Skip to main content

ကန်တော့ပွဲ စိတ်ဝင်စားဖွယ်









 ပုံ (၁) - 

ကန်တော့ပွဲ စိတ်ဝင်စားဖွယ်

ဓမ္မဗျူဟာမှ ဓမ္မမိတ်ဆွေကြီးက ကန်တော့ပွဲ အကြောင်း လှမ်း၍ဆွေးနွေးပေးသည်။ ကန်တော့ပွဲဖြင့် ရတနာသုံးပါးအား ကန်တော့ရခြင်းသည် ဘယ်တုန်းကစခဲ့ပါသနည်း။ ကန်တော့ပွဲ၌ အဘယ်ကြောင့် အုန်းသီး၊ ငှက်ပျောသီးများကို ထည့်သွင်းရပါသနည်းဟု ဆွေးနွေးချက်တွင် ပါရှိလေသည်။

ဆွေးနွေးသင့်သော အချက်ပင် ဖြစ်ပါသည်။ မြန်မာလူမျိုးတို့သည် ရတနာသုံးပါး၊ မိဘဆရာသမားတို့အား ပူဇော်ကန်တော့ရာ၌၎င်း၊ ရိုးရာနတ်စသည်တို့အား ပူဇော်ပသရာ၌၎င်း ကန်တော့ပွဲများပါရှိပြီး ယင်းကန်တော့ပွဲများ၌ အုန်းသီး၊ ငှက်ပျောသီးတို့ကို မပါမပြီးရှာမှီးထည့်သွင်းမြဲပင် ဖြစ်၏။ ရှေးရိုးစဉ်လာဖြစ်၍ မရအရ ရှာဖွေလုပ်ဆောင်၍ကား နေကြသည်။ အဘယ်ကြောင့် ပါရသည်၊ လုပ်ရသည်ဟူသော သမိုင်းကြောင်းကား အစပျောက်၍ နေပါသည်။ စာရေးသူအနေဖြင့်လည်း ဓမ္မဗျူဟာမှ မိတ်ဆွေကြီး ဆွေးနွေးလာမှပင် ကန်တော့ပွဲပြဿနာကို အဖြေရှာရန် အရေးကြီးကြောင်း စဉ်းစားမိလာသည်။ သို့နှင့် လက်လှမ်းမှီသမျှ ရှေးဟောင်းစာပေတို့ကို ရှာဖွေမွှေနှောက်ကြည့်မိ၏။ ကျေနပ်လောက်သောအဖြေကား မရပေ။

ဘုရားလက်ထက်က ကန်တော့ခြင်း အစဉ်အလာရှိသော်လည်း ကန်တော့ပွဲရှိသည်၊ မရှိသည်ကို မသိရပေ။ ကျောင်းကန် ဘုရား

________________________________________

ပုံ (၂) - ကန်တော့ပွဲ (စာမျက်နှာ ၁၀၇)

ကန်တော့ပွဲ (၁၀၇)

သွားလာရာ၌လည်း ကန်တော့ပွဲစခန်း မပါ။ အနာထပိဏ်သူဌေးကြီး၊ ဝိသာခါကျောင်းအမကြီးတို့ နံနက်ညဘုရား သျှင်ထံ ချဉ်းကပ်ရာ၌ နံနက်တွင် ဆွမ်းဘောဇဉ်တို့ကို ယူဆောင်၍ သွားကြောင်း၊ ညနေတွင် ပန်းနှံသာတို့ကို ဆွဲကိုင်၍ သွားကြောင်း၊ သာမဏေလေးတို့က ငါတို့၏လက်ကိုကြည့်လိမ့်မည်ဟု ကြံစည်ကာ စားသောက်စရာ ပျားသကာ တင်လဲစသည်တို့ကို ယူဆောင်သွားတတ်ကြောင်း ဓမ္မပဒတွင်ဆို၏။ ကန်တော့ ပူဇော်ရာ၌ အာမိသပူဇာ၊ ဓမ္မပူဇာ ဟူသော ပူဇော်ခြင်းနှစ်မျိုးရှိရာ၌ အာမိသပူဇာမှာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါး ပူဇော်ဖွယ်များကိုဆိုလိုကြောင်း ဖော်ပြချက်ရှိ၍ ကန်တော့ပွဲဟူသည် သီးခြားမဟုတ်၊ ဤအာမိသ ပူဇာမျိုးကိုပင် ခေါ်သည်ဟုဆိုသော် သင့်ရာပါ၏။

ကန်တော့-ကံတော့

ကန်တော့ပွဲဟူသော ဝေါဟာရကို ထောက်သော် ကန်တော့ရာ၌ပါသော ပွဲဟူအဓိပ္ပါယ်ရောက်သဖြင့် ကန်တော့ ဟူသည်ကို ပဌမအဖြေရှာသင့်သည်ဟုထင်၏။ ကန်တော့ကို ဝေါဟာရတ္ထပကာသနီဆရာတော်က ကန်တော့ဟူသည်ကား အရှေ့ဖက် အရှင်ဥက္ကံသမာလာအကျော် ဆရာတော်သည် ကန်တော့ဟူသည်တွင် ကန်ကိုနုတ်ယူတော်မူ၍ လော့ကိုထိုးဝါးထက်လက်ဖြင့်ကျောက်ကန်တွန်းလှန်၏ သို့အကုသိုလ်ကံကို ကန်၍ ကုသိုလ်ကံကို တော့သည်၊ တည်ရပ်စေသည်ဟူသော အရာကိုယူတတ်မူသည်။ ဤ၌ ကန်သည်ကား အကုသိုလ်ကံ၊ တော့သည်ကားကုသိုလ်ကံဖြစ်၏။

________________________________________

ပုံ (၃) - ရတနာစာပေ (စာမျက်နှာ ၁၀၈)

၁၀၈ ရတနာစာပေ

ကန်ခြင်းကြိယာ၏ ကံပုဒ် အကုသိုလ်ကံဟူ၍ လောင်းသည်။ တော့ခြင်းကြိယာ၏ ကံပုဒ် ကုသိုလ်ကံဟူ၍ လောင်းသည်။ ကန်ခြင်း တော့ခြင်း ကြိယာနှစ်ပါး ကံရည်ညည်း အသီးသီးလျော့ရာ ကြံတော်မူသည်” ဟူ၍ အရှင်ဥက္ကံသမာလာဆရာတော်၏ အလိုကို ဖော်ပြထားတော်မူပြီး မိမိအလိုကို ဆက်လက်၍-

“ကံတော့သည်ဟု သေးသေးတင်ယူလည်း သင့်ရာ၏။ ကံ၏ အရာကို ကုသိုလ်ကံယူလျှင် ပူဇော်ကံတော့ခြင်းကြောင့် ဖြစ်သော ထိုကုသိုလ်ကံကို မိမိ၌မြဲစေသည်။ တော့သည်ဟူ၍ ယူသင့်၏။ အကုသိုလ်ကံယူလျှင် ပဒုဋ္ဌစိတ်ဖြင့်ပြစ်မှားချေ၍ဖြစ်သော အကုသိုလ်ကံသည် ဖြစ်ပြီးစေတနာသာ ကံမည်၏။ နောက်ထပ် တိုးပွားခြင်း မရှိ၊ ရပ်တန့်စေသည်။ အလျင်မပြတ် ဖြစ်အံ့သော အကုသိုလ်ကို တော့သည်ဟူ၍ယူမူ သင့်အံ့သတ္တုရှိ၏” ဟု ဆိုတော်မူလေသည်။

ကန်တော့၊ ကံတော့ မည်သို့ပင်ဆိုဆို အကုသိုလ်ပျောက် ကုသိုလ်ရောက်အောင် စိုက်ဆောက်ရကျိုး ရှိခိုးခြင်း၊ ပူဇော်ခြင်းပင် ဖြစ်လေသည်။ ရတနာသုံးပါးအား၎င်း၊ မိဘဆရာသမားတို့အား၎င်း၊ သက်ကြီးဝါကြီးတို့အား၎င်း ပူဇော်လို၍ ကန်တော့ခြင်း၊ ပြစ်မှားမိ၍ အပြစ်မှ ပပျောက်ရန် ကန်တော့ခြင်းနှစ်မျိုးလုံးပင် အကျိုးဝင်စေသည်။ ဤကား ကန်တော့ဟူသော ဝေါဟာရ၏အဓိပ္ပါယ်ပင်။

ပွဲကို ဆက်လက်စဉ်းစားကြပါဦးမည်။ ပွဲ-ဟူသာမန်ဆိုလျှင် ပွဲလမ်း သဘင် အခမ်းအနားမှာ အထင်ရှားဆုံးဖြစ်၏။ သို့သော်

________________________________________

ပုံ (၄) - ကန်တော့ပွဲ (စာမျက်နှာ ၁၀၉)

ကန်တော့ပွဲ (၁၀၉)

ဤနေရာ၌ကား ပွဲလမ်း သဘင်နှင့် မသက်ဆိုင် လှပေ။ ထမင်းပွဲ၊ စားပွဲကဲ့သို့သော ပွဲ၊ ငှက်ပျောပွဲ၊ အုန်းပွဲစသည်ကိုသာ ဆိုလိုသည်ဖြစ်ရာ ဤပွဲသည် အဘယ်ကလာသော ပွဲပေနည်း။

“စည်စိမ်း ကြီးပါဘိ၊ မြုံ့သီး တောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင်ယှဉ်လက်ပြိုင်ကျယ်စဗျစ်ကယ်နှင့်၊ ပုယစ်သစ် မြေအင်ရံလို့၊ ဖျန်းမတန် ကန်ယောက်သွားငယ်နှင့်” စာဆိုတော်ဦးကြီး၏ လွမ်းချင်းတပုဒ်မှ “ကျယ်စဗျစ်-ပုယစ်သစ်” ဟူသော ဝေါဟာရကလေးများကို စဉ်းစားမိ၏။ ကျယ်သော စဗျစ်၊ အသစ်ဖြစ်သော ပုယစ်တို့ကို အဓိပ္ပါယ်ဖော်ယူနိုင်သည်။ စဗျစ်နှင့်ပုယစ်သည် အဘယ်ကဲ့သို့သော ပစ္စည်းများနည်း။ စဗျစ်ဟူသည်မှာ စဗျစ်၊ အိုးပျစ်၊ ပစ်တောင်းတို့ ဗာတ်တုန့်တူဖြစ်၍ ထည့်စရာ သိုစရာ နှီးဖြင့်ယက်ထားသော ပစ္စည်းတမျိုးဖြစ်သည်။ ယနေ့ခေတ်တွင် ဗျပ် ဟုခေါ်သော ပစ္စည်းမျိုး ပင်ဖြစ်သည်၊ ထို့ကြောင့် ရှေးကဗျာတပုဒ်တွင် - “ထမင်းတဲ့ပြောင်းဆန်။ ပိလောရေတန်တန်နှင့်၊ မြေဇလုံ စဗျစ်ခင်း၊ မင်းတုစိုးဟန်။ စပ်သီးကို ကြေ ကြေ ထောင်း၊ ပါလို့၊ ဟောင်း နိုင်မျှ စလောင်းကိုလှန်၊ ထည့်ပြန်၍ ဗျစ်ပိထောင်း။ ယာထွန်ပြန်၊ သားမြေးတွေ ခြံရံလို့၊ သူ့ သက်နှံ အိမ်သူ ကကျွေးတယ်၊ လွေးချိုင်ချက်ကောင်း။”

ဤသို့ အပြားဖြစ်၍ ချင်းထားသော စဗျစ်ကို သရုပ်ဖော်ထားသည်။ မြေဇလုံ စဗျစ် ဗျပ်တို့ကိုအသုံးပြု၍ ထမင်းစားနေသော တောင်ယာလုပ်သားတို့ဘဝကို မြင်နိုင်သည်။

ပုံ (၅) - ရတနာစာပေ (စာမျက်နှာ ၁၁၀)

၁၁၀ ရတနာစာပေ

“ပုယစ်သစ်မြေအင်ရံလို့” ဟူသော လွမ်းချင်းပိုဒ်၏အဓိပ္ပါယ်မှာ “မြေခွက်များရံထားသောပုယစ်” ဟုဆိုလို၏၊ ယင်းကို ပုဂံကျောက်စာတို့၌ (ပုဝါ) ဟုရေးထိုးသည်။

ဆီမီးတိုင်ကြီး ၁-ခု၊ လင်ပါနီကြီး ၁-ခု၊ ကြီပုယစ်ကြီး ၁-ခု၊ (ရှင်ပင်ဗောဓိကျောက်စာ)

လင်ပန်ကြီး ၁-ခု၊ ကြီပုယစ် ၁-ခု၊ (ရှင်ပင်ဗောဓိပြတိုက်ကျောက်စာ)

ရှယ်သပိတ် ၅-လုံး၊ လင်ပန် ၅၊ ကြီပုယစ်ခြံ ၅-ခု၊ (လောကနန္ဒာကျောက်စာ)

ကြီယ်ပုယစ်တစ်ဆု၊ လင်ပန်ပိဿာနီယ်တချပ် (ပုထိုးတော်ကြီးကျောက်စာ)

ဤကျောက်စာ ကောက်နုတ်ချက်များ အရ လင်ပန်းကို တချပ် နှစ်ချပ် စသည် ရေးထိုးပြီး ကြေးပုယစ်ကို တဆူဟု ရေးထိုး သဖြင့် လင်ပန်း၊ စဗျစ်၊ ဗျပ်တို့လို အပြား အချပ်မျိုး မဟုတ်ကြောင်းသိနိုင်၏။ လင်ပန်း သပိတ်တို့နှင့် အတူ အစားအသောက် ထည့်စရာ တမျိုး ဖြစ်ကြောင်း အပြင် လောကနန္ဒာကျောက်စာတွင် ကြေးပုယစ်ခြေ ၅-ခုဟုဆိုသဖြင့် အခြေရှိသော ထည့်စရာမျိုး ဖြစ်ကြောင်းလည်း သိသာပြန်၏။ ထို့ပြင် ပုထိုးတော်ကြီးကျောက်စာ၌ ကြီယ်ပုယစ်တစ်ဆုဟု ရေးထိုးသဖြင့် တစ်ခုနှစ်ခုအသုံးထက် လေးစားအပ်သော တစ်ဆုဟူသောအသုံးကို သုံးထားသဖြင့် အခြေရှိရုံသာမက အထွတ်အဖုရှိသော ခန့်ညားထည်ဝါသည့် ထည့်စရာတမျိုးဖြစ်ကြောင်း တွေးယူနိုင်ပြန်

________________________________________

ပုံ (၆) - ကန်တော့ပွဲ (စာမျက်နှာ ၁၁၁)

ကန်တော့ပွဲ ၁၁၁

၏။ (မြန်မာမင်းအုပ်ချုပ်ပုံစံတမ်း ဒု-၁၅၀-၌ ပုဂံဝန်ထောက်မင်း ဦးတင်က ပုယစ်သစ်ကို နှင်းချိုထည့်သော မြေအိုးကလေးဟုဆို၏။ အထက်ပါအချက်များကိုထောက်ဆ၍ ၎င်းအယူအဆကို ဆင်ခြင်သင့်ပေသည်။)

တဖန် ယင်းပုယစ်ကို “ပစ္စည်း ဝဆွဲ ယသတ်ကား နတ်ကြီးပုယစ်ပုယစ်၊ အင်သယ်လှလှဟု ပြည့်စုံတွင် နတ်ပုယစ်သည်ဟူ၍ စပ်သည်ထင်၏” ဟု ဝေဒါဟတ္ထပကာသနီ၌ ညွှန်ပြ၏။ နတ်ပွဲဟူယခုဆိုသည့်အစား နတ်ပုယစ်ဟုဆိုသည်၊ ဤဆိုလိုရင်းမှာ ဂြိုဟ်နတ်ကြီးများအား ငှက်ပျောအုန်းစသည်ဖြင့် ပူဇော်သည်၊ ပွဲခင်းသည်၊ ပူဇော်ပသသည်ကိုပင်ဆို၍ ပုယစ်ဟူသည် ငှက်ပျောအုန်းထည့်စရာ ခြေပါသည့်ဗျပ်မျိုး၊ ယခုအမြင် အခြေနှင့်အဖုအထွတ် ရှိသော အုပ်ခွက်မျိုး ဟုယူဆနိုင်ပြီး ယင်းပုယစ်၌ ထည့်ထားသော ကန်တော့ရန် အာမိသပစ္စည်းများကိုပင် ဌာန၏အမည်ကို တင်စားခေါ် ဆိုသော ဌာနုပစာမျိုးဖြင့် “ပုယစ်-ပွဲ-ကန်တော့ပွဲ” ဟုခေါ်ရသည်မှာ ထင်ရှား၏။

တနည်းအားဖြင့် “ခမ်းနားမဏ္ဍပ်၊ မချဲအကျယ်၊ မပုယစ်နတ်ထံ” ဟူသော ကုသပျို့စာသား၊ “ပုယစ်ကြွစေ” (ပူဇော်ကြွစေ) ဟူသော ရေစကြိုခုံတော်ဖြတ်ထုံးစကားတို့ကိုထောက်လျှင် ပုယစ်သည် ကြိယာဖြစ်၍ ပုယစ်ခြင်း၊ ပူဇော်ခြင်းဖြစ်ပြီး ကာရဏုပစာပြု၍လည်း ငှက်ပျောအုန်းစသော အစုအပေါင်းကို “ပုယစ်-ပွဲ” ဟုခေါ်ဆိုသည်ဟု ဆိုလျှင်လည်း မမှားနိုင်သော စကားပင်ဖြစ်ရသည်။

________________________________________

ပုံ (၇) - ရတနာစာပေ (စာမျက်နှာ ၁၁၂)

၁၁၂ ရတနာစာပေ

ငှက်ပျောအုန်းထုံးစံ

ဌာနဖြစ်သော ပုယစ်ကိုကြည့်၍ ယင်း၌ထည့်ထား၊ တင်ထားသော ပစ္စည်းများကိုပါ ပွဲခေါ်ရကြောင်း ထင်ရှားလျှင် တနည်း- ပူဇော်ပသမှု ပုယစ်ကိုကြည့်၍ ပစ္စည်းအားလုံး ကိုပါ ပွဲခေါ်ရကြောင်းထင်ရှားလျှင် ငှက်ပျောအုန်းမှတပါး မည်သည့်ပစ္စည်းပင် ဖြစ်စေ ကန်တော့ပွဲပင် ဖြစ်နိုင်သည်။ သို့သော် အရိုးစဉ်လာအားဖြင့် ငှက်ပျောအုန်းစသည်တို့သည် ကန်တော့ဖွယ်၊ ပူဇော်ဖွယ်၊ လှူဒါန်းဖွယ်ပစ္စည်းများ ဖြစ်ခဲ့သည်။ ထို့ကြောင့် ကုသပျို့တွင် “သုံးဘော်ရတနာ၊ ပူဇော်ရာဟု၊ သိင်္ဂါဝင်းလျှပ်၊ ရွှေကလပ်တွင်၊ တင်အပ်စမြဲ၊ သင်ပုတ်ပွဲက(ပ)ဘွားဘိုးမိဘ၊ မင်းသားကိုယ်စောင့်၊ နတ်ကောင့်စင်စစ်၊ နှစ်ဆယ့်ရှစ်ကို၊ ကြံဆစ်ငှက်ပျော၊ ချိုမောဆေးကွမ်း၊ ရွှေမွမ်းဒေါင်းပေါင်၊ တင်ဆောင်အမြဲ” စသည်ဖြင့် ကြံ၊ ငှက်ပျော၊ ဆေး၊ ကွမ်းများ တင်လှူသည်ကြောင်း ဆိုထားသည်။

ရှေး ဗုံတောက်သံ နတ်ချင်းတို့တွင်လည်း “ငှက်ပျောလှေ့မီးဆိုင်၊ စားတော်အုန်းရယ်နှင့်၊ သုံးပါတော့ တူပျော်ပျော်၊ မယ်ဒေဝီ ခုနစ်ဖော်တို့၊ မြို့ပေါ်မှာ စားတော်ကျင်းတယ်၊ လေးထောင့်နတ်မင်း” ... ဟု ငှက်ပျောအုန်းတို့ဖြင့် ရိုးရာယဉ်ကျေးမှုအတိုင်း ပသရကြောင်း ဖွဲ့ဆိုထား၏။ နတ်ပူဇော်ပွဲ စသည်တို့တွင် ငှက်ပျောနှစ်ဖီးကိုဆိုင်၍ မီးဆိုင်ပူဇော်ရကြောင်းဆိုသော်လည်း ရတနာသုံးပါးနှင့် ဆိုင်ရာ၌ ငှက်ပျော သုံးဖီးကိုဝိုင်း၍ အလယ်မှ အုန်းသီးထည့်ကာ ဆေးကွမ်းတို့ဖြင့် ဝေဝေသာသာ ပြင်ဆင်ရမြဲဖြစ်လေသည်။

________________________________________

ပုံ (၈) - ကန်တော့ပွဲ (စာမျက်နှာ ၁၁၃)

ကန်တော့ပွဲ ၁၁၃

သို့သော် ကန်တော့ပွဲတွင် အုန်းသီးပါမှဖြစ်ရမည်၊ ငှက်ပျောသီးပါမှ ဖြစ်ရမည်ဟု ထုံးတမ်းအနေ ပုံသေကားချပ် သတ်မှတ်ထားသည်ကား မဟုတ်၊ ရှေးရိုးမြန်မာ့ယဉ်ကျေးမှုအရ အုန်းငှက်ပျောတို့မှာ ရာသီမရွေး ဒေသမရွေး ရနိုင်သောသီးများ စားသောက်ဖွယ်များဖြစ်၍ အခါမရွေး ဒေသမရွေး ပူဇော်ပွဲပြုလုပ်ရာ၌ ယင်းတို့သာ အလွယ်တကူရနိုင်သဖြင့် ထည့်သွင်းပူဇော်ခြင်း ဖြစ်သည်ဟု ယူဆရာပေသည်။ ငှက်ပျောအုန်းမှတပါး အခြားသီးနှံတို့မှာမူ ရာသီအလိုက်သာ ပေါ်ပေါက်ကြသဖြင့် အချိန်တိုင်းအသုံးပြုရန် မဖြစ်နိုင်ပေ။ ရာသီတိုင်းရှိနေသော ပူဇော်ပွဲတို့ အတွက်မူ မြန်မာနိုင်ငံမည်သည့်ဒေသမှာဆိုရရန်လည်း မခဲယဉ်း၊ ပုယစ်ဟု ဆိုအပ်သော အုပ် ခွက် ကလပ် ဗျန်း ဗျပ် ဒေါင်း ပေါင်တို့နှင့် လည်း လျော်ကန်၊ ပြင်၍လည်းလှ၊ ရာသီမရွေးလည်း နေရာဒေသတိုင်း၌ ထွက်ရှိသော ငှက်ပျောသီး၊ အုန်းသီးတို့မှာ မြန်မာ့ ကန်တော့ပွဲများအတွက် အဆင်ပြေဆုံး ဖြစ်နေရပေသည်။

ယင်းအချက်အလက်တို့ကို ထုတ်နုတ်ဖွေရှာ၍ ဓမ္မဗျူဟာမှ ဓမ္မမိတ်ဆွေကြီးအား ကန်တော့ပွဲနှင့် ထူးကဲသော ငှက်ပျောသီး၊ အုန်းသီးတို့အကြောင်းကို စုပေါင်းခင်းကျင်း၍ ရှင်းလင်း တင်ပြလိုက်ရပေသတည်း။

H 651- 8 [ဟံသာဝတီ]

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ