ရွှေလရယ်သာ
ဖျင်းကိုခါလို့ ဖျာကိုခင်း
ယာကိုချစ်လို့ ရစ်ကိုချာ
ဗင်ကိုငိုင်းလို့ ဗိုင်းကိုငင်
သဝင်ရုံးလို့ သုံးဝင်ရ
ရောင်ကိုထစ်လို့ ရစ်ကိုထောင်
ရောင်ရွှေရစ်ကယ် ရစ်ရွှေရောင်
မာမလောင်တဲ့ မောင်မလာ
ပျို့ရွှေနဖာစူး မောင့်ရွှေနဖူးစာ။၊
ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်စောခဲ့သော အမျိုးသမီးစာဆိုတော်ကြီး မယ်ခွေ၊ အဲချင်း သဘောမျိုး စပ်ဆိုထားခြင်း ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment