(ရှုမဝမဂ္ဂဇင်း ၁၉၆၃ခုနှစ် မေလ)
စာရေးသူ - မောင်ကြည်ဆွေ
ကျေးဇူး။
ကျွန်တော်လည်း ဒေါ်အေးသာလို ခေတ်မျိုးစုံကို ဖြတ်သန်းခဲ့ရတယ်။
မွေးစကာလ ဇာတိရွာဝန်းကျင်၊ ချင်းတွင်းမြစ်အနောက်ဖက်မှာ သူပုန်တွေ၊ ဓါးပြတွေ ပေါတယ်။
၅ နှစ်သားမှာ မုံရွာကို ရွှေ့နေရတော့ ဖဆပလ ခေတ်။ ပြည်တော်သာခေတ်နဲ့ ဖဆပလ နောက်ဆုံးရွေးကောက်ပွဲကို မီလိုက်တယ်။
၁၉၆၂ ရှစ်တန်းမှာ စစ်တပ်က ပဌမအကြိမ် အာဏာသိမ်းတယ်။
၁၉၇၃ အထိ တော်လှန်ရေးကောင်စီခေတ်။
၁၉၇၄ ကနေ ၁၉၈၈ အထိ မဆလ ခေတ်။
မဆလ ခေတ်တလျှာက်လုံး အစအဆုံး မီလိုက်တယ်။
၁၉၈၈ တတိုင်းတပြည်လုံး အုံကြွအပြီးမှာ ဆရာဝန်အလုပ်က ထွက်လိုက်ပြီး နိုင်ငံရေးပါတီတခုထဲဝင်တယ်။
အလုပ်မထွက်ခင် မဆလ ရဲ့ နောက်ဆုံး တပ်တွင်းပညာပေးသင်တန်း တက်ခဲ့ရတယ်။ မန္တလေး နန်းတွင်းမှာ။
၁၉၈၈ မှာဘဲ စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းပြန်တယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပေမဲ့ တရားခံပြေးဖြစ်ရတယ်။
၁၉၉၀ ခုနှစ်ကုန်ခါနီးတော့ တိုင်းပြည်ကနေ ထွက်ပြေးရတာ အခုထိ။
၂၀၂၁ စစ်တပ်က တတိယအကြိမ် အာဏာသိမ်းတော့ ပြည်ပမှာ။
ပြည်ပဆိုတာကလည်း အိန္ဒိယမှာ ၂၄ နှစ်ကြာခဲ့ပြီး ယူအက်စ်အေကို ရောက်ပြန်တယ်။ ဒီအရပ်မှာ ၁၂ နှစ်ရှိပြီ။
ခေတ်မျိုးစုံက အဖြစ်သနစ်စုံတွေ များလွန်လှတယ်။ ပြန်ပြောရင် နားညည်းရုံသာ။ ခေတ်ဆိုး စနစ်ဆိုးတွေက ပြန်ကောင်းလာမှာ မဟုတ်။
သမိုင်းကို မသိရင်တော့ အလိမ်ခံရတတ်ပါတယ်။
အခုခေတ်လူရွယ်တွေ သမိုင်းကို မျက်စောင်းတောင် ထိုးချိန်မရှိကြ။
ဖတ်စရာသမိုင်းမှန်ကလည်း ရှားပါဘိသနဲ့။
ဒီလိုပုံနဲ့ မိုးကြီးချုပ်ခဲ့ပြီ။
ဒေါ်အေးသာ ကွယ်လွန်ပြီ … ဒေါ်အေးသာ အသက်ရာကျော်ရှည်ပါစေသတည်း။ (ကိုဒေါင်းဝတ္ထုထဲက စာသား)
ကိုဒေါင်းကား သေလေပြီ … ကိုဒေါင်း သက်တော်ရာကျော်ရှည်ပါစေသတည်း (မောင်ထင် ငဘ ၊ ၁၉၄၇)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment