စောစောက စကားထာအကြောင်းမေးတာတခု တွေ့လိုက်တယ်။ ပြန်ရှာလို့ မရသေးပါ။
"ငယ်ခါ တဘက်ဝတ်၊ ကြီးခါ တဘက်ချွတ်" ဆိုတဲ့ မြန်မာ့ရိုးရာစကားထာရဲ့ အဖြေကတော့ "ထန်းပင်" ဖြစ်ပါတယ်။အဓိပ္ပာယ် ရှင်းလင်းချက်
ငယ်ခါ တဘက်ဝတ် - ထန်းပင်ငယ်စဉ် (ထန်းပင်ပေါက်စ) အချိန်တွင် ထန်းရွက်ဖတ်များဖြင့် ရစ်ပတ်ဖုံးအုပ်ထားသလို ရှိခြင်းကို ဆိုလိုပါတယ်။
ကြီးခါ တဘက်ချွတ် - ထန်းပင်ကြီးပြင်းလာသောအခါ ထိုအရွက်ဖတ်များ ကျွတ်ထွက်သွားပြီး အဝတ်မပါတော့သလို (သို့မဟုတ်) အခေါက်ချော ဖြစ်သွားခြင်းကို ညွှန်းဆိုထားခြင်း ဖြစ်ပါတယ်။
ထန်းသမားတွေ နေကောင်းကြပါစေ။
ထန်းသီး၊ ထန်းရေ၊ ထန်းသီးမုံ့၊ ထန်းပင်မြစ်၊ ထန်းလျက်၊ စားသောက်ရသူတွေ နေကောင်းကြပါစေ။
ငယ်စဉ်ခါကနေ ကြီးပြင်းလာကြသူတွေ ကျန်းမာကြပါစေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment