ရေး။ ။ ရွှေဖြူးလွင်သစ္စာ
ဆို။ ။ ခင်ခင်
ဟိုမှာတငုံ သည်မှာတဖူး ဆတ်သွားဖူးတွေက တရုံနှစ်ရုံ သင်းပျံ့ပျံ့ထုံ
ဟိုမှာတငုံ သည်မှာတဖူး ဆတ်သွားဖူးတွေက တရုံနှစ်ရုံ ကျေးငှတ်ကအုံ
(မအုံပါနဲ့) ၃ ရွှေကျေး မလေးမေ (တောင်းပန်ပါရဲ့) ၂ ယုံ၊
ချစ်သူ့စကား တဆင့်လူများ အမှာပါလိုက်ပုံ၊ ဆက်ဆက်လာမယ်ယုံတဲ့) ၂
ဆတ်သွားဖူးရိပ် တိတ်တိတ်ဆုံ၊ ပန်းခူးစောင့်လို့ ကျမမှာ ရင်ကခုန်၊
ရွာထဲကသာမြင်ရင် ကျမတို့မှာ အခက်ကြုံ) ၂
ရှက်ရှက်နဲ့ ဝန်ခံရမယ့်ပုံ၊ ရွှေကျေးလေးတွေ နှုတ်ကလုံ၊ သူလာရင်သာ ဝေးဝေးပျံပါ အကုန်။
မှတ်ရန်
သတ်ပုံမှန်ခေတ်က သီချင်းဖြစ်ပါတယ်။
အခုတော့ -
တငုံ မရှိ
တရုံ မရှိ
တဖူး မရှိတော့ပါ။
တဆင့်လည်း မရှိတော့ရှာ။
လူအများစုက အဟုတ်မှတ်လို့ ယုံ။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment