တမြန်နေ့ကတင်တဲ့စာအောက်က ကွန်မင့်များ
1. ကျီးခြေ လို့ လည်းခေါ်တယ် ဗျ
2. ထားဝယ်ဘက်က ခေါင်းခြေလို့ခေါ်တယ်ဆရာ အရသာကချိုတယ်
3. ကျီးခြေ၊ဒေါင်းခြေဟုခေါ်ပါသည်။
4. မုံရွာ မှာစားခဲ့ရ...အလွန်ချိုပါတယ်ရှင်။
5. ကျီးခြေပါ
6. ဟုတ်ပါတယ်ဆရာ ချိုးခြေထောက်ပါ ပြုတ် တို့စား အရမ်းချိုတယ်
7. ဒေါင်းခြေခေါ်ပါတယ်
8. ဇရစ်ရိုးကြိုက်
9. ဇရစ်ပါ
10. ချိုးခြေထောက်
ကွန်မင့်များ
ဆရာဝန်သိတဲ့ ဆင်ခြေထောက်ကလွဲရင် ခြေထောက်တော့ စုံပြီ။
ဆရာဝန်က ၂၀၁၈ ခုနှစ် နွေရာသီမှာ အလည်ပြန်တော့ ညောယင်ကန်ရွာမှာ စားခဲ့ရတယ်။ ကောင်းတယ်။
သူတို့က ကျီးခြေလို့ ပြောပါတယ်။ အရွက်ကိုလည်း ပြလိုက်သေးတာ။
လိုက်ရှာတော့
ကျီးခြေပင်၊ နဂါးမောက်ဖြူ တဲံ။ အဲဒါ မဟုတ်လောက်ပါ။
ကျီးခြေဂမုန်း အဲဒါ မဟုတ်လောက်ပါ။
သေချာအောင် ညောင်ကန်သူ ညောင်ကန်သားတွေကို မေးကြည့်ရဦးမယ်။
ပုံတွေကတော့ ဆင်တာသာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment