Skip to main content

တတ်သိ၊ ယဉ်ကျေး၊ တည့်မှန်ကြပါစေသတည်း

ဆရာခဗျာ မြန်မာစာနဲ့ ပတ်သက်တဲ့ ကဗျာတွေ စာတွေနဲ့ ပတ်သက်တဲ့ ဝါကျတွေပဲ တင်ပေးပါလို့ တပည့် တောင်းဆိုပါတယ်ခဗျာ။

ဟုတ်။ 

တချို့က ဆေးပညာစာသာ တင်ပါတဲ့။

တချို့က နိုင်ငံရေး ရေးပါတဲ့။

တချို့က သတ်ပုံတွေ အလိုမရှိတဲ့။

တချို့က အခုကွန်မင့်လို။

နေ့စဉ် တင်ပြနေတာ ၁၅ နှစ်ရှိပါပြီ။ စာပုဒ်ရေ မနည်းတော့ပါ။

ဆေးပညာစာ ၁၅၇၄၀ ပုဒ်ကို Blog မှာ တင်ထားပါတယ်။

ဆေးပညာစာ မဟုတ်တဲ့စာ စုစုပေါင်း ၂၀၅၆၂ ပုဒ်ကို Blog မှာ တင်ထားပါတယ်။

Facebook မှာက သိလိုတာ အရှာရခက်တယ်။ ကိုယ်တင်ထားတာကိုတောင် ကိုယ်တိုင် မရှာတတ်။

နောက်တချက်

ကျွန်တော့မှာ တပည့် မရှိပါခင်ဗျား။

ယူအက်စ်အေမှာ ၆ နှစ်ကြာ မြန်မာဘာသာသပြန်ဆရာလုပ်စဉ်က student ကျောင်းသားလို့သာ ခေါ်ပါတယ်။

နောက်တချက်

ဆရာကြီး ကိုလည်း ဆရာ လို့သာ ရိုးရိုး၊ တည်တည့်၊ မှန်အောင် ပြောင်းလိုက်ပါတယ်။

မေးခွန်းတွေထဲက ကြီး စာလုံးကို ဖြုတ်ရတာလည်း အလုပ်တခု။

အသက်ငယ်ချင်လို့ ပြင်တာ မဟုတ်။

ဖေ့စ်ဘွတ်မှာ ကျွန်တော့ထက် အသက်ကြီးသူ အလွန်ရှားတယ်။

ကျွန်တော်က ဆရာဝန်။ ကျန်းမာရေးဌာနမှာ ဆေးရုံအုပ်ကြီး၊ သမားတွေနဲ့ အထူးကုဆရာဝန်တွေကိုသာ ကြီး ထည့်ခေါ်လေ့ရှိတယ်။ ကျွန်တော်က မြို့နယ်ဆရာဝန်သာ လုပ်ခဲ့ရတာ။

နောက်တချက်

ဆိုရှယ်မီဒီယာမှာ သူ့ကိုယ်မသိ၊ ကိုယ့်သူမသိ ဆက်သွယ်ရေးလုပ်ကြရတော့ ရိုးရိုးနဲ့ ယဉ်ယဉ်ကျေးကျေး နာမ်စားတွေကိုသာ သုံးသင်ကြပါတယ်။

ကျွန်တော်၊ ကျနော်၊ ကျွန်မ၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် စသည်။

မင်း၊ ငါ၊ အေး၊ အေးကွ၊ နော် စတာတွေကိုတော့ ရင်းနှီးသူတွေသာ မက်စင်ဂျာကနေ ရေးသင့်တယ်။ အများဖတ်လို့ရတဲ့နေရာတွေမှာ မသင့်မှန်ပါ။

မြန်မာပြည်သူပြည်သားတွေ ဘယ်မှာနေနေ တတ်သိ၊ ယဉ်ကျေး၊ တည့်မှန်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ