ဆို..အိအိချွန်
မိုး ဦး ကျ ဝဿန် ခါမီ
ရောက်ပြီဆို မှဖြင့်
လယ်တောဆင်းကြသည်
တသင်း အဖော်များနဲ့သည်
တေး တကြော်ကြော်ကျူးကာသီ
သံပြိုင်ဆိုညီကောက်စိုက်ဆင်းကြပြီ
မိုး ဦး ကျ ဝဿန် ခါမီ
ရောက်ပြီဆို မှဖြင့်
လယ်တောဆင်းကြသည်
တသင်း အဖော်များနဲ့သည်
တေး တကြော်ကြော်ကျူးကာသီ
သံပြိုင်ဆိုညီကောက်စိုက်ဆင်းကြပြီ
ရှစ်ခွင်တိုင်းဆီ
မှိုင်း မှုန်လို့ရီ
မိုးတွေ တဖွဲဖွဲ စီး ကျခဲ့ပြီ
ပျိုလေးမေဖော်တသင်းတို့
ချမ်းအေးလှပေါ့အတည်
ရှစ်ခွင်တိုင်းဆီ
မှိုင်း မှုန်လို့ရီ
မိုးတွေ တဖွဲဖွဲ စီး ကျခဲ့ပြီ
ပျိုလေးမေဖော်တသင်းတို့
ချမ်းအေးလှပေါ့အတည်
စိုရွှဲလို့တနေကုန်သာပင်
ကောက်စိုက်ပါရသည်
ညိုနွဲ့တို့ပြန်ချိန်တန်ရင်
အရောက်လိုက်လာခဲ့မည်
ကြိုထားခဲ့ရက်နဲ့
ဘာ့ကြောင့်ပေါ်မလာသည်
စိုရွှဲလို့ တနေကုန်သာပင်
ကောက်စိုက်ပါရသည်
ညိုနွဲ့တို့ပြန်ချိန်တန်ရင်
အရောက်လိုက်လာခဲ့မည်
ခေါ်ထားခဲ့ရက်နဲ့ဘာ့ကြောင့်ပေါ်မလာသည်
စိတ်ဘဝင်
မအေးပြီ
သူတော့သာအိမ်ပြန်ရောက်မှ
အတိုးချချစ်ပြမည်
မိုး ဦး ကျ ဝဿန် ခါမီ
ရောက်ပြီဆို မှဖြင့်
လယ်တောဆင်းကြသည်
တသင်း အဖော်များနဲ့သည်
တေး တကြော်ကြော်ကျူးကာသီ
သံပြိုင်ဆိုညီကောက်စိုက်ဆင်းကြပြီ
ရှစ်ခွင်တိုင်းဆီ
မှိုင်း မှုန်လို့ရီ
မိုးတွေ တဖွဲဖွဲ စီး ကျခဲ့ပြီ
ပျိုလေးမေဖော်တသင်းတို့
ချမ်းအေးလှပေါ့အတည်
စိုရွှဲလို့တနေကုန်သာပင်
ကောက်စိုက်ပါရသည်
ညိုနွဲ့တို့ပြန်ချိန်တန်ရင်
အရောက်လိုက်လာခဲ့မည်
ကြိုထားခဲ့ရက်နဲ့
ဘာ့ကြောင့်ပေါ်မလာသည်
စိုရွှဲလို့ တနေကုန်သာပင်
ကောက်စိုက်ပါရသည်
ညိုနွဲ့တို့ပြန်ချိန်တန်ရင်
အရောက်လိုက်လာခဲ့မည်
ခေါ်ထားခဲ့ရက်နဲ့ဘာ့ကြောင့်ပေါ်မလာသည်
စိတ်ဘဝင်
မအေးပြီ
သူတော့သာအိမ်ပြန်ရောက်မှ
အတိုးချချစ်ပြမည်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment