ဤသစ်ပင်လျှင်
ယခင်ရှေးက၊ မိနှင့်ဖတို့
မှန်းဆကြောင်းကျိုး၊ မြတ်တနိုးဖြင့်
စိုက်ပျိုးခဲ့မည်၊ ထင်မိသည်တည့်။
မှန်လိမ့်ထင်၏
သက်ပင်ကြီးပြင်း၊ သွင်အိုမင်းလည်း
လေပြင်းမိုးဒဏ်၊ နေပူခံ၍
ရှင်သန်ဝေဆာ၊ ဖြိုးဝေပါမို့
နွေခါမိုးလ၊ ဆောင်းရက်ကျတိုင်း
ရွက်မြဲစိုလွင်၊ အားသစ်ဝင်ခဲ့
ရူမြင်မငြီး၊ ဖူးပွင့်သီးခဲ့
ရိပ်ထီးပမာ၊ မိုးပေးလာခဲ့
ရှည်ကြာကာလ၊ ခုချိန်ကျထိ
ဘဝတာဝန်၊ ထူးထူးချွန်လျှင်
ကျေပွန်ထမ်းရွက်၊ ခဲ့လေသည်။ ။
ကဗျာရေးသူ - ထွဏ်းနေနွယ်
(ငွေတာရီမဂ္ဂဇင်း၊ ၁၉၇၀ မေလ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment