Skip to main content

မြန်မာသံပေါက်သတ်ပုံ

ဖတ်စာ ၂၉။

(မသတ်ဝိသဇ္ဇနီထိုး ၂၀-ပုဒ်။)

၁။ ။ အနံ့ရှုနမ်း။ သုံးသပ်စမ်း။

ဖက်ရမ်းကိုလည်း မသတ်မည်။ ။

၂။ ။ တယောက်ကကမ်း။ တယောက်လှမ်း။

ယာကွမ်းကိုလည်း မသတ်မည်။ ။

၃။ ။ မကျင့်မကျွမ်း။ လူစိမ်းရွှမ်း။

မီးယမ်းကိုလည်း မသတ်မည်။ ။

၄။ ။ မျက်ခွက်ပြည့်လျှမ်း။ မျက်ရေလွှမ်း။

အလွမ်းကိုလည်း မသတ်မည်။ ။

၅။ ။ လိုချင်ငမ်းငမ်း။ အမိဖမ်း။

ငေါက်ငမ်းကိုလည်း မသတ်မည်။ ။

၆။ ။ ပျမ်းမျှခြီးပျမ်း။ ရောရောပြွမ်း။

စင်ပြွမ်းကိုလည်း မသတ်မည်။ ။

၇။ ။ ဆင်းရဲညှိုးနွမ်း။ ရှူးသွတ်နွမ်း။

ပင်နှမ်းကိုလည်း မသတ်မည်။ ။

၈။ ။ နီနှမ်းမည်းနှမ်း။ လွန်ကြိုးပမ်း။

လက်ပမ်းကိုလည်း မသတ်မည်။ ။

အသက်ရာကျော်၊ စည်းစိမ်ပျော်၊

မွေ့လျော်ကိုလည်း ပင့်ရမည်။

မတော်မလျော်၊ မယ့်မျက်ဖျော်၊

ကြည့်မျှော်ကိုလည်း ပင့်ရမည်။

ဒါနနှင့် ကောင်းကျိုး

ဒါနလှူမျိုး၊ စိုက်ချပျိုး၊

ကောင်းကျိုးကိုလည်း ပင့်ရမည်။

ဆွေမျိုးနှင့် အကြောင်း

နွမ်းရိခေါက်ချိုး၊ နတ်မယ်ဗျိုး၊

ဆွေမျိုးကိုလည်း ပင့်ရမည်။

သူဝရွှေကျေး၊ ယဉ်ကျေးကျေး၊

ကတ်ကြေးကိုလည်း ပင့်ရမည်။ 

မြို့ပြရွာကျေး၊ ကြေးငွေချေး

ကံကျွေးကိုလည်းပင့်ရမည်။

ကြံ့၊ဆင်၊သစ်၊ကျား အလွန်များ

နာဖျားကိုလည်း ပင့်ရမည်။

သကာချိုပျား၊ ထန်းလျက်များ

လျှာဖျားကိုလည်း ပင့်ရမည်။

ငါမွေးသည့်မျောက်၊ ငါ့ကိုချောက်

ပယ်ဖျောက်ကိုလည်း ပင့်ရမည်။

ဘုန်းကံမမျှ၊ နုန်းနှိပ်ချ

လျော့ကျကိုလည်း ပင့်ရမည်။

ညှင်းညှင်းပျပျ၊ ဟိန်းဟဲ့ချ

ဖျောင်းဖျကိုလည်းပင့်ရမည်။

စိုးမျိုးချုပ်ချာ၊ သင်ဖြူးဖျာ

သေချာကိုလည်း ပင့်ရမည်။

ရွှေကရင်လျော၊ နွဲ့နွဲ့ချော

နစ်မျောကိုလည်း ပင့်ရမည်။

လူလည်းမမျှော၊ ရေ၌မျော

ငှက်ပျောကိုလည်း ပင့်ရမည်။

အုတ်-ကာရန် ၁၂-ပုဒ် (တချောင်းငင်+တသတ်)

၁။ အားအန်လည်းထုတ် မီးကိုမှုတ် ချက်ပြုတ်ကိုလည်း တသတ်မည်။

၂။ အသံလည်းထုတ် ရှဉ့်ကိုတုတ် ဂါဝုတ်ကိုလည်း တသတ်မည်။

၃။ လိုက်၍သုတ်သုတ် သိမ်းနှယ်ကုတ် ထိုးခုတ်ကိုလည်း တသတ်မည်။

၄။ တံစုန်းသစ်ငုတ် ငြေင့်ခလုတ် ငင်နုတ်ကိုလည်း တသတ်မည်။

၅။ သူတော်မဟုတ် လူသူယုတ် နှင်ထုတ်ကိုလည်း တသတ်မည်။

၆။ မင်္ဂလသုတ် ကျမ်းရိုးထုတ် ဝေဝုတ်ကိုလည်း တသတ်မည်။

ရ။ ပြသာဒ်လိုဏ်မုတ်လေပြင်းသုတ် ဆံမုတ်ကိုလည်း တသတ်မည်။

ဂ။ ဆယ်တင်းဝင်ပုတ် အနားပြုတ် စမုတ်ကိုလည်း တသတ်မည်။

၉။ မြန်မြန်သုတ်သုတ် လေးညှို့ဖြုတ် နောက်ဆုတ်ကိုလည်း တသတ်မည်။

၁၀။ ပင်လယ်ဝေဝုတ် ဒီလှိုင်းပုတ် သမုတ်ကိုလည်း တသတ်မည်။

၁၁။ မုဆိုးလူနုတ် အလတ်ယုတ် တံသုတ်ကိုလည်း တသတ်မည်။

၁၂။ ယုန်အရေဆုတ် ငှက်နှံစုတ် ကြမ်းကြုတ်ကိုလည်း တသတ်မည်။

လောကီစည်းစိမ်၊ နန်းရွှေအိမ်၊

ရိပ်ငြိမ်ကိုလည်း မသတ်မည်။

ဆေးလေးငြိမ်ဆိမ်၊လွန်မွေ့သိမ်၊

ဂုဏ်သိမ်ကိုလည်း မသတ်မည်။

ငယ်ငယ်သိမ်သိမ်၊ နန်းချည်လိမ်၊

ပန်းထိမ်ကိုလည်း မသတ်မည်။

မဖျင်းမသိမ်၊ ရေမှာစိမ်၊

တင်းတိမ်ကိုလည်း မသတ်မည်။

နှလုံးမငြိမ်၊ အကြိမ်ကြိမ်၊

စိုးရိမ်ကိုလည်း မသတ်မည်။

အနက်အတိမ်၊ ကွယ်ဝှက်ထိမ်၊

ထိမ်ပင်ကိုလည်း မသတ်မည်။

ရန်ကိုနင်းနှိမ်၊ ရှစ်ဦးနှိမ်၊

ဖျင်းသိမ်ကိုလည်း မသတ်မည်။

ကျောင်းဘုရားသိမ်၊ ဝါးနွယ်ကြိမ်၊

လိမ္မော်ကိုလည်း မသတ်မည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ