Skip to main content

ကျီးခြေ ခေါ် ဝစာရိုး

၁။ ပုံနဲ့ စာရေးသူ = 

ကျီးခြေ ခေါ်ပါတယ် အဘိုးအဘွားများ အရမ်းကြိုက်လို့သိပါတယ်။

၂။ ညောင်ကန်သား = 

ဝစာရိုးလို့ခေါ်တယ်ဆရာ။ ဝဖူးလို့လည်းခေါ်တယ်ဗျ။ အခုလို မိုးဦးကျစအချိန် ယာခင်းဘေးနားနဲ့တောခြုံစပ်တွေမှာ ပေါက်လေ့ရှိတယ်ဗျ။

မီးမြိုက်ပြီး အခွံသင်ပြီး အတုံးလေးတွေ တုံးပြီး ချက်ကြပါတယ်။ အရသာက ခရမ်းသီးချက်နဲ့ဆင်တူပြီး ပင်စိမ်းလေး ပင်စိမ်းကြီး ကြိုက်ရာထဲ့ချက်ကြတယ်ဗျ။

သူ့အဖူးထဲ့က ထိပ်ဖျားလေးကို ပယ်ရပါတယ်။ မပယ်ပဲ အဲဒီထိပ်ဖျားလေးကို ချက်စားမိရင် လျှာနဲ့ပါးစပ် ယားပါတယ်။

တချို့က အခြောက်လှမ်းပြီးမှလည်း ချက်စားကြပါသေးတယ်။

ကိုယ်တိုင်သွားနှုတ်ပြီး ကိုယ်တိုင်ချက်စားဖူးပါတယ်။ နှုတ်လာပြီးရင် နေ့ခြင်း ချက်စားရပါတယ်။ နောက်နေ့ကျရင် ပုပ်အဲ့အဲ့အနံ့ထွက်လာပါတယ်။

ကျီးခြေပင်က ယာခင်းထဲမှာပေါက်လေ့ရှိပြီး အရွက်ချွန်းလေးတွေနဲ့ မြေကပ်ပေါက်ပင်ဗျ။ အောက်မှာ ဥလေးတွေပါတယ်။ ဥရောအပင်ရော တူးယူပြီး အချဥ်တည်စားကြပါတယ်။ ချဥ်ရည်ကျိုတာပါ။

သူကလည်း ဟင်းချက်တုန်းမှာ ငပိလေးနဲ့ နာနာလေးလုံးပြီးချက်ရပါတယ်။ မချက်တတ်ရင် ပါးစပ်နဲ့လျှာ ယားပါတယ်။

သုံးထပ်သားနဲ့နှပ်ပြီး အချဥ်ချက်ရင် အရမ်းစားကောင်း။ငြုပ်သီးလှော်ထောင်းနဲ့ပဲကြားပြုတ်နဲ့ လိုက်ဖက်။

ဆရာ့ညီ ကြိုက်တတ်လို့ ရွာမှာရပြီဆိုရင် မုံရွာကို မကြာခဏ လှမ်းပို့ဖူးတယ်ဗျ။ ကျီးခြေချဥ် ပို့တာဗျ။

အေး။ 

အရွက်တော့ ပို့မရ။ ပုံရတဲ့အခါ ပို့ပေးဦး။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ