မူရင်းအဆို-မိုးဒေဝါမလှရွှေ
ဆို-ဝင်းဦး
အို... မိုးဒေ....ဝါ....
ရှစ်တိုင်း....
မှိုင်း ဆင်....ကာ....
ရော်မြန်းရွက်ကျင်ရှာ
လေသွေးရာ
မှုံဝေရီ
မှိုင်းမှိုင်းဖျော့ဖျော့မြူတိမ်လွှာ
စန်းသော်တာ ရောင်ဆင်းဖျော့ဖျော့
မှုံရီပြာ
ရော်မြန်းရွက်ကျင်ရှာ
လေသွေး ရာ
မှုံဝေရီ
မှိုင်းမှိုင်းဖျော့ဖျော့မြူတိမ်လွှာ...
စန်းသော်တာ ရောင်ဆင်း ဖျော့ဖျော့
မှုံရီပြာ
မှေးတဲ့အရောင်မှာ...
တေးဖွဲ့သီရှာ...
အသံလေးသဲ့သဲ့ တွဲ့တွဲ့သီခဲ့ရာ
မှေးတဲ့အရောင်မှာ...
တေးဖွဲ့သီကာ...
အသံလေးသဲ့သဲ့ တွဲ့တွဲ့သီခဲ့ရာ
ဗျာကသီလုံမေအလှရယ်
တေးသံကြားလို့ သူနားစွင့်ရှာ
ဗျာကသီလုံမေအလှရယ်
တေးသံကြားလို့သူနားစွင့်ရှာ
အမှန်တွေ့ကြုံလာ
သဉ္ဇာလီ ပြတင်းဆီ
မျှော်မှန်းလို့သာ မှုံရီရီပြာ
အို...
ရှစ်တိုင်းခွင်မှာ ညိုမှိုင်းကာသာ
အလို
အိုမိုးဒေဝါ သင်တိုင်းခြုံကာ ဆင်ပဲသူရွာ
အို....
ရှစ်တိုင်းခွင်မှာ ညိုမှိုင်းကာသာ
အလို ...
အိုမိုးဒေဝါ သင်တိုင်းခြုံကာ
ဆင်ပဲသူရွာ
ဖွဲဖွဲ မစဲ ပဲ... သဲသဲ မဲမဲ
ညှိုးလေရက်တာ
ဖွဲဖွဲမစဲ ပဲ... သဲသဲ မဲမဲ
ညှိုးလေရက်တာ
စာနာလေအား...
ညှာတာလေအား...
မိုး...
မိုး...
မိုး...
တေး သံ လေး သာ
မိတ်ဆက် ခဲ့ ရ
နိဒါန်း သဝဏ်...လွှာ
ပြန်ကာသာ...
ရှေ့နောက် တွေး...
တရေးရေး မြင်လာ
ထင်ယောင်...ထင်မှား....
မြသွေး လှသူ...ဇာ....
လေပြည်မိုးသက်ကလေးတွေဝေ့လို့လာ
သုံးယံ ညဥ့်အခါ
ကေသီနွဲ့နွဲ့လျှော့လျှော့ထုံးကျော့ကာ
ပြုံးယောင်စိတ်မှာအရိပ်မှေးသူ့မျက်နှာ
အုံ့ပုံးတွေးထင်မြင်ရာ
ငြီးငွေ့လှလို့အဖော်ရှာ
အချစ်တူရိယာ
ခင်မင်ရင်းမို့မိတ်ဖွဲ့ရှာ...
မြို့မ သဝဏ် လွှာ...
အို...
ရှစ်တိုင်းခွင်မှာ ညိုမှိုင်းကာသာ
အလို...
အိုမိုးဒေဝါ သင်တိုင်းခြုံကာ
ဆင်ပဲသူရွာ
အို...
ရှစ်တိုင်းခွင်မှာ ညိုမှိုင်းကာသာ
အလို...
အိုမိုးဒေဝါ သင်တိုင်းခြုံကာ
ဆင်ပဲသူရွာ
ဖွဲဖွဲမစဲ ပဲ....သဲသဲ မဲမဲ
ညှိုးလေရက်တာ
ဖွဲဖွဲမစဲ ပဲ...သဲသဲ မဲမဲ
ညှိုးလေရက်တာ
စာနာလေအား...
ညှာတာလေအား...
မိုး...
မိုး....
မိုး...
တေး သံ လေးသာ
မိတ် ဆက်...ခဲ့...ရ
နိဒါန်း သဝဏ်....လွှာ....
https://www.facebook.com/reel/1968407257138983
ဒေါက်တာတင့်ဆွေ

Comments
Post a Comment