ဟင်းချက်နည်းတွေမှာ အမြဲတမ်း၊ မလွတ်တမ်း ဖတ်ရတယ်။ ဓားပြားရိုက် တဲ့။
တသက်လုံး ထမင်းဟင်းချက်လာသူတက
ဒါးပြားရိုက်ကြည့်တာ ဘယ်လိုမှ မဖြစ်တဲ့။ ဒါးလေးနဲ့ပါးပါးလှီး၊ ငရုတ်ဆုံမှာ
အနေတော်ထောင်းနည်းသာ တတ်ပါသတဲ့။
ကျွန်တော်လည်း ပြည်ပနိုင်ငံရေးကာလအတွင်း
တခါတခါ ထမင်းချက်တာဝန်ကျတယ်။ ငရုတ်သီးစိမ်းထောင်းချင်ရင် ထည့်သင့်တာတွေအကုန်ကို
ဂရင်ဒါ ခေါ် ကိရိယာလေးထဲထည့်ပြီး ၂ ပတ်၊ ၃ ပတ်လောက်လှည့်နည်းသာသုံးပါတယ်။ လိုရင်
ထပ်လှည့်။ စားကောင်းတယ်။
အခုခေတ်မှာလို အကုန်အစုံထည့်ထောင်းတာကို
ဆားထောင်းလို့ မခေါ်ခဲ့ဘူးပါ။
ခွဲစိတ်ဒါး ကိုလည်း ဓားလို့ မရေးခဲ့ပါ။
ငယ်ငယ်က မြန်မာ့အသံက မနက်တိုင်း
ကုန်ဈေးနှုန်း ကြေငြာတော့ ကြက်သွန်ဖြူ ဥတလုံးတဲ့။ အဲဒီခေတ်က မုံရွာမှာ မရှိလို့
စဉ်းစားမရ။
အခုခေတ်မှာ ကြက်ဥ၊ ဘဲဥ၊ ကြက်သွန်ဖြူ၊
ကြက်သွန်နီတွေကို တဥ၊ တလုံး၊ တတက်လို့ မှန်အောင်ရေးတတ်သူက ရှားပြီ။
ခေတ်ပေါ့။ သူများကောင်းတာ လိုက်ကောင်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment