Skip to main content

ဟံသာဝတီ စကားပုံပေါင်းချုပ်

၄၁။ ကောင်းကင် မီးလောင်၊ တိမ်တောင် ပျားစွဲ။

၄၂။ ကောင်းတော့ ထန်းပင်ချောင်း၊ တူရွင်းစောင်း၊ ထိုးခံရတော့ ထန်းစေ့မှုတ်။

၄၃။ ကောင်းမှန်း သိတော့ ရွှေအိတ် တစွတ်စွတ်။ (သအိတ် တစွတ်စွတ်)

၄၄။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ။

၄၅။ ကိုယ်ကကျူး၊ ဒူးတောင်မှမယုံရ။

၄၆။ ကောက်ပင် ရိတ်လှီး သလို။

၄၇။ ကောင်းလျှင်စံ၊ ဆိုးလျှင်ခံ။

၄၈။ ကိုယ့်အတတ်နှင့် ကိုယ့်စူး။

၄၉။ ကိုက်မနိုင် ခဲမနိုင်။ (ခဲမရ)

၅၀။ ကုန်ရှုံးတော့တခေါက်၊ လင်ကုန်ရှုံးတော့ တသက်လုံးမှောက်။

၅၁။ ကိုင်းတော မီးလောင်သလို။

၅၂။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်။

၅၃။ ကိုယ့်နှစ်သက်က ထန်းပလပ် နတ်ရုပ်ထင်။

၅၄။ ကိုယ့် စိတ်နှင့်နှိုင်း၊ မရိုင်း။

၅၅။ ကိုယ့် ဝမ်းနာ ကိုယ်သာသိ။

၅၆။ ကိုယ့် ရူး ကိုယ် ပတ်။

၅၇။ ကိုယ့် ပေါင်ကို ကိုယ်လှန်၍ ထောင်းသလို။

၅၈။ ကိုယ့် ထက်သာ မနာလို။

၅၉။ ကိုယ့် ကြက် ကိုယ်သတ်စားသလို။

၆၀။ ကိုယ့် ကိုယ် ကိုယ်သော် သူတော်စင် ခုနစ် ပါး။ (မသူတော်ခုနစ်ပါး)

"ကုန်ရှုံးတော့ တခေါက်"

စီးပွားရေး လုပ်ငန်းတခုတွင် အရင်းအနှီး ရှုံးနိမ့်သွားခြင်း သို့မဟုတ် ကုန်သွယ်ရာတွင် အရှုံးပေါ်ခြင်းသည် ထိုတခေါက် (တကြိမ်) သာ နစ်နာခြင်း ဖြစ်သည်။ နောက်တကြိမ် ပြန်လည် ကြိုးစားပါက အရင်းအနှီး ပြန်ရနိုင်သလို၊ အရှုံးကိုလည်း ပြန်လည် ကုစားနိုင်သော အခွင့်အရေး ရှိပါသည်။

"လင်ကုန်ရှုံးတော့ တသက်လုံးမှောက်"

အမျိုးသမီးတဦးအနေဖြင့် အိမ်ထောင်ဖက် ရွေးချယ်မှု မှားယွင်းသွားခြင်း (သို့မဟုတ်) မကောင်းသော လင်ယောက်ျားနှင့် ဆုံစည်းရခြင်းသည် ဘဝ တသက်လုံးအတွက် နစ်နာဆုံးရှုံးသွားခြင်းကို ဆိုလိုပါသည်။ စီးပွားရေး အရှုံးကဲ့သို့ နောက်တကြိမ် ပြန်လည် စတင်ရန် မလွယ်ကူသလို၊ ဘဝ၏ ပျော်ရွှင်မှုနှင့် တန်ဖိုးများပါ တသက်လုံးအတွက် နစ်မြုပ် (မှောက်) သွားနိုင်ကြောင်း သတိပေးထားခြင်း ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ