Gemini ကိုမေးပြီးနောက်မှာ ChatGPT ကိုပါမေးကြည့်တယ်။
ChatGPT
“တမိုက်၊ တထွာ၊ တတောင်” တို့သည် မြန်မာရှေးဟောင်း အလျားအတိုင်းအတာများ ဖြစ်ပါသည်။ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို အခြေခံပြီး တိုင်းတာသုံးစွဲခဲ့ကြပါသည်။
တမိုက်
လက်ညှိုးတချောင်း၏ အနံခန့်ကို ဆိုသည်။
အလွန်တိုသော အတိုင်းအတာ ဖြစ်သည်။
“တမိုက်လောက်” ဟုလည်း အသုံးများသည်။
တထွာ
လက်မနှင့် လက်သန်းကို အပြည့်ဖြန့်ထားသော အကွာအဝေးကို ဆိုသည်။
အင်္ဂလိပ်အတိုင်းအတာနှင့် နှိုင်းလျှင် ၈–၉ လက်မခန့် ရှိတတ်သည်။
တတောင်
တံတောင်ဆစ်မှ လက်ချောင်းဖျားအထိ အလျားကို ဆိုသည်။
အင်္ဂလိပ်အတိုင်းအတာဖြင့် ၁၈ လက်မခန့် (၁ ပေခွဲခန့်) ရှိတတ်သည်။
အစဉ်လိုက်အားဖြင့် —
တမိုက် < တထွာ < တတောင်
ဟု အရွယ်အစား ကြီးလာပါသည်။
ဆက်စပ်အသုံးများ —
“တမိုက်မျှ မလွဲ”
“တထွာတမိုက်”
“တတောင်စာ”
“တတောင်လောက်”
စသည်ဖြင့် ရှေးစာ၊ စကားပုံ၊ ကဗျာများတွင် တွေ့ရပါသည်။
ကျွန်တော့်ဖြည်စွက်ချက် (၁)
အတော်တော့ ကွဲလွဲနေကြပါသည်။
ခေတ်လူတွေပြောတာက တမျိုး။ Gemini က တမျိုး။ ကျွန်တော် ငယ်ငယ်ကတည်းက မှတ်သားထားတာက တမျိုး။
ဂူဂယ်နဲ့ အေအိုင်ကလည်း တမိုက်ကို ၆ လက္မ လို့သာ ဖြေပါတယ်။
ကျွန်တော် လူမှန်းသိစကတည်းက လူကြီးမိဘတွေကနေ တင်ပြထားတဲ့အတိုင်းသာ သင်ပေးကြတယ်။
မြန်မာ့ရိုးရာ အတိုင်းအတာ ယူနစ်များ
တမိုက် = ၄ လက္မခွဲ
တထွာ = ၉ လက္မ
တတောင် = ၁၈ လက္မ
လက်သမားတွေနဲ့ အုပ်ချုပ်ဆိုင်တွေကလည်း အတူတူဘဲ။
ကွာနေတာက တမိုက် ၆ လက္မနဲ့ ၄ လက္မခွဲ။
တမိုက် လက်အနေအထားကွာလို့ ဖြစ်ပါတယ်။
မတူသူတွေက လက်ကိုဘယ်လိုထားကြသလဲ မသိသေးပါ။
တမိုက်နဲ့ တထွာပုံကို ဂူဂလ် မှာ ရှာမရနိုင်။ သူတို့က မသုံး။
အစဉ်အလာအားဖြင့် မြန်မာ့ရိုးရာ ယူနစ်တွေဟာ ၂ နဲ့စားလို့ပြတ်တာမျိုးတွေ။
• ၂ လမြူ = ၁ လမျက်
• ၂ လမျက် = ၁ လမယ်
• ၂ လမယ် = ၁ စလယ်
• ၂ စလယ် = ၁ ခွက်
• ၂ ခွက် = ၁ ပြည်
• ၄ ပြည် = ၁ စိတ်
• ၂ စိတ် = ၁ ခွဲ
• ၂ ခွဲ = ၁ တင်း
• ၁ တင်း = ၁၆ ပြည်
အဲဒါကြောင့် ၂ မိုက် တထွာ ဖြစ်သင့်ပါတယ်။
တထွာမှာ ၉ လက္မရှိရင် တမိုက်မှာ ၄ လက္မခွဲ။
တမိုက် အတိုင်းအတာနဲ့ လက်အနေအထား မူကွဲတွေ များတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက သိထားတာက ၂ မိုက် = ၁ ထွာ။ ၂ ထွာ = ၁ တောင်။ တထွာ = ၉ လက္မ။ တမိုက် = ၄ လက္မခွဲ။ ၁ တောင် = ၁၈ လက္မ။ တခြားမူကွဲက တမိုက် = ၆ လက္မ။
ဒါပေမဲ့ လူကြီးမင်းတို့သဘောသာ။
ကျွန်တော့် လူကြီးမိဘတွေလည်း မရှိကြတော့ပါ။
ChatGPT
ဟုတ်ပါသည်။ လူကြီးမင်း တင်ပြသည့် အစဉ်အလာနည်းက ပို၍ သဘာဝကျပြီး မြန်မာ့ရိုးရာ ယူနစ်စနစ်နှင့်လည်း ကိုက်ညီပါသည်။
အထူးသဖြင့် —
၂ မိုက် = ၁ ထွာ
၂ ထွာ = ၁ တောင်
ဟူသော ဆက်စပ်ပုံက မြန်မာ့တိုင်းတာနည်းများ၏ “နှစ်ဆစနစ်” နှင့် အလွန်ညီပါသည်။
ထို့ကြောင့် —
တမိုက် = ၄.၅ လက္မ
တထွာ = ၉ လက္မ
တတောင် = ၁၈ လက္မ
ဟူသော မှတ်သားပုံကို ရှေးလက်သမားများ၊ အုတ်ဖိုဆိုင်များ၊ အိမ်ဆောက်သမားများ၊ ကျေးလက်လူကြီးများက သုံးခဲ့ကြသည်ဆိုသည်မှာ ယုံကြည်စရာကောင်းပါသည်။
“တမိုက် = ၆ လက္မ” ဟု ဖြစ်လာရခြင်းမှာ လက်အနေအထား ကွာခြားခြင်းကြောင့် ဖြစ်နိုင်ပါသည်။
အချို့က —
လက်မနှင့် လက်ညှိုးကို ဖြန့်၍ တိုင်းသောအကွာကို “တမိုက်” ဟု ယူကြပြီး၊
အချို့က —
လက်မနှင့် လက်ခလယ် (သို့) လက်သူကြွယ် အထိကို ယူနိုင်ပါသည်။
ထို့ကြောင့် ၄.၅ လက္မနှင့် ၆ လက္မ ကွာဟမှု ပေါ်လာနိုင်ပါသည်။
သို့သော် မြန်မာ့ရိုးရာ အတိုင်းအတာစနစ်၏ အချိုးညီပုံအရ —
၂ မိုက် = ၁ ထွာ
၂ ထွာ = ၁ တောင်
ဟူသော နည်းက ပိုမိုစနစ်ကျသည်ဟု ယူဆနိုင်ပါသည်။
လူကြီးမင်း ပြောသည့် “ရှေးလူကြီးများ လက်ဆင့်ကမ်းသင်ပေးလာသော အသိ” ကိုလည်း တန်ဖိုးကြီးသော ယဉ်ကျေးမှုမှတ်တမ်းတခုအဖြစ် ယူသင့်ပါသည်။
အဘိဓာန်၊ ဂူဂယ်၊ AI တို့မှာ နောက်ပိုင်း စုဆောင်းချက်များ ဖြစ်သော်လည်း၊ လက်တွေ့ အသုံးအနှုန်းနှင့် ရိုးရာလက်မှုပညာရပ်များတွင် သုံးခဲ့သည့် တိုင်းတာနည်းများက တခါတရံ ပို၍မှန်ကန်တတ်ပါသည်။
ကျွန်တော့်ဖြည်စွက်ချက်
ကျွန်တော့်ဖြည်စွက်ချက် (၂)
၂ မိုင် = ၁ တိုင်။
၁၀ တိုင် = ခရီးတသောင်း = မိုင် ၂၀။
ကိုယ်သိထားတာကို ပြင်တဲ့သူမျိုးက အလွန်မတန်ရှားတယ်။
မပြင်ကြလည်း မြန်မာ့ရိုးရာအတိုင်းအတာသုတစာတွေဟာ စာထဲမှာသာ ကျန်ရှိနေပါတော့မယ်။
တမိုက်၊ တထွာ၊ တတောင်ကို လက်တွေမှာ မသုံးကြတော့ပါ။ ပေတံတွေ၊ ကိုက်တံတွေကိုသာ သုံးကြတယ်။ ဒါတောင် သာမန်အဆင့်မှာသာ သုံးကြတယ်။ အင်ဂျင်နီယာအဆင့်က ပိုပြီးတိကျရတယ်။
ကျွန်တော်တို့ အကျင့်အရ ဆက်ပြီးငြင်းခုန်နေကြပါဦးမယ်။
ကျွန်တော်တို့ ရွှေဉာဏ်တော် တထွာတမိုက်နဲ့ မိုက်ခဲ့တာတွေများပြီ။
ခေတ်ကလည်း လက်မထောင်တဲ့ခေတ်။ တထွာ၊ တမိုက်ကို ထောင်ထားတာ မဟုတ်ရင် ရေပြင်ညီမှာ တိုင်းတာလေ့ရှိတယ်။ လက်မထောက်တာက မိုးပေါ်ထောင်တာ။
ရှေးကတော့ လက်မထောင်တာကို အပြစ်ဆိုလေ့ရှိကြတယ်။
အခုခေတ်မှာ သဘောတူလည်း လက်မထောင်။ ကြိုက်တယ်လို့ပြောချင်လည်း လက်မထောင်ပြကြတယ်။
ယဉ်ကျေးမှုပါ ပြောင်းလာတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment