မြင်သာမြင်ရ မကြင်ရ
ကြည့်သာကြည်ရ မစားရ
သွားသာသွားရ လမ်းမသိ
သိသာသိစေ မမြင်စေနဲ့
AI
“ငေးနေရုံမျှသာ” ဆိုသည့် ဝေါဟာရတွင် “သာ” ဖြင့် ရေးသားခြင်းကသာ အမှန်ဖြစ်ပါတယ် ဆရာကြီး။
ဝါကျတည်ဆောက်ပုံနှင့် အဓိပ္ပာယ်အရ ခွဲခြားကြည့်လျှင် ပိုမိုထင်ရှားပါသည်—
မျှသာ (မျှ + သာ) : “ဒီအတိုင်းပဲ၊ ဒါထက်မပိုဘူး” ဟု အတိုင်းအတာတခုကို ကန့်သတ်ဖော်ပြသည့် ကူညီကိရိယာ ဖြစ်ပါသည်။ (ဥပမာ - ကြည့်ရုံမျှသာ၊ ပြောရုံမျှသာ၊ ငေးနေရုံမျှသာ)။
မျှတာ (မျှ + တာ) : “တာ” ဆိုသည်မှာ အကြောင်းအရာ သို့မဟုတ် အပြုအမူတခုကို နာမ်ကဲ့သို့ ဖြစ်စေသည့် ပေါင်းစပ်စကားလုံး (ဥပမာ - သွားတာ၊ လာတာ၊ ငေးတာ) ဖြစ်သည့်အတွက် “မျှ” နှင့် တွဲ၍ “မျှတာ” ဟု သုံးစွဲလေ့မရှိပါ။
ထို့ကြောင့် တွေးတောငေးမောနေရုံကလွဲလို့ တခြားဘာမှ မတတ်နိုင်တော့တဲ့ အခြေအနေမျိုးကို ဖော်ပြချင်သည့်အခါ “ငေးနေရုံမျှသာပဲ” ဟု “သာ” ဖြင့် ရေးသားခြင်းသည် သဒ္ဒါနှင့် အဓိပ္ပာယ်အရ အမှန်ကန်ဆုံး ဖြစ်ပါတယ်ခင်ဗျာ။
သာ¹ – နဝိ / သာ / ဂုဏ်၊ အစွမ်း၊ အရည်အချင်း၊ အရေအတွက် စသည် ပိုလွန်သော။
သာ² – နဝိ / သာ / အသံချိုမြိန်သော။ “အသံ သာ ခြင်း၊ ချောင်းဆိုးနာ ကင်းခြင်း။” နရ။ ၁၇၈။
— ကြိ / သာ / ၁။ နှစ်လိုဖွယ် အခြေအနေရှိသည်။ စည်ပင်ငြိမ်းချမ်းသည်။ “မင်းတည်ကြည်မှ ပြည် သာ သည်။” မဃ။ ၁၈။ ၂။ အရောင်အဝါ ထွန်းလင်းသည်။ “လသာသည်။” ၃။ ငှက်သည် နှစ်သက်ဖွယ် အသံတွန်ကျူးသည်။ “ရွှေပြည်စိုးငှက် သာ သံကို ကြားလျက်။” စိုး။ ၁၁၄။ ၄။ စိတ်ဝမ်း ချမ်းမြေ့သည်။ “မာရ်နတ် သင်နှလုံး မသာ မရှိလင့်။” မဟာဝင်။ ၁၀၂။
— ပစ္စည်း / သာ / အခြေအနေပေးကြောင်း၊ အခွင့်ဆိုက်ကြောင်း၊ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း စသည်ကို ထင်ရှားစေလိုရာ၌ ကြိယာနှင့်တွဲစပ်သော စကားလုံး။ “ထိုမန္တန်ကို တောင်းသည်ကိုလည်း မပေးသာဟု ပယ်ပြီးလျှင်။” ကံကော်။ ၃၉၉။
သာ³ – ဝိ / သာ / အခြားတပါးသော အရာကို မြစ်ပယ်လျက် ဖော်ပြရင်း ကတ္တား၊ ဝါစက၊ ကံ၊ ဝိဘတ်၊ သမုစ္စည်း၊ ကြိယာဝိသေသန စသည်တို့ကို ထင်ရှားစေလို၍ သုံးသောစကား။ “သူသာတတ်သည်။” “စားသာစားပါ။” “သူသွားသည်သာ။” “သူ့ကိုသာပေးပါ။” “ဈေး၌သာ ဝယ်ပါ။” “သူလာသော်သာ ပေးမည်။” “မြန်မြန်သာ သွားပါ။”
ဒေါက်တာတင့်ဆွေ

Comments
Post a Comment