ကျီးခြေ ခေါ်ပါတယ် အဘိုးအဘွားများ အရမ်းကြိုက်လို့သိပါတယ်။
၂။ ညောင်ကန်သား =
ဝစာရိုးလို့ခေါ်တယ်ဆရာ။ ဝဖူးလို့လည်းခေါ်တယ်ဗျ။ အခုလို မိုးဦးကျစအချိန် ယာခင်းဘေးနားနဲ့တောခြုံစပ်တွေမှာ ပေါက်လေ့ရှိတယ်ဗျ။
မီးမြိုက်ပြီး အခွံသင်ပြီး အတုံးလေးတွေ တုံးပြီး ချက်ကြပါတယ်။ အရသာက ခရမ်းသီးချက်နဲ့ဆင်တူပြီး ပင်စိမ်းလေး ပင်စိမ်းကြီး ကြိုက်ရာထဲ့ချက်ကြတယ်ဗျ။
သူ့အဖူးထဲ့က ထိပ်ဖျားလေးကို ပယ်ရပါတယ်။ မပယ်ပဲ အဲဒီထိပ်ဖျားလေးကို ချက်စားမိရင် လျှာနဲ့ပါးစပ် ယားပါတယ်။
တချို့က အခြောက်လှမ်းပြီးမှလည်း ချက်စားကြပါသေးတယ်။
ကိုယ်တိုင်သွားနှုတ်ပြီး ကိုယ်တိုင်ချက်စားဖူးပါတယ်။ နှုတ်လာပြီးရင် နေ့ခြင်း ချက်စားရပါတယ်။ နောက်နေ့ကျရင် ပုပ်အဲ့အဲ့အနံ့ထွက်လာပါတယ်။
ကျီးခြေပင်က ယာခင်းထဲမှာပေါက်လေ့ရှိပြီး အရွက်ချွန်းလေးတွေနဲ့ မြေကပ်ပေါက်ပင်ဗျ။ အောက်မှာ ဥလေးတွေပါတယ်။ ဥရောအပင်ရော တူးယူပြီး အချဥ်တည်စားကြပါတယ်။ ချဥ်ရည်ကျိုတာပါ။
သူကလည်း ဟင်းချက်တုန်းမှာ ငပိလေးနဲ့ နာနာလေးလုံးပြီးချက်ရပါတယ်။ မချက်တတ်ရင် ပါးစပ်နဲ့လျှာ ယားပါတယ်။
သုံးထပ်သားနဲ့နှပ်ပြီး အချဥ်ချက်ရင် အရမ်းစားကောင်း။ငြုပ်သီးလှော်ထောင်းနဲ့ပဲကြားပြုတ်နဲ့ လိုက်ဖက်။
ဆရာ့ညီ ကြိုက်တတ်လို့ ရွာမှာရပြီဆိုရင် မုံရွာကို မကြာခဏ လှမ်းပို့ဖူးတယ်ဗျ။ ကျီးခြေချဥ် ပို့တာဗျ။
အေး။
အရွက်တော့ ပို့မရ။ ပုံရတဲ့အခါ ပို့ပေးဦး။
Dr. တင့်ဆွေ

Comments
Post a Comment