Skip to main content

သခွတ်ဖြူ ပင်မင်း ငွေအဆင်းပွင့်ချိန်မှာ

၁။ သခွပ်ပင်က မီးတကျည်ကျည်။

သခွတ်ပင်လို့ ရေးရတယ်။

၂။ ဆရာခဗျား သခွတ်ပင်က မီးတကျည်ကျည် အဓိပ္ပါယ်ကို ရှင်းပြစေလိုပါသည်။

(၁)

သစ်တောကြီး တခုလုံး မီးဟုန်းဟုန်း တောက်လောင် နေဆဲတွင် အဖိုးမတန်သည့် သခွတ်ပင်က မီးထလောင်၍ အသံ တကျည်ကျည် မြည်နေသကဲ့သို့  အရေးတကြီးကိစ္စ ပေါ်ပေါက် နေဆဲတွင် အရေးမကြီးသည့်ကိစ္စအတွက် နားပူနားဆာ ပြုလုပ်ခြင်း။

(၂)

သိကြားမင်းဟောင်းသည် ပင်လယ်ကသစ်ပင်ပေါက်သည့် တာဝတိံသာ နတ်ပြည်မှ သခွပ်ပင်ပေါက်ရာ အသူရာပြည်သို့ ကျသွား၏။ သိကြားမင်းအသစ်ကို တက်၍ စစ်ပြိုင်ကာ မနိုင်ဘဲနှင့် ရန်မီးတကျီကျီလုပ်နေသည်ဟု ဆိုလိုသည်။ မစွမ်းဘဲနှင့် ရန်စွာနေခြင်း၊ အရေးမပါဘဲ နှောင့်ယှက်နေခြင်း စသည်တို့တွင် သုံးနှုန်းသည်။

AI

၁။ ပုံရိပ်အခြေခံ သဘော (Literal Imagery)

သခွတ်ပင်သည် သစ်သားပျော့၊ အဖိုးမတန်သည့် သစ်ပင်တမျိုးဟု ရိုးရာအယူရှိသည်။

မီးလောင်လျှင် “တကျည်ကျည်” ဟု အသံမြည်တတ်သည်။

သို့သော် —

သစ်တောကြီး တခုလုံး မီးဟုန်းဟုန်း လောင်နေချိန်တွင် သခွတ်ပင်လေးတပင် လောင်ပြီး အသံမြည်နေခြင်းမှာ အရေးကြီးမဟုတ်သော အသံသာ ဖြစ်သည်။

ထိုပုံရိပ်မှ —

အရေးကြီးသော အရာကြီး ရှိနေစဉ် အရေးမကြီးသော အရာလေးကို အကျယ်တဝင့် လုပ်နေခြင်းဟု အဓိပ္ပါယ် ပြောင်းလဲအသုံးချလာသည်။

၂။ နတ်ပြည်သမိုင်းအရ ပုံရိပ် (Mythological Reference)

ဤစကားပုံကို နတ်ဒေဝါသမိုင်းနှင့် ဆက်စပ်၍လည်း ရှင်းလင်းကြသည်။

သိကြားမင်းသည် တာဝတိံသာနတ်ပြည်မှ အသူရာတို့နှင့် စစ်ပြိုင်ရာတွင် မနိုင်ဘဲ ရန်မီး “တကျီကျီ” လုပ်နေခြင်းကို ရည်ညွှန်းသည်ဟု ဆိုကြသည်။

ဤသဘောအရ —

မစွမ်းနိုင်ဘဲ ရန်စွာနေခြင်း

အောင်နိုင်ခြင်း မရှိဘဲ အနှောင့်အယှက် လုပ်နေခြင်း

အရေးမပါဘဲ ရန်ဖြစ်ခြင်းတို့တွင် သုံးသည်။

၃။ သုံးနှုန်းပုံများ

(က) နိုင်ငံရေးသုံးပုံ

“ပြဿနာကြီးကို မဖြေရှင်းနိုင်ဘဲ သခွတ်ပင်က မီးတကျည်ကျည် လုပ်နေတယ်”

(ခ) လူမှုရေးသုံးပုံ

“အရေးကြီးအလုပ် မပြီးသေးဘဲ အရေးမကြီးတဲ့ ကိစ္စလေးနဲ့ သခွတ်ပင်က မီးတကျည်ကျည် ဖြစ်နေတယ်”

(ဂ) ကိုယ်ရေးကိုယ်တာသုံးပုံ

“ကိုယ်တိုင် မတတ်နိုင်ဘဲ သခွတ်ပင်က မီးတကျည်ကျည် လုပ်နေတာ မသင့်ဘူး”

၄။ အနက်နက်ရှိုင်းသဘော

ဤစကားပုံတွင် ပါဝင်သည့် သဘောထားမှာ —

အရေးကြီး/အရေးမကြီး ခွဲခြားသိမှု (priority awareness)

စွမ်းရည်နှင့် လုပ်ရပ် ကိုက်ညီမှု

မစွမ်းနိုင်ဘဲ ရန်မီးမထိုးသင့်ခြင်းဖြစ်သည်။

ဘယ်အရာကိုမဆို ဂဃနဏ သိအောင် ကြိုးစားပါဟူသကဲ့သို့ မသိဘဲ အသံကြီးပြုလုပ်ခြင်းကို သတိပေးသည့် စကားပုံဟုလည်း ဆိုနိုင်ပါသည်။

ကျွန်တော့ ဖြည့်စွက်ချက်

ကသစ်၊ သခွတ်၊ ဟင်းငုတ် အခေါ်တွေ ရောနေကြတယ်။

ကသစ်ပန်းကသာ နီရဲနေပါတယ်။

ဟင်းငုတ်က ဖွေးဖြူနေတယ်။

ဟင်းငုတ်ကို သခွတ်လို့ နှစ်မျိုးခေါ်ပါတယ်။

"ကသစ်ပန်း"

ရေး မြို့မငြိမ်း

မူရင်းအဆို လေပါတီ မမြရင်

နတ်စည်ငယ်လေ

ပုစွန့်လက်ရိုး အာလမ္ဗရာ

ကျော်ဝန်းသံဝါ ဆော်ရွန်းညံစာစာ

တိမ်ယံအာကာ နီလာပြင်ဆိုင်း

သင်တိုင်းခြုံလွှာ အုံ့မှိုင်းညိုပြာ

မိုးထက်ကယ်ဝဠာ ကိုးချက်နယ်မှာ

တိမ်ခိုးယှက် မိုးစက်ကလေးတွေလာ

ဝေဆာ

သခွတ်ဖြူ ပင်မင်း ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွက်လို့

မြင်းမိုရ်ထက်သို့တက်လို့

စက်ဖက်တဲ့အခါ အုံ့ကာလေတဖွဲဖွဲ

ရွာလေတသည်းသည်း

လွဲခဲ့ကြရရှာ

နတ်တို့နတ်ရွာ ဝတိန်သာ

အသူရိန်တွေဟာ ဘုံသာဝေယံနန်းမြင့်

ကသစ်ပန်းပွင့်ရတုမှာ

သဘင်ပွဲပြုကာ

လွဲခဲ့ကြရရှာ

နတ်တို့နတ်ရွာ ဝတိန်သာ

အသူရိန်တွေဟာ ဘုံသာဝေယံနန်းမြင့်

ကသစ်ပန်းပွင့်ရတုမှာ

သဘင်ပွဲပြုကာ

အို သခွတ်ဖြူစွာ

အပွင့်ကိုသာ မြင်တော့မှ

ဝတိန်တွင်မဟုတ်ပါလား ဟရိုရဲ့

သေနင်ဗျူဟာ

နတ်အသူရာမင်းငယ်လေး...

စစ်ခင်းလုမယ်လာ ရှေးရှုဝတိန်သာ

ဝေဆာ

သခွတ်ဖြူ ပင်မင်း ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွက်လို့

မြင်းမိုရ်ထက်သို့တက်လို့

စက်ဖက်တဲ့အခါ

အုံ့ကာလေတဖွဲဖွဲ

ရွာလေတသည်းသည်း

အာလိန်ငါးဆင့်

နဂါးနဲ့ ဂဠုန်အရံ

ဂုမ္ဘန် ယက္ခ စတုမဟာရာဇာ

မခံနိုင်ကြမှ သိကြားထွက်တဲ့အခါ

တွက်ရေ သိန်းခြောက်သောင်း

ရှစ်ထောင် ယူဇနာ

ဝရဇိန်လွှတ်ခါ မြင်းမိုရ်ကိုယ်ပင်

သူခွင်းချင် ထွင်းလို့ဖောက်နိုင်တာ

နတ်မြင်းတထောင်ကတဲ့

ရထားဝေဇယန္တာ

ရန်ဖန်မာန်းတင်း နာဂကတော့

ဆင်တော်သုမိတ္တာ

ရဲတံခွန်လွှား

သုံးဆယ့်သုံးပါ သိကြားငယ်ပါ

နေလနတ်သား လေးပါးစစ်အင်္ဂါ

ပင်လုံးကျွတ် သခွတ်ပွင့်ချိန်မှာ

ဝေဆာ

သခွတ်ဖြူ ပင်မင်း ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွက်လို့

မြင်းမိုရ်ထက်သို့တက်လို့

စက်ဖက်တဲ့အခါ

အုံ့ကာလေတဖွဲဖွဲ

ရွာလေတသည်းသည်း

နှစ်တိုင်းပင် သခွတ်ပွင့်ချိန်မှာ

သိကြားနဲ့ အသူရာ

သမက်နဲ့ယောက်ခမ

ဘောက်ကျလို့လည်း အားမရနိုင်ရှာ

နှစ်တိုင်းပင် သခွတ်ပွင့်ချိန်မှာ

သိကြားနဲ့ အသူရာ

သမက်နဲ့ယောက်ခမ

ဘောက်ကျလို့လည်း အားမရနိုင်ရှာ

ဒါကို အားမကျဖို့

မယားအလှတောင်းပန်မှာ

ယောက်ခမဆိုတာ

တည့်အောင်ပေါင်း ကျောင်းကိုထုတ်

ဥပုတ်ရက်ရှည် စောင့်ခိုင်းပါ

ဝေဆာ

သခွတ်ဖြူ ပင်မင်း ငွေအဆင်းပွင့်ချိန်မှာ

အသူရာ ဒေါသထွက်လို့

မြင်းမိုရ်ထက်သို့တက်လို့

စက်ဖက်တဲ့အခါ

အုံ့ကာလေတဖွဲဖွဲ

ရွာလေတသည်းသည်း။   ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ