်နှာ ၂၅၉
ဗေကာမြင်ခဲ့လေသည်။ ထိုဆန်တွေသည် သူတို့ပိုင်နက်တွေအတွက် အလွန်အသုံးတည့်လေသည်။ အကြောင်းမှာ ပုသိမ်နယ်တဝိုက်မှ ထွက်သောဆန်သည် မဒရပ်ကမ်းခြေ မိုင် ၂၀ တဝိုက်က လူအားလုံးကို ထမင်းအဝကျွေးနိုင်သောကြောင့်ပင်။
ကပ္ပတိန်ဗေကာ၏ ကုန်သွယ်ရေး အဆက်အသွယ်ကား ကြာကြာမခံ။ ပြည်ထဲရေးတွင် အင်္ဂလိပ်များ ဝင်ရှုပ်သည်ဟု အလောင်းမင်းတရားက သဘောရ၍ အဆက်ဖြတ်ခဲ့လေသည်။ သို့ရာတွင် နောက်မင်းများလက်ထက်တွင် အင်္ဂလိပ်ကုမ္ပဏီအစိုးရက ကိုယ်စားလှယ် ဆက်လက်လွှတ်ခဲ့လေသည်။ ထို့အတူ ခရစ်ယာန်အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံနေ တိုင်းခြား၊ တိုင်းရင်းသားခရစ်ယာန်များကို စောင့်ရှောက်ရန်နှင့် တိုင်းရင်းသား အခြားဘာသာဝင်များကို ခရစ်ယာန်သာသနာသို့ သွတ်သွင်းရန် ရည်ရွယ်ချက်ဖြင့် ကာတိုလိပ်သာသနာပြုဆရာ၊ နှစ်ခြင်းသာသနာပြုဆရာများကို ပို၍ ပို၍ စေလွှတ်ခဲ့လေသည်။
အလောင်းမင်းတရား၏ နန်းဆက်နှင့် နောက်မင်းများ၏ နန်းဆက်ကို ကုန်းဘောင်ဆက် ကုန်းဘောင်ခေတ်ဟု ခေါ်လေသည်။ ကုန်းဘောင်ဆက်တွင် အလောင်းမင်းတရားခြေရာနင်း၍ နိုင်ငံတော်ကို အုပ်စည်းမပျက်ဆက်ခံခဲ့သူများမှာ သားတော်များဖြစ်ကြသော နောင်တော်ကြီး၊ ဆင်ဖြူရှင်၊ ဗဒုံမင်း သုံးဦးဖြစ်သည်။ နောင်တော်ကြီးမှာ နန်းသက်မကြာ။ ဆင်ဖြူရှင်လက်ထက်တွင် အဝကိုပင် ပြုပြင် မြို့တော်လုပ်ခဲ့လေသည်။ ထို့ပြင် မဏိပူရကသည်းနှင့် ယိုးဒယား ဇင်းမယ်ကို ဒုတိယအကြိမ် တိုက်ခိုက်အုပ်စိုးခဲ့လေသည်။ ဗဒုံမင်းလက်ထက်ရောက်လာသောအခါ ရခိုင်ဒေသနှင့် အာသံနယ်ကို သိမ်းသွင်းခဲ့လေသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အင်္ဂလိပ်ပိုင်နယ်မြေနှင့် ကျောချင်းကပ် ဖြစ်လာခဲ့လေပြီ။ နယ်စပ်အရေးအခင်းလည်း ရှိစပြုခဲ့လေပြီ။
အေဒီ ၁၇၉၇ ခုနှစ်တွင် အိန္ဒိယရှိ အင်္ဂလိပ်ဘုရင်ခံချုပ်သည် ဗိုလ်ကြီး မိုက်ကယ်ဆိုင်း ကို သံခန့်၍ ဗဒုံမင်းထံသို့ စေလွှတ်လေသည်။ ဆိုင်း၏တာဝန်ကား ကုန်သွယ်ရေး ချောမောစေရန်နှင့် မြန်မာနိုင်ငံ၏ ထွက်ကုန်၊
စာမျက်နှာ ၂၆၀
စီးပွားရေးအခြေအနေ၊ အုပ်ချုပ်ရေး အစစအရာရာ လေ့လာခဲ့ရန် ဖြစ်လေသည်။ ဆိုင်းကို ရှေးဦးပထမ ပဲခူးဟံသာဝတီဝန်က ဆီးကြိုခဲ့လေသည်။ ထို့နောက် ဆိုင်းသည် မြို့တော်သစ်ဖြစ်သော အမရပူရသို့ တက်လာရပေတော့သည်။ အမရပူရကား အဘယ်ကဲ့သို့သော မြို့တော်ပေနည်း။ အမရပူရတွင် ရှိနှင့်ပြီးဖြစ်သော ကာဒိနယ်ဘုန်းကြီး ဆင်ဂါမနို၏ အဆိုကို လေ့လာကြည့်ပေအံ့။
...ဧရာဝတီမြစ်၏ အရှေ့ဘက်(ဝါ) ညာဘက် အစပြု၍ ကိုးမိုင်အကွာ မြေမနိမ့်မမြင့်ဖြစ်သောနေရာတွင် မြို့တော်သစ် (အမရပူရ) တည်ရန် ရွေးချယ်ခဲ့ကြသည်။ ဤနေရာတွင် မြို့ရိုးတွင်းကို တည်ကြရသည်။ မြို့ရိုးသည်လည်း တဖက်လျှင် တမိုင်ရှည်၍ စတုရန်းပုံ ဖြစ်လေသည်။ ထိုမြို့ရိုးအတွင်း၌ အဆင့်ငယ်နိမ့်သော အဆင့်အတန်းရှိလေသည်။ ထိုအဆင့်အတွင်း၌ သစ်ဖြင့်ဆောက်လုပ်ထားသော နန်းတော်ရှိလေသည်။ ...ထိုမြို့ရိုးတို့ကို မြောက်ဘက်တွင် (ဧရာဝတီ) မြစ်ကလည်းကောင်း၊ တောင်ဘက်တွင် (တောင်သမန်) အင်းကလည်းကောင်း ဝိုင်းရံလျက်ရှိသည်။ အခြားနှစ်ဘက်မှာ ကျုံးများထားလေသည်။ မြို့တော်တည်ဆောက်ပြီးချိန်ကာလ ၁၇၈၃ ခု မေလ ၁၇ ရက်နေ့တွင် ရှင်ဘုရင်သည် အခမ်းအနားဖြင့် (မြို့တော်) သိမ်းယူလေသည်။ ... ခုနစ်ရက် ကြာသောအခါ သူသည် အဝမြို့မှ အမေရိသူ အမေရိသားတို့အား မြို့သစ်သို့ ပြောင်းစေရန် ကြိုးပမ်းလေသည်။ ထိုသူများ ရွှေ့ပြောင်းခဲ့ကြသည်မှာ အောက်တိုဘာ ၁၄ ရက်နေ့တွင် ဖြစ်လေသည်။ ...ဗဒုံမင်းသည် မြို့တော်ကို အမရပူရဟု အမည်သမုတ်ခဲ့လေသည်။ မြို့ပြောင်းလာသူများအနက် အချို့သည် မြို့ရိုးအတွင်း၌ နေထိုင်ကြလေသည်။ ထိုသူများမှာ မင်းညီမင်းသားများ၊ ဝန်စုမှူးများ၊ အခြားစပ်ဆိုင်သူများ ဖြစ်ကြသည်။ ကျန်သူများမှာမူ မြို့ပြင်လေးရပ်အကွက်ချ၍ နေထိုင်ကြရသည်။ နေထိုင်သူများ
၂၆၁
တွင် မြန်မာလူမျိုးအပြင် အထူးအားဖြင့် ကုန်းဘောင်ဆင်ဖြူရှင်မင်းတရားလက်ထက်တွင် စစ်သုံ့ပန်းအဖြစ် ပါလာရာမှ အိုးအိမ်ထူထောင်ခဲ့ကြသောယိုးဒယားလူမျိုးနှင့်ကသည်းလူမျိုးများ ဖြစ်သည်။ ထို့ထက် လူဦးရေများသည်ကား မွတ်စလင်ဘာသာဝင် မိုးလူမျိုးများ ဖြစ်နေထိုင်ရာ အရပ်ပေတည်း.... သူတို့သည်အများအားဖြင့် ကုန်းကူးသန်း ရောင်းဝယ်သွားလာနေသူများ ဖြစ်ကြသည်။ သူတို့မှာ ဗလီအဆောက်အအုံနှင့်တကွ သူတို့၏ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိလေသည်။ ထိုသူများအပြင် တရုတ်တန်းနေတရုတ်များ ရှိပြန်သေးသည်။ အလုပ်လုပ်ရာတွင် အလွန်ဝီရိယကောင်းသူများ ပါပေ။ နောက်ဆုံးဖော်ပြရန် ကျန်သော မြို့သူမြို့သားများကား ခရစ်ယာန်ဘာသာဝင်များဖြစ်ကြတော့သည်။ အမရပူရမြို့တော် လူဦးရေသည် နှစ်သိန်း ရှိလေသည်။
ဘုန်းကြီးဆင်ဂါမနိုသည် သာသနာပြုပုဂ္ဂိုလ် ဖြစ်သည့်အလျောက်စွာ ခရစ်ယာန်ဘာသာဝင် ဦးရေကို ထည့်ပြောသွားလေသည်။ ထိုဘုန်းကြီး၏အဆိုတွင် ထူးထူးခြားခြား ပါသည်မှာ အမရပူရနေ တရုတ်များ အလုပ်အကိုင်၌ လုံ့လဝီရိယရှိကြောင်းဖြစ်လေသည်။ မှန်၏၊ ဆိုင်းသည်လည်း တရုတ်တို့ကိစ္စကို အထူးရေးခဲ့ပါသည်။
ရေးပုံမှာ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ ဝုန်းဘက်နှင့် စီးပွားအဆက်အသွယ်များ ရှိသည့်အကြောင်း ဖြစ်လေသည်။ အမရပူရမှ ဝါအကြီးအကျယ်တင်ပို့သည်။
ဝါနှင့်စပ်၍ အနည်းငယ် ဆွေးနွေးစရာ ရှိသေး၏။ မြန်မာနိုင်င၌ ပြည်တွင်းဖြစ်ချက်ထည်ပိုးထည် အတန်အသင့်ပြည့်စုံလေသည်။ အကြောင်းမှာ မင်းစိုးရာဇာမှအစ ဆင်းရဲသားအိမ်အထိ အိမ်တိုင်းတွင် ရက်ကန်းစင်ထား၊ အထည်ရက်လုပ်ကြသောကြောင့် ဖြစ်လေသည်။ အထည် ရက်လုပ်ရေးနှင့်စပ်၍ စောစောပိုင်းကလည်း အင်္ဂလိပ်များ စိတ်ဝင်စားကြလေသည်။ ဗင်္ဂလားနှင့် မဒရပ်ဘက်တွင် ဝါကိစ္စအရင်းမြစ်ပြု၍ ချည်ချော
စာမျက်နှာ (၂၆၂ - ၂၆၃)
လုပ်ကာ မြန်မာနိုင်ငံသို့ တင်ပို့ရန် အကြံဉာဏ် ပေးသူက ပေးခဲ့ဖူးလေသည်။ သို့ရာတွင် ဆိုင်းကလည်း တရုတ်နိုင်ငံဘက်သို့ ပို့သည့်အကြောင်းကို ထည့်သွင်းရေးသားခဲ့ပါသည်။ ဝါအပြင် တရုတ်ဘက်သို့ မြန်မာ့ယမ်းစိမ်း၊ ကျောက်ပန်းတောင်းမြေ၊ ဆင်စွယ်၊ ငှက်သိုက်၊ ကွမ်းသီးတို့ကိုလည်း တင်ပို့လေသည်။ ထိုကုန်သည်များသည် ဗန်းမော်၌ တရုတ်ကုန်သည်များနှင့် ကုန်ချင်း အလဲအလှယ် ရှိကြသည်။ တရုတ်ဘက်က ကုန်များကား ပိုး၊ ကတ္တီပါ၊ စက္ကူ၊ ရွှေဆိုင်း၊ သစ်သီးယို၊ ကုန်မာများ ဖြစ်ကြသည်။
ဤတွင် အနောက်ဘက်ဒေသများနှင့် ကုန်သွယ်မှု ရှိသလောက်ရှိပါသေးသည်။ ရခိုင်ဘက်မှ ဆန်၊ ချိပ်စေး၊ ပိုးထည်၊ ဖယောင်း၊ ငပိ၊ ကြေထည်၊ အခြားကုန်မာများ ဝင်လေသည်။ မြန်မာဘက်မှ ငွေ၊ ချိပ်တောင့်၊ ကျောက်မျက်ရတနာထွက်လေသည်။
ဆိုင်းသည် ဗန်းမော်အနီး တရုတ်နယ်စပ်မှ ဘော်တွင်း၊ ချင်းတွင်းအနီး ကော့ပလာတောင်တဝိုက်မှ နီလာ၊ ပတ္တမြား၊ ရွှေ၊ ငွေ၊ ချောင်းထဲမှပယင်း၊ အောက်အရပ်မှ လှိုင်လှိုင်ကြီးထွက်သော ဆန်စပါး၊ နိုင်ငံအဝန်းလုံးပေါက်နေသော ကျွန်းသစ်နှင့် အခြားသစ်၊ ရာသီဥတုကောင်းသဖြင့် ပေါပေါရသည့် သစ်သီးဝလံ စသည်တို့အကြောင်းကိုလည်း သတိပြုခဲ့လေသည်။
တဖန် အမရပူရမြို့တော်၌ ဆန်တတင်းခွဲလျှင် (ရူပီ) တကျပ်ကျ၍ ရန်ကုန် မုတ္တမဘက်တွင် လေးငါးတင်းလျှင် တကျပ်ကျပုံ၊ အသပြာအဖြစ် ငွေတုံးနှင့်စပ်ကို အသုံးချပုံကို ဆိုင်းဖော်ပြရန်မမေ့။
အထက်ပါ စီးပွားရေးကိစ္စများမှတပါး ကိုးကွယ်ရာဘာသာနှင့် ရိုးရာယဉ်ကျေးမှု၊ ဝန်ကြီးဝန်ထောက်တို့ စီးသော ဗဟိုအုပ်ချုပ်ရေးနှင့် မြို့ဝန်စစ်ကဲစီးသော ဒေသန္တရအုပ်ချုပ်ရေးအကြောင်းနှင့်တကွ ဝန်ကြီး၊ ဝန်
၂၆၃
ကတော်၊ အတွင်းဝန်စသည်တို့၏ ဆေးရေးပန်းချီများကိုလည်း မှတ်တမ်းတွင် သူကကွန်နုင့်နှင့် ဆိုင်းက ထည့်ပါလေသည်။
အချက်တခုရှိသည်။ ထိုအချက်ကို ဆိုင်းရော ဘုန်းကြီးဆင်ဂါမနိုပါ၊ မိမိတို့၏ မှတ်တမ်းများ၌ တသဘောတည်း ဖော်ပြကြလေသည်။ အခြားမဟုတ်ပါ။ မြန်မာ့အုပ်ချုပ်ရေးပိုင်းသည် ဇာတိပုည ဂုဏ်မာန် ထောင်လွှားသည်ဆိုသောအချက်ပင်ပေ။
သမိုင်းကို ပြန်ကောက်ရဦးမည်။ ဗဒုံမင်းနောက်ဆက်ခံသော စစ်ကိုင်းမင်းလက်ထက် အေဒီ ၁၈၂၄-၂၆ ခုနှစ်များတွင် ရခိုင်နယ်စပ် အရေးနှင့်စပ်၍ အင်္ဂလိပ်နှင့် စစ်ဖြစ်လေသည်။
မြန်မာများအစဉ်အလာက အောင်နိုင် ကြွားကျယ်ခဲ့သဖြင့် ဘုရင်နှင့်တကွ မှူးမတ်အချို့သည် မိမိတို့၏ အင်အားကို အလွန်အကျွံတွက်လေသည်။ အပြင်လောကကို ကောင်းကောင်းမသိရပုံရ၏။ ခေတ်နှင့်အညီ ပြောင်းလဲပြုပြင်ရန် ကောင်းကောင်းစိတ်မကူးမိ။ မြဝတီမင်းကြီးဦးစကဲ့သို့ အပြင်လောကကို သတိပြုမိသူ၊ ပညာသင်ယူ၊ ပြည်ထောင်ချင်းနားလည်ရေး ကြိုးပမ်းသူကား တယောက်ကောင်း နှစ်ယောက်ကောင်းသာ ရှိသကဲ့သို့ ထင်ရသည်။
တဖန် အနေအထားရိုးသားသော၊ ယဉ်ကျေးမှုထုံးစံ ရှိမြဲသော ပြည်သူတွေကို ဇောတ်ပညာ ဖြည့်ပေးရမည်။ ပြည်ပ ဗဟုသုတ ရှိစေမည်ဟူသော သဘော၊ အသိပညာနှင့် ပြည့်စုံသည့် ပြည်သူတွေ ဝိုင်းဝန်းသော နိုင်ငံသာလျှင် အင်အားရှိသည် ဟူသော သဘောကိုလည်း တာဝန်ရှိသူများက ကောင်းကောင်း မမြင်မိ။
ထိုအခါ မိမိတို့ဘက်က စစ်ရှုံးလေသည်။ စစ်ရှုံး၍ ရခိုင်နှင့်တနင်္သာရီနယ်များ၊ အာသံနှင့် မဏိပူရနယ်များကို အင်္ဂလိပ်လက်သို့ အပ်နှံရလေသည်။ ကတ္တားတောင်ကြားမှပင်လယ်ရပ် ဆိပ်ကမ်းအင်္ဂလိပ်အခြေစိုက်ရာ၊ ခံရလေ၏။ စစ်အပြီး နှစ်ဦးနှစ်ဘက် စာချုပ်များပြုကြရသည်။ ထို့ပြင် မြို့တော်၌ အင်္ဂလိပ်သံအမတ်ထားခွင့် ပြုရလေသည်။ စစ်လျော်ကြေးပေးရလေသည်။ ဘော်ပါစေ၏။ ထိုအချိန်တွင် နိုင်ငံ၏စီးပွားရေး၊ လူမှုရေးမှာ သိပ်မထိခိုက်လှသေး။
၂၆၄
စစ်ကိုင်းမင်း လက်ထက်တွင် အဝသည် မြို့တော် ပြန်လည်ဖြစ်ခဲ့လေသည်။ ထိုမြို့တော်ကား စတုတ္ထအကြိမ် ပြန်လည်တည်ဆောက်သော အဝသာတည်း။ ထိုမြို့တော်အခြေကို အရှေ့ပိုင်းဒေသတလျှောက် ခရစ်ယာန် သာသနာတိုးတက်ရေးလေ့လာရန်အတွက် ရောက်လာသော အမေရိကန် နှစ်ခြင်းသာသနာပြုဆရာ ဟောင်ဝတ်မယ်လကွမ်က ဤသို့ မှတ်တမ်းတင်ခဲ့လေသည်။
"ကျွန်ုပ်သည် အဝမြို့တော်၌ လေးပတ်ကြာ နေခဲ့လေသည်။ ... ထိုမြို့ကို ပေ ၂ဝ မြင့်၍ ခုနစ်မိုင်ပတ်လည်ရှိသော မြို့ရိုးကို ကာရံထားသည်။ အတွင်းမြေနေရာကို 'မြို့ငယ်' ဟု ခေါ်ကြ၍ ကျုံးနက်ကျယ်၊ မြို့ရိုးခိုင်ခိုင်ဖြင့် ရံထားပြန်လေသည်။ ထိုနေရာမှာ အထူးအားဖြင့် နန်းတော်၊ လွှတ်ရုံး၊ မူးမတ်နေအိမ် တချို့နှင့်ဆိုင်၍ လမ်းကြီးလမ်းဆိုင်အများ၊ လူသူအများ ပြည့်နေလေသည်။ နန်းတော်သတ်သတ်နှင့် အချို့အဆောက်အအုံများမှာမူ တတိယမြို့ရိုးရံ၍ သစ်တပ်အတွင်း၌ ရှိလေသည်။ လူနေရပ်ကွက်အများစုသည် ထိုမြို့ရိုးများ အပြင်ဘက် မြစ်ကမ်းနားပေါ်၌ တည်ရှိလေသည်။ အရှေ့ဘက်တွင် မြစ်ငယ်မြစ်ရှိသည်။ ကိုက် ၁၅ဝ ကျယ်၍ အတွင်းရောက်အောင် ရှည်လျားသော မြစ်ပေတည်း။ ဧရာဝတီမြစ်ကား မြို့တော်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်၊ ကျွန်းမရှိ၊ ကိုက်တထောင် တရာ့နှစ်ရာခန့်ကျယ်လေသည်။
ဤတွင် သာသနိက အဆောက်အအုံ များသည် အာရှစံဆောင်စရာများပင် ဖြစ်တော့သည်။ ပုဂံနီးပါး ဦးရေများ၏၊ မြို့ထဲအင်မတန် မသိသာ။ သို့ရာတွင် မြစ်ဘက်မှနေ ကြည့်လိုက်သော် ကိုယ်လုံးဖွေးဖွေး၊ ရွှေရောင်ဝင်းဝင်း ထီးငှက်မြတ်နားနှင့် မြို့တခွင်လုံးသည် ကြည်၍ တင့်တယ်လှပေသည်။
ကျွန်ုပ်ပထမရောက်ခဲ့သည့် ဘုန်းကြီးကျောင်းကား လက်ရှိဘုရင်ဆောက်လုပ်စေခဲ့သော ဘုံကျော်ကျောင်းပေတည်း။ အဆောင်ကြီး သုံးဆောင်ရှိ၍ စင်္ကြံများဖြင့် ဆက်ထားသည်။ မြို့
၂၆၅
အလယ်၌ရှိ၍ အုတ်တံတိုင်းသန့်၊ အုတ်တံတိုင်းကောင်းအတွင်း ဆောက်လုပ်ထားသည်။ ၁။ အမိုးမှာ နန်းတော်နည်းတူ ပြာသာဒ်ဘုံဆောင်ဆင့် ဖြစ်လေသည်။ အမိုးအောက်ပြတင်းပေါက်မှလွဲ၍ ကျောင်းအစိတ်အပိုင်းမှန်သမျှ ရွှေပိန်းချ၍ ပန်းပုရုပ်ကြွတို့ဖြင့် မွမ်းမံထားလေသည်။ အတွင်း၌လည်း ကြမ်းပြင်မှလွဲ၍ အပြင်နည်းတူ မွမ်းမံလျက်ရှိသည်။ ထို့ကြောင့် ကျောင်းတလုံးသည် ဖြိုးဖြိုးပြက်ပြက်ရှိချေသည်။ ... ကျွန်ုပ်တို့သည် တိုင်လုံးကြီးများဖြင့်ပြီး၍ မျက်နှာကြက်မြင့်မြင့် ခန်းဆောင် (ဘုရားဆောင်) အတွင်း၌ မှိန်းအိပ်နေသော ကျောင်းထိုင်ဆရာတော်ကိုတွေ့ရလေသည်။ ဆရာတော်၏ဘေးတွင် ကွမ်းအစ်၊ စာရေးကိရိယာ၊ ပေပုရပိုက်စသည်များလည်း ရှိလေသည်။ ဆရာတော်သည် ကာယိန္ဒြေရှိ၍ အဆင်ခြင်တရားပြည့်ဝပုံပေါ်သည်။ စကားပြောပွင့်လင်းသည်။ ကျွန်ုပ်တို့နှင့်နာရီဝက်မျှ လွယ်လွယ်ကူကူ စကားပြောလေသည်။ ကျွန်ုပ်တို့နှင့်တွေ့ရသည်ကိုလည်း ဝမ်းသာပုံရလေသည်...။
ထို့နောက် ကျွန်ုပ်သည် ဘုံကျော်ကျောင်းကဲ့သို့သော အခြားကျောင်းကြီးများကို လှည့်လည်ကြည့်ရှုခဲ့ပေးသည်။ အမှန်စင်စစ် ဘုန်းကြီးကျောင်းများလောက် ခမ်းနားသော အဆောက်အအုံဆိုလျှင် ဘုရင့်နန်းတော်သာရှိသည်။ ၂။ ဘုရားစေတီတို့သည် ပုဂံမှာနှင့် ပုံသဏ္ဌာန်ကွဲပြားသည်။ ကျွန်ုပ်၏အမြင်တွင် ပုဂံမှာထက်ပို၍လည်း သပ္ပါယ်လေသည်...။ ကြေးသွန်း ဆင်းတုကြီးများ၊ ကျောက်အုတ်ဆင်းတုကြီးများလည်း ပေါလှသည်။...
အဝမြို့တွင် ရဟန်းသံဃာပေါင်း ၂၀,ဝဝဝ ရှိသည်ဟုဆိုကြလေသည်... မိဖုရားခေါင်ကြီး၏ ကျောင်း၌ပင် ၅၀၀ ရှိသည်...။ ထိုကျောင်းတော်ကို အုတ်တံတိုင်းခိုင်ခိုင်အတွင်း အရိပ်ကောင်းကောင်းနှင့်လမ်းတေပတ်၍ မြို့တော်နေရာအနှံ့တွေ့နိုင်လေသည်။...
နန်းတော်မှာ သစ်သားဖြင့် ဆောက်လုပ်ထားလေသည်။ အဆောင်ကြီးငယ် ၁၀၀ ခန့်နှင့် အကျယ်အဝန်း သုံးဖာလုံနီးပါးရှိလေသည်။ အမိုးကား နန်းတော်စနစ်ပုံစံအတိုင်း ဖြစ်သည်။"
၅၈. Howard Malcom.
၅၉. Howard Malcom, Travels In South-Eastern Asia (London, 1839), I, 106.
၆၀. Ibid., 107.
၆၁. Ibid., 108.
၂၆၆
မြေနန်းတော်မှာလည်း တင့်တယ် ဆန်းပြားသော အဆောက်အအုံဖြစ်၍ အုတ်ခုံအပလ္လင်ပေါ်တွင် ဆောက်တည်ထားလေသည်။ အမိုးကို ရွှေပိန်းချတိုင်ကြီးများဖြင့် ထောက်ကူထားလေသည်။ ထိုအမိုးသည် ဘုံအဆင့်ဆင့်ဖြစ်၍ ၁၉၅ ပေမြင့်လေသည်။
ဤအဆောက်အအုံများနှင့် လှော်တက် ခတ်တက်ကအစ ရွှေချထားသော ဘုရင်မှူးမတ်တို့၏ လှေများ၊ ဖောင်များကိုကြည့်ပါလေ။ ဤမျှမက အင်အား ဘယ်ကရပါသနည်းဟု တွေးတောစရာဖြစ်လေသည်။ ဤအရာများအပေါ် ဤမျှသုံးစွဲခဲ့သည်မှာလည်း မလျော့။ ကျောင်းကန်ဘုရားတွေ၊ ရွှေငွေဖြင့် မွမ်းမံထားသော အသေးအဖွဲပစ္စည်းတွေအတွက် သုံးသောဓနပမာကသည် တနိုင်ငံလုံးအဖို့ ရေသွယ်မြောင်းတွေ၊ လူသုံးတံတားတွေ၊ နေအိမ်ခိုင်ခိုင်တွေကို ဖန်တီးနိုင်လေသည်။
အဝမြို့လမ်းများသည် ထောင့်မှန်ကျဖြစ်ပါသည်။ ဖြောင့်တန်း၊ ကျယ်ဝန်းသန့်ရှင်းလေသည်။ သို့ရာတွင် အုတ်ခင်းမထား။ လမ်းအလယ်ကောင်သည် ပျော့ပျောင်း၍ လမ်းသွား လမ်းလာများအဖို့ သန့်ရှင်းလေသည်။ ဘေးနှစ်ဘက်မှာမူ လူည်းများ (လှည်းများ) ဆင်းများ သုံးရန်ဖြစ်လေသည်။ ပစ္စည်းများကို နွားလှည်းဖြင့် ဆွဲလေသည်။ လှည်းယာဉ်ကြော့ကြော့ကို လူကုံထံများ သုံးလေသည်။...
အိမ်များသည် အခြားမြို့များရှိ အိမ်ထက်မသာ။ သို့ရာတွင် သက်ကယ်ကို သုံးစွဲခြင်းမှ တားမြစ်ထားသဖြင့် ပို၍သပ်ရပ်သည်။ အိမ်ကို ဝါးကပ်ဖြင့်မိုးလေသည်။...
လူကုံထံများသည် တပည့်လက်သားများ၏ အိမ်များခြံရံကာ ဝင်းအလယ်တွင် နေထိုင်တတ်ကြသည်။ သူတို့တွင် နှစ်ခန်း သုံးခန်းရှိ တိုက်အိမ်လည်း ထားတတ်ကြ၍ ထိုတိုက်တွင် မီးဘေးအကာအကွယ် သဘောဖြင့် အဖိုးတန်ပစ္စည်းများ သိမ်းထားတတ်လေသည်။...
မြို့တော်အတွင်း ဈေးဆိုင်များ ပေါလှ၏။ ထိုဆိုင်များတွင် နိုင်ငံခြားဖြစ် ကုန်ပစ္စည်းစုံလည်း ရှိ၏။ လက်မှုပစ္စည်းများလည်း ရှိသည်။ ကျွန်ုပ်ကိုယ်တိုင် လက်သမား လက်ရာများ၊ ရွှေငွေ လက်ဝတ် လက်စားများ၊ ကစားစရာများ၊ သံဖြူထည်၊ ယွန်းထည်များ၊ ဓားများ၊ မြေအိုးများ၊ ဖောင်များ စသည်ကို ဝယ်ခဲ့လေသည်။ လက်ရာမြောက်လှသော ပစ္စည်းများပေတည်း။ သူတို့သည် လှေဆောက်ခြင်း၊ ပန်းပုထုခြင်း၊ ရွှေချခြင်း၊ တောင်းလုပ်ခြင်း၊ ယက်ကန်းရက်ခြင်း အလုပ်များတွင် အမေရိကန်သားများကဲ့သို့ စွမ်းဆောင်ကောင်းမွန် ကြပါပေသည်။ ရှုမျှော်ခင်း ပန်းချီမှာမူ အဝေးအနီး သဘောမမိ၍ လက်ရာညံ့လေသည်။
...ဈေးတွင် သစ်သီးဝလံ ဟင်းရွက်၊ ငါး ပေါ၍ လတ်လတ်ဆတ်ဆတ် ရှိလေသည်။ အမဲသားမှာ နေ့တိုင်း မပေါ်သော်လည်း ရလွယ်လေသည်။ ကြက်မှာ ရန်ကုန်ထက် ဈေးကြီးသည်။ ဈေးမှာ တကျပ်လေးကောင် (နှစ်ရှီလင်) ဖြစ်သည်။ ဆန်လည်း ရန်ကုန်ဈေးထက် တဆပိုသည် (ရန်ကုန်ဈေးတတင်း လေးပဲဖြစ်သည်)။ လုပ်ခမှာ တလကို ငါးကျပ် (ဆယ်ရှီလင်) ဖြစ်သည်။ သို့မဟုတ် တနေ့ကို လေးပဲ (ခြောက်ပဲနီ) ဖြစ်သည်။ အလုပ်သမားအဖွဲ့ ကိုယ့်အင်ကိုယ့်အားဖြစ်သည်...။
စီးပွားရေး ကိစ္စကိုပင် ဆက်၍ တင်ပြပါဦးအံ့။ မြန်မာနိုင်ငံထွက် ပစ္စည်းများမှာ ဝါ၊ ကျွန်းသစ်၊ ဆင်စွယ်၊ ပျားဖယောင်း၊ ရှားစေး၊ ချိပ်စောင့် အတန်အသင့် ဖြစ်လေသည်။ အနည်းငယ်ထွက်သော ပစ္စည်း
၆၃. Ibid., 110.
၆၄. Ibid., 111.
၆၅. Ibid., 112.
၂၆၈
တို့မှာ ခဲပုပ်၊ ခဲဖြူ၊ ကြေးနီ၊ စိန်၊ ငှက်သိုက်၊ မဲနယ်၊ ဆေးရွက်၊ ပျားရည်၊ မန်ကျည်း၊ ငံပိ၊ ငရုတ်ကောင်း၊ ဆေးဒန်း၊ ပင်လယ်မျော၊ တိန်းညက်၊ ပယင်း၊ ကျောက်သံပတ္တမြား ဖြစ်ကြသည်။
ထိုအထဲမှ ကျွန်းသစ်ကို ကာလကတ္တားနှင့် ဗရုဒ်ဘက်သို့ သင်္ဘောတည်ဆောက်ရန်အတွက် လည်းကောင်း၊ ဝါပေါင်ချိန်နှစ်သန်းခန့်ကို အရှေ့ဘက်လား၊ ဒက္ကားဘက်သို့ ချည်ချော ထုတ်လုပ်ရန်အတွက် လည်းကောင်း ပို့ရလေသည်။
ဤတွင် တရုတ်နိုင်ငံဘက်သို့ ပို့ရသော ဝါပေါင်ချိန်လေးသန်းခန့် ရှိလေသည်။ မြိတ်ဘက်မှထွက်သော ပင်လယ်မျော၊ ငရုတ်ကောင်း၊ ငှက်သိုက်၊ ထို့နောက် ကွမ်းသီး၊ ဘိန်း တို့သည်လည်း တရုတ်အကြိုက်ပင် ဖြစ်သည်။ တဖန် ပယင်း၊ ဆင်စွယ်၊ ဆာပစ်တိုင်ကျောက်၊ အင်္ဂလိပ်လုပ် ပစ္စည်းများသည်လည်း တရုတ်ဘက်သို့ ရောက်သေးသည်ပင်။ တရုတ်တို့နှင့် ကုန်သွယ်ရေးသည် စည်စည်ကားကား ဖြစ်လေသည်။ နှစ်စဉ် ဖေဖော်ဝါရီလနှင့် မတ်လတွင် လူအုပ် ၁၀၀ - ၂၀၀ မှ ၁၀၀၀ အထိ အုပ်ကြီး အုပ်ငယ်နှင့် လားဝန်တင်၊ မြင်းဝန်တင်တွေသည် အဝမြို့တော်သို့ ဆိုက်လာလေ့ရှိသည်။ ထိုအုပ်တွေကို ချေးကော့ဆောင်၍ လာတတ်သည်။ တရုတ်ဈေးဒိုင်သည် အမရပူရ၏ မြောက်ဘက် ၁၃ မိုင်အကွာ ကသည်းတွေနေသော မင်းတဲ၌ ရှိလေသည်။ ထိုနေရာသည် ဈေးခင်းရန် အလွန်ကျယ်ပြန့်လေသည်။ နွားတွေလည်း မြက်စားနိုင်လေသည်။ တရုတ်များသည် ပိုးမျှင်၊ ဝါ၊ ကတ္တီပါ၊ ကရင်ပိုးတုန်း၊ ကြိုးခွေ၊ အရက်၊ ပျားရည်၊ စက္ကူ၊ ရွှေဆိုင်း၊ လက်ဖက်ခြောက်၊ ဝက်ပေါင်ခြောက်၊ သံအိုးပြား၊ မုန့်အချို့၊ သစ်သီးခြောက်၊ သစ်ကျားသီး၊ သစ်တော်သီး၊ သစ်အယ်သီးတို့ကို သယ်လာကြလေသည်။
ပြည်တွင်း အရောင်းအဝယ်နှင့် စပ်၍ကား အထက်ဘက်တွင် ရှမ်းတို့သည် အဝသို့ နွားဝန်တင်များနှင့် လည်းကောင်း၊ ကိုယ်တိုင်ထမ်းပိုး၍ လည်းကောင်း ချိပ်တောင့်၊ အင်္ကျီအနက်၊ ရောင်စုံချည်စ၊ ယွန်းသေတ္တာ၊ မြေပဲ၊ သကြား၊ ခဲ၊ မြင်း တို့ကို ဒီဇင်ဘာလမှ မတ်လအတွင်း ယူလာကြ၍ ဆား၊ ငါးပိ၊ ငါးခြောက်၊ ကွမ်းသီးကို ပြန်သယ်ကြလေသည်။
တဖန် မိုးနဲမှ နွားတွေကို အင်္ဂလိပ်တပ်များရှိရာ မော်လမြိုင်သို့ အများ
၂၆၉
အပြား တင်ပို့လေသည်။ အောက်ဘက်ကမူ ဆား၊ ဆန်၊ ငါးခြောက်၊ ငါးပိနှင့် နိုင်ငံခြား ကုန်များကို အထက်သို့ပို့၍ ရေနံ၊ ယမ်းစိမ်း၊ စက္ကူ၊ သကြား၊ အထည်၊ မန်ကျည်းတို့ကို အောက်သို့ယူလေသည်။ အဝယ်အပို့ ကိရိယာများကား လှေနှင့် လည်း ဖြစ်ကြသည်။ ၆၆။
ဤသည် ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ ရှိနေသော မြန်မာ့ စီးပွားရေး တစိတ်တဒေသ ဖြစ်သည်။ ယခုသော် အုပ်ချုပ်ရေးပိုင်းမှ မြဝတီမင်းကြီး ဦးစအကြောင်း နိုင်ငံခြားသားများ အကဲခတ်ပုံကို အရင်းအတိုင်း တင်ပြရပေဦးမည်။
အမေရိကန် နှစ်ခြင်းသာသနာပြု ဆရာ အဒိုနီရမ် ဂျပ်ဆင် ၆၇။ သည် အဝမြို့တော်၌ ခေတ္တ နေထိုင်ဖူးလေသည်။ ထိုပုဂ္ဂိုလ်သည် သာသနာပြု လုပ်ငန်းလုပ်ရင်း မှူးမတ် ကတော်မယားတို့နှင့် ဆက်သွယ်ရလေသည်။ ထိုအထဲတွင် မြဝတီဝန်ကြီး ဦးစလည်းပါသည်။ ဆရာဂျပ်ဆင်သည် ဦးစနှင့် သာသနာရေးကိုလည်း ဆွေးနွေးပါသေးသည်။ ဂျပ်ဆင်၏ နားလည်ပုံမှန်သည် မမှန်သည် အပထား၊ ဝန်ကြီး ဦးစနှင့် စပ်လျဉ်း၍ သာသနာပြုဆရာ ဂျပ်ဆင်က သူ၏ဒိုင်ယာရီတွင် ရေးမှတ်ခဲ့လေသည်။ ပုံစံအားဖြင့် -
"ဇန်နဝါရီ ၂၊ ၁၈၂၃... ညအချိန်တွင် ကျွန်ုပ်သည် မောင်စနှင့် တရားဆွေးနွေးလေသည်။ သူသည် ပရမတ် (ဝါ) ထာဝရဘုရားရှိသည်ဟု ယုံကြည်လေသည်။ ဂေါတမဗုဒ္ဓ၊ ခရစ်တော်၊ မဟာမက် စသူတို့သည် လူတို့အား အမှန်တရားကို တတ်နိုင်သမျှ ဟောပြောညွှန်သင်ခဲ့ကြသော ဆရာမြတ်များဖြစ်သည်မှာမှန်၏။ သို့ရာတွင် ထိုအဆို၊ ထိုစကားသည် ထာဝရဘုရား၏ နှုတ်ကပတ်တော် မဟုတ်သေးဟူ၍လည်း ယုံကြည်လေသည်။ ကျွန်ုပ်သည် အခွင့်ရသလောက် မေးကြည့် ဆွေးနွေးကြည့်သည်။ သူသည် ဘာသာရေးနှင့်စပ်၍ အတော်လေ့လာသုံးသပ်ပြီးနောက် အဆုံးအဖြတ် ရှိထားဟန်တူသည်။ သူအား ပရမတ်ဘုရား (ဝါ) ထာဝရဘုရားကို ယုံကြည်သော ဗုဒ္ဓဘာသာဝင်ဟု ကျွန်ုပ်သတ်မှတ်ရမည်ထင်သည်။ ဤသည် မြန်မာနိုင်ငံတွင် ပထမဆုံး ကြုံတွေ့ရသော သာဓကပင်ပေတည်း။ အိမ်ပြန်ရန် ကျွန်ုပ်ထသောအခါ...
၆၆. Ibid., 265-268.
၆၇. Adoniram Judson.
၂၇၀
"ဒါတွေဟာ နက်နဲခက်ခဲတဲ့ တရားတွေပဲ။ ဆရာလဲစဉ်းစားပါ။ ကျွန်တော်လဲ စဉ်းစားပါမည်" ဟု ပြောလေသည်။ ၆၈။ ဟုဆိုခဲ့သည်။
စကားချပ်ပါဦးမည်။
မင်းတုန်းမင်းလက်ထက်တွင် မြဝတီဝန်ကြီးဟောင်း ဦးစ သေလွန်သည်ကို ကောင်းမွန်စွာ သိရှိဟန်ရသည်ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်၌ ဆိုပါသည်။
ဦးစအကြောင်းကို ဒုတိယဖော်ပြသူမှာ ဂျွန်ကရောဖွတ် ၆၉။ ဖြစ်လေသည်။ အေဒီ ၁၈၂၆ ခုနှစ်၌ သူသည် အဝသို့ သံတမန်အဖြစ် ရောက်လာခဲ့ရသည်။ အဝ၌ ရှိနေယင်း ကူးသန်းရောင်းဝယ်ရေး စာချုပ်ချုပ်ဆိုရန်အတွက် ဝန်ကြီး၊ အတွင်းဝန်များနှင့် တွေ့ဆုံရလေသည်။ ဝန်ကြီး ဦးစကို ဂျွန်ကရောဖွတ်က ဤသို့ မြင်ခဲ့လေသည်။
(အတွင်းဝန် မောင်စ) မှာ ဂုဏ်သိက္ခာလည်းကြီး၊ ဉာဏ်ပညာလည်း ပြည့်စုံသူ ဖြစ်လေသည်။ သူသည် အမေရိကန် သာသနာပြုများထံမှ ဗဟုသုတ စုဆောင်းထားသည့်အပြင် ပထဝီပညာကိုလည်း အတန်အသင့် နားလည်သည်။ သူသည် မြောက်ပိုင်း ဗုဒ္ဓသာသနာနှင့် ပန်ဂျပ်လာဗားသားသာသနာပိုင်အကြောင်းကို ရေရေလည်လည် ပြောဆိုလေသည်။ သူ မည်သို့မည်ပုံ သိနေသည့် အကြောင်းရင်းကို ကျွန်ုပ်စမ်းကြည့်ရာ ဥရောပတိုက်သားများထံမှတဆင့် ဆည်းပူးထားကြောင်း တွေ့ရပေတော့သည်။ ၇၀။ တိကျသော ဗဟုသုတကို မောင်စ ထုတ်ဖော်၍ ပြောဆိုခဲ့လေသည်။
ဂျွန်ကရောဖွတ်သည် ထိုနှစ်၌ပင် အဝမှပြန်လေသည်။ ထိုအခါ အင်္ဂလိပ်အစိုးရက အဝမြို့တော်၏ အမြဲတမ်း အင်္ဂလိပ်သံအမတ်ထားရန် ဆုံးဖြတ်လေသည်။ ထိုဆုံးဖြတ်ချက်နှင့်အညီ အေဒီ ၁၈၃၀ ပြည့်နှစ် ဧပြီလထဲတွင်
၂၇၁
ဗိုလ်မှူး ဟင်နရီဘာနေ ၇၁။ သည် အဝသို့ ဆိုက်ရောက်လာလေသည်။ သူသည် အဝတွင် ခုနစ်နှစ်ကြာ နေထိုင်သွားလေသည်။ ဦးစနှင့်လည်း နှစ်အတန်ကြာ ဆက်ဆံခဲ့ရသည်။ ဝန်ကြီးဦးစကို ဘာနေက ဤသို့ မြင်ခဲ့လေသည်။
ဤပုဂ္ဂိုလ်သည် အသိဉာဏ်အရှိဆုံး၊ ဗဟုသုတ အကြွယ်ဝဆုံး ဝန်ကြီးဖြစ်သည်။ သို့ရာတွင် ယခုအခါ အိုမင်းမစွမ်းရှိပြီး ဉာဏ်ပညာလည်း ဆုတ်ယုတ်နေပြီ။
သူသည် လိုချင်လောဘ ရှိတတ်သည်။ ကျွန်ုပ်နှင့် ဆက်ဆံသည့် အခါများတွင်ကား ဤအမူအရာမျိုး မပြ။
အခြားဝန်ကြီးများက သူအပေါ် မနာလိုကြ၊ သင်္ကာမကင်းဖြစ်ကြ၍ သံတမန်နှင့် ဆက်ဆံရာတွင် သူရွံ့သည်။ အမှုကိစ္စတွင်လည်း တက်တက်ကြွကြွ မရှိလှ။
သူသည် ကုလား (ဖြူ) များကို ခင်မင်လေသည်။ ထိုသူများသည် အရေးအကြောင်းပေါ်လျှင် သူထံ ချဉ်းကပ်လေ့ရှိသည်။ သူကလည်း ကုလား (ဖြူ) များ၏ ကိစ္စကို နားလည်လွယ်၍ အခြားဝန်ကြီးများကို ရှင်းပြသည်။
သူသည် ကိုယ့်ကိုယ်ကို လွန်လွန်မင်းမင်း အထင်ကြီးသူပါပေ။ ပေါ်တူဂီ၊ သက္ကတ၊ ဟိန္ဒူစတန်နီ၊ မက္ကပုရဏား နည်းနည်းချင်း သူပြောတတ်၍ အင်္ဂလိပ်စာကို သူနည်းနည်း ရေးတတ်သည်။
သူ့မှာ ဂီတအတတ်ပညာရှိသည်။ ဓမ္မသတ်၊ ဗေဒင် စနစ်ပုံစံကိုလည်း သိမြင်နိုင်လေသည်။
သူသည် ရာမယဏနှင့် ကျွန်ုပ်တို့တပ်ကို မြန်မာတို့တိုက်ခိုက်ရာတွင် ဦးစီးကွပ်ကဲခဲ့ဖူးသည်။ ရာမူးစစ်ပွဲအကြောင်း၊ ရခိုင် အကြောင်း၊ အခြားနိုင်ငံ လေ့လာခံစားကြောင်းကို ပြောချင်ဆိုချင် ရှိသည်။ သူဇနီးသည် ပဲခူးဘုရင် ဗညားဒလ၏ မြေးဖြစ်သည်။ လူပျို ပိန်ပိန်ပါးပါး၊ အရည်အသွေး သာမညဖြစ်သည်။ ဝန်ကြီးမှာလည်း မွန်အဆက်အနွယ်ထဲမှ ဖြစ်သည်။ ၇၂။
၆၈. Francis Wayland, A Memoir of the Life and Labours of the Rev. Adoniram Judson (London, 1843), I, 250-251.
၆၉. John Crawfurd.
၇၀. John Crawfurd, Journal of an Embassy from the Governor General of India to the Court of Ava. 2nd. ed. (London, 1834), I, 293.
၇၁. Henry Burney.
၇၂. D.G.E. Hall, "Burney's Comments on the Court of Ava, 1832," Bulletin of the School of Oriental and African Studies, University of London, XX (1957), 309-310.
၂၇၂
ဗာနေ၏ သံအမတ်သက်တမ်းအတွင်း ကဘော်တောင်ကြားကိစ္စအရေးကို အင်္ဂလိပ်နှင့်မြန်မာတို့ ပြောဆိုဆွေးနွေး ရလေသည်။ ထိုအခါ ဘာနေကို ကူရန်ဟူ၍ (အိန္ဒိယရှိ) အင်္ဂလိပ်အစိုးရသည် ဗိုလ်ကြီး အာရ်ဗိုလိုင်ပင်ဘာတန် ၇၃။ ကို အဝသို့ လွှတ်လေသည်။ ပင်ဘာတန်သည် မဏိပူရမှ ကုန်းလမ်းခရီးဖြင့် အဝသို့ လာခဲ့လေသည်။ အဝရောက်တွင် ကဘော်တောင်ကြားသည် မြန်မာပိုင်နက် ဟုတ်မဟုတ် စစ်ဆေးရလေသည်။ တာဝန်အရ ဝန်ကြီး ဦးစကို တွေ့ရှိကာ ပင်ဘာတန်က ဤသို့ မြင်ခဲ့လေသည်။
"ကျွန်ုပ်တို့သည် ဝန်ကြီးတဦးဖြစ်သူ မောင်စ၏အိမ်သို့ ရောက်ကြပါသည်။
သူသည် လူပုံသေးသေး အသားညိုညို ဖြစ်ပါ၏။ သို့ရာတွင် ဉာဏ်ပညာ ထက်မြက်သည်။ သူသည် ဓနုဖြူခံတပ်တွင် ဦးစီးခဲ့၍ မဟာဗန္ဓုလချေဂျင်ရံဆင်ကို တိုက်ထုတ်ရန် မဏိပူရနယ်သို့ ချီတက်ခဲ့သူဖြစ်သည်။
သူသည် မဏိပူရစကား အနည်းငယ် ပြောတတ်ပါသည်။ အင်္ဂလိပ်စာ အနည်းငယ် ရေးတတ်ပါသည်။ သက္ကတပညာရှင်ဟု သိကြပါသည်။ စာပေနှင့် ဂီတစာဆိုလည်း ဖြစ်ပါသည်။ သူ၏ ပင်ကိုယ်ဉာဏ် ကြီးကျယ်သည်မှာ ထင်ရှားပါသည်။ သံကြီးက မောင်စသည် အခြားသူများနှင့်မတူ ပြောဆိုဆက်ဆံရ ချောမောသည်ဟု ပြောပါသည်။
ကျွန်ုပ်တို့ အဝမြို့တော်တွင် ရှိနေစဉ်အတွင်း အကအဖွဲ့သုံးခုက ကပြ ဧည့်ခံပါသည်။ ပထမအဖွဲ့တွင် မိန်းကလေးများပါ ပါသည်။ သူတို့၏ အဝတ်အစားမှာ ရွှေချည်ငွေချည်ထိုးဖြစ်၍ အသားနှင့် ထိကပ်နေပါသည်။ သူတို့သည် လှပယဉ်ကျေးစွာ ကပြပါသည်။ ထို့နောက် နားဝင်ပီယံ သီချင်းဆိုပါသည်။ တေးသံနှင့် စာသားကို မောင်စရေးပါသည်။" ၇၄။
၂၇၃
ဝန်ကြီး ဦးစကို နောက်ဆုံးတွေ့ခဲ့သော နိုင်ငံခြားသားမှာ အမေရိကန် နှစ်ခြင်းသာသနာပြု ဆရာ မယ်လကွမ် ဖြစ်လေသည်။
ထိုပုဂ္ဂိုလ်သည် အေဒီ ၁၈၃၆ ခုနှစ်ထဲတွင် ခရစ်ယာန်သာသနာရေး ကိစ္စကို စုံစမ်းရန် အဝ၌ တလကြာ နေထိုင်ခဲ့လေသည်။ ထိုအခါ ခရစ်ယာန် ဘာသာဝင်များနှင့် တွေ့ဆုံယင်း မြန်မာလူကုံထံများနှင့်လည်း တွေ့ဆုံရလေသည်။ ဝန်ကြီး ဦးစကို မယ်လကွမ်က ဤသို့ မြင်ခဲ့လေသည်။
"ဗိုလ်မှူးကြီးဘာနေ၏ ကျေးဇူးကြောင့် ကျွန်ုပ်သည် မြဝတီဝန်ကြီးနှင့် ကောင်းစွာ တွေ့ရသည်။ သူသည် မိဖုရားခေါင်ကြီး၏ မောင်ဖြစ်သူ စလင်းမင်း၏ အရှိန်ဩဇာကို မကျော်နိုင်သော်လည်း ဝန်ကြီးများအထဲတွင် အရှိန်အချာပင် ဖြစ်လေသည်။ ဝန်ကြီး၏ မျက်နှာမှာ ကြည့်၍အလွန်ကောင်း၏။ ဝန်ကြီးသည် ကျွန်ုပ်တို့ကို ဂရုတစိုက် ဝမ်းပန်းတသာ လက်ခံတွေ့ဆုံလေသည်။ ဗိုလ်မှူးကြီးဘာနေက ဥရောပ နိုင်ငံအသီးသီးသို့ ကျွန်ုပ်ရောက်ဖူးကြောင်း သူ့ကို ပြောပြသည်။ သူသည် နိုင်ငံခြားအကြောင်း ကြားနာလိုသူ ဖြစ်ပါ၏။ သူသည် ကွမ်းအစ်ကိုယူ၍ မြန်မာနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ စသည်တို့၏ တည်နေရာကို ကမ္ဘာလုံးမြေပုံပေါ်မှာကဲ့သို့ မှန်ကန်စွာ ထောက်ပြလေသည်။ သို့ရာတွင် ရွှေဘို၌ ရှိနေကြသော အိမ်တော်သားနှင့် စာရေးစာချီများကြောင့် ပေလောမသိ၊ 'ကျွန်ုပ်တို့ စနစ်မှာတော့ မြင့်မိုရ်တောင်ပါနေလို့ ကိုရင့်နိုင်ငံဟာ ဘယ်နေရာ ဘယ်နေရာ ရောက်နေမယ်' စသည်ဖြင့် ထပ်ပြောလေသည်။ တဖန် ကျွန်ုပ်ထံမှ လက်ဆောင်များကို လက်ခံယင်း ကျွန်ုပ်တို့ကို သူက ဘာပြန်ပေးရမှန်းမသိဟု ပြောလေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့မှာ ပြည့်စုံပြီးသား ဖြစ်ဟန်တူသောကြောင့်ပင်... သူစကားကို ပြည့်သည့်သဘောဖြင့် သူသည် ရွှေပိန်းချအသံတခုယူ၍ သူရထားသော အင်္ဂလိပ်လုပ် ပစ္စည်းများကို ပြပါ၏။ ထိုအထဲတွင် မင်းကြီး မဟာဗန္ဓုလ မကျဆုံးမီက သူထံသို့ပေးသော နာရီတလုံးပါလေသည်။ ထို့ပြင် သူဝတ်ဆင်ထားသော လည်ယှက်ကို ကျွန်ုပ်တို့ စစ်ဆေးကြည့်ရှုရလေသည်။"
၇၃. R. Boileau Pemberton.
၇၄. R. Boileau Pemberton, "Journey from Munipoor to Ava, and from thence across the Yooma Mountain to Arracan", Journal of the Burma Research Society, XLIII (December 1960), 43-45.
၂၇၄
သူသည် ကျွန်ုပ်တို့နိုင်ငံကို လိုလိုလားလားရှိ၍ နှစ်ပြည်ထောင် စီးပွားရေး ဆက်သွယ်သင့်ကြောင်း ပြောလေသည်။ ထိုအခါ ထွက်ကုန်များအပေါ် ချုပ်ချယ်မှုရှိသောကြောင့် ကျွန်ုပ်တို့၏ သဘောင်္တွင် ပါသော ကုန်များကို ချရန် မဖြစ်နိုင်ကြောင်း ကျွန်ုပ်တို့က ပြန်ပြော၏။ သူက ဆန်နှင့်ငွေများကို နိုင်ငံအပ ထုတ်ယူရန် မဖြစ်နိုင်ကြောင်း ပြောပြလေသည်။ စကားပြောယင်း သူ၏ ဉာဏ်ပညာ၊ သူ၏ ပွင့်လင်းသော သဘောကို ကျွန်ုပ်တို့ သိလာရပေသည်။ ထို့ကြောင့် ရန်ကုန်နှင့် မော်လမြိုင် အရာရှိများက သာသနာပြုပုဂ္ဂိုလ်နှင့် တပည့်များကို နှိပ်ကွပ်ကြောင်း တင်ပြလိုက်လေသည်။ သူက ဤအခြေအနေကို မသိဟု ပြန်ဖြေသည်။ ကျွန်ုပ်က ကျွန်ုပ်တို့နိုင်ငံတွင် ဘာသာရေး ဟောပြောဆွေးနွေးခြင်းနှင့် စပ်၍ လုံးဝလွတ်လပ်ခွင့်ရှိကြောင်း တင်ပြပြရာ သူအကြွင်းမဲ့ သောက်ခံပါ၏။ ထို့နောက် အဖြစ်အပျက်ကို စာရေး၍ သူထံပို့ပါလျှင် သူသေချာစွာ လေ့လာကြည့်မည်၊ နောက်ထပ်မဖြစ်ရအောင် ဆောင်ရွက်ပေးမည်ဟု ပြောပါ၏။ နောင်အခါဗိုလ်မှူးကြီးဘာနေမှ တဆင့် သူဆောင်ရွက်၍လည်း ပေးခဲ့လေသည်။
ဤဝန်ကြီးသည် ငယ်စဉ်က ဆင်းရဲခဲ့လေသည်။ သူ၏စွမ်းအားကြောင့် ရာထူးအဆင့်ဆင့်တက်ကာ ဝန်ကြီးအဖြစ်သို့ ရောက်ခဲ့လေသည်။ ၇၅။
X X X X
မယ်လကွမ်၏ မှတ်တမ်းမှ ဒုတိယကောက်နုတ်ချက်ကား အောက်ပါအတိုင်း ဖြစ်သည်။
သီချင်းအဆိုကိုလိုက်၍ မြဝတီဝန်ကြီး ဦးစကိုယ်တိုင် ခြေဝိုင်းတီးသည်ကို ကျွန်ုပ်နားထောင်ခဲ့ရလေသည်။ အလွန် သာယာနာပျော်ဖွယ် ရှိပါပေ၏။ ၇၆။
ဤတွင် မြဝတီဝန်ကြီး ဦးစအကြောင်းကိုရပ်၍၊ သမိုင်းကိုဆက်ပါဦးအံ့။ စစ်ကိုင်းမင်းကို သာယာဝတီမင်း၊ ပုဂံမင်းတို့က ထီးနန်းဆက်ခံခဲ့
၂၇၅
ကြလေသည်။ ပုဂံမင်းလက်ထက်တွင် မြန်မာမှာ မလိုမရှောင်သာသောကြောင့် အင်္ဂလိပ်နှင့် ဒုတိယအကြိမ် စစ်ဖြစ်ရလေသည်။ မြန်မာရှုံးသဖြင့် အောက်မြန်မာနိုင်ငံကို လက်လွှတ်ရလေသည်။ ပုဂံမင်းနောက်ဆက်ခံသော မင်းတုန်းမင်းသည် အထက်မြန်မာနိုင်ငံ ကွက်ကွက်ကိုသာ အုပ်စိုးရတော့သည်။ အင်္ဂလိပ်အစိုးရထံမှ စက်မှုလက်မှုအရေးတော်ပုံ၏ အကျိုးအာနိသင်ကြောင့် လူနေရေးစနစ် အပြောင်းအလဲလုပ်ကာ အင်အားကြီးနိုင်ငံအဆင့် ရောက်လာခဲ့လေပြီ။ မင်းတုန်းမင်းသည် အင်အားကြီးနိုင်ငံကို ရင်ဆိုင်ယင်း ပြည်သစ်တည်စပြုလေသည်။ သူသည် အမရပူရကို စွန့်ခွာ၍ မန္တလေးကို မြို့တော်အသစ်ဖန်တီးလေသည်။
မင်းတုန်းမင်းတည်ခဲ့သော မန္တလေးမြို့ကို အေဒီ ၁၈၇၁ ခုနှစ်၌ အမေရိကန်သား ခရီးသည် ဖရင့်မင်းဆင်း ၇၇။ က ဤသို့မြင်ခဲ့လေသည်။
မန္တလေးသည် မြို့တော်သစ်ဖြစ်လေသည်။ ၁၈၅၅ ခုနှစ်တိုင်အောင် ထိုနေရာသည် လယ်ယာမြေသာဖြစ်လေရာ နောက်တနှစ်တွင် မြို့စတင်တည်ရလေသည်။ ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်းထီးနန်းစိုက်လေသည်။ မြို့ပြင်အိမ်များကား... သက်ကယ်မိုး၊ ဝါးထရံကာ အိမ်ရိုးရိုးသာဖြစ်၍၊ ရေကြောက်ခြင်း၊ စိုထိုင်းခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားနာခြင်း ဘေးအန္တရာယ်များ လွတ်အောင် မြေကြီးမှ လေးငါးပေမြင့်၍ ဆောက်လုပ်ထားလေသည်။ ကြမ်းပြင်အောက်နေရာကို အိမ်မွေးတိရစ္ဆာန်ခြံအဖြစ် သုံးတတ်လေသည်။
မြို့ပြင်လမ်းမကြီးများရှိ အိမ်အများစုသည် အုတ်တိုက်သော်လည်းကောင်း၊ အုတ်နံကပ် အိမ်သော်လည်းကောင်းဖြစ်၍၊ နံရံကိုထုံးဖြူရုတ်၊ ရွှေအရောင်ကိုင်လေသည်။ တရုတ်ဆိုင်အချို့မှာ နှစ်ထပ်ဖြစ်၍၊ သပ်သပ်ရပ်ရပ်ရှိလှသည်။ ဘုရားစေတီနှင့် ဘုန်းကြီးကျောင်းများကား နေရာအနှံ့ရှိလေသည်။...
မန္တလေးတွင် လူဦးရေတသိန်းခွဲရှိလေရာ ထိုအထဲတွင် အာရှတိုက်သားလူမျိုးစုံပါဝင်လေသည်။ တရုတ်တို့သည် တောင်ပြင်တွင် အနေများသည်။ စီးပွားရေးသည်လည်း သူတို့လက်ထဲတွင် သာများသည်။ ဥရောပ တိုက်သားများကား အနောက်ပြင်၌...
၅၈. Howard Malcom.
၅၉. Howard Malcom, Travels In South-Eastern Asia (London, 1839), I, 106.
၆၀. Ibid., 107.
၆၁. Ibid., 108.
၇၅. Malcom, I, 114-115.
၇၆. Ibid., 242.
၇၇. Frank Vincent.
၂၇၆
နေကြလေသည်။ စုစုပေါင်းအင်္ဂလိပ်အစိုးရ အမှုထမ်းရေး ကုန်သည်ပါ ၁၄ ဦးခန့်ဖြစ်လေသည်။
မြို့တော်သည် စတုရန်းပုံဖြစ်လေသည်။ တဘက်လျှင်တမိုင် ခန့်ရှည်၍ ပတ်ပတ်လည်မှာ အုတ်ရိုးဖြင့် မြင့်မြင့်ထူထူဖြင့် ကာရံထားသည်။ နံရံကိုလည်း ရေကျုံးကျယ်ဖြင့် ပတ်ထားပြန် လေသည်။ မြို့ရိုးတဘက်လျှင် တံခါးပေါက်သုံးပေါက်ကျစီရှိ၍ ထို တံခါးပေါက်များနှင့် တည့်တည့် အုတ်ခင်း လမ်းများရှိသည် တလမ်းနှင့်တလမ်း ဒေါင့်မှန်ကျဖြတ်သန်းလျက် ရှိလေသည်။ ထိုလမ်းကြီးများ အကြားတွင် လမ်းငယ်များလည်း ရှိလေသည်။ လမ်းမကြီးများ၏ ဘေးတဘက်တချက်တွင်မူ ရေရှင်မြောင်းများ စီးလျက် ရှိသည်။ တံခါးပေါက်များအထက်တွင် ယွန်းဆင်ပြေ တန်ဆောင်ပြာသာဒ် တော်ကြီးများရှိ၍ တံခါးပေါက်မရှိသော ပြအထက်များတွင်လည်း လေးတိုင်စင်နှင့် ဘုံငါးဆင့်ရှိ ပြာသာဒ် ဆောင်များ ပေါက်ထားလေသည်။
ကျွန်တော်တို့သည် ကျုံးကူးတံတားကျော်၍ အနောက်တံခါး မှ မြို့တော်တွင်းသို့ဝင်ရလေသည်။ ထိုတံခါးသည်လည်း မြို့တွင်းမှ လူအများအလောင်းထုတ်ဆောင်ရာ အမင်္ဂလာတံခါး ဖြစ်သည်ဟု ကျွန်တော်လမ်းပြက ပြောလေသည်။...။
ကျွန်တော်တို့အစောင့်တွင် အဝတ်တပတ်တပိုင်း ဝတ်ထားသော တံခါးစောင့်စစ်သားအချို့သည် မြေကြီးပေါ်ထိုင်ချ၍ အနားအသေ ပြုလေသည်။ နန်းတော်နှင့်နီးလာသောအခါ ကျွန်တော်တို့သည် စီးလာသောမြင်းကိုထားခဲ့ကာ တောင်ဘက်တံခါးမှ ခြေလျင်ဝင် ကြလေသည်။
နန်းတော်အပြင်နံရံသည် နှစ်ထပ်ဖြစ်၍ တခုနှင့်တခု ပေ ၃၀ စီကွာလေသည်။ ထိုနံရံများသည် အုတ်ဖြင့်လုပ်၍ ၇၂ ဧကကျယ်ဝန်းသော မြေနေရာကိုကာထားလေသည်။ အနောက်ဘက်တံခါး ကား နန်းတွင်းအပျိုတော်များ ဝင်ထွက်ရန် သတ်မှတ်ထား လေသည်။ ကျွန်တော်တို့ဝင်ရာတံခါးအနီးတွင် စစ်တန်းလျားနှင့် အစောင့်တချို့ရှိ၍ ထိုရှေ့တွင် စစ်သား ငါးယောက် တညီတည်းမတ်
၂၇၇
တတ်ရပ်နေကြသည်။ သူတို့သည် ကြေးမောက်တို့...ကို ဆောင်းလေသည်။ ရှေ့အစိမ်းထည့် အနီရောင်အင်္ကျီကို ဝတ်လေသည်။ ခြေထောက်မှာ ဗလာဖြစ်လေသည်။ သူတို့၏ လက်နက်မှာကား အမဲသားခုတ်သည့် ဓားနှင့်တူသော ဓားကြီးများ ဖြစ်လေသည်။ ပခုံး၌ ထိုဓားကြီးများ ထမ်းထားသည်ကို ကြည့်ရသည်မှာ ရယ်စရာလိုလိုပင်ဖြစ်သော်လည်း သူတို့၏ အမူအရာမှာမူ ဆေး ထိုး၍ မှတ်ထားသည်။
ကျွန်တော်တို့၏ ရှေ့မြေပြင်ကျယ်တွင် လူပေါင်းစုံ သွားလာ လှုပ်ရှားနေကြလေသည်။ ကျွန်တော်လည်း ညာဘက်တွင် စေတီငယ်တဆူကို တွေ့ရသည်။ ထိုကိုကျော်သော် ဟိုရိုစင်ကိုတွေ့ရ ပြန်သည်။ ဘယ်ဘက်ဒေါင့်ကား ခဲယမ်းမီးကျောက်တိုက်နှင့် လက်နက်တိုက်ရှိလေသည်။ ထို့နောက်လွှတ်တော်၊ ထို့နောက် ဒင်္ဂါးစက်ရုံ၊ ထို့နောက် ကောင်းကင်တွင် အံ့ဖွယ် ဘုန်းမိုးထွက်နေ သော မြေနန်းပြာသာဒ်တော်ကြီး ရှိလေသည်။
လွှတ်တော်အနီးရှိ အဆောက်အအုံတခုထဲတွင် နိုင်ငံခြား ဝန်ကြီးဖြစ်သူ ပခန်းမင်းကြီးရှိလေသည်။ ထိုပုဂ္ဂိုလ်ကို ကျွန်တော် တို့တွေ့ရလေသည်။...ပြီးသော် ဝန်ကြီးလေးပါးစုံရာတွင် ရွှေ ချ၊ ဟင်္သပြဒါးသုတ်လွှတ်တော်ကို ကျွန်တော်တို့ပတ်၍ အုတ်ခုံ နှစ်ထပ်အတွင်းသို့ ဝင်ရန်ရှိလေသည်။ ထိုအတွင်း၌ နန်းတော် အဆောင်များရှိလေသည်။ ထိုအချိန်တွင် မြန်မာစစ်သားများ သေနတ်ပစ်လေ့ကျင့်နေကြသည်ကို သတိပြုမိလေသည်...
ဝင်းမှူးက မကြာမီကွယ်ယူရရှိသော စနေဒါရီဂတ်ဖယ်ဒေသတ် များကို ကျွန်တော်တို့အားပြလေသည်။ ပြီးသော် ကျွန်တော်တို့ လည်း ရေမြေအစုံစံမြန်းသော နန်းရင်ပြင်သို့ ရောက်ကြလေ သည်။ ထိုနေရာအလယ်တွင်-
အခမ်းအနားကြီးမှသာ သုံးရသော မြေနန်းတော်ကြီး ရှိလေသည်... မြေနန်းတော်ရှေ့ မင်းတပ် လှေကား ရင်းတွင် လည်းကောင်းအမြောက်ကြီး နှစ်ခုရှိလေသည်။ ညာဘက်နေရာတွင် ကား စစ်တန်းလျား၊ ရထားတော်ရုံ၊ ဥယျာဉ်တော်များ ရှိလေ
၅၈. Howard Malcom.
၅၉. Howard Malcom, Travels In South-Eastern Asia (London, 1839), I, 106.
၆၀. Ibid., 107.
၆၁. Ibid., 108.
၆၅. Ibid., 112.
၂၇၈
သည်း။ ဘယ်ဘက်တွင်ကား လက်နက်တိုက်၊ ဆင်မင်းနန်းတော်၊ လှေတော်ရုံ (ယာဉ်တော်ရုံ)၊ ဆင်တင်းကုပ်များ ရှိလေသည်။...
ကျွန်တော်တို့သည် ဝန်ကြီးချုပ် ရုံးသို့ ဝင်ကြ လေသည်။... ကျွန်တော်၏ တရုတ်လူမျိုး လမ်းပြထံမှ သိရသည်မှာ နံနက် ညီလာခံပြီးခါစ ဖြစ်၍ ဒုတိယ ညီလာခံတွင် မင်းတရားကြီး ကို ဖူးတွေ့ရန် ကျွန်တော် နှစ်နာရီခန့် စောင့်ရဦးမည်ဟူ၍ဖြစ်ပါသည်။ စောင့်နေချိန်အတွင်း သူသည် အခြား အရာရှိများနှင့် ကျွန်တော့်ကို မိတ်ဖွဲ့ပေးလေသည်။ ထိုသူများနှင့် စကားပြောရသည် မှာ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ရတုန်းက အတိုင်းပင် ဖြစ် သည်။ တခုသာကွာသည်။ ယောအတွင်းဝန် တဦးသာလျှင် ရှာရှာဖွေဖွေ ကျွန်တော် ခရီးသွားသည့်အခါ ငွေဘယ်မျှ ကုန်သည်၊ ကျွန်တော့်အဖေ ဘာအလုပ်လုပ်သနည်း၊ ဘာရည်ရွယ်ချက်ဖြင့် ကျွန်တော် ခရီးသွားသည်၊ တနေရာရာမှာ ဘာကြောင့် ကျွန်တော် ဝဲဝဲမြဲမြဲနေသည် စသည့်မေးခွန်းများကို မေးလေသော်... ယောအတွင်းဝန်၏ မြဲတိုက်တွင် ပြင်သစ်ပြည်၌ စာသင်ခဲ့ပြီး ပြင်သစ်စကားကို မှတ်နေအောင်ပြောတတ်၍ အင်္ဂလိပ် စကားကို အတန်အသင့် ပြောတတ်သော လူရွယ်တယောက်ကို ကျွန်တော်တွေ့လေသည်။ ထိုလူမှာ ဖန်ချက်ဝန်ဖြစ်လေသည်။...။ သူသည် ပြင်သစ်ပန်းသီဟန် နတ်ဗိမာန်ကျောင်းတွင် ငါးနှစ် စာ သင်ခဲ့၍ မဟာဝိဇ္ဇာဘွဲ့ကို ယူခဲ့လေသည်။ နောက်ဆုံးတွင် ဘုရင့် စက်မှု လက်မှုကျောင်း၌ သုံးနှစ်ကြာ စာသင်ပြန်ကာ ဒီပလိုမာ ဘွဲ့ရခဲ့ ပြန်လေသည်။...။
မြို့တိုက်တွင် မိနစ် ၂၀ မျှအကြာ အရာရှိတဦးက ဘုရင်မင်း တရားကြီးကို ဖူးတွေ့ရန် ကျွန်တော်တို့အား လာ အကြောင်းကြားလေသည်။"....
ကောက်နုတ်ချက်ကို ဖြည့်စွက်ဆိုရသော် မင်းတုန်းမင်းသည် ယောအတွင်းဝန်၊ ကနောင်မင်းသား စသည်တို့၏ အကူအညီဖြင့် ရဲမက်
၂၇၉
တော်များကို ခေတ်မီသေနတ်များ တပ်ဆင်ပေးရန် ကြိုးစားခဲ့လေသည်။ မြောက်ပြင်၌ သေနတ်လုပ်စက်ရုံ၊ အမြောက်စက်ရုံ စသည်ကိုတည်ထောင် ခဲ့လေသည်။ ရှေးက အသပြာအဖြစ် ရွက်နီ၊ ဒိုင်သော ငွေတုံးနှင့် ခဲတုံးတွေ သုံးနေရသည်ကို ပို၍လွယ်ကူအောင် ဒင်္ဂါးစက်ရုံတည်ထောင် ကာ ဒင်္ဂါးထုတ်လုပ် စေခဲ့လေသည်။ ပြင်သစ်၊ အီတလီ နိုင်ငံများနှင့် တိုးချဲ့မဟာမိတ် ဖွဲ့ခဲ့လေသည်။ ထိုမျှမကလည်း ပညာတော်သင် ပညာ တော်သင်များကိုလည်း အနောက်နိုင်ငံများသို့ ပညာသင်ပို့ခဲ့လေသည်။ ဤသို့ဖြင့် ဆန်းကြိတ်တံခွန်ရုံး၊ လွှတ်ရုံး၊ သံခြားစက်ရုံ၊ ဂုံနီစက်ရုံ၊ ယက်ကန်းစက်ရုံ၊ သင်္ဘောစက်ရုံ၊ သံစက်ရုံ၊ စာပုံနှိပ်စက်ရုံ စသည်များသည် တိုင်းရင်းသား အတတ်ပညာရှင်၊ တိုင်းခြား အတတ်ပညာရှင်တို့၏ အကူအညီဖြင့် ပေါ်ပေါက်လာခဲ့လေသည်။
မြန်မာနိုင်ငံခေတ်မီရေးကို အဓိက ဆောင်ရွက်နေသူများတွင် ကနောင်မင်းသား ပါလေသည်။ ကနောင် မင်းသားကို အေဒီ ၁၈၇၅ ခုနှစ်တွင် နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အမရပူရသို့ ရောက်လာသော ပဲခူးဝန်ရှင်တော်မင်းကြီး ဖြစ်သူ ဖိုင်ယား အသာသနာပရိဖိယမံသာ ခေါင်းဆောင်သည့် အဖွဲ့က သုံးကြိမ်တွေ့ဆုံခဲ့ဖူးလေသည်။ ပထမအကြိမ်မှာ မင်းတုန်းမင်းထံ အစားဝင်သောအခါ ဖြစ်လေသည်။ ဒုတိယအကြိမ်တွင်ကား အိမ်ရှေ့ အိမ်တော်သို့ သွားရောက်၍ အိမ်ရှေ့မင်း မိဖုရားနှစ်ပါးကို တွေ့ဆုံရစဉ်က ဖြစ်လေသည်။ တွေ့ဆုံပုံကို ရေးသားသားမှာ အောက်ပါအတိုင်းပင်။
အိမ်ရှေ့မင်းသားနှင့် အိမ်ရှေ့မိဖုရားသည် တံခါးအနီး အတွင်း ဆောင်နေရာမှထိုင်၍ ဆိုင်းငံ့နေကြသည်ကို တွေ့ရပါသည်။
ရှေ့ဘက်က ခပ်မှောင်မှောင်၊ အတွင်းဆောင်က ခပ်လင်း လင်း ရှိသည်တွင် အိမ်ရှေ့ မင်းသားနှင့် အိမ်ရှေ့မိဖုရား နှစ်ပါး မလှုပ်မယှက် ထိုင်နေကြပုံသည် (တောင်တွင်း) အရုပ်ကလေးများပမာ ပေါ်နေပါသည်။
အိမ်ရှေ့မင်းသားသည် ဘရိုကိတ်ပိုးပွင့်ဖော် ကိုယ်ဝတ်တော်ကို ဝတ်ဆင်ပါသည်။ ဆံပင်ဖုံးကာ ကျောက်စီဗောင်းကိုဆောင်းပါသည်။"
၂၈၀
နှုတ်ခမ်းမွေး ကျင်စွယ်မထား။ မွန်ဂိုလူမျိုး မျက်နှာပေါက်ရှိပါသည်။ သူနောင်တော်ဘုရင်ကဲ့သို့ အသွင်အပြင် မကောင်းပါ။
အိမ်ရှေ့မိဖုရား ဝတ်ဆင်ထားပုံသည် မိဖုရားခေါင်ကြီးကို ကျွန်တော်တို့ နန်းတော်၌ ဖူးတွေ့ရစဉ်ကနှင့် ခပ်ဆင်ဆင် တူပါသည်။ သို့ရာတွင် သူ၏ ဥက္ကဋ်တော်မှာ ပို၍တင့်တယ်ပါသည်။ ထို့ပြင် နားတောင်း ဝတ်ဆင်ထားသော နားရွက်များကို မဖုံးပါ။ သင်တိုင်းတော်မှာမူ မိဖုရားခေါင်ကြီး၏ သင်တိုင်းတော်လောက် မကောင်းပါ။ လက်ကောက်ဝတ်မှ ပခုံးအထိရှိသော လက်ဒုယင်များသည် ပို၍ကော့တက်ကာ အကြည့်ရဆိုးပါသည်။ ကျပ်ကျပ်တည်းတည်းလည်း ရှိပါသည်။ သို့ရာတွင် အိမ်ရှေ့ မိဖုရားမှာ အသက်အရွယ်က ၂၀ ထက် မကျော်သေး။ သိမ်မွေ့ နူးညံ့လှပါသည်။ အသိဉာဏ်ရှိ၍ နူးညံ့လှပုံ မျက်နှာထား ပေါ်ပါသည်။ ရှက်ရိပ်ကလေးသန်းနေပါသည်။ အဆင်တန်ဆာကြောင့် ကသိကအောက် ဖြစ်နေဟန်တူပါသည်။
မင်းနှစ်ပါးကိုကြည့်၍ ကျွန်တော်တို့ အဖွဲ့သားတွေစိတ်ထဲ၌ ဘီလူးနှင့် လူမင်းသမီးပုံသဏ္ဌာန် တွေးမိကြမည်ဧကန် ဖြစ်ပါသည်။
ထပ်လောင်း၍ ဖော်ပြလိုသည်မှာ ထိုအခမ်းအနားတွင် အိမ်ရှေ့မင်းသားက စကားတလုံးတပါဒမျှမဟ။ အိမ်ရှေ့မင်းသားအား သံအဖွဲ့က ဆက်သသော လက်ဆောင်တော်များကို အိမ်ရှေ့နန်းခံက ဖတ်လျှောက်ဆက်သရလေသည်။ အချိန်မှာမကြာ။ သံအဖွဲ့သည် သံထဲသို့ပြန်ခဲ့ရလေသည်။ အမရပူရမှ သံအဖွဲ့ပြန်ခါနီးတွင် သံအဖွဲ့သည် အိမ်ရှေ့မင်းသားထံ ဝင်ရပြန်လေသည်။ ထိုအခါတွင်ကား တိုက်ရိုက်စကားပြောခွင့် ရလေသည်။ ပြယုဂ်မှာ —
ယနေ့တွင် ကျွန်တော်တို့သည် နေပြည်တော်မှ ပြန်တော့မည် အကြောင်းနှုတ်ဆက်ရန် အိမ်ရှေ့မင်းသားထံ သွားကြပါသည်။ အိမ်ရှေ့မင်းသားသည် ကျွန်တော်တို့ကို အိမ်ရှေ့အိမ်တော်၌မဟုတ်
၂၈၁
ပဲ လွှတ်တော်နှင့်မျက်နှာချင်းဆိုင် ယာယီအဆောက်အအုံ၌ လက်ခံတွေ့ဆုံပါသည်။...။
မင်းသား၏ဝန်နီဦးစီး ရှိနေကြပါသည်။ ခန်းဆောင်ပတ်လည်တွင် လက်အောက်အမှုထမ်းများလည်း ထိုင်လျက်ရှိကြပါသည်။...။ အိမ်ရှေ့မင်းသားသည် တံခါးအနီး အတွင်းခန်း သလွန်ပေါ်တွင် ထိုင်ပါသည်။ မင်းသားသည် ကျွန်တော်တို့ကို ဖော်ဖော်ရွေရွေ ဆက်ဆံမည့် စိတ်ထားပုံရကြောင်း ကျွန်တော်တို့ မြင်မြင်ချင်း ရိပ်စားမိပါသည်။ ကျွန်တော်တို့က ယနေ့တွေ့ရပုံတွင် အယင်တခေါက်နှင့်မတူ၊ အမူအရာ အထူးပြေပြစ်ပါသည်။ ဟိုအယင်မြင်ရသော သုန်သုန်မှုန်မှုန် မျက်နှာထားမျိုးလည်း မရှိတော့။ အခမ်းအနားဝင် အဆင်တန်ဆာ ကျဉ်းကျဉ်းကျပ်ကျပ်ကို ဝတ်ဆင်ထားစဉ်ကထက်လည်း အများကြီး နုပျိုနေပါသည်။ သူသည် ယနေ့တွင် ပိတ်ချောထိုင်မသိမ်း အင်္ကျီအဖြူနှင့် လွန်းပုဆိုးကို ဝတ်ထားပါသည်။ ရွှေစလွယ်ကို ပခုံးတွင်ဆင်ထားပါသည်။ သူသည် အင်္ဂလိပ်ထုံးစံ ခြေနှစ်ဘက်အောက်ချ၍ သလွန်ပေါ် ထိုင်ပါသည်။ ရွှင်ရွှင်ပျပျလည်း ရှိပါသည်။ ရယ်နံရံခါ တဟားဟားရယ်ပါသည်။ ဘုရင်မင်းမြတ်နှင့် ရုပ်ချင်းဆင်သည်ကို ကျွန်တော်တို့ သတိပြုမိပါသည်။ သို့ရာတွင် အမူအရာကွာပါသည်။ ငံ့၍ပုံရပါသည်။ စရိုက်ကြမ်းပုံရပါသည်။ ရမ္မက်ပြင်းပုံရပါသည်။ ပညာဉာဏ် ထက်မြက်သိပ်ပြီး ရည်မွန်ခြင်းလည်း မရှိ။ သို့ရာတွင် ဘုရင်မင်းမြတ်၏ မျက်နှာထက် သူ့မျက်နှာတွင် စိတ်ဓာတ်ထက်သန်ပုံ အမူအရာသည် ပို၍ပေါ်ပါသည်။
မြန်မာထုံးစံနှင့်အညီ မင်းသားသည် သံကြီးနှင့် သံအဖွဲ့ဝင်များ၏အသက်ကို မေးပါသည်။ ထို့နောက် သံကြီးဘက်သို့လှည့်၍ မင်းသား - နောင်တော်ဘုရားက သံကြီးကိုလေးစားတယ်။
သံကြီး - မင်းတရားကြီးက လေးစားဂရုစိုက်တာကို ကျေးဇူးကြီး တင်လှပါတယ်။
မင်း(အင်္ဂလိပ်ဘက်သို့) - အစမှာ ဗာနေဒ်မောင်မင်း အတူနေခဲ့တာ ကျွန်ုပ် ကောင်းကောင်း မှတ်မိတယ်။ ကျွန်ုပ်
(အောက်ခြေမှတ်ချက်)
60. Henry Yule, A Narrative of the Mission to the Court of Ava in 1855 (Kuala Lumpur, 1968), pp. 91-92.
၂၈၂
ငယ်ငယ်ရှိသေးတယ်။ မောင်မင်းကတော့ အယင်ကအတိုင်းပဲ၊ ဘာမှမပြောင်းဘူး။ ဗာနေဒ်ကော ရှိသေးသလား။
အက်ဒွပ် – သူကွယ်လွန်တာ ၁၀ နှစ်၊ ၁၂ နှစ်လောက်ရှိပါပြီ။
သံ – ကာနယ်ဗာနေဒ်သားဟာ ပြည်ရန်ကုန်မှာ နေဘူးပါတယ်။
မင်း – ဘာကိစ္စနဲ့လဲ။
သံ – သာသနာပြု ဘုန်းကြီးအဖြစ်နဲ့ပါ။
မင်း – ဟုတ်ပြီ။ ဗာနေဒ်သားက ဘုန်းကြီး ဖြစ်နေတာကိုး။
(သံကြီးသို့) – သည်နိုင်ငံက ကန့်ရိုင်းကို တွေ့မိသေးလား။
သံ – နည်းနည်းတွေ့ပါတယ်။
မင်း – အများကြီးရှိတယ်။ တောင်ပုံရာပုံပဲ။ အစက မသိဘူး။ ကန့်ဆိုတာ ဝါတယ်လို့ အောက်မေ့ပါတယ်။ နို့ပေမဲ့ တချို့ကမဲတဲတဲ၊ တချို့ကဖြူတယ်။ ဒါကြောင့် ကန့်မှန်းကိုမသိဘူး။
ဝန်(သံကြီးသို့) – ကန့်ကို အင်္ဂလန်မှာ ဘယ်လိုရသလဲ။
သံ – အီတလီပြည်က အများဆုံးရတယ် ထင်ပါတယ်။
မင်း – ဘယ်လိုအရည်ကျိုပြီး အတောင့်တို့၊ အမှုန့်တို့ လုပ်သလဲ။
သံ – ခဲကို အငွေ့ပျံအောင်လုပ်တယ်လို့ ထင်ပါတယ်။ ဘာစက်ကိရိယာသုံးတယ်လို့တော့ မသိပါ။
အိမ်ရှေ့မင်းသား၏ အမှုထမ်းတို့ကတင်၍ ဗမာနှင့်ရှမ်းတို့သည် ကန့်အငွေ့မှ ရယူသုံးစွဲကြကြောင်း ပြောလေသည်။
မင်း – ယမ်းကို ဘယ်တိုင်းပြည်ကစလုပ်သလဲ။
၂၈၃
သံ – အင်္ဂလန်ပြည်လား၊ ဂျာမနီပြည်လား အသေအချာ မပြောတတ်ပါ။ ရှေးခေတ်တရုတ်ပြည်က စလုပ်တတ်တယ်လို့တော့ စာအုပ်တွေမှာ ပါပါတယ်။
မင်း – ဟုတ်ချင်ဟုတ်မယ်။
မင်း – ဘယ်တိုင်းပြည်ကစပြီး မီးသင်္ဘောလုပ်သလဲ။
သံ – အမေရိကန်ပါ။ အင်္ဂလိပ်က အင်ဂျင်စက် စထွင်ပါတယ်။ အမေရိကန်က သင်္ဘောမှာထည့်အသုံးပြုပါတယ်။
မင်း – အင်္ဂလန်ဟာ အလွန်အေးတဲ့တိုင်းပြည် မဟုတ်လား။
သံ – အေးပါတယ်။ ဆောင်းတွင်းမှာရေခဲပါတယ်။
မင်း – သည်လိုဆို တရုတ်ပြည်လိုပဲပေါ့။ သည်ကသံများ ပီကင်းကို သွားခဲ့တာ ကြောက်စရာ ကောင်းလောက်အောင် အေးတယ်လို့ ပြောတယ်။ မျက်နှာမှာ သွေးထွက်လာတယ်။ အင်္ဂလန်ထက်အေးတဲ့ တိုင်းပြည် ရှိသေးသလား။
သံ – အများကြီး ရှိပါတယ်။
မင်း – ဆိုစမ်း။
သံ – မြောက်ဘက်က အိုက်စလန်ပြည်တို့၊ မြောက်အမေရိကတိုက် မြောက်ပိုင်းကမ်းခြေတို့ပါ...
မင်း – ရုရှားကော မအေးဘူးလား။
သံ – အလွန်အေးပါတယ်။
မင်း – ဗိုနာပတ်ဟာ ရုရှားကိုတိုက်တာ၊ အအေးဒဏ်ကြောင့် သေတယ်လို့ ပြောသံကြားရတယ်။
သံ – သူစစ်တပ် တခုလုံးလိုလိုပဲ အအေးဒဏ်ကြောင့် သေပါတယ်။ သူကတော့ လွတ်သွားပါတယ်။
မင်း – ဗိုနာပတ်က ဘယ်တိုင်းပြည်ကလဲ။
သံ – ဘုန်းတော်ကြီး ဒေါင်ပေါလီနွန့်နဲ့ တူပြည်ထဲသားပါ။ ဒေါင်ပေါလီနွန့်ရဲ့ ဇာတ်ဖွားရုပ်နှိုင်းတဲ့ ကော်စီကာကျွန်းမှာ မွေးပါတယ်။
အိမ်ရှေ့မင်းသားသည် စကားအလျှဉ် ကန့်သွားပြီး တင်ရပါသည်။ ငြိမ်သွားပါသည်။ အတန်ကြာမှ ဝန်က ဗိုနာပတ်ကိစ္စ ဆက်၍မေးပါသည်။
ဝန် – သူ့ကို တကျွန်းပို့တယ်ဆို မဟုတ်လား။
သံ – ဟုတ်ပါတယ်။ အများလုံခြုံရေးအတွက် သူ့ကို အာဖ
၂၇၄
ရိကတိုက် အနောက်ဘက် ကမ်းခြေအနားကကျွန်းကို အကျဉ်းသမားအဖြစ် ပို့ပါတယ်။
ဝန် – လက်ရှိ ပြင်သစ်ဧကရာဇ်ဟာ သူတူပဲလား။
သံ – ဟုတ်ပါတယ်။
မင်းသား – အင်္ဂလန်နဲ့ အရင်းနှီးဆုံး မိတ်ဆွေဟာ ဘယ်နိုင်ငံလဲ။
သံ – ပြင်သစ်ပါ။ စစ်ဖြစ်ယင် တဦးကို တဦး ကူစတမ်း စာချုပ်ထားပါတယ်။
မင်း – တနိုင်ငံနဲ့ တနိုင်ငံ ဘယ်လောက်ဝေးသလဲ။
သံ – မိုင် ၂၀ ဝေးပါတယ်။ သင်္ဘောနဲ့သွားယင် တနာရီ သာသာပဲ ကြာပါတယ်။
မင်း – နီးနီးလေးပါလား။ ကုန်းလမ်းမရှိဘူးလား။
သံ – မရှိပါ။ အင်္ဂလန်ဟာ ကျွန်းပါ။
မင်း – အင်္ဂလန်နဲ့ ပြင်သစ်၊ ဘယ်နိုင်ငံက သင်္ဘောပိုများသလဲ။
သံ – အင်္ဂလန်ပါ။ ပြင်သစ်က ကုန်းတပ်ပိုကြီးပါတယ်။
ဝန် – အင်္ဂလိပ်ဘုရင်မက ပြင်သစ်သွားလည်မယ်လို့ သံကြီးပြောတယ် မဟုတ်လား။
သံ – ဟုတ်ပါတယ်။ မကြာခင်က ပြင်သစ်ဧကရာဇ်နှင့် မိဖုရား နှစ်ပါးဟာ အင်္ဂလန်ကို အလည်အပတ် ကြွရောက်ခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလိပ် ဘုရင်မက ပြင်သစ်ကို အပြန်အလှန် သွားလည် ပါလိမ့်မယ်။ တိုင်းပြည်ချင်း နီးနေတော့ သံကြိုးရိုက်လိုက်ယင်လဲ ချက်ချင်း သတင်းရောက်တာပဲ။ ဝပ်မင်းလ် ဗဂ်လန်းမှာ ကြေးနန်းကို မြင်ခဲ့ဘူးတာပဲ။ အိမ်ရှေ့ကိုယ်တော်ကို သံတော်ဦးတင်လိုက်ပါ။
ဝန် – မြေကြီးပေါ်မှာ တိုင်စိုက်ပြီးတော့ပဲ ဖြစ်စေ၊ မြေအောက်ထဲမှာ မြုပ်ပြီးတော့ပဲ ဖြစ်စေ၊ မြစ်တွေ တောင်တွေ ဖြတ်ပြီး ကြေးနန်းကြိုး သွယ်ရပါတယ်။ တနေရာနဲ့ တနေရာကြားမှာ ကြေးနန်းရုံတွေထား၊
၂၈၅
အသံဖမ်း လျှပ်စစ်သံလိုက်နဲ့ သတင်းပို့သော်လည်း သတင်းပို့သော်လည်း တွေကို လက်ခံပြီး အက္ခရာပြန်ဖော်ပါတယ်။ မိုင်တရာ နှစ်ရာဝေးပေးမယ့် သည်လိုဆက်သွယ်လို့ ရပါတယ်။
သံ – အမရပူရက ရန်ကုန်ကို သည်လိုသတင်းပို့ယင် စက္ကန့်ပိုင်းအတွင်း သတင်းရနိုင်ပါတယ်။
ဝန် – ကြေးနန်းရိုက်တဲ့နည်းကို ဘယ်ကစသိသလဲ။
သံ – အင်္ဂလန်ပြည်နဲ့ အမေရိကန်ပြည်မှာ တချိန်တည်းလိုလို သိတယ်ထင်ပါတယ်။
ဝန် – တနေရာမှာတော့ အယင်စရမှာပေါ့။
သံ – ဥရောပ နိုင်ငံတွေမှာ သိပ္ပံပညာရှင် အသီးသီးဟာ သုတေသန လုပ်ပြီးတဲ့အခါ စာတမ်းတွေထုတ်ကြ၊ ဖြန့်ချိကြပါတယ်။ ဒါကြောင့် နိုင်ငံအချင်းချင်း လေ့လာနိုင်၊ အလားတူ စမ်းသပ်မှုရှိမှုတွေ ရှိလာနိုင်ပါတယ်။
မင်းသား – ကြေးနန်းရိုက်တဲ့နည်း သိတာ ဘယ်လောက် ကြာပြီလဲ။
သံ – ၁၀ နှစ်လောက်ရှိပါပြီ။
ထို့နောက် အိမ်ရှေ့မင်းသားသည် သံများ ပင်ပန်းရော့မည်ဟု ဆို၍ အတွင်းဆောင်သို့ ဝင်သွားပါသည်။
သံအဖွဲ့ထက် ကြာရှည်ဆက်ဆံဖူးသူမှာ ပြင်သစ်လူမျိုး ကာတိုလစ် ဂိုဏ်းအုပ်ကြီး ပေါအမ်းဗရို့ ဘိဂန်းဒက် ဖြစ်လေသည်။ ထိုဘုန်းကြီးသည် အေဒီ ၁၈၅၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ရောက်လာကာ နှစ်ပေါင်းများစွာအောင် သာသနာပြု တာဝန်ကို ယူခဲ့လေသည်။ ကနောင်မင်းသားနှင့်လည်း အကျွမ်းတဝင် ရှိလေသည်။ ဘုန်းကြီးက ကနောင်မင်းသား အကြောင်းကို ဤသို့ ရေးခဲ့ပါသည်။
မင်းသားသည် ရည်မှန်းချက်ကြီးတခုကို မဖြစ်မနေ ဆောင်ရွက်ရန် စိတ်ဓာတ်ခိုင်မာလှသူ ဖြစ်လေသည်။ ထိုရည်မှန်းချက်
(အောက်ခြေမှတ်ချက်)
81. Ibid., pp. 122-125.
၂၈၆
မှာ ဥရောပမှ ဝိဇ္ဇာပညာ သိပ္ပံပညာများ တတ်မြောက်၍ မြန်မာနိုင်ငံ ခေတ်မီလာစေရေးပင်တည်း။
ထိုအတွက် သူသည် လူငယ်များကို ပြင်သစ်နှင့် အီတလီသို့ ပညာသင်လွှတ်သည်။ လူငယ် ၆၀၊ ၇၀ ခန့်သည် ညနေအလုပ် ပြီးချိန်၌ သူ့အိမ်တော်ဝင်းသို့လာ၍ ပညာဆည်းပူးလေ့ ရှိသည်။
သူကိုယ်တိုင်က ပညာအတတ်ကြီးမဟုတ်။ သို့ရာတွင် မိမိတို့ လူမျိုးအဆင့်အတန်း တက်ရန် ပညာလိုသည်ကို သူထိုးထွင်း၍ သိလေသည်။
သူသည် မိန်းကလေးဘက်ကိုလည်းဂရုထားလေသည်။ မိန်းကလေး လေးဦးကို ရန်ကုန်ရှိ ကာတိုလစ်သီလရှင်ကျောင်း ထားရန် ဤစာရေးသူအားအပ်ခဲ့ဖူးသည်။ ထိုနှစ်သည် ၁၈၆၃ ခုနှစ် ဖြစ်လေသည်။ ထိုမိန်းကလေးများသည် သီလရှင်များ၏ အစောင့်အရှောက်ဖြင့် ငါးနှစ်တိုင်တိုင် ကျောင်းနေခဲ့လေသည်။ သူတို့ကို စရိတ်ထောက်ပံ့၍ လက်ဆောင်ပစ္စည်း အမြဲ ပို့ခဲ့သည်မှာလည်း မင်းသားကံကုန်သည့် အချိန်အထိဖြစ်လေသည်။ မင်းသား ကံကုန်ပြီးနောက်၊ ဘုရင်က နှစ်နှစ်ဆက်၍ ထောက်ပံ့လေသည်။ ထို့နောက် သူညီတော်၏ စိတ်အားထက်သန်မှုမျိုးမရှိသဖြင့်၊ မန္တလေး သို့ပြန်ခေါ်ခဲ့လေသည်။...။
မင်းသားကံကုန်မီ လေးနှစ်အတွင်း ဤစာရေးသူကို အလွန်ခင်မင်ခဲ့လေသည်။ သူ့စိတ်စေတနာကိုလည်း ကိုယ်ထိလက်ရောက် ပြခဲ့လေသည်။ သူသာအသက်ဆက်လက်ရှင်ခဲ့လျှင် သူစိတ္တထား တတ်မှုကြောင့် ခရစ်ယာန်သာသနာသည်ပို၍ ပြန့်ပွားလာစရာ အကြောင်းရှိလေသည်။ သူ့ကဲ့သို့ ယောက်ျားကောင်းသည် ရှာမှရှားလောက်ပေသည်။ မြင်းကွန်း မြင်းခုံတိုင်တို့ လုပ်ကြံမှုနှင့်စပ်၍၊ ဘုရင်ကိုယ်တိုင် ကြံရာပါဖြစ်သည်ဆိုမဟုတ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အားပေးအားမြှောက် ပြုသည်စသည်ဖြင့် ထိုစဉ်က နိုင်ငံခြားသားအချင်းချင်း ပြောဆို ငြင်းခုံခဲ့ကြဖူးသည်။
ဤကိစ္စနှင့်စပ်၍ ဤစာရေးသူမှာ သံသယလုံးဝ မရှိ...ဘုရင်
၂၈၇
သည် လုပ်ကြံမှုတွင် အပြစ်လုံးဝကင်းစင်လေသည်။ နှောင်တော်အပေါ်မြတ်နိုးရိုသေလှသော ကနောင်မင်းသားကိုသတ်ရန် ရှင်ဘုရင်ကမြှောက်ပေးသည်ဆိုသည်မှာ သွားပုပ်လေလွင့်စကားသာ ဖြစ်လိမ့်မည်။ ထို့ပြင် လုပ်ကြံမှုတွင် ရှင်ဘုရင်ကိုယ်တိုင် ရင်ဆိုင်ခဲ့ရသောဘေးအန္တရာယ်များသည် မြင်းကွန်း မြင်းခုံတိုင်တို့အဖွဲ့ သူတို့၏ ဘထွေးတော်သာမက ရှင်ဘုရင်ကိုပါ သတ်ဖြတ်၍ နန်းလုရန်ကြံစည်ခဲ့ကြောင်း သာဓကများ ဖြစ်တော့သည်။
ကနောင်မင်းသားကဲ့သို့ ပုဂ္ဂိုလ်မျိုးပေါ်ခဲ့သည်မှာ မှန်ပါသည်။ ကနောင်မင်းသားသည်လည်း အေဒီ ၁၈၆၆-ခုနှစ်တွင် လုပ်ကြံခံခဲ့ရလေသည်။ ထိုမှတပါး ထိုပုဂ္ဂိုလ်မျိုး ဆက်လက်ရှိနေသည့် တိုင်အောင် အချိန်အခါကား နောက်ကျခဲ့လေပြီ။ မင်းတုန်းမင်းသည် အင်္ဂလိပ်အစိုးရကို ကျင်လည်ပိုးပန်းစွာ ဆက်ဆံခဲ့သော်လည်း သုလက္ခဏာဝတ် စေတ္တာက ငြိမ်းအေးရလေသည်။ မင်းတုန်းမင်း အင်္ဂလန်အစိုးရကို ဆက်ဆံခဲ့သော သီပေါမင်းလက်ထက်တွင်မူ အင်္ဂလိပ်ရန်ကို ရှောင်၍မရတော့။ ပြင်သစ်ဝင်မည်ကို စိုးရိမ်၍ အကြောင်းရှာစစ်ပြဿနာသော အင်္ဂလိပ်ကို ရင်ဆိုင်ရတော့သည်။
မြန်မာမှာ အားနည်းလှပေ၏။ အေဒီ ၁၈၈၅-၁၈၈၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဗြိုင်တိန်ဂေဇက် သတင်းစာ ဆရာဖြစ်သူ ဂရက်တန်ဂီအာရီ၏ အာဘော်ကိုဆိုရလျှင် အဓိက အားနည်းချက်မှာ ဘုရင်နှင့်ဝန်ကြီး အတွင်းဝန်တို့သည် အင်္ဂလိပ်အစိုးရ၊ အင်္ဂလိပ်စစ်တပ်၏ မူဝါဒကို ပြတ်ပြတ်သားသား မမြင်ခဲ့ကြကြောင်း။ အင်္ဂလိပ် စစ်သေနာပတိက မြန်မာအစိုးရနှင့် ဗမာမိတ်စာချုပ် အသစ်ချုပ်ပြီးလျှင် လက်အောက်ခံဘုရင်အုပ်ချုပ်ရေးစနစ် ဆက်လက်ထားမယောင်ယောင် (သူတို့ဘက်က) ထင်မြင်ကာအလျော့ပေး၊ လက်နက်ချခဲ့ကြကြောင်း ဟု၍ဖြစ်လေသည်။ "အိန္ဒိယဘုရင်ခံချုပ်ဖြစ်သူ လတ်မင်းကြီး ဒပ်ဖရင်" သည်လည်း
(အောက်ခြေမှတ်ချက်)
83. Paul Ambrose Bigandet, An Outline of the History of the Catholic Burmese Mission from the Year 1720 to 1887 (Rangoon, 1887), pp. 74–76.
84. Grattan Geary.
85. Grattan Geary, Burma after the Conquest (London, 1886), pp. 60–61; pp. 214–218.
86. Marquess of Dufferin & Ava.
၂၈၈
အထက်မြန်မာနိုင်ငံကို အေဒီ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် လုံးဝ သိမ်းပိုက်ကြောင်း ကြေညာခဲ့လေသည်။ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ရာတွင် ဗြိတိသျှတပ်သည် သက်သေသက္ကာယမရှိပဲ ထင်ကြေးနှင့် မြန်မာအများကို ပစ်သတ် သုတ်သင်ခဲ့လေသည်။ မြန်မာ့ဘက်က လက်နက်ကိုင် တော်လှန်ရေးလည်းစလေသည်။ သို့ရာတွင် ညီညီညွတ်ညွတ်မရှိ၊ ပြည်သူများကို မစည်းရုံးတတ်သဖြင့် အရေးနိမ့်ခဲ့လေသည်။ မြန်မာနိုင်ငံသည်လည်း အေဒီ ၁၈၈၆ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ မဟာဝန်ရှင်တော်မင်းကြီး၊ ဒုတိယဘုရင်ခံ၊ ဘုရင်ခံအစရှိသူ အုပ်ချုပ်ခံကာ ကိုလိုနီဘဝတွင် နေခဲ့ရလေသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌လည်း ဂျပန်ဩဇာနှင့်မလွတ်ပဲ နေရသည်။ အေဒီ ၁၉၄၈ ခုနှစ်တွင်းမှ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာတိုင်းရင်းသားအသီးသီး၏ လှုပ်ရှားစွမ်းဆောင်မှုဖြင့် လွတ်လပ်ရေး ပြန်လည်ရရှိလေတော့သည်။
နိုင်ငံရေး၊ စီးပွားရေး အပိုင်းကဏ္ဍကို ရပ်နား၍ နိုင်ငံခြားသားများ မြင်ခဲ့သောဓလေ့ထုံးစံနှင့် အနုပညာအပိုင်း ကဏ္ဍကိုအဖော်ပြပါအံ့။
မာကိုပိုလိုသည် မြန်မာမြို့တော် (ပုဂံ) တွင် ဘုရားပုထိုးပေါလှကြောင်း စာရေးခဲ့သဖြင့် တိုင်းရင်းသား အများစသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း သိသာနိုင်လေသည်။ ထို့အတူ ပုဂံထံကလည်း ကိုယ်လုံးပြည့်ရွှေရောင်ဝင်းနေသော ရွှေတိဂုံစေတီသို့ ဘုရားဖူး အများအပြား လာကြကြောင်း၊ ဘုန်းကြီးရဟန်း သီတင်းသုံးရာ ကျောင်းနှင့် ဘုရားပုထိုးများ တည်ရှိရာစရပ်ရှိကြောင်း၊ ထိုနေရာသည် အသာယာဆုံးသောနေရာဖြစ်ကြောင်း၊ မြန်မာများသည် စေတီပုထိုးကို သဒ္ဓါကြည်ညိုစိတ်ဖြင့် ရွှေချလှူဒါန်းတတ်ကြောင်းလည်း ရေးခဲ့လေသည်။
ဘာသာသာသနာကြည်ညိုမှုမှတဆင့် လူမှုရေးဘက်သို့ပြောင်း၍ကြည့်လိုက်သော် မြန်မာတိုင်းရင်းသားများသည် အရာရာ၌ စေတနာသဒ္ဓါတရား အားကြီးသည်ဟု ဆိုရန်ရှိလေသည်။ အိမ်ထောင်စု၌ အကူအညီလိုလျှင် အခြားအိမ်ထောင်များက ကူညီရန် ဝန်မလေး။ အိမ်ဥပစာသို့ ဝင်လာ၍တောင်းရမ်း အလှူခံသူသည် လက်ချည်းမပြန်ရ။ လူတွေကလည်း ပေးကမ်းစွန့်ကြဲတတ်သည် တည်းခိုရာကျောင်း စရပ်တွေကလည်းပေါလှ
(အောက်ခြေမှတ်ချက်)
87. Purchas, X, 192.
၂၈၉
သည်ဖြစ်ရာ ခရီးသည် တဦးတယောက်သည် နိုင်ငံအနှံ့တွင် ပိုက်ဆံမကုန်ပဲ ခရီးသွား၍ရလေသည်။ ဤသို့ မယ်လကွန်က မြင်ခဲ့လေသည်။
မဏ္ဍပ်ကနားထိုး၍ အလှူအတန်း လုပ်ခြင်းသည်လည်း အထက်ပါစေတနာမှ ပေါက်ဖွားလာခဲ့သောအမှု ဖြစ်လေသည်။ အလှူလုပ်လျှင် ဖိတ်စာကြီးကြီးကျယ်ကျယ် ပို့စရာမလို။ လက်ဖက်ထုပ် ချွန်ချွန်ကလေး တွေကို အိမ်ပေါက်စေ့ ဝေငှလိုက်လျှင် အလှူဖိတ်ပြီးသားဖြစ်လေသည်။ တနည်းအားဖြင့် လက်ဖက်ထုပ်ထိုးသည်ဟု ခေါ်သည်။ လက်ဖက်ထုပ်ထိုးသည့်အကျင့်ကို အေဒီ ၁၈၆၆ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ၌ မဟာဝန်ရှင်တော်မင်းကြီးလုပ်ကိုင်သွားသော အယ်လတ်ဖိလ်က တွေ့ကြုံခဲ့ဖူးလေသည်။ အလှူလုပ်သည်ဆိုလျှင် ပွဲသွင်းခြင်းသည်လည်း လုပ်ရိုးလုပ်စဉ်ပါပေ။
ပွဲသဘင်ကိစ္စကို အနည်းငယ်ချဲ့ရပါဦးမည်။ ကုန်းဘောင်ခေတ်မြန်မာ သဘင်တွင် စင်ထိုး၍ ကသောပွဲများရှိသကဲ့သို့ လူပါဝင်သော မြေဝိုင်းပန်းပင် လူပျိုပွဲလည်းရှိလေသည်။ ထိုပွဲသဘင်တွင် ပုရာဏရီဇာတ်၊ ကောလိယဇာတ်၊ မောင်ပေါက်ကျိုင်းဇာတ်၊ ခိုသားငါးရာဇာတ်၊ ရာမဇာတ်အစရှိဖြင့် ဇာတ်နိပါတ်နှင့် ထိုးဇာတ်များ ကတတ်ကြလေသည်။ ထို့ပြင် ဇာတ်သမား၊ ဇာတ်သမီးတို့၏ အဆိုနှင့် အပြောကို စောင်း၊ ကြိုး၊ သုံးချောင်း၊ တယော၊ နှဲ၊ ကြေးဝိုင်း၊ မိကျောင်းပတ္တလား၊ ညည်း၊ မောင်း၊ ပတ်မကြီး၊ ပုံတို့သည် တူရိယာများဖြင့် ပံ့ပိုးဖြည့်ဆည်းထားလေ့ရှိ မြိုင်မြိုင်ဆိုင်ဆိုင်လည်းရှိလေသည်။ ထိုဇာတ်သဘင် ပွဲများသည် လူကြီးလူငယ်မရွေး အစွဲအကြည်နိုင်သော ကြည့်ချင်ပွဲများ ဖြစ်ကြတော့သည်။ ရံဖန်ရံခါ ဧည့်သည်တဦးတယောက်အတွက် ပြုလုပ်သော သီးသန့်ပွဲလည်း ရှိပါသေး၏။ စပ်မိ၍ဖော်ပြရလျှင် သံအမတ် ဆိုင်းကို ပဲခူးမြို့ဝန်က ရာမ (မြေဝိုင်းဇာတ်) ပွဲ၊ ရုပ်သေးပွဲဖြင့် ဧည့်ခံခဲ့ဖူးလေသည်။
(အောက်ခြေမှတ်ချက်)
88. Malcom, I, 221.
89. Albert Fytche, Burma Past and Present (London, 1878), II, 65.
90. Clement Williams, Through Burmah to Western China Being Notes of a Journey in 1863 (Edinburgh, 1868), pp. 133–138; pp. 205–215.
91. Symes, II, 401–403. And Malcom, I, 241–242.
92. Symes, II, 43–49.
၂၉၀
ဤသို့ဖြင့် မြန်မာတို့သည် အလှူအတန်း အပေးအကမ်းတွင် ရက်ရောသည်။ လောဘမကြီး။ ထိုအခါ အနေအထိုင်မှာလည်း ရိုးသားကြလေသည်။ ကာလ၊ ဒေသ၊ ပယောဂနှင့်လည်း ညီညွတ်လေသည်။ သူတို့ဝတ်စား ဆင်ယင်ပုံနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံကို ကြည့်ပါလေ။
သာမန် ယောက်ျားသည် ပုဆိုးခါးပုံထိုးနှင့်သာ အနေများလေသည်။ ကိုယ်ခန္ဓာအပေါ်ပိုင်းတွင် တဗင် အဝတ်အစားမလို။ ပုဆိုးစကို ပခုံးတင်လိုက်လျှင် လုံလောက်သည်။ ရံဖန်ရံခါ အလုပ်ကြမ်း လုပ်စရာရှိလျှင် ပုဆိုးအောက်ပိုင်းကျိုက်၍ လုပ်တတ်သည်။ ထိုအခါ ပေါင်နှစ်ဖက်တွင် ထိုးကွင်းမင်ကြောင်ကို မြင်နိုင်လေသည်။ ထိုခေတ်အခါက ပေါင်တွင် ထိုးကွင်း မင်မလဲ့လဲ့ပေါ် နေခြင်းကို လှသည်ဟု အများက အယူရှိကြလေသည်။ ထိုးကွင်းမင်ကြောင် ထိုးသော အလေ့ကိုလည်း ၁၇ ရာစုတွင် မြန်မာဒေသသို့ ရောက်လာသော နိက္ကိုလိုဒီကွန်တီက မမြတ်နိုးခဲ့ပေသော်လည်း တရုရီသည် မြန်မာ ယောက်ျားသည် အမြဲတမ်း ဤသို့ မနေပါ။ အလှူအတန်း အခမ်းအနားသို့ သွားစရာရှိလျှင် သူဂုဏ်သိက္ခာ အလျောက် ဝတ်စားဆင်ယင် တတ်လေသည်။ ထိပ်လယ်မှာ သျှောင်ထုံး၍ ပုဝါပတ်သည်။ နားတောင်းမီးတွင်း သော်လည်းကောင်း၊ ရွှေပေရွက် သော်လည်းကောင်း နားတွင်ဆင်သည်။ မျက်ခွံကို ဆေးခြယ်သည်။ (အထူး သဖြင့် ကုန်းဘောင်ခေတ် ပထမပိုင်းတွင်) ပင်နီပိတ်ချော၊ ကတ္တီပါစသည်ဖြင့် အင်္ကျီနားကျပ်ဝတ်သည်။
တဖန် သာမန် မိန်းမသည် ထမီရင်ရှားနှင့်သာ အနေများလေသည်။ သို့ရာတွင် သွားစရာ လာစရာရှိလျှင် ဂုဏ်သိက္ခာအလျောက် ဆံပင်နောက်တွဲထုံး၍ ပန်းပန်သည်။ နားတောင်းမီးတွင်း သော်လည်းကောင်း၊ ရွှေပေရွက်ကို သော်လည်းကောင်း နားတွင် ဆင်သည်။ မျက်နှာကို သနပ်ခါးလိမ်း၊ မျက်ခွံကို ဆေးခြယ်၊ လက်သည်းခြေသည်း အနီရောင် ဆိုးသည်။ အဝတ်အစားတွင် (ကုန်းဘောင်ခေတ် ပထမပိုင်းမှာ) ရင်စည်းခံ၍ချည်ပိုးစသည်ဖြင့် အင်္ကျီဖားလျားလျား လက်ကျပ်ကျပ်ဝတ်သည်။ ပုဝါကို ပခုံးသိုင်းခြုံသည်။ ထို့နောက် လမ်းလျှောက်သည့်အခါ ထမီကို ချုပ်ရိုးသိထားခြင်း မရှိ၍ ပေါင်တစ်ခြမ်းလစ်လျက် ပျံးပျံးရှိလေသည်။
၂၉၁
ယောက်ျားအတွက်ရော မိန်းမအတွက်ပါ တူထူးခြားသည်မှာ သွားကို အနက်ဆိုးထားတတ်ခြင်း ဖြစ်လေသည်။ အနက်ဆိုးမှာ ကျောက်ချဉ်ကို ဖြစ်စေ၊ ဟင်းရွက်ချဉ်ရည်ကိုဖြစ်စေ ပထမတွင် ကြာကြာဝါးရသည်။ ထို့နောက် ဆီ၊ ကြပ်ခိုးစသည်တို့ကို ဖျော်၍ သံပုရာခွံ သွားတွင် ခိုင်နေအောင် ကပ်ရလေသည်။ ဤသည် သံတမန်ဆိုင်းနှင့် သာသနာပြု မယ်လက္ကမ်တို့ မြင်ခဲ့သည့်အတိုင်း ဖော်ပြခြင်းဖြစ်လေသည်။
တဖန် မြန်မာ ယောက်ျားနှင့် မြန်မာ မိန်းမတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို ယခု ကြည့်ကြရဦးမည်။ ထိုအကြောင်းနှင့် စပ်၍ အပြည့်စုံဆုံး ဖော်ပြသူမှာ ကိုလိုနီခေတ်က ရာဇဝတ်ဝန် အဖြစ် စေလွှတ်ခြင်းခံခဲ့ရသော ဂျော့အော်ဝဲလ် ပင် ဖြစ်လေသည်။ ထိုပုဂ္ဂိုလ် ဖော်ပြသော အချက်အလက်သည် ရှေးခေတ် မြန်မာများအတွက်လည်း အကျိုးဝင်နိုင်စရာရှိ၏ဟု ထင်မိလေသည်။ ဂျော့အော်ဝဲလ်၏ အဆိုတွင် မြန်မာလူမျိုးကိုယ်နံ့သည် မဆိုးပါ။ ဥရောပတိုက်သားများထက် အသားအရေချောမွေ့၍ တင်းတင်းရင်းရင်း ရှိလေသည်။ အသက် ၄၀ လောက်အထိ အရေမတွန့်တတ်။ အမွေးအမျှင်လည်း မထူထပ်၊ မျက်နှာဖြူများကဲ့သို့ ခေါင်းမပြောင်လွယ်။ စိုပြေလှသည့်အခါတွင်လည်း မျက်နှာဖြူတို့ကဲ့သို့ပူ၍ ပန်းရောင်မဟုတ်ပဲ အဝါဘက်သို့ဖောက်ပြေပြစ်ပုံနူးညံ့သည်ဟု ယူဆခဲ့ကြပါသည်။
ရှေးက စကားစကို ပြန်ကောက်ရဦးမည်။ မြန်မာ လူမျိုးသည် အစားအစား ရိုး၍ ရှင်းလေသည်။ လောဘ နည်းလေသည်။ သူတို့သည် ကမ္ဘာမြေပြင်ကို အလုပ်ရုံအဖြစ် ပြောင်းလဲလိုစိတ်မထား၊ အငြိမ် မနေတတ်၍ တခုခုကို စွတ်လုပ်နေခြင်းမျိုး မင်းသည်။ သူတို့ အဖို့ နှစ်ရက်အလုပ်လုပ်လျှင် သုံးရက်စားလောက်သည်ဟု ဖိုက်က ဆိုလေသည်။ ထို့ကြောင့် သူတို့၏ ဘဝသည် မရှိမရှား ဘဝဟု ဆိုနိုင်လေသည်။
သို့ရာတွင် လုပ်ကိုင်စရာ ကိစ္စပေါ်လာလျှင် ဇွဲမလျှော့တတ်။ လူထုဝေးနှင့် လုပ်ကိုင်ရလျှင်လည်း ညီညီညွတ်ညွတ်နှင့် လုပ်ကြ၊ သည်းခံကြ၊
(အောက်ခြေမှတ်ချက်)
93. Purchas, XI, 397.
94. Symes, II, 343–348. And Malcom, I, 213–217.
95. George Orwell.
96. George Orwell, The Road to Wigan Pier (London, 1963), pp. 124–125.
97. Fytche, II, 67–68.
၂၉၂
တဦးကို တဦး ပံ့ပိုးတတ်ကြလေသည်။ သာဓကမှာ မြန်မာနိုင်ငံသို့ မယ်လက္ကမ်လာစဉ်က အတွေ့အကြုံ ဖြစ်လေသည်။ မယ်လက္ကမ်သည် အီရဝတီမြစ်သို့ လှေဖြင့် ဆန်တက်ရလေသည်။ ထိုအခါ လှေသမား တို့သည် ရေဆန်ကို ထိုးဝါးထိုး၍ တက်သည့် အခါဝယ် သောင်တင်သည့်အခါ ရေထဲဆင်း၍ တွန်းသည့်အခါထွန်း၊ လှေသွားအောင် ကြိုးနှင့် ဆွဲသည့်အခါ ဆွဲရသည့်အခါ ညည်းညည်းညူညူမရှိ။ "ရန်မဖြစ်" လိုသလို ရေထဲဆင်းလိုက် လှေပေါ် ကုန်းပေါ်တက်၍ အလုပ်လုပ်လိုက်နှင့် လျင် လျင် မြန်မြန် ရှိကြပေသည်။ မယ်လက္ကမ်လည်း မြင်ခဲ့သည့်အတိုင်း မှတ်တမ်းတင်ခဲ့လေသည်။
အလုပ်အားလျှင်ကား ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်ကြသည်မှာ မြန်မာ့ ဝါသနာပင် ဖြစ်လေသည်။ သူတို့အဝတ်အစားရောင်းကြုံ၍၊ ကဆုန်ညောင်ရေသွန်းပွဲ၊ ဝါကျွတ်မီးထွန်းပွဲ၊ နတ်တော်ပြာသိုယမန်နန်းသုံးပွဲ စသည်ဖြင့် ပျော်ရွှင်စရာ ရာသီပွဲတွေကလည်း လစဉ် ရှိလေသည်။ ထိုပွဲများတွင် မိန်းမယောက်ျားမရွေး ပါဝင်ပျော်ရွှင်နိုင်ကြလေသည်။
ရာသီပွဲတွေ အထဲမှာ သံတမန်ဆိုင်း ကြုံခဲ့ရသော သင်္ကြန် ရေကစားပွဲ အကြောင်းကို ရေးပြရပေဦးမည်။ ထိုပွဲသည် မင်းစိုးရာဇာနှင့်သာ သက်ဆိုင်သော်လည်း အခြေခံ သဘောမှာမူ ရပ်ထဲရွာထဲတွင် ဆင်နွှဲသော သင်္ကြန်နှင့် မခြားမနား ဖြစ်လေသည်။
ကောက်နှုတ်ဖော်ပြပါအံ့။
နှစ်ဟောင်းမှ အညစ်အကြေးများ စင်ကြယ်စေရန်၊ နှစ်သစ်တွင် အညစ်အကြေးမတင်စေရန် သဘော အဓိပ္ပာယ်ယူ၍ ဤနေ့တွင် မိန်းမများသည် တွေ့သမျှ ယောက်ျားတွေကို ရေပက်ကစားကြလေသည်။ ထို့အတူ ယောက်ျားများကလည်း သူတို့ကို ရေပြန်ပက်ခွင့် ရှိလေသည်။ ဤသို့ ရေကစားသည့် အလေ့အလာသည် အထူးသဖြင့် မိန်းမပျိုကလေးများအတွက် ပျော်စရာ အခွင့်အခါကြီး ဖြစ်နေလေသည်။ သူတို့သည် ရေပြတ် တုတ်တုတ်ထွေး၊ ရေခွက်တွေ ကိုယ်စီကိုင်ကာ လမ်းပေါ်တွင် လာသမျှယောက်ျား
၂၉၃
တွေကို ဝိုင်း၍ ရေပက်နေကြလေသည်။ သူတို့ကလည်း အပျော်ရွှင်ဆုံး စိတ်ဖြင့် ရေပက်ခံကြလေသည်။
ဤအခါမျိုးတွင် မကောင်းသော အကျင့်အကြံများမရှိ။ ရေပက်ရာတွင် ညစ်ညမ်းသော ရေကို မသုံး။ ဘယ်ယောက်ျားကမှ မိန်းမကို ကိုယ်ထိလက်ရောက် ကိုင်တွယ်ခြင်း မပြုရ။ မိန်းမဝတ်၍ ရေပက်လျှင် ယောက်ျားသည် ကြိုက်သလောက် ရေပက်ကစား နိုင်လေသည်။
နေဗဝင်မီ တနာရီခန့်အချိန်တွင် ကျွန်တော်တို့သည် မြို့ဝန်၏ အိမ်သို့ သွားကြလေသည်။ ဝန်ကတော်သည်လည်း ရေပက်ရန်အတွက် အဆင်သင့် စီစဉ်ထားလေသည်။ ခန်းမ ဆောင်ထဲတွင် ရေအပြည့် ထည့်ထားသော ကြေးအိုးကြီး သုံးလုံးနှင့် ရေဖလားများ၊ ရေမှုတ်များ ရှိနေလေသည်။ အခန်းတွင်းသို့ ကျွန်တော်တို့ ဝင်လိုက်သည်နှင့် နှင်းရေတူရေစိုရလေသည်။ ထို့နောက် ဗူးထဲမှ နှင်းရေနည်းနည်းကို မြို့ဝန်၏ လက်ဝါးသို့ ထည့်ပေးလိုက်ရသည်။ မြို့ဝန်သည်လည်း သပ်ရပ်ချော အင်္ကျီအိတ်ပေါ်တွင် ဆွတ်လိပ်လေသည်။
ဝန်ကတော်သည် အပေါက်တွင် ပေါ်လာ၍ သုရေကစားမည် မဟုတ်ဟု ပြောလေသည်။ သို့ရာတွင် အထိန်းလက်မှ မလွတ် တတ်သေးသော သမီးချော အကြီးမလေးအား ပစ္စကုနှင့် ရေထားသော နှင်းရေကို ရွှေခွက်နှင့်ယူ၍ သယမင်းနှင့် ကျွန်တော်တို့ကို ဒုတိယ ရေလောင်း စေလေသည်။
ဤသည် ရေကစားရန် အချက်ပေးလိုက်ခြင်း ပေတည်း။ ကျွန်တော်တို့ကလည်း အောက်ခံအင်္ကျီကို ပိတ်စကတ် ဝတ်ကာ အဆင်သင့် လုပ်ထားခဲ့ပါပြီ။ အတွင်းဆောင်ထဲမှ မိန်းမပျို ၂၀ ခန့် ပြေးထွက်လာကာ ကျွန်တော်တို့ကို ဝိုင်းပါလေသည်။ ရွဲရွဲစိုအောင် ရေခလုတ်မ်း ပက်ပါတော့သည်။ ကျွန်တော်တို့မှာ ယောက်ျားလေးယောက်သာဖြစ်ရာ သူတို့နှင့် အင်အားချင်း မျပိုင်ရှိနေလေသည်။ မြို့ဝန်ကြီးမှာလည်း မကြာမီ ဆုတ်ခွာ ရလေပြီ။
(အောက်ခြေမှတ်ချက်)
98. Malcom, I, 37–38.
၂၉၄
ကျွန်တော်တို့မှာမူ ရေအိုးကြီးထု အပိုင်စီးထားသဖြင့် ရေကုန်သည်တိုင်အောင် ပြန်လှန် စစ်ထိုး နိုင်ခဲ့လေသည်။
ကျွန်တော်တို့မှာ မျက်နှာချွေးမွမ်းမတတ်ဖြစ်နေသည်ကို သူတို့ ကြည့်၍ ပျော်မြူးနေကြလေသည်။ လူတိုင်းလည်း ရွဲရွဲ စိုနေပြီ ဖြစ်ရာ အဝတ်အစားလဲရန် ကျွန်တော်တို့ အိမ်ပြန်ကြလေသည်။ ထိုအခါ လမ်းတလျှောက်တွင် တွေ့ရသော အပျိုကလေးများက ရေ လောင်းချင်စိတ်ရှိနေသေးဟန် တူလေသည်။ သို့ရာတွင် ကျွန်တော် တို့ လူမျိုးခြားတွေဘက်က လိုလားဟန် မပြပဲနှင့် သူတို့က ရေစ ပက်ရမည်ကို ရှုံ့တွတွနှင့် ဖြစ်နေကြလေသည်။
အလျဉ်းသင့်၍ မိန်းမများအကြောင်းကို စကားချပ်ရဦးမည်။ မိန်းမ သည် ယောက်ျားထက် အဆင့်အတန်းနိမ့်သည်ဟူ၍ အစဉ်အလာက အပြောအဆိုခံခဲ့ရလေသည်။ သို့ရာတွင် မြန်မာမသည် အခြားအရှေ့တိုင်းသူ များကဲ့သို့ အိမ်တွင်းပုန်းမဟုတ်။ အနေအအစား မကျပ်ကျည်း။ ဓမ္မသတ်များ အရ အမွေ၊ အိမ်ထောင်၊ အခွင့်အရေးလည်း ရရှိလေသည်။ ထိုအခါ ဆက်ဆံရေး ပွင့်လင်းရဲရင့်လေသည်။ ယောက်ျားနှင့်ဘဝခရီးဖော် ဖြစ်လေသည်။ စီးပွားရေးတွင်လည်း တက်တက်ကြွကြွ ရှေ့ကနေဆောင် ရွက်တတ်ကြလေသည်။ တဖန် မင်းစိုးရာဇာအဆင့်မှ အောက်ဆုံးတန်း အထိ အိမ်တိုင်းတွင် ယက္ကန်းစင်ထား၍ ရက်လုပ် ဝီရိယထုတ်ကြ ပေသည်။ ဤအကြောင်းကို အေဒီ ၁၇၉၅ ခုနှစ်တွင် သံတမန်အဖြစ် လာသောဆိုင်းနှင့် အေဒီ ၁၈၆၆ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီးလုပ်သော ဖိုက်တို့က အေဒီ ၁၈၇၆ ခုနှစ်တွင် ပြည်သိမ်းခံခဲ့ရပြီးသော လတ်မင်းကြီးဒပ်ဖရင်ကတော် အလယ်၊ အေဒီ ၁၉၀၆ ခုနှစ်တွင် ရန်ကုန်သို့ ဝင်လာသော အိန္ဒိယစာဆိုကြီး ရာဗင်ဒြာနတ်တဂိုး အဆုံး၊ ဝန်ခံပြောဆိုခဲ့ကြလေသည်။
၂၉၅
မိန်းမနှင့်ယောက်ျား ဆက်ဆံရေး မက္ကုလုသကဲ့သို့ လွတ်လပ်စားခြင်း အဆင့်အတန်းမကွာလှ၊ ဆက်ဆံရေးမဆိုးလှဟု နိုင်ငံခြားသားများက မြင်ကြလေသည်။ သို့ရာတွင် ချွတ်ယွင်းချက်ကိုလည်း ထောက်ပြကြလေသည်။
မင်းစိုးရာဇာမှလွဲ၍ မြန်မာနိုင်ငံတွင် လူတန်းစားအဆင့်ချင်း မကွာလှ။ အိမ်တွင် အပေါင်းထားသော ကျွန်၊ စစ်သုံ့ပန်းအဖြစ် ရထားသောကျွန်ပင် ဖြစ်စေကာမူ အိမ်ရှင်များက နှိပ်စက်ခြင်းမရှိ။ အမှုန်ဆိုလျှင် အိမ်ရှင်များနှင့်အတူ ထမင်းတဝိုင်းထဲ စားရတတ်လေသည်။ ရံဖန်ရံခါ ကျွန်သည် အိမ်ရှင်၏သားသမီးကဲ့သို့ပင် ဖြစ်သွားတတ်သည်ဟု ဘုန်းကြီးဆန်ဂါမေနိုက ဆိုခဲ့ လေသည်။ တခုရှိသည်မှာ လောကုတ္တရာနှင့် ဘုရားကျောင်းကန်ကား ကြည့်ထားသောအလေ့ ရှိသည်။
ထို့ပြင် အရေးပိုင်လုပ်သွားခဲ့သော ဗိုလ်ကြီးဖိုးဗော့ဖတ်အက်ဖော့နှင့် သာသနာပြုမယ်လက္ကမ်တို့ ထောက်ပြသော အုပ်ချုပ်ရေးဆိုင်ရာ ချွတ်ယွင်းချက်ကို ဖော်ပြရဦးမည်။ မြန်မာအုပ်ချုပ်ရေးသည် အေဒီ ၁၈၈၅ ခု နှစ်အထိ အသက်ဦးဆံပိုင် ဘုရင်စနစ်ဖြစ်ချေသည်။ ထို့ကြောင့် မင်း၏ အာဏာစက်သည် အလွန်ထက်လေသည်။ မင်းကောင်းလျှင် ပြည်သူတို့ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၍ မင်းဆိုးလျှင် ပြည်သူတို့ ကိုယ်ရောစိတ်ပါ ပင်ပန်းတတ်ကြလေသည်။
သာဓကပေးရလျှင် စစ်ကိုင်းမင်း၏ မိဖုရားခေါင်ကြီး ငယ်မည်မှာ မယ်နု ဖြစ်လေသည်။ မိဖုရားခေါင်ကြီးသည် အလွန်အစားထက်လေသည်။ ထိုအခါ "နု" ဆိုသောစကားဝေါဟာရကို ပြည်သူများမသုံးရ။ သစ်ရွက်နု (ဝါ) မန်ကျည်းရွက်နုဟု ဆိုမည့်အစား မကျည်းရွက်ထွတ်ဟူ၍ ပြောဆိုရသော အဖြစ်မျိုးကို ဗိုလ်ကြီးဖောက်ပတ်က ကြားဖူးလေသည်။
ဗဟိုအုပ်ချုပ်ရေးမှစ၍ ကွဲပြားသော အုပ်ချုပ်ရေးကလည်း ဆင့်ကဲဆင့်ကဲ အာဏာပြချင်တတ်ကြလေသည်။ "နောက်လာတဲ့မောင်ပုလဲဒိုင်း ဝန်ထက် ကဲ" ဆိုသောစကားပုံသည် အရာရှိတိုးပြီးတိုင်း မကောင်းပုံကို ပို၍ထင်
(အောက်ခြေမှတ်ချက်)
104. Sangermano, p. 126.
105. C.J.F.S. Forbes.
106. C.J.F.S. Forbes, British Burma and its People (London, 1878), p. 162-163.
၂၉၆
ရှားစေသော သာဓကဖြစ်လေသည်။ ဤတွင် ဒိုင်းဝန်အကြောင်း ဇာတ်မြစ်ကို မြတ်ဘက်သို့ မယ်လက္ကမ်ရောက်ရင်း ကြားခဲ့ရလေသည်။ မြတ်ဘက်တွင် ဒိုင်းဝန်ဆိုသူမှာ ယိုးဒယားရန်ကို ခုခံကာကွယ်သောတာဝန်ကို ယူနေရ၏။ သူသည် နယ်ရှိလူအများပေါ် အကပ်အညှပ် ပြင်းထန်လှလေသည်။ လူအများအဖို့ သူ့အောက်တွင် နေရသည်မှာ ငရဲပြည်မှာနှင့် မခြားမနား ဖြစ်သည်။ ထိုအခါ နယ်မှ လူလေးငါးသောင်းသည် အခြားသို့ ပြေးဝင်ခိုအောင်း ကြရလေသည်ဟု ဆို၏။
ခုတဖန် သံတမန်ဆိုင်း၏အဆိုကို ဖော်ပြရဦးမည်။
မြန်မာသည် အချို့နေရာတွင် ရက်စက်၍ အချို့နေရာတွင် ကြင်နာယဉ်ကျေးသည်။ ရန်သူများအပေါ် အလွန်ရက်စက်တတ်သည်။ နိုင်ငံကို ဝင်ရောက်သိမ်းပိုက်သည့်အခါ ယောက်ျား မိန်းမမရွေး မညှာတာ။ မိမိတို့တိုင်းပြည်၌ကား စရိုက်တမျိုး ဖြစ်သည်။ ကြင်နာတတ်သည်။ အသက်ကြီးသူ အဆင့်မြင့်သူ များကို အစဉ်သဖြင့် ဂုဏ်သရေရှိစွာ ဆက်ဆံသည်။ မိဘဝတ္တရား၊ မိတ်ဆွေဝတ္တရား၊ သခင်နှင့် ကျွန်ဝတ္တရားတို့ကို အလေးအမြတ်ထားသည်။
ဘယ်အရာမဆို အကောင်းနှင့်အဆိုး ဒွန်တွဲနေတတ်သည်မှာ ဓမ္မသတာပင်။ အုပ်ချုပ်ရေးပိုင်းနှင့် ကိုယ်ရေး အကျင့်စာရိတ္တပိုင်းတွင် အကောင်းဘက်သို့ ရှေးရှုသော အကြောင်းအချက်များကို ထပ်မံဖြည့်စွက်ရရှိလေသည်။
အချက်တခုမှာ ဗဟိုအုပ်ချုပ်ရေးသည် မင်းနှင့်နီး၍ အပြစ်အနာအဆာ ရှိတတ်သော်လည်း နေပြည်တော်နှင့်ဝေးသည့် ကျေးရွာအုပ်ချုပ်ရေးသည် ပြည်သူများနှင့် နီးစပ်နေသော အဖြစ်ပေတည်း။ မူးမတ်တို့မှာ မင်း၏အလိုကျ ခန့်အပ်ခံရသူများဖြစ်သည်။ ကျေးရွာသူကြီးတို့မှာမူ ထိုအရပ်သားပင်ဖြစ်၍ မိဘရိုးရာဆက်ခံ၍ မိမိကျေးရွာကို အုပ်ချုပ်ရသူများဖြစ်သည်။ ထိုအခါ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီအောင် ညှိနှိုင်းတတ်ရလေသည်။
ဒုတိယအချက်မှာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ရာဇဝင်၊ ဓမ္မသတ်၊ ပိဋကတ်စာပေ၊ မြန်မာရသစာပေများပင် ဖြစ်လေသည်။ ထိုစာ
၂၉၇
များသည် လူတို့၏ ထိန်းမတ်ပြုပြင်သည်။ နှလုံးသားစေသည်။ ထိုစာများကို ဘုန်းကြီးသင်္ဂဟိတောအစ ဆရာကျောအထိ အဆုံး ဟုဂ်လင်အသီးသီးက တွေ့မြင်ကြားသိခဲ့ကြဖူးလေသည်။ ဤနေရာတွင် မြန်မာရာဇဝင် အရေးအသားနှင့်ပတ်၍ စကားချပ်ရဦးမည်။ မြန်မာရာဇဝင်ကျမ်းများသည် ရှေးဆန်ကာ အဖြစ်မှန်နှင့် ဒဏ္ဍာရီရောပြွမ်းလျက်ရှိပါ၏။ အေဒီ ၁၉၂၅-၂၆ ခုနှစ်က ကမ္ဘာလှည့်ယင်း မြန်မာနိုင်ငံသို့ ဝင်ခဲ့သော စာရေးဆရာအော်ဒပ်ဟပ်စလေသည် မြန်မာရာဇဝင်ဘာသာပြန်ကို ဖတ်မိလေသည်။
ထိုအခါ နေမင်းသားနှင့် နဂါးမ သင့်မြတ်၍ ပြုစောထီးပေါက်ဖွားသည်ဟူသော ရာဇဝင်သမိုင်းအဆိုကို မှန်နန်းရာဇဝင် ပြုစုသူများက ဘုရင့်ဇာတ်တော်တွင် လူမင်းသားနှင့် နဂါးမ ပေါင်းဖော်၍ လုလင်သားပွားသည်ဟူပါသော်လည်း မဟာဝင်တွင် လူမင်းသားနှင့် ခြင်္သေ့ပေါင်းဖော်၍ သီဟဗာဟုဖွားသည် ပါသည်။ ပြုစောထီးသမိုင်းတွင်ကား နေမင်းသားနှင့် နဂါးမ ပေါင်းဖော်သည်ဖြစ်စေ နဂါးဖြစ်စေ၊ နဂါးဖြစ်စေ မွေးဖွားသမျှ ရှိသည်ဟူ၍ အဘယ်သူမုဆိုးကြီးစား ရှာကြံကြရပုံ အရေးအသားကို ဟပ်စလေဖတ်ရှုပြီး ရယ်ခဲ့ဖူးလေသည်။ ဤတွင် မိတ္ထီလာရှိ အမေရိကန် စက်မှုကျောင်း၌ ကျောင်းအုပ်လုပ်ခဲ့သော ဂျေအယ်ခရစ်ရှန်က မြန်မာရာဇဝင်ကျမ်းများတွင် အပေါ်ယံအားဖြင့် ဒဏ္ဍာရီများဖြင့် ပြည့်နေသော်လည်း တကယ်ဖြစ်ရပ်အခြေခံပါ ပါသည်ဟု ပြန်လှန်ချေပခဲ့ဖူးလေသည်။
ဟုတ်ပါ၏။ မြန်မာရာဇဝင်ကျမ်းများသည် မင်းစိုးရာဇာများ၏ အဖြစ်အပျက်ကို မူတည်၍ တရားလက်လွတ် မဖြစ်ကြလေအောင်၊ သံဝေဂရနိုင်လေအောင် အဓိကထား၍ ရေးခဲ့သောကျမ်းများဖြစ်လေသည်။ ရာဇဝင်ကျမ်းများနှင့်အတူ ဘုန်းကြီးသင်္ဂဟိတော ဖော်ပြဖူးသော အဘိဓမ္မာနှင့် (မဏိရတနာပုံ) သည်လည်း ဇာတ်နိပါတ်နှင့် မင်းတို့အဖြစ်အပျက်ဖော်ပြကာ မင်းနှင့်ပြည်သူတို့ကို ဆုံးမသည့်သဘောဖြင့် ရေးခဲ့ခြင်း ဖြစ်လေသည်။
၂၉၈
တဖန် မနုသာရရွှေမျဉ်းဓမ္မသတ် ၁၁၄၊ မနုကျယ်ဓမ္မသတ် ၁၁၅၊ သုဓမ္မစာရီ ဖြတ်ထုံး ၁၁၆ တို့သည် တရားအဆုံးအဖြတ်၌ လမ်းညွှန်ပေးသည့်စာတိုင်ပင် ဖြစ်ပေသည်။ ထိုစာပေတို့ကိုလည်း နောင်တွင် နိုင်ငံခြားသားများက မှီငြမ်းပြုစရာအဖြစ် သုံးခဲ့ကြလေသည်။ ဘာသာရေးစာနှင့် စပ်၍ကား မြန်မာ ပိဋကတ်တိုက်များ၌ အဋ္ဌကထာ၊ ဋီကာများစုံလှပေသည်ဟု မန္တလေးအပျက်တွင် ရောက်လာသော ရုရှားလူမျိုးပါဠိနှင့် သက္ကတပညာရှင် အိုင်ဗီ နယက်က ဆိုခဲ့ဖူးလေသည်။ ၁၁၇ သို့ရာတွင် နိုင်ငံခြားသားများ အသိများ သည်မှာ ဗုဒ္ဓဝင်စာအုပ်များ၊ မင်္ဂလသုတ်ကဲ့သို့သော သုတ္တန်ဒေသနာများ ဖြစ်ကြလေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာလိုက်စားသူများ သိတန်ကောင်း၏ ဟူ၍ မာလာလင်္ကာရဝတ္ထု ၁၁၈၊ တထာဂတဥဒါနဒီပနီ ၁၁၉ တို့ကို မူတည်၍ အချို့က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ကြလေသည်။
အထက်ပါစာများသည် မင်းဧကရာဇ်ပြည်သူပါ လိုက်နာကျင့်သုံးရန် သုတ စာများ ဖြစ်ကြတော့သည်။ ထို့ပြင်ဖျော်ဖြေရေးဆိုင်ရာအမှတ်တရနှင့်သူတို့အတွက် နှလုံးပွားစရာ ရသစာပေတွေ့လည်း ရှိလေသေးသည်။ သူတို့သည် လောက၌ နေထိုင်ယင်း စေတနာပေါ်ကာ ထိုစာပေများကို ဖွဲ့ခဲ့ကြသည်ဟု တွေ့ရ သည်။ သားဧကပေရသော်
ခိုင်းခိုင်းဒဏ်ဒေါင်ဒေါင်၊
ကျပ်ခိုးစင် ငါးကင်ထားတယ်
စားနေကျကြောင့်၊
သည်ကြောင်းမှာ ကြောင်ဗွေကြမ်း၊
ဝိုင်းရံလို့လှမ်း။
ဆိုသော သားချော့တေးရိုးကလေး၊
အောက်ခြေမှတ်စုများ (Page 298):
114. Ibid., p. iii.
115. D. Richardsm, The Damathat or the Laws of Menoo (Moulmein, 1847).
116. Fytche, II, 12.
117. Ivan Pavlovich Minayeff, Travels in and Diaries of India and Burma, trans. Hirendranath Sanyal (Calcutta, n. d.), pp. 146-148.
118. C. Bennett, Life of Gaudama. A Translation from the Burmese Book Entitled Ma-La-Len-Ga-Ra-Wottoo. (1851)
119. Paul Ambrose Bigandet, The Life or Legend of Gaudama. 2nd. ed (London, 1880), I, xv.
စာမျက်နှာ ၂၉၉
စုံကန္တာနေပူကြီးမှာ
ဘယ်ထီးမှမပါ၊
ချစ်တဲ့သူသလူမျိုးနှင့်
မိုးကာလှည့်မောင်
လုံလေအောင်၊
မေတ္တာဘွဲ့ ၁၂၀ တေးရိုးကလေးများမှအစ ရတု ၁၂၁၊ ရကန်၊ ပျို့၊ မော်ကွန်း၊ ဧချင်း ၁၂၂ တို့ နန်းသုံးတော်ဝင်စာအထိ စာများဖြစ်ကြသည်။
ဤတွင် အင်္ဂလိပ်အုပ်ချုပ်ရေးဝန်ထမ်း၊ ရာဇဝတ်ဆရာ၊ ဂျီအီးဟာဗေးက ဤသို့မှတ်ချက်ချခဲ့ဖူးလေသည်။
ပြည်သူတို့၏ တေးကဗျာများတွင် သူတို့၏ ဘဝဖြစ်စဉ်သည် အရိပ်ထင်နေ၏။
တေးကဗျာများတွင် သူတို့၏ အကြင်နာစိတ်၊ ရွှင်လန်းစိတ်၊ အလွမ်းစိတ် စေတနာများသည် တရားဘက်ညွှတ်သည့် သဘော၊ ကြံ့ခိုင်သည့်သဘောတို့နှင့် ရောယှက်ပါဝင်လျက်ရှိသည်။....။
နစ်ရာချီ၍ လောကဓံကို ရင်ဆိုင်ခဲ့ပြီးနောက် ထိုအရည်အသွေးများကို ဆက်လက်သိမ်းထားနိုင်ခြင်းသည် ဤလူမျိုး၏ အမြုတေရှိသည်၊ ခံနိုင်ရည်ရှိသည့် သာဓကပင် ဖြစ်တော့သည်။ ၁၂၃
ဤမျှကား မြန်မာနိုင်ငံရောက် နိုင်ငံခြားသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ ဓလေ့ထုံစံနှင့် ယဉ်ကျေးမှုသုံးသပ်ချက်များ ဖြစ်လေသည်။ ။
အောက်ခြေမှတ်စုများ (Page 299):
120. Forbes, pp. 162-163.
121. Symes, II, 339.
122. Sir James George Scott, The Burman, His Life and Notions (New York, 1963), p. 320.
123. G. E. Harvey, Outline of Burmese History (Bombay, 1947), pp. 184-185.
မှတ်သားဖွယ်ရာများ
တဖန်
ဆန်ဈေးမှာ ၁၅ တင်းလျှင် (ရူပီ) တကျပ်သာ ကျသည်ကိုလည်း
စာမျက်နှာ
၂၅၉
ဗေကာမြင်ခဲ့လေသည်။
ထိုဆန်တွေသည် သူတို့ပိုင်နက်တွေအတွက် အလွန်အသုံးတည့်လေသည်။ အကြောင်းမှာ
ပုသိမ်နယ်တဝိုက်မှ ထွက်သောဆန်သည် မဒရပ်ကမ်းခြေ မိုင် ၂၀ တဝိုက်က လူအားလုံးကို
ထမင်းအဝကျွေးနိုင်သောကြောင့်ပင်။
သဲမြေဆားမြေပေါ၏။
ထို့ကြောင့် ဆားချက်ကြ၊ ထုတ်လုပ်ကြလေသည်။ ထို့ပြင် ယမ်းစိမ်းအကောင်းစား ...
ထွက်လေသည် ...
အကြောင်းမှာ
မင်းစိုးရာဇာမှအစ ဆင်းရဲသားအိမ်အထိ အိမ်တိုင်းတွင် ရက်ကန်းစင်ထား၊
အထည်ရက်လုပ်ကြသောကြောင့် ဖြစ်လေသည်။ အထည် ရက်လုပ်ရေးနှင့်စပ်၍ စောစောပိုင်းကလည်း
အင်္ဂလိပ်များ စိတ်ဝင်စားကြလေသည်။ ဗင်္ဂလားနှင့် မဒရပ်ဘက်တွင်
ဝါကိစ္စအရင်းမြစ်ပြု၍ ချည်ချော
စာမျက်နှာ
(၂၆၂ - ၂၆၃)
လုပ်ကာ
မြန်မာနိုင်ငံသို့ တင်ပို့ရန် အကြံဉာဏ် ပေးသူက ပေးခဲ့ဖူးလေသည်။
သို့ရာတွင်
ဆိုင်းကလည်း တရုတ်နိုင်ငံဘက်သို့ ပို့သည့်အကြောင်းကို ထည့်သွင်းရေးသားခဲ့ပါသည်။
ဝါအပြင် တရုတ်ဘက်သို့ မြန်မာ့ယမ်းစိမ်း၊ ကျောက်ပန်းတောင်းမြေ၊ ဆင်စွယ်၊ ငှက်သိုက်၊
ကွမ်းသီးတို့ကိုလည်း တင်ပို့လေသည်။ ထိုကုန်သည်များသည် ဗန်းမော်၌
တရုတ်ကုန်သည်များနှင့် ကုန်ချင်း အလဲအလှယ် ရှိကြသည်။ တရုတ်ဘက်က ကုန်များကား ပိုး၊
ကတ္တီပါ၊ စက္ကူ၊ ရွှေဆိုင်း၊ သစ်သီးယို၊ ကုန်မာများ ဖြစ်ကြသည်။
ရခိုင်ဘက်မှ
ဆန်၊ ချိပ်စေး၊ ပိုးထည်၊ ဖယောင်း၊ ငပိ၊ ကြေထည်၊ အခြားကုန်မာများ ဝင်လေသည်။
မြန်မာဘက်မှ ငွေ၊ ချိပ်တောင့်၊ ကျောက်မျက်ရတနာထွက်လေသည်။
ဆိုင်းသည်
ဗန်းမော်အနီး တရုတ်နယ်စပ်မှ ဘော်တွင်း၊ ချင်းတွင်းအနီး ကော့ပလာတောင်တဝိုက်မှ နီလာ၊
ပတ္တမြား၊ ရွှေ၊ ငွေ၊ ချောင်းထဲမှပယင်း၊ အောက်အရပ်မှ လှိုင်လှိုင်ကြီးထွက်သော
ဆန်စပါး၊ နိုင်ငံအဝန်းလုံးပေါက်နေသော ကျွန်းသစ်နှင့် အခြားသစ်၊
ရာသီဥတုကောင်းသဖြင့် ပေါပေါရသည့် သစ်သီးဝလံ စသည်တို့အကြောင်းကိုလည်း
သတိပြုခဲ့လေသည်။
တဖန်
အမရပူရမြို့တော်၌ ဆန်တတင်းခွဲလျှင် (ရူပီ) တကျပ်ကျ၍ ရန်ကုန် မုတ္တမဘက်တွင်
လေးငါးတင်းလျှင် တကျပ်ကျပုံ၊ အသပြာအဖြစ် ငွေတုံးနှင့်စပ်ကို အသုံးချပုံကို
ဆိုင်းဖော်ပြရန်မမေ့။
အခြားမဟုတ်ပါ။
မြန်မာ့အုပ်ချုပ်ရေးပိုင်းသည် ဇာတိပုည ဂုဏ်မာန် ထောင်လွှားသည်ဆိုသောအချက်ပင်ပေ။
ပြန်ကောက်ရဦးမည်။
ဗဒုံမင်းနောက်ဆက်ခံသော စစ်ကိုင်းမင်းလက်ထက် အေဒီ ၁၈၂၄-၂၆ ခုနှစ်များတွင်
ရခိုင်နယ်စပ် အရေးနှင့်စပ်၍ အင်္ဂလိပ်နှင့် စစ်ဖြစ်လေသည်။
မြန်မာများအစဉ်အလာက
အောင်နိုင် ကြွားကျယ်ခဲ့သဖြင့် ဘုရင်နှင့်တကွ မှူးမတ်အချို့သည် မိမိတို့၏
အင်အားကို အလွန်အကျွံတွက်လေသည်။ အပြင်လောကကို ကောင်းကောင်းမသိရပုံရ၏။ ခေတ်နှင့်အညီ
ပြောင်းလဲပြုပြင်ရန် ကောင်းကောင်းစိတ်မကူးမိ။ မြဝတီမင်းကြီးဦးစကဲ့သို့
အပြင်လောကကို သတိပြုမိသူ၊ ပညာသင်ယူ၊ ပြည်ထောင်ချင်းနားလည်ရေး ကြိုးပမ်းသူကား
တယောက်ကောင်း နှစ်ယောက်ကောင်းသာ ရှိသကဲ့သို့ ထင်ရသည်။
တဖန်
အနေအထားရိုးသားသော၊ ယဉ်ကျေးမှုထုံးစံ ရှိမြဲသော ပြည်သူတွေကို ဇောတ်ပညာ
ဖြည့်ပေးရမည်။ ပြည်ပ ဗဟုသုတ ရှိစေမည်ဟူသော သဘော၊ အသိပညာနှင့် ပြည့်စုံသည့်
ပြည်သူတွေ ဝိုင်းဝန်းသော နိုင်ငံသာလျှင် အင်အားရှိသည် ဟူသော သဘောကိုလည်း
တာဝန်ရှိသူများက ကောင်းကောင်း မမြင်မိ။
ကျောင်းကန်ဘုရားတွေ၊
ရွှေငွေဖြင့် မွမ်းမံထားသော အသေးအဖွဲပစ္စည်းတွေအတွက် သုံးသောဓနပမာကသည်
တနိုင်ငံလုံးအဖို့ ရေသွယ်မြောင်းတွေ၊ လူသုံးတံတားတွေ၊ နေအိမ်ခိုင်ခိုင်တွေကို
ဖန်တီးနိုင်လေသည်။
သူတို့သည်
လှေဆောက်ခြင်း၊ ပန်းပုထုခြင်း၊ ရွှေချခြင်း၊ တောင်းလုပ်ခြင်း၊ ယက်ကန်းရက်ခြင်း
အလုပ်များတွင် အမေရိကန်သားများကဲ့သို့ စွမ်းဆောင်ကောင်းမွန် ကြပါပေသည်။
မြန်မာနိုင်ငံထွက်
ပစ္စည်းများမှာ ဝါ၊ ကျွန်းသစ်၊ ဆင်စွယ်၊ ပျားဖယောင်း၊ ရှားစေး၊ ချိပ်စောင့်
အတန်အသင့် ဖြစ်လေသည်။ အနည်းငယ်ထွက်သော ပစ္စည်း
၂၆၈
တို့မှာ
ခဲပုပ်၊ ခဲဖြူ၊ ကြေးနီ၊ စိန်၊ ငှက်သိုက်၊ မဲနယ်၊ ဆေးရွက်၊ ပျားရည်၊ မန်ကျည်း၊
ငံပိ၊ ငရုတ်ကောင်း၊ ဆေးဒန်း၊ ပင်လယ်မျော၊ တိန်းညက်၊ ပယင်း၊ ကျောက်သံပတ္တမြား
ဖြစ်ကြသည်။
ထိုအထဲမှ
ကျွန်းသစ်ကို ကာလကတ္တားနှင့် ဗရုဒ်ဘက်သို့ သင်္ဘောတည်ဆောက်ရန်အတွက် လည်းကောင်း၊
ဝါပေါင်ချိန်နှစ်သန်းခန့်ကို အရှေ့ဘက်လား၊ ဒက္ကားဘက်သို့ ချည်ချော
ထုတ်လုပ်ရန်အတွက် လည်းကောင်း ပို့ရလေသည်။
ဤတွင်
တရုတ်နိုင်ငံဘက်သို့ ပို့ရသော ဝါပေါင်ချိန်လေးသန်းခန့် ရှိလေသည်။
မြိတ်ဘက်မှထွက်သော ပင်လယ်မျော၊ ငရုတ်ကောင်း၊ ငှက်သိုက်၊ ထို့နောက် ကွမ်းသီး၊ ဘိန်း
တို့သည်လည်း တရုတ်အကြိုက်ပင် ဖြစ်သည်။ တဖန် ပယင်း၊ ဆင်စွယ်၊ ဆာပစ်တိုင်ကျောက်၊
အင်္ဂလိပ်လုပ် ပစ္စည်းများသည်လည်း တရုတ်ဘက်သို့ ရောက်သေးသည်ပင်။ တရုတ်တို့နှင့်
ကုန်သွယ်ရေးသည် စည်စည်ကားကား ဖြစ်လေသည်။ နှစ်စဉ် ဖေဖော်ဝါရီလနှင့် မတ်လတွင် လူအုပ်
၁၀၀ - ၂၀၀ မှ ၁၀၀၀ အထိ အုပ်ကြီး အုပ်ငယ်နှင့် လားဝန်တင်၊ မြင်းဝန်တင်တွေသည်
အဝမြို့တော်သို့ ဆိုက်လာလေ့ရှိသည်။ ထိုအုပ်တွေကို ချေးကော့ဆောင်၍ လာတတ်သည်။
တရုတ်ဈေးဒိုင်သည် အမရပူရ၏ မြောက်ဘက် ၁၃ မိုင်အကွာ ကသည်းတွေနေသော မင်းတဲ၌ ရှိလေသည်။
ထိုနေရာသည် ဈေးခင်းရန် အလွန်ကျယ်ပြန့်လေသည်။ နွားတွေလည်း မြက်စားနိုင်လေသည်။
တရုတ်များသည် ပိုးမျှင်၊ ဝါ၊ ကတ္တီပါ၊ ကရင်ပိုးတုန်း၊ ကြိုးခွေ၊ အရက်၊ ပျားရည်၊
စက္ကူ၊ ရွှေဆိုင်း၊ လက်ဖက်ခြောက်၊ ဝက်ပေါင်ခြောက်၊ သံအိုးပြား၊ မုန့်အချို့၊
သစ်သီးခြောက်၊ သစ်ကျားသီး၊ သစ်တော်သီး၊ သစ်အယ်သီးတို့ကို သယ်လာကြလေသည်။
ပြည်တွင်း
အရောင်းအဝယ်နှင့် စပ်၍ကား အထက်ဘက်တွင် ရှမ်းတို့သည် အဝသို့ နွားဝန်တင်များနှင့်
လည်းကောင်း၊ ကိုယ်တိုင်ထမ်းပိုး၍ လည်းကောင်း ချိပ်တောင့်၊ အင်္ကျီအနက်၊
ရောင်စုံချည်စ၊ ယွန်းသေတ္တာ၊ မြေပဲ၊ သကြား၊ ခဲ၊ မြင်း တို့ကို ဒီဇင်ဘာလမှ
မတ်လအတွင်း ယူလာကြ၍ ဆား၊ ငါးပိ၊ ငါးခြောက်၊ ကွမ်းသီးကို ပြန်သယ်ကြလေသည်။
တဖန်
မိုးနဲမှ နွားတွေကို အင်္ဂလိပ်တပ်များရှိရာ မော်လမြိုင်သို့ အများ
၂၆၉
အပြား
တင်ပို့လေသည်။ အောက်ဘက်ကမူ ဆား၊ ဆန်၊ ငါးခြောက်၊ ငါးပိနှင့် နိုင်ငံခြား
ကုန်များကို အထက်သို့ပို့၍ ရေနံ၊ ယမ်းစိမ်း၊ စက္ကူ၊ သကြား၊ အထည်၊ မန်ကျည်းတို့ကို
အောက်သို့ယူလေသည်။ အဝယ်အပို့ ကိရိယာများကား လှေနှင့် လည်း ဖြစ်ကြသည်။ ၆၆။
ဤသည်
ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ ရှိနေသော မြန်မာ့ စီးပွားရေး တစိတ်တဒေသ ဖြစ်သည်။
ဘုန်းကြီးဆင်ဂါမနို
ကာဒိနယ်ဘုန်းကြီး
ဆင်ဂါမနို၏ အဆိုကို လေ့လာကြည့်ပေအံ့။
ဦးစအကြောင်းကို
ဒုတိယဖော်ပြသူမှာ ဂျွန်ကရောဖွတ် ၆၉။ ဖြစ်လေသည်။
ဝန်ကြီး
ဦးစကို နောက်ဆုံးတွေ့ခဲ့သော နိုင်ငံခြားသားမှာ အမေရိကန် နှစ်ခြင်းသာသနာပြု ဆရာ
မယ်လကွမ် ဖြစ်လေသည်။
ကျွန်တော်တို့ဝင်ရာတံခါးအနီးတွင်
စစ်တန်းလျားနှင့် အစောင့်တချို့ရှိ၍ ထိုရှေ့တွင် စစ်သား ငါးယောက် တညီတည်းမတ်
၂၇၇
တတ်ရပ်နေကြသည်။
သူတို့သည် ကြေးမောက်တို့...ကို ဆောင်းလေသည်။ ရှေ့အစိမ်းထည့် အနီရောင်အင်္ကျီကို
ဝတ်လေသည်။ ခြေထောက်မှာ ဗလာဖြစ်လေသည်။ သူတို့၏ လက်နက်မှာကား အမဲသားခုတ်သည့်
ဓားနှင့်တူသော ဓားကြီးများ ဖြစ်လေသည်။ ပခုံး၌ ထိုဓားကြီးများ ထမ်းထားသည်ကို
ကြည့်ရသည်မှာ ရယ်စရာလိုလိုပင်ဖြစ်သော်လည်း သူတို့၏ အမူအရာမှာမူ ဆေး ထိုး၍
မှတ်ထားသည်။
အိမ်ရှေ့မင်းသားသည်
ဘရိုကိတ်ပိုးပွင့်ဖော် ကိုယ်ဝတ်တော်ကို ဝတ်ဆင်ပါသည်။ ဆံပင်ဖုံးကာ
ကျောက်စီဗောင်းကိုဆောင်းပါသည်။"
၂၈၀
နှုတ်ခမ်းမွေး
ကျင်စွယ်မထား။ မွန်ဂိုလူမျိုး မျက်နှာပေါက်ရှိပါသည်။ သူနောင်တော်ဘုရင်ကဲ့သို့
အသွင်အပြင် မကောင်းပါ။
အိမ်ရှေ့မိဖုရား
ဝတ်ဆင်ထားပုံသည် မိဖုရားခေါင်ကြီးကို ကျွန်တော်တို့ နန်းတော်၌ ဖူးတွေ့ရစဉ်ကနှင့်
ခပ်ဆင်ဆင် တူပါသည်။ သို့ရာတွင် သူ၏ ဥက္ကဋ်တော်မှာ ပို၍တင့်တယ်ပါသည်။ ထို့ပြင်
နားတောင်း ဝတ်ဆင်ထားသော နားရွက်များကို မဖုံးပါ။ သင်တိုင်းတော်မှာမူ
မိဖုရားခေါင်ကြီး၏ သင်တိုင်းတော်လောက် မကောင်းပါ။ လက်ကောက်ဝတ်မှ ပခုံးအထိရှိသော
လက်ဒုယင်များသည် ပို၍ကော့တက်ကာ အကြည့်ရဆိုးပါသည်။ ကျပ်ကျပ်တည်းတည်းလည်း ရှိပါသည်။
သို့ရာတွင် အိမ်ရှေ့ မိဖုရားမှာ အသက်အရွယ်က ၂၀ ထက် မကျော်သေး။ သိမ်မွေ့
နူးညံ့လှပါသည်။ အသိဉာဏ်ရှိ၍ နူးညံ့လှပုံ မျက်နှာထား ပေါ်ပါသည်။
ရှက်ရိပ်ကလေးသန်းနေပါသည်။ အဆင်တန်ဆာကြောင့် ကသိကအောက် ဖြစ်နေဟန်တူပါသည်။
မင်းနှစ်ပါးကိုကြည့်၍
ကျွန်တော်တို့ အဖွဲ့သားတွေစိတ်ထဲ၌ ဘီလူးနှင့် လူမင်းသမီးပုံသဏ္ဌာန်
တွေးမိကြမည်ဧကန် ဖြစ်ပါသည်။
အိမ်ရှေ့မင်းသားသည်
ဘရိုကိတ်ပိုးပွင့်ဖော် ကိုယ်ဝတ်တော်ကို ဝတ်ဆင်ပါသည်။ ဆံပင်ဖုံးကာ
ကျောက်စီဗောင်းကိုဆောင်းပါသည်။"
၂၈၀
နှုတ်ခမ်းမွေး
ကျင်စွယ်မထား။ မွန်ဂိုလူမျိုး မျက်နှာပေါက်ရှိပါသည်။ သူနောင်တော်ဘုရင်ကဲ့သို့
အသွင်အပြင် မကောင်းပါ။
အိမ်ရှေ့မိဖုရား
ဝတ်ဆင်ထားပုံသည် မိဖုရားခေါင်ကြီးကို ကျွန်တော်တို့ နန်းတော်၌ ဖူးတွေ့ရစဉ်ကနှင့်
ခပ်ဆင်ဆင် တူပါသည်။ သို့ရာတွင် သူ၏ ဥက္ကဋ်တော်မှာ ပို၍တင့်တယ်ပါသည်။ ထို့ပြင်
နားတောင်း ဝတ်ဆင်ထားသော နားရွက်များကို မဖုံးပါ။ သင်တိုင်းတော်မှာမူ
မိဖုရားခေါင်ကြီး၏ သင်တိုင်းတော်လောက် မကောင်းပါ။ လက်ကောက်ဝတ်မှ ပခုံးအထိရှိသော
လက်ဒုယင်များသည် ပို၍ကော့တက်ကာ အကြည့်ရဆိုးပါသည်။ ကျပ်ကျပ်တည်းတည်းလည်း ရှိပါသည်။
သို့ရာတွင် အိမ်ရှေ့ မိဖုရားမှာ အသက်အရွယ်က ၂၀ ထက် မကျော်သေး။ သိမ်မွေ့
နူးညံ့လှပါသည်။ အသိဉာဏ်ရှိ၍ နူးညံ့လှပုံ မျက်နှာထား ပေါ်ပါသည်။
ရှက်ရိပ်ကလေးသန်းနေပါသည်။ အဆင်တန်ဆာကြောင့် ကသိကအောက် ဖြစ်နေဟန်တူပါသည်။
မင်းနှစ်ပါးကိုကြည့်၍
ကျွန်တော်တို့ အဖွဲ့သားတွေစိတ်ထဲ၌ ဘီလူးနှင့် လူမင်းသမီးပုံသဏ္ဌာန်
တွေးမိကြမည်ဧကန် ဖြစ်ပါသည်။
အိမ်ရှေ့မင်းသားသည်
ဘရိုကိတ်ပိုးပွင့်ဖော် ကိုယ်ဝတ်တော်ကို ဝတ်ဆင်ပါသည်။ ဆံပင်ဖုံးကာ
ကျောက်စီဗောင်းကိုဆောင်းပါသည်။"
၂၈၀
နှုတ်ခမ်းမွေး
ကျင်စွယ်မထား။ မွန်ဂိုလူမျိုး မျက်နှာပေါက်ရှိပါသည်။ သူနောင်တော်ဘုရင်ကဲ့သို့
အသွင်အပြင် မကောင်းပါ။
အိမ်ရှေ့မိဖုရား
ဝတ်ဆင်ထားပုံသည် မိဖုရားခေါင်ကြီးကို ကျွန်တော်တို့ နန်းတော်၌ ဖူးတွေ့ရစဉ်ကနှင့်
ခပ်ဆင်ဆင် တူပါသည်။ သို့ရာတွင် သူ၏ ဥက္ကဋ်တော်မှာ ပို၍တင့်တယ်ပါသည်။ ထို့ပြင်
နားတောင်း ဝတ်ဆင်ထားသော နားရွက်များကို မဖုံးပါ။ သင်တိုင်းတော်မှာမူ
မိဖုရားခေါင်ကြီး၏ သင်တိုင်းတော်လောက် မကောင်းပါ။ လက်ကောက်ဝတ်မှ ပခုံးအထိရှိသော
လက်ဒုယင်များသည် ပို၍ကော့တက်ကာ အကြည့်ရဆိုးပါသည်။ ကျပ်ကျပ်တည်းတည်းလည်း ရှိပါသည်။
သို့ရာတွင် အိမ်ရှေ့ မိဖုရားမှာ အသက်အရွယ်က ၂၀ ထက် မကျော်သေး။ သိမ်မွေ့
နူးညံ့လှပါသည်။ အသိဉာဏ်ရှိ၍ နူးညံ့လှပုံ မျက်နှာထား ပေါ်ပါသည်။
ရှက်ရိပ်ကလေးသန်းနေပါသည်။ အဆင်တန်ဆာကြောင့် ကသိကအောက် ဖြစ်နေဟန်တူပါသည်။
မင်းနှစ်ပါးကိုကြည့်၍
ကျွန်တော်တို့ အဖွဲ့သားတွေစိတ်ထဲ၌ ဘီလူးနှင့် လူမင်းသမီးပုံသဏ္ဌာန်
တွေးမိကြမည်ဧကန် ဖြစ်ပါသည်။
မင်း –
ဘာကိစ္စနဲ့လဲ။
သံ –
သာသနာပြု ဘုန်းကြီးအဖြစ်နဲ့ပါ။
မင်း –
ဟုတ်ပြီ။ ဗာနေဒ်သားက ဘုန်းကြီး ဖြစ်နေတာကိုး။
(သံကြီးသို့) – သည်နိုင်ငံက
ကန့်ရိုင်းကို တွေ့မိသေးလား။
သံ –
နည်းနည်းတွေ့ပါတယ်။
မင်း –
အများကြီးရှိတယ်။ တောင်ပုံရာပုံပဲ။ အစက မသိဘူး။ ကန့်ဆိုတာ ဝါတယ်လို့
အောက်မေ့ပါတယ်။ နို့ပေမဲ့ တချို့ကမဲတဲတဲ၊ တချို့ကဖြူတယ်။ ဒါကြောင့်
ကန့်မှန်းကိုမသိဘူး။
ဝန်(သံကြီးသို့)
– ကန့်ကို အင်္ဂလန်မှာ ဘယ်လိုရသလဲ။
သံ –
အီတလီပြည်က အများဆုံးရတယ် ထင်ပါတယ်။
မင်း –
ဘယ်လိုအရည်ကျိုပြီး အတောင့်တို့၊ အမှုန့်တို့ လုပ်သလဲ။
သံ – ခဲကို
အငွေ့ပျံအောင်လုပ်တယ်လို့ ထင်ပါတယ်။ ဘာစက်ကိရိယာသုံးတယ်လို့တော့ မသိပါ။
အိမ်ရှေ့မင်းသား၏
အမှုထမ်းတို့ကတင်၍ ဗမာနှင့်ရှမ်းတို့သည် ကန့်အငွေ့မှ ရယူသုံးစွဲကြကြောင်း
ပြောလေသည်။
မင်း –
ယမ်းကို ဘယ်တိုင်းပြည်ကစလုပ်သလဲ။
၂၈၃
သံ –
အင်္ဂလန်ပြည်လား၊ ဂျာမနီပြည်လား အသေအချာ မပြောတတ်ပါ။ ရှေးခေတ်တရုတ်ပြည်က
စလုပ်တတ်တယ်လို့တော့ စာအုပ်တွေမှာ ပါပါတယ်။
မင်း –
ဟုတ်ချင်ဟုတ်မယ်။
မင်း –
ဘယ်တိုင်းပြည်ကစပြီး မီးသင်္ဘောလုပ်သလဲ။
သံ –
အမေရိကန်ပါ။ အင်္ဂလိပ်က အင်ဂျင်စက် စထွင်ပါတယ်။ အမေရိကန်က
သင်္ဘောမှာထည့်အသုံးပြုပါတယ်။
မင်း –
အင်္ဂလန်ဟာ အလွန်အေးတဲ့တိုင်းပြည် မဟုတ်လား။
သံ –
အေးပါတယ်။ ဆောင်းတွင်းမှာရေခဲပါတယ်။
မင်း –
သည်လိုဆို တရုတ်ပြည်လိုပဲပေါ့။ သည်ကသံများ ပီကင်းကို သွားခဲ့တာ ကြောက်စရာ
ကောင်းလောက်အောင် အေးတယ်လို့ ပြောတယ်။ မျက်နှာမှာ သွေးထွက်လာတယ်။
အင်္ဂလန်ထက်အေးတဲ့ တိုင်းပြည် ရှိသေးသလား။
သံ –
အများကြီး ရှိပါတယ်။
မင်း –
ဆိုစမ်း။
သံ –
မြောက်ဘက်က အိုက်စလန်ပြည်တို့၊ မြောက်အမေရိကတိုက် မြောက်ပိုင်းကမ်းခြေတို့ပါ...
မင်း –
ရုရှားကော မအေးဘူးလား။
သံ –
အလွန်အေးပါတယ်။
မင်း –
ဗိုနာပတ်ဟာ ရုရှားကိုတိုက်တာ၊ အအေးဒဏ်ကြောင့် သေတယ်လို့ ပြောသံကြားရတယ်။
သံ –
သူစစ်တပ် တခုလုံးလိုလိုပဲ အအေးဒဏ်ကြောင့် သေပါတယ်။ သူကတော့ လွတ်သွားပါတယ်။
မင်း –
ဗိုနာပတ်က ဘယ်တိုင်းပြည်ကလဲ။
သံ –
ဘုန်းတော်ကြီး ဒေါင်ပေါလီနွန့်နဲ့ တူပြည်ထဲသားပါ။ ဒေါင်ပေါလီနွန့်ရဲ့
ဇာတ်ဖွားရုပ်နှိုင်းတဲ့ ကော်စီကာကျွန်းမှာ မွေးပါတယ်။
အိမ်ရှေ့မင်းသားသည်
စကားအလျှဉ် ကန့်သွားပြီး တင်ရပါသည်။ ငြိမ်သွားပါသည်။ အတန်ကြာမှ ဝန်က ဗိုနာပတ်ကိစ္စ
ဆက်၍မေးပါသည်။
ဝန် – သူ့ကို
တကျွန်းပို့တယ်ဆို မဟုတ်လား။
သံ –
ဟုတ်ပါတယ်။ အများလုံခြုံရေးအတွက် သူ့ကို အာဖ
၂၇၄
ရိကတိုက်
အနောက်ဘက် ကမ်းခြေအနားကကျွန်းကို အကျဉ်းသမားအဖြစ် ပို့ပါတယ်။
ဝန် – လက်ရှိ
ပြင်သစ်ဧကရာဇ်ဟာ သူတူပဲလား။
သံ –
ဟုတ်ပါတယ်။
မင်းသား –
အင်္ဂလန်နဲ့ အရင်းနှီးဆုံး မိတ်ဆွေဟာ ဘယ်နိုင်ငံလဲ။
သံ –
ပြင်သစ်ပါ။ စစ်ဖြစ်ယင် တဦးကို တဦး ကူစတမ်း စာချုပ်ထားပါတယ်။
မင်း –
တနိုင်ငံနဲ့ တနိုင်ငံ ဘယ်လောက်ဝေးသလဲ။
သံ – မိုင်
၂၀ ဝေးပါတယ်။ သင်္ဘောနဲ့သွားယင် တနာရီ သာသာပဲ ကြာပါတယ်။
မင်း –
နီးနီးလေးပါလား။ ကုန်းလမ်းမရှိဘူးလား။
သံ – မရှိပါ။
အင်္ဂလန်ဟာ ကျွန်းပါ။
မင်း –
အင်္ဂလန်နဲ့ ပြင်သစ်၊ ဘယ်နိုင်ငံက သင်္ဘောပိုများသလဲ။
သံ –
အင်္ဂလန်ပါ။ ပြင်သစ်က ကုန်းတပ်ပိုကြီးပါတယ်။
ဝန် –
အင်္ဂလိပ်ဘုရင်မက ပြင်သစ်သွားလည်မယ်လို့ သံကြီးပြောတယ် မဟုတ်လား။
သံ –
ဟုတ်ပါတယ်။ မကြာခင်က ပြင်သစ်ဧကရာဇ်နှင့် မိဖုရား နှစ်ပါးဟာ အင်္ဂလန်ကို အလည်အပတ်
ကြွရောက်ခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလိပ် ဘုရင်မက ပြင်သစ်ကို အပြန်အလှန် သွားလည်
ပါလိမ့်မယ်။ တိုင်းပြည်ချင်း နီးနေတော့ သံကြိုးရိုက်လိုက်ယင်လဲ ချက်ချင်း
သတင်းရောက်တာပဲ။ ဝပ်မင်းလ် ဗဂ်လန်းမှာ ကြေးနန်းကို မြင်ခဲ့ဘူးတာပဲ။
အိမ်ရှေ့ကိုယ်တော်ကို သံတော်ဦးတင်လိုက်ပါ။
ဝန် –
မြေကြီးပေါ်မှာ တိုင်စိုက်ပြီးတော့ပဲ ဖြစ်စေ၊ မြေအောက်ထဲမှာ မြုပ်ပြီးတော့ပဲ
ဖြစ်စေ၊ မြစ်တွေ တောင်တွေ ဖြတ်ပြီး ကြေးနန်းကြိုး သွယ်ရပါတယ်။ တနေရာနဲ့
တနေရာကြားမှာ ကြေးနန်းရုံတွေထား၊
၂၈၅
အသံဖမ်း
လျှပ်စစ်သံလိုက်နဲ့ သတင်းပို့သော်လည်း သတင်းပို့သော်လည်း တွေကို လက်ခံပြီး
အက္ခရာပြန်ဖော်ပါတယ်။ မိုင်တရာ နှစ်ရာဝေးပေးမယ့် သည်လိုဆက်သွယ်လို့ ရပါတယ်။
သံ – အမရပူရက
ရန်ကုန်ကို သည်လိုသတင်းပို့ယင် စက္ကန့်ပိုင်းအတွင်း သတင်းရနိုင်ပါတယ်။
ဝန် –
ကြေးနန်းရိုက်တဲ့နည်းကို ဘယ်ကစသိသလဲ။
သံ –
အင်္ဂလန်ပြည်နဲ့ အမေရိကန်ပြည်မှာ တချိန်တည်းလိုလို သိတယ်ထင်ပါတယ်။
ဝန် –
တနေရာမှာတော့ အယင်စရမှာပေါ့။
သံ – ဥရောပ
နိုင်ငံတွေမှာ သိပ္ပံပညာရှင် အသီးသီးဟာ သုတေသန လုပ်ပြီးတဲ့အခါ စာတမ်းတွေထုတ်ကြ၊
ဖြန့်ချိကြပါတယ်။ ဒါကြောင့် နိုင်ငံအချင်းချင်း လေ့လာနိုင်၊ အလားတူ
စမ်းသပ်မှုရှိမှုတွေ ရှိလာနိုင်ပါတယ်။
မင်းသား –
ကြေးနန်းရိုက်တဲ့နည်း သိတာ ဘယ်လောက် ကြာပြီလဲ။
သံ – ၁၀
နှစ်လောက်ရှိပါပြီ။
ထို့နောက်
အိမ်ရှေ့မင်းသားသည် သံများ ပင်ပန်းရော့မည်ဟု ဆို၍ အတွင်းဆောင်သို့ ဝင်သွားပါသည်။
သံအဖွဲ့ထက်
ကြာရှည်ဆက်ဆံဖူးသူမှာ ပြင်သစ်လူမျိုး ကာတိုလစ် ဂိုဏ်းအုပ်ကြီး ပေါအမ်းဗရို့
ဘိဂန်းဒက် ဖြစ်လေသည်။ ထိုဘုန်းကြီးသည် အေဒီ ၁၈၅၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့
ရောက်လာကာ နှစ်ပေါင်းများစွာအောင် သာသနာပြု တာဝန်ကို ယူခဲ့လေသည်။
ကနောင်မင်းသားနှင့်လည်း အကျွမ်းတဝင် ရှိလေသည်။ ဘုန်းကြီးက ကနောင်မင်းသား
အကြောင်းကို ဤသို့ ရေးခဲ့ပါသည်။
မင်းသားသည်
ရည်မှန်းချက်ကြီးတခုကို မဖြစ်မနေ ဆောင်ရွက်ရန် စိတ်ဓာတ်ခိုင်မာလှသူ ဖြစ်လေသည်။
ထိုရည်မှန်းချက်
၂၈၆
မှာ ဥရောပမှ
ဝိဇ္ဇာပညာ သိပ္ပံပညာများ တတ်မြောက်၍ မြန်မာနိုင်ငံ ခေတ်မီလာစေရေးပင်တည်း။
ထိုအတွက်
သူသည် လူငယ်များကို ပြင်သစ်နှင့် အီတလီသို့ ပညာသင်လွှတ်သည်။ လူငယ် ၆၀၊ ၇၀ ခန့်သည်
ညနေအလုပ် ပြီးချိန်၌ သူ့အိမ်တော်ဝင်းသို့လာ၍ ပညာဆည်းပူးလေ့ ရှိသည်။
သူကိုယ်တိုင်က
ပညာအတတ်ကြီးမဟုတ်။ သို့ရာတွင် မိမိတို့ လူမျိုးအဆင့်အတန်း တက်ရန် ပညာလိုသည်ကို
သူထိုးထွင်း၍ သိလေသည်။
သူသည်
မိန်းကလေးဘက်ကိုလည်းဂရုထားလေသည်။ မိန်းကလေး လေးဦးကို ရန်ကုန်ရှိ
ကာတိုလစ်သီလရှင်ကျောင်း ထားရန် ဤစာရေးသူအားအပ်ခဲ့ဖူးသည်။ ထိုနှစ်သည် ၁၈၆၃ ခုနှစ်
ဖြစ်လေသည်။ ထိုမိန်းကလေးများသည် သီလရှင်များ၏ အစောင့်အရှောက်ဖြင့်
ငါးနှစ်တိုင်တိုင် ကျောင်းနေခဲ့လေသည်။ သူတို့ကို စရိတ်ထောက်ပံ့၍ လက်ဆောင်ပစ္စည်း
အမြဲ ပို့ခဲ့သည်မှာလည်း မင်းသားကံကုန်သည့် အချိန်အထိဖြစ်လေသည်။ မင်းသား
ကံကုန်ပြီးနောက်၊ ဘုရင်က နှစ်နှစ်ဆက်၍ ထောက်ပံ့လေသည်။ ထို့နောက် သူညီတော်၏
စိတ်အားထက်သန်မှုမျိုးမရှိသဖြင့်၊ မန္တလေး သို့ပြန်ခေါ်ခဲ့လေသည်။...။
မင်းသားကံကုန်မီ
လေးနှစ်အတွင်း ဤစာရေးသူကို အလွန်ခင်မင်ခဲ့လေသည်။ သူ့စိတ်စေတနာကိုလည်း
ကိုယ်ထိလက်ရောက် ပြခဲ့လေသည်။ သူသာအသက်ဆက်လက်ရှင်ခဲ့လျှင် သူစိတ္တထား တတ်မှုကြောင့်
ခရစ်ယာန်သာသနာသည်ပို၍ ပြန့်ပွားလာစရာ အကြောင်းရှိလေသည်။ သူ့ကဲ့သို့
ယောက်ျားကောင်းသည် ရှာမှရှားလောက်ပေသည်။ မြင်းကွန်း မြင်းခုံတိုင်တို့
လုပ်ကြံမှုနှင့်စပ်၍၊ ဘုရင်ကိုယ်တိုင် ကြံရာပါဖြစ်သည်ဆိုမဟုတ်
တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အားပေးအားမြှောက်
ပြုသည်စသည်ဖြင့် ထိုစဉ်က နိုင်ငံခြားသားအချင်းချင်း ပြောဆို ငြင်းခုံခဲ့ကြဖူးသည်။
ဤကိစ္စနှင့်စပ်၍
ဤစာရေးသူမှာ သံသယလုံးဝ မရှိ...ဘုရင်
၂၈၇
သည်
လုပ်ကြံမှုတွင် အပြစ်လုံးဝကင်းစင်လေသည်။ နှောင်တော်အပေါ်မြတ်နိုးရိုသေလှသော
ကနောင်မင်းသားကိုသတ်ရန် ရှင်ဘုရင်ကမြှောက်ပေးသည်ဆိုသည်မှာ သွားပုပ်လေလွင့်စကားသာ
ဖြစ်လိမ့်မည်။ ထို့ပြင် လုပ်ကြံမှုတွင် ရှင်ဘုရင်ကိုယ်တိုင်
ရင်ဆိုင်ခဲ့ရသောဘေးအန္တရာယ်များသည် မြင်းကွန်း မြင်းခုံတိုင်တို့အဖွဲ့ သူတို့၏
ဘထွေးတော်သာမက ရှင်ဘုရင်ကိုပါ သတ်ဖြတ်၍ နန်းလုရန်ကြံစည်ခဲ့ကြောင်း သာဓကများ
ဖြစ်တော့သည်။
ကနောင်မင်းသားကဲ့သို့
ပုဂ္ဂိုလ်မျိုးပေါ်ခဲ့သည်မှာ မှန်ပါသည်။ ကနောင်မင်းသားသည်လည်း အေဒီ
၁၈၆၆-ခုနှစ်တွင် လုပ်ကြံခံခဲ့ရလေသည်။ ထိုမှတပါး ထိုပုဂ္ဂိုလ်မျိုး ဆက်လက်ရှိနေသည့်
တိုင်အောင် အချိန်အခါကား နောက်ကျခဲ့လေပြီ။
နိုင်ငံခြားသားများ
မြင်ခဲ့သောဓလေ့ထုံးစံနှင့် အနုပညာအပိုင်း ကဏ္ဍကိုအဖော်ပြပါအံ့။
မာကိုပိုလိုသည်
မြန်မာမြို့တော် (ပုဂံ) တွင် ဘုရားပုထိုးပေါလှကြောင်း စာရေးခဲ့သဖြင့်
တိုင်းရင်းသား အများစသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း သိသာနိုင်လေသည်။ ထို့အတူ
ပုဂံထံကလည်း ကိုယ်လုံးပြည့်ရွှေရောင်ဝင်းနေသော ရွှေတိဂုံစေတီသို့ ဘုရားဖူး
အများအပြား လာကြကြောင်း၊ ဘုန်းကြီးရဟန်း သီတင်းသုံးရာ ကျောင်းနှင့်
ဘုရားပုထိုးများ တည်ရှိရာစရပ်ရှိကြောင်း၊ ထိုနေရာသည် အသာယာဆုံးသောနေရာဖြစ်ကြောင်း၊
မြန်မာများသည် စေတီပုထိုးကို သဒ္ဓါကြည်ညိုစိတ်ဖြင့် ရွှေချလှူဒါန်းတတ်ကြောင်းလည်း
ရေးခဲ့လေသည်။
ဘာသာသာသနာကြည်ညိုမှုမှတဆင့်
လူမှုရေးဘက်သို့ပြောင်း၍ကြည့်လိုက်သော် မြန်မာတိုင်းရင်းသားများသည် အရာရာ၌
စေတနာသဒ္ဓါတရား အားကြီးသည်ဟု ဆိုရန်ရှိလေသည်။ အိမ်ထောင်စု၌ အကူအညီ လိုလျှင်
အခြားအိမ်ထောင်များက ကူညီရန် ဝန်မလေး။ အိမ်ဥပစာသို့ ဝင်လာ၍တောင်းရမ်း အလှူခံသူသည်
လက်ချည်းမပြန်ရ။ လူတွေကလည်း ပေးကမ်းစွန့်ကြဲတတ်သည် တည်းခိုရာကျောင်း
စရပ်တွေကလည်းပေါလှသည်ဖြစ်ရာ ခရီးသည် တဦးတယောက်သည် နိုင်ငံအနှံ့တွင် ပိုက်ဆံမကုန်ပဲ
ခရီးသွား၍ရလေသည်။ ဤသို့ မယ်လက္ကမ် မြင်ခဲ့လေသည်။
မဏ္ဍပ်ကနားထိုး၍
အလှူအတန်း လုပ်ခြင်းသည်လည်း အထက်ပါစေတနာမှ ပေါက်ဖွားလာခဲ့သောအမှု ဖြစ်လေသည်။
အလှူလုပ်လျှင် ဖိတ်စာကြီးကြီးကျယ်ကျယ် ပို့စရာမလို။ လက်ဖက်ထုပ် ချွန်ချွန်ကလေး
တွေကို အိမ်ပေါက်စေ့ ဝေငှလိုက်လျှင် အလှူဖိတ်ပြီးသားဖြစ်လေသည်။ တနည်းအားဖြင့်
လက်ဖက်ထုပ်ထိုးသည်ဟု ခေါ်သည်။ လက်ဖက်ထုပ်ထိုးသည့်အကျင့်ကို အေဒီ ၁၈၆၆ ခုနှစ်တွင်
အောက်မြန်မာနိုင်ငံ၌ မဟာဝန်ရှင်တော်မင်းကြီးလုပ်ကိုင်သွားသော အယ်လတ်ဖိလ်က
တွေ့ကြုံခဲ့ဖူးလေသည်။ အလှူလုပ်သည်ဆိုလျှင် ပွဲသွင်းခြင်းသည်လည်း
လုပ်ရိုးလုပ်စဉ်ပါပေ။
ပွဲသဘင်ကိစ္စကို
အနည်းငယ်ချဲ့ရပါဦးမည်။ ကုန်းဘောင်ခေတ်မြန်မာ သဘင်တွင် စင်ထိုး၍
ကသောပွဲများရှိသကဲ့သို့ လူပါဝင်သော မြေဝိုင်းပန်းပင် လူပျိုပွဲလည်းရှိလေသည်။
ထိုပွဲသဘင်တွင် ပုရာဏရီဇာတ်၊ ကောလိယဇာတ်၊ မောင်ပေါက်ကျိုင်းဇာတ်၊ ခိုသားငါးရာဇာတ်၊
ရာမဇာတ်အစရှိဖြင့် ဇာတ်နိပါတ်နှင့် ထိုးဇာတ်များ ကတတ်ကြလေသည်။ ထို့ပြင် ဇာတ်သမား၊
ဇာတ်သမီးတို့၏ အဆိုနှင့် အပြောကို စောင်း၊ ကြိုး၊ သုံးချောင်း၊ တယော၊ နှဲ၊
ကြေးဝိုင်း၊ မိကျောင်းပတ္တလား၊ ညည်း၊ မောင်း၊ ပတ်မကြီး၊ ပုံတို့သည်
တူရိယာများဖြင့် ပံ့ပိုးဖြည့်ဆည်းထားလေ့ရှိ မြိုင်မြိုင်ဆိုင်ဆိုင်လည်းရှိလေသည်။
ထိုဇာတ်သဘင် ပွဲများသည် လူကြီးလူငယ်မရွေး အစွဲအကြည်နိုင်သော ကြည့်ချင်ပွဲများ
ဖြစ်ကြတော့သည်။ ရံဖန်ရံခါ ဧည့်သည်တဦးတယောက်အတွက် ပြုလုပ်သော သီးသန့်ပွဲလည်း
ရှိပါသေး၏။ စပ်မိ၍ဖော်ပြရလျှင် သံအမတ် ဆိုင်းကို ပဲခူးမြို့ဝန်က ရာမ
(မြေဝိုင်းဇာတ်) ပွဲ၊ ရုပ်သေးပွဲဖြင့် ဧည့်ခံခဲ့ဖူးလေသည်။
၂၉၀
ဤသို့ဖြင့်
မြန်မာတို့သည် အလှူအတန်း အပေးအကမ်းတွင် ရက်ရောသည်။ လောဘမကြီး။ ထိုအခါ
အနေအထိုင်မှာလည်း ရိုးသားကြလေသည်။ ကာလ၊ ဒေသ၊ ပယောဂနှင့်လည်း ညီညွတ်လေသည်။
သူတို့ဝတ်စား ဆင်ယင်ပုံနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံကို ကြည့်ပါလေ။
သာမန်
ယောက်ျားသည် ပုဆိုးခါးပုံထိုးနှင့်သာ အနေများလေသည်။ ကိုယ်ခန္ဓာအပေါ်ပိုင်းတွင်
တဗင် အဝတ်အစားမလို။ ပုဆိုးစကို ပခုံးတင်လိုက်လျှင် လုံလောက်သည်။ ရံဖန်ရံခါ
အလုပ်ကြမ်း လုပ်စရာရှိလျှင် ပုဆိုးအောက်ပိုင်းကျိုက်၍ လုပ်တတ်သည်။ ထိုအခါ
ပေါင်နှစ်ဖက်တွင် ထိုးကွင်းမင်ကြောင်ကို မြင်နိုင်လေသည်။ ထိုခေတ်အခါက ပေါင်တွင်
ထိုးကွင်း မင်မလဲ့လဲ့ပေါ် နေခြင်းကို လှသည်ဟု အများက အယူရှိကြလေသည်။
ထိုးကွင်းမင်ကြောင် ထိုးသော အလေ့ကိုလည်း ၁၇ ရာစုတွင် မြန်မာဒေသသို့ ရောက်လာသော
နိက္ကိုလိုဒီကွန်တီက မမြတ်နိုးခဲ့ပေသော်လည်း တရုရီသည် မြန်မာ ယောက်ျားသည် အမြဲတမ်း
ဤသို့ မနေပါ။ အလှူအတန်း အခမ်းအနားသို့ သွားစရာရှိလျှင် သူဂုဏ်သိက္ခာ အလျောက်
ဝတ်စားဆင်ယင် တတ်လေသည်။ ထိပ်လယ်မှာ သျှောင်ထုံး၍ ပုဝါပတ်သည်။ နားတောင်းမီးတွင်း
သော်လည်းကောင်း၊ ရွှေပေရွက် သော်လည်းကောင်း နားတွင်ဆင်သည်။ မျက်ခွံကို ဆေးခြယ်သည်။
(အထူး သဖြင့် ကုန်းဘောင်ခေတ် ပထမပိုင်းတွင်) ပင်နီပိတ်ချော၊ ကတ္တီပါစသည်ဖြင့်
အင်္ကျီနားကျပ်ဝတ်သည်။
တဖန် သာမန်
မိန်းမသည် ထမီရင်ရှားနှင့်သာ အနေများလေသည်။ သို့ရာတွင် သွားစရာ လာစရာရှိလျှင်
ဂုဏ်သိက္ခာအလျောက် ဆံပင်နောက်တွဲထုံး၍ ပန်းပန်သည်။ နားတောင်းမီးတွင်း
သော်လည်းကောင်း၊ ရွှေပေရွက်ကို သော်လည်းကောင်း နားတွင် ဆင်သည်။ မျက်နှာကို
သနပ်ခါးလိမ်း၊ မျက်ခွံကို ဆေးခြယ်၊ လက်သည်းခြေသည်း အနီရောင် ဆိုးသည်။ အဝတ်အစားတွင်
(ကုန်းဘောင်ခေတ် ပထမပိုင်းမှာ) ရင်စည်းခံ၍ချည်ပိုးစသည်ဖြင့် အင်္ကျီဖားလျားလျား
လက်ကျပ်ကျပ်ဝတ်သည်။ ပုဝါကို ပခုံးသိုင်းခြုံသည်။ ထို့နောက် လမ်းလျှောက်သည့်အခါ
ထမီကို ချုပ်ရိုးသိထားခြင်း မရှိ၍ ပေါင်တစ်ခြမ်းလစ်လျက် ပျံးပျံးရှိလေသည်။
၂၉၁
ယောက်ျားအတွက်ရော
မိန်းမအတွက်ပါ တူထူးခြားသည်မှာ သွားကို အနက်ဆိုးထားတတ်ခြင်း ဖြစ်လေသည်။
အနက်ဆိုးမှာ ကျောက်ချဉ်ကို ဖြစ်စေ၊ ဟင်းရွက်ချဉ်ရည်ကိုဖြစ်စေ ပထမတွင်
ကြာကြာဝါးရသည်။ ထို့နောက် ဆီ၊ ကြပ်ခိုးစသည်တို့ကို ဖျော်၍ သံပုရာခွံ သွားတွင်
ခိုင်နေအောင် ကပ်ရလေသည်။ ဤသည် သံတမန်ဆိုင်းနှင့် သာသနာပြု မယ်လက္ကမ်တို့
မြင်ခဲ့သည့်အတိုင်း ဖော်ပြခြင်းဖြစ်လေသည်။
တဖန် မြန်မာ
ယောက်ျားနှင့် မြန်မာ မိန်းမတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို ယခု ကြည့်ကြရဦးမည်။
ထိုအကြောင်းနှင့် စပ်၍ အပြည့်စုံဆုံး ဖော်ပြသူမှာ ကိုလိုနီခေတ်က ရာဇဝတ်ဝန် အဖြစ်
စေလွှတ်ခြင်းခံခဲ့ရသော ဂျော့အော်ဝဲလ် ပင် ဖြစ်လေသည်။ ထိုပုဂ္ဂိုလ် ဖော်ပြသော
အချက်အလက်သည် ရှေးခေတ် မြန်မာများအတွက်လည်း အကျိုးဝင်နိုင်စရာရှိ၏ဟု ထင်မိလေသည်။
ဂျော့အော်ဝဲလ်၏ အဆိုတွင် မြန်မာလူမျိုးကိုယ်နံ့သည် မဆိုးပါ။ ဥရောပတိုက်သားများထက်
အသားအရေချောမွေ့၍ တင်းတင်းရင်းရင်း ရှိလေသည်။ အသက် ၄၀ လောက်အထိ အရေမတွန့်တတ်။
အမွေးအမျှင်လည်း မထူထပ်၊ မျက်နှာဖြူများကဲ့သို့ ခေါင်းမပြောင်လွယ်။
စိုပြေလှသည့်အခါတွင်လည်း မျက်နှာဖြူတို့ကဲ့သို့ပူ၍ ပန်းရောင်မဟုတ်ပဲ
အဝါဘက်သို့ဖောက်ပြေပြစ်ပုံနူးညံ့သည်ဟု ယူဆခဲ့ကြပါသည်။
ရှေးက
စကားစကို ပြန်ကောက်ရဦးမည်။ မြန်မာ လူမျိုးသည် အစားအစား ရိုး၍ ရှင်းလေသည်။ လောဘ
နည်းလေသည်။ သူတို့သည် ကမ္ဘာမြေပြင်ကို အလုပ်ရုံအဖြစ် ပြောင်းလဲလိုစိတ်မထား၊ အငြိမ်
မနေတတ်၍ တခုခုကို စွတ်လုပ်နေခြင်းမျိုး မင်းသည်။ သူတို့ အဖို့
နှစ်ရက်အလုပ်လုပ်လျှင် သုံးရက်စားလောက်သည်ဟု ဖိုက်က ဆိုလေသည်။ ထို့ကြောင့် သူတို့၏
ဘဝသည် မရှိမရှား ဘဝဟု ဆိုနိုင်လေသည်။
သို့ရာတွင်
လုပ်ကိုင်စရာ ကိစ္စပေါ်လာလျှင် ဇွဲမလျှော့တတ်။ လူထုဝေးနှင့် လုပ်ကိုင်ရလျှင်လည်း
ညီညီညွတ်ညွတ်နှင့် လုပ်ကြ၊ သည်းခံကြ၊
၂၉၂
တဦးကို တဦး
ပံ့ပိုးတတ်ကြလေသည်။ သာဓကမှာ မြန်မာနိုင်ငံသို့ မယ်လက္ကမ်လာစဉ်က အတွေ့အကြုံ
ဖြစ်လေသည်။ မယ်လက္ကမ်သည် အီရဝတီမြစ်သို့ လှေဖြင့် ဆန်တက်ရလေသည်။ ထိုအခါ လှေသမား
တို့သည် ရေဆန်ကို ထိုးဝါးထိုး၍ တက်သည့် အခါဝယ် သောင်တင်သည့်အခါ ရေထဲဆင်း၍
တွန်းသည့်အခါထွန်း၊ လှေသွားအောင် ကြိုးနှင့် ဆွဲသည့်အခါ ဆွဲရသည့်အခါ
ညည်းညည်းညူညူမရှိ။ "ရန်မဖြစ်" လိုသလို ရေထဲဆင်းလိုက် လှေပေါ်
ကုန်းပေါ်တက်၍ အလုပ်လုပ်လိုက်နှင့် လျင် လျင် မြန်မြန် ရှိကြပေသည်။ မယ်လက္ကမ်လည်း
မြင်ခဲ့သည့်အတိုင်း မှတ်တမ်းတင်ခဲ့လေသည်။
အလုပ်အားလျှင်ကား
ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေတတ်ကြသည်မှာ မြန်မာ့ ဝါသနာပင် ဖြစ်လေသည်။
သူတို့အဝတ်အစားရောင်းကြုံ၍၊ ကဆုန်ညောင်ရေသွန်းပွဲ၊ ဝါကျွတ်မီးထွန်းပွဲ၊
နတ်တော်ပြာသိုယမန်နန်းသုံးပွဲ စသည်ဖြင့် ပျော်ရွှင်စရာ ရာသီပွဲတွေကလည်း လစဉ်
ရှိလေသည်။ ထိုပွဲများတွင် မိန်းမယောက်ျားမရွေး ပါဝင်ပျော်ရွှင်နိုင်ကြလေသည်။
ရာသီပွဲတွေ
အထဲမှာ သံတမန်ဆိုင်း ကြုံခဲ့ရသော သင်္ကြန် ရေကစားပွဲ အကြောင်းကို ရေးပြရပေဦးမည်။
ထိုပွဲသည် မင်းစိုးရာဇာနှင့်သာ သက်ဆိုင်သော်လည်း အခြေခံ သဘောမှာမူ ရပ်ထဲရွာထဲတွင်
ဆင်နွှဲသော သင်္ကြန်နှင့် မခြားမနား ဖြစ်လေသည်။
ကောက်နှုတ်ဖော်ပြပါအံ့။
နှစ်ဟောင်းမှ
အညစ်အကြေးများ စင်ကြယ်စေရန်၊ နှစ်သစ်တွင် အညစ်အကြေးမတင်စေရန် သဘော အဓိပ္ပာယ်ယူ၍
ဤနေ့တွင် မိန်းမများသည် တွေ့သမျှ ယောက်ျားတွေကို ရေပက်ကစားကြလေသည်။ ထို့အတူ
ယောက်ျားများကလည်း သူတို့ကို ရေပြန်ပက်ခွင့် ရှိလေသည်။ ဤသို့ ရေကစားသည့်
အလေ့အလာသည် အထူးသဖြင့် မိန်းမပျိုကလေးများအတွက် ပျော်စရာ အခွင့်အခါကြီး
ဖြစ်နေလေသည်။ သူတို့သည် ရေပြတ် တုတ်တုတ်ထွေး၊ ရေခွက်တွေ ကိုယ်စီကိုင်ကာ
လမ်းပေါ်တွင် လာသမျှယောက်ျား
၂၉၃
တွေကို
ဝိုင်း၍ ရေပက်နေကြလေသည်။ သူတို့ကလည်း အပျော်ရွှင်ဆုံး စိတ်ဖြင့် ရေပက်ခံကြလေသည်။
ဤအခါမျိုးတွင်
မကောင်းသော အကျင့်အကြံများမရှိ။ ရေပက်ရာတွင် ညစ်ညမ်းသော ရေကို မသုံး။
ဘယ်ယောက်ျားကမှ မိန်းမကို ကိုယ်ထိလက်ရောက် ကိုင်တွယ်ခြင်း မပြုရ။ မိန်းမဝတ်၍
ရေပက်လျှင် ယောက်ျားသည် ကြိုက်သလောက် ရေပက်ကစား နိုင်လေသည်။
နေဗဝင်မီ
တနာရီခန့်အချိန်တွင် ကျွန်တော်တို့သည် မြို့ဝန်၏ အိမ်သို့ သွားကြလေသည်။
ဝန်ကတော်သည်လည်း ရေပက်ရန်အတွက် အဆင်သင့် စီစဉ်ထားလေသည်။ ခန်းမ ဆောင်ထဲတွင်
ရေအပြည့် ထည့်ထားသော ကြေးအိုးကြီး သုံးလုံးနှင့် ရေဖလားများ၊ ရေမှုတ်များ
ရှိနေလေသည်။ အခန်းတွင်းသို့ ကျွန်တော်တို့ ဝင်လိုက်သည်နှင့် နှင်းရေတူရေစိုရလေသည်။
ထို့နောက် ဗူးထဲမှ နှင်းရေနည်းနည်းကို မြို့ဝန်၏ လက်ဝါးသို့ ထည့်ပေးလိုက်ရသည်။
မြို့ဝန်သည်လည်း သပ်ရပ်ချော အင်္ကျီအိတ်ပေါ်တွင် ဆွတ်လိပ်လေသည်။
ဝန်ကတော်သည်
အပေါက်တွင် ပေါ်လာ၍ သုရေကစားမည် မဟုတ်ဟု ပြောလေသည်။ သို့ရာတွင် အထိန်းလက်မှ မလွတ်
တတ်သေးသော သမီးချော အကြီးမလေးအား ပစ္စကုနှင့် ရေထားသော နှင်းရေကို
ရွှေခွက်နှင့်ယူ၍ သယမင်းနှင့် ကျွန်တော်တို့ကို ဒုတိယ ရေလောင်း စေလေသည်။
ဤသည်
ရေကစားရန် အချက်ပေးလိုက်ခြင်း ပေတည်း။ ကျွန်တော်တို့ကလည်း အောက်ခံအင်္ကျီကို
ပိတ်စကတ် ဝတ်ကာ အဆင်သင့် လုပ်ထားခဲ့ပါပြီ။ အတွင်းဆောင်ထဲမှ မိန်းမပျို ၂၀ ခန့်
ပြေးထွက်လာကာ ကျွန်တော်တို့ကို ဝိုင်းပါလေသည်။ ရွဲရွဲစိုအောင် ရေခလုတ်မ်း
ပက်ပါတော့သည်။ ကျွန်တော်တို့မှာ ယောက်ျားလေးယောက်သာဖြစ်ရာ သူတို့နှင့် အင်အားချင်း
မျပိုင်ရှိနေလေသည်။ မြို့ဝန်ကြီးမှာလည်း မကြာမီ ဆုတ်ခွာ ရလေပြီ။
ကျွန်တော်တို့မှာမူ
ရေအိုးကြီးထု အပိုင်စီးထားသဖြင့် ရေကုန်သည်တိုင်အောင် ပြန်လှန် စစ်ထိုး
နိုင်ခဲ့လေသည်။
ကျွန်တော်တို့မှာ
မျက်နှာချွေးမွမ်းမတတ်ဖြစ်နေသည်ကို သူတို့ ကြည့်၍ ပျော်မြူးနေကြလေသည်။
လူတိုင်းလည်း ရွဲရွဲ စိုနေပြီ ဖြစ်ရာ အဝတ်အစားလဲရန် ကျွန်တော်တို့
အိမ်ပြန်ကြလေသည်။ ထိုအခါ လမ်းတလျှောက်တွင် တွေ့ရသော အပျိုကလေးများက ရေ
လောင်းချင်စိတ်ရှိနေသေးဟန် တူလေသည်။ သို့ရာတွင် ကျွန်တော် တို့ လူမျိုးခြားတွေဘက်က
လိုလားဟန် မပြပဲနှင့် သူတို့က ရေစ ပက်ရမည်ကို ရှုံ့တွတွနှင့် ဖြစ်နေကြလေသည်။
အလျဉ်းသင့်၍
မိန်းမများအကြောင်းကို စကားချပ်ရဦးမည်။ မိန်းမ သည် ယောက်ျားထက်
အဆင့်အတန်းနိမ့်သည်ဟူ၍ အစဉ်အလာက အပြောအဆိုခံခဲ့ရလေသည်။ သို့ရာတွင် မြန်မာမသည်
အခြားအရှေ့တိုင်းသူ များကဲ့သို့ အိမ်တွင်းပုန်းမဟုတ်။ အနေအအစား မကျပ်ကျည်း။
ဓမ္မသတ်များ အရ အမွေ၊ အိမ်ထောင်၊ အခွင့်အရေးလည်း ရရှိလေသည်။ ထိုအခါ ဆက်ဆံရေး
ပွင့်လင်းရဲရင့်လေသည်။ ယောက်ျားနှင့်ဘဝခရီးဖော် ဖြစ်လေသည်။ စီးပွားရေးတွင်လည်း
တက်တက်ကြွကြွ ရှေ့ကနေဆောင် ရွက်တတ်ကြလေသည်။ တဖန် မင်းစိုးရာဇာအဆင့်မှ
အောက်ဆုံးတန်း အထိ အိမ်တိုင်းတွင် ယက္ကန်းစင်ထား၍ ရက်လုပ် ဝီရိယထုတ်ကြ ပေသည်။
ဤအကြောင်းကို အေဒီ ၁၇၉၅ ခုနှစ်တွင် သံတမန်အဖြစ် လာသောဆိုင်းနှင့် အေဒီ ၁၈၆၆
ခုနှစ်တွင် အောက်မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီးလုပ်သော ဖိုက်တို့က အေဒီ
၁၈၇၆ ခုနှစ်တွင် ပြည်သိမ်းခံခဲ့ရပြီးသော လတ်မင်းကြီးဒပ်ဖရင်ကတော် အလယ်၊ အေဒီ ၁၉၀၆
ခုနှစ်တွင် ရန်ကုန်သို့ ဝင်လာသော အိန္ဒိယစာဆိုကြီး ရာဗင်ဒြာနတ်တဂိုး အဆုံး၊
ဝန်ခံပြောဆိုခဲ့ကြလေသည်။
၂၉၅
မိန်းမနှင့်ယောက်ျား
ဆက်ဆံရေး မက္ကုလုသကဲ့သို့ လွတ်လပ်စားခြင်း အဆင့်အတန်းမကွာလှ၊ ဆက်ဆံရေးမဆိုးလှဟု
နိုင်ငံခြားသားများက မြင်ကြလေသည်။ သို့ရာတွင် ချွတ်ယွင်းချက်ကိုလည်း
ထောက်ပြကြလေသည်။
မင်းစိုးရာဇာမှလွဲ၍
မြန်မာနိုင်ငံတွင် လူတန်းစားအဆင့်ချင်း မကွာလှ။ အိမ်တွင် အပေါင်းထားသော ကျွန်၊
စစ်သုံ့ပန်းအဖြစ် ရထားသောကျွန်ပင် ဖြစ်စေကာမူ အိမ်ရှင်များက နှိပ်စက်ခြင်းမရှိ။
အမှုန်ဆိုလျှင် အိမ်ရှင်များနှင့်အတူ ထမင်းတဝိုင်းထဲ စားရတတ်လေသည်။ ရံဖန်ရံခါ
ကျွန်သည် အိမ်ရှင်၏သားသမီးကဲ့သို့ပင် ဖြစ်သွားတတ်သည်ဟု ဘုန်းကြီးဆန်ဂါမေနိုက
ဆိုခဲ့ လေသည်။ တခုရှိသည်မှာ လောကုတ္တရာနှင့် ဘုရားကျောင်းကန်ကား ကြည့်ထားသောအလေ့
ရှိသည်။
ထို့ပြင်
အရေးပိုင်လုပ်သွားခဲ့သော ဗိုလ်ကြီးဖိုးဗော့ဖတ်အက်ဖော့နှင့် သာသနာပြုမယ်လက္ကမ်တို့
ထောက်ပြသော အုပ်ချုပ်ရေးဆိုင်ရာ ချွတ်ယွင်းချက်ကို ဖော်ပြရဦးမည်။
မြန်မာအုပ်ချုပ်ရေးသည် အေဒီ ၁၈၈၅ ခု နှစ်အထိ အသက်ဦးဆံပိုင် ဘုရင်စနစ်ဖြစ်ချေသည်။
ထို့ကြောင့် မင်း၏ အာဏာစက်သည် အလွန်ထက်လေသည်။ မင်းကောင်းလျှင် ပြည်သူတို့
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၍ မင်းဆိုးလျှင် ပြည်သူတို့ ကိုယ်ရောစိတ်ပါ
ပင်ပန်းတတ်ကြလေသည်။
သာဓကပေးရလျှင်
စစ်ကိုင်းမင်း၏ မိဖုရားခေါင်ကြီး ငယ်မည်မှာ မယ်နု ဖြစ်လေသည်။ မိဖုရားခေါင်ကြီးသည်
အလွန်အစားထက်လေသည်။ ထိုအခါ "နု" ဆိုသောစကားဝေါဟာရကို ပြည်သူများမသုံးရ။
သစ်ရွက်နု (ဝါ) မန်ကျည်းရွက်နုဟု ဆိုမည့်အစား မကျည်းရွက်ထွတ်ဟူ၍ ပြောဆိုရသော
အဖြစ်မျိုးကို ဗိုလ်ကြီးဖောက်ပတ်က ကြားဖူးလေသည်။
ဗဟိုအုပ်ချုပ်ရေးမှစ၍
ကွဲပြားသော အုပ်ချုပ်ရေးကလည်း ဆင့်ကဲဆင့်ကဲ အာဏာပြချင်တတ်ကြလေသည်။
"နောက်လာတဲ့မောင်ပုလဲဒိုင်း ဝန်ထက် ကဲ" ဆိုသောစကားပုံသည်
အရာရှိတိုးပြီးတိုင်း မကောင်းပုံကို ပို၍ထင်
၂၉၆
ရှားစေသော
သာဓကဖြစ်လေသည်။ ဤတွင် ဒိုင်းဝန်အကြောင်း ဇာတ်မြစ်ကို မြတ်ဘက်သို့
မယ်လက္ကမ်ရောက်ရင်း ကြားခဲ့ရလေသည်။ မြတ်ဘက်တွင် ဒိုင်းဝန်ဆိုသူမှာ ယိုးဒယားရန်ကို
ခုခံကာကွယ်သောတာဝန်ကို ယူနေရ၏။ သူသည် နယ်ရှိလူအများပေါ် အကပ်အညှပ်
ပြင်းထန်လှလေသည်။ လူအများအဖို့ သူ့အောက်တွင် နေရသည်မှာ ငရဲပြည်မှာနှင့် မခြားမနား
ဖြစ်သည်။ ထိုအခါ နယ်မှ လူလေးငါးသောင်းသည် အခြားသို့ ပြေးဝင်ခိုအောင်း ကြရလေသည်ဟု
ဆို၏။
ခုတဖန်
သံတမန်ဆိုင်း၏အဆိုကို ဖော်ပြရဦးမည်။
မြန်မာသည်
အချို့နေရာတွင် ရက်စက်၍ အချို့နေရာတွင် ကြင်နာယဉ်ကျေးသည်။ ရန်သူများအပေါ်
အလွန်ရက်စက်တတ်သည်။ နိုင်ငံကို ဝင်ရောက်သိမ်းပိုက်သည့်အခါ ယောက်ျား မိန်းမမရွေး
မညှာတာ။ မိမိတို့တိုင်းပြည်၌ကား စရိုက်တမျိုး ဖြစ်သည်။ ကြင်နာတတ်သည်။ အသက်ကြီးသူ
အဆင့်မြင့်သူ များကို အစဉ်သဖြင့် ဂုဏ်သရေရှိစွာ ဆက်ဆံသည်။ မိဘဝတ္တရား၊
မိတ်ဆွေဝတ္တရား၊ သခင်နှင့် ကျွန်ဝတ္တရားတို့ကို အလေးအမြတ်ထားသည်။
ဘယ်အရာမဆို
အကောင်းနှင့်အဆိုး ဒွန်တွဲနေတတ်သည်မှာ ဓမ္မသတာပင်။ အုပ်ချုပ်ရေးပိုင်းနှင့်
ကိုယ်ရေး အကျင့်စာရိတ္တပိုင်းတွင် အကောင်းဘက်သို့ ရှေးရှုသော အကြောင်းအချက်များကို
ထပ်မံဖြည့်စွက်ရရှိလေသည်။
အချက်တခုမှာ
ဗဟိုအုပ်ချုပ်ရေးသည် မင်းနှင့်နီး၍ အပြစ်အနာအဆာ ရှိတတ်သော်လည်း
နေပြည်တော်နှင့်ဝေးသည့် ကျေးရွာအုပ်ချုပ်ရေးသည် ပြည်သူများနှင့် နီးစပ်နေသော
အဖြစ်ပေတည်း။ မူးမတ်တို့မှာ မင်း၏အလိုကျ ခန့်အပ်ခံရသူများဖြစ်သည်။
ကျေးရွာသူကြီးတို့မှာမူ ထိုအရပ်သားပင်ဖြစ်၍ မိဘရိုးရာဆက်ခံ၍ မိမိကျေးရွာကို
အုပ်ချုပ်ရသူများဖြစ်သည်။ ထိုအခါ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီအောင်
ညှိနှိုင်းတတ်ရလေသည်။
ဒုတိယအချက်မှာ
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော ရာဇဝင်၊ ဓမ္မသတ်၊ ပိဋကတ်စာပေ၊
မြန်မာရသစာပေများပင် ဖြစ်လေသည်။ ထိုစာ
၂၉၇
များသည်
လူတို့၏ ထိန်းမတ်ပြုပြင်သည်။ နှလုံးသားစေသည်။ ထိုစာများကို ဘုန်းကြီးသင်္ဂဟိတောအစ
ဆရာကျောအထိ အဆုံး ဟုဂ်လင်အသီးသီးက တွေ့မြင်ကြားသိခဲ့ကြဖူးလေသည်။ ဤနေရာတွင်
မြန်မာရာဇဝင် အရေးအသားနှင့်ပတ်၍ စကားချပ်ရဦးမည်။ မြန်မာရာဇဝင်ကျမ်းများသည်
ရှေးဆန်ကာ အဖြစ်မှန်နှင့် ဒဏ္ဍာရီရောပြွမ်းလျက်ရှိပါ၏။ အေဒီ ၁၉၂၅-၂၆ ခုနှစ်က
ကမ္ဘာလှည့်ယင်း မြန်မာနိုင်ငံသို့ ဝင်ခဲ့သော စာရေးဆရာအော်ဒပ်ဟပ်စလေသည်
မြန်မာရာဇဝင်ဘာသာပြန်ကို ဖတ်မိလေသည်။
ထိုအခါ
နေမင်းသားနှင့် နဂါးမ သင့်မြတ်၍ ပြုစောထီးပေါက်ဖွားသည်ဟူသော ရာဇဝင်သမိုင်းအဆိုကို
မှန်နန်းရာဇဝင် ပြုစုသူများက ဘုရင့်ဇာတ်တော်တွင် လူမင်းသားနှင့် နဂါးမ ပေါင်းဖော်၍
လုလင်သားပွားသည်ဟူပါသော်လည်း မဟာဝင်တွင် လူမင်းသားနှင့် ခြင်္သေ့ပေါင်းဖော်၍
သီဟဗာဟုဖွားသည် ပါသည်။ ပြုစောထီးသမိုင်းတွင်ကား နေမင်းသားနှင့် နဂါးမ
ပေါင်းဖော်သည်ဖြစ်စေ နဂါးဖြစ်စေ၊ နဂါးဖြစ်စေ မွေးဖွားသမျှ ရှိသည်ဟူ၍
အဘယ်သူမုဆိုးကြီးစား ရှာကြံကြရပုံ အရေးအသားကို ဟပ်စလေဖတ်ရှုပြီး ရယ်ခဲ့ဖူးလေသည်။
ဤတွင် မိတ္ထီလာရှိ အမေရိကန် စက်မှုကျောင်း၌ ကျောင်းအုပ်လုပ်ခဲ့သော ဂျေအယ်ခရစ်ရှန်က
မြန်မာရာဇဝင်ကျမ်းများတွင် အပေါ်ယံအားဖြင့် ဒဏ္ဍာရီများဖြင့် ပြည့်နေသော်လည်း
တကယ်ဖြစ်ရပ်အခြေခံပါ ပါသည်ဟု ပြန်လှန်ချေပခဲ့ဖူးလေသည်။
ဟုတ်ပါ၏။
မြန်မာရာဇဝင်ကျမ်းများသည် မင်းစိုးရာဇာများ၏ အဖြစ်အပျက်ကို မူတည်၍ တရားလက်လွတ်
မဖြစ်ကြလေအောင်၊ သံဝေဂရနိုင်လေအောင် အဓိကထား၍ ရေးခဲ့သောကျမ်းများဖြစ်လေသည်။
ရာဇဝင်ကျမ်းများနှင့်အတူ ဘုန်းကြီးသင်္ဂဟိတော ဖော်ပြဖူးသော အဘိဓမ္မာနှင့်
(မဏိရတနာပုံ) သည်လည်း ဇာတ်နိပါတ်နှင့် မင်းတို့အဖြစ်အပျက်ဖော်ပြကာ
မင်းနှင့်ပြည်သူတို့ကို ဆုံးမသည့်သဘောဖြင့် ရေးခဲ့ခြင်း ဖြစ်လေသည်။
၂၉၈
တဖန်
မနုသာရရွှေမျဉ်းဓမ္မသတ် ၁၁၄၊ မနုကျယ်ဓမ္မသတ် ၁၁၅၊ သုဓမ္မစာရီ ဖြတ်ထုံး ၁၁၆ တို့သည်
တရားအဆုံးအဖြတ်၌ လမ်းညွှန်ပေးသည့်စာတိုင်ပင် ဖြစ်ပေသည်။ ထိုစာပေတို့ကိုလည်း
နောင်တွင် နိုင်ငံခြားသားများက မှီငြမ်းပြုစရာအဖြစ် သုံးခဲ့ကြလေသည်။
ဘာသာရေးစာနှင့် စပ်၍ကား မြန်မာ ပိဋကတ်တိုက်များ၌ အဋ္ဌကထာ၊ ဋီကာများစုံလှပေသည်ဟု
မန္တလေးအပျက်တွင် ရောက်လာသော ရုရှားလူမျိုးပါဠိနှင့် သက္ကတပညာရှင် အိုင်ဗီ နယက်က
ဆိုခဲ့ဖူးလေသည်။ ၁၁၇ သို့ရာတွင် နိုင်ငံခြားသားများ အသိများ သည်မှာ
ဗုဒ္ဓဝင်စာအုပ်များ၊ မင်္ဂလသုတ်ကဲ့သို့သော သုတ္တန်ဒေသနာများ ဖြစ်ကြလေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာလိုက်စားသူများ သိတန်ကောင်း၏ ဟူ၍ မာလာလင်္ကာရဝတ္ထု ၁၁၈၊
တထာဂတဥဒါနဒီပနီ ၁၁၉ တို့ကို မူတည်၍ အချို့က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ကြလေသည်။
အထက်ပါစာများသည်
မင်းဧကရာဇ်ပြည်သူပါ လိုက်နာကျင့်သုံးရန် သုတ စာများ ဖြစ်ကြတော့သည်။
ထို့ပြင်ဖျော်ဖြေရေးဆိုင်ရာအမှတ်တရနှင့်သူတို့အတွက် နှလုံးပွားစရာ ရသစာပေတွေ့လည်း
ရှိလေသေးသည်။ သူတို့သည် လောက၌ နေထိုင်ယင်း စေတနာပေါ်ကာ ထိုစာပေများကို
ဖွဲ့ခဲ့ကြသည်ဟု တွေ့ရ သည်။ သားဧကပေရသော်
ခိုင်းခိုင်းဒဏ်ဒေါင်ဒေါင်၊
ကျပ်ခိုးစင်
ငါးကင်ထားတယ်
စားနေကျကြောင့်၊
သည်ကြောင်းမှာ
ကြောင်ဗွေကြမ်း၊
ဝိုင်းရံလို့လှမ်း။
ဆိုသော
သားချော့တေးရိုးကလေး၊
စာမျက်နှာ
၂၉၉
စုံကန္တာနေပူကြီးမှာ
ဘယ်ထီးမှမပါ၊
ချစ်တဲ့သူသလူမျိုးနှင့်
မိုးကာလှည့်မောင်
လုံလေအောင်၊
မေတ္တာဘွဲ့
၁၂၀ တေးရိုးကလေးများမှအစ ရတု ၁၂၁၊ ရကန်၊ ပျို့၊ မော်ကွန်း၊ ဧချင်း ၁၂၂ တို့
နန်းသုံးတော်ဝင်စာအထိ စာများဖြစ်ကြသည်။
ဤတွင်
အင်္ဂလိပ်အုပ်ချုပ်ရေးဝန်ထမ်း၊ ရာဇဝတ်ဆရာ၊ ဂျီအီးဟာဗေးက
ဤသို့မှတ်ချက်ချခဲ့ဖူးလေသည်။
ပြည်သူတို့၏
တေးကဗျာများတွင် သူတို့၏ ဘဝဖြစ်စဉ်သည် အရိပ်ထင်နေ၏။
တေးကဗျာများတွင်
သူတို့၏ အကြင်နာစိတ်၊ ရွှင်လန်းစိတ်၊ အလွမ်းစိတ် စေတနာများသည် တရားဘက်ညွှတ်သည့်
သဘော၊ ကြံ့ခိုင်သည့်သဘောတို့နှင့် ရောယှက်ပါဝင်လျက်ရှိသည်။....။
နစ်ရာချီ၍ လောကဓံကို ရင်ဆိုင်ခဲ့ပြီးနောက် ထိုအရည်အသွေးများကို ဆက်လက်သိမ်းထားနိုင်ခြင်းသည် ဤလူမျိုး၏ အမြုတေရှိသည်၊ ခံနိုင်ရည်ရှိသည့် သာဓကပင် ဖြစ်တော့သည်။
ဤမျှကား မြန်မာနိုင်ငံရောက် နိုင်ငံခြားသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုသုံးသပ်ချက်များ ဖြစ်လေသည်။ ။
Comments
Post a Comment