Skip to main content

ကျပ် နှင့် ကြပ်





ကျပ်¹ - န / ကျတ် / ၁။ လေးမတ်သားနှင့် ညီမျှသော အလေးချိန်။ ၂။ ပြားတရာတန်ဖိုးရှိသောငွေ။

ကျပ်² - န / ကျတ် / စောက်နက်သော ထည့်စရာ တောင်းတမျိုး။ "သူ့ကျပ်နှင့် သူ့ဗော်သည်။ ဖိုးသူတော် ကြားသည့်ပုံသို့။" နေမိ ပ။ ၁၃၈။

ကျပ်³ - န / ကျတ် / လည်ပင်း၌ အဖုအကျိတ်ထွက်သော အနာတမျိုး။

ကျပ်⁴ - န / ကျတ် / ၁။ ခြေ၊ လက်စသည် ကျိုးသောအခါ စည်းနှောင်ရာတွင် သုံးရသည့် ပျဉ်ချပ်၊ ဝါးချပ်စသည်။ ၂။ အထည်အလိပ်တို့ကို ချည်နှောင်စည်းတုပ်ရာတွင် အပြင်က ခံရသောပျဉ်ချပ်။ ၃။ ကျပ်ကြိုးပြား ရက်လုပ်ရာတွင် သုံးရသော အပေါက်များ ဖောက်ထားသည့် သားရေချပ်။

ကျပ်⁶ - ကြိ / ကျတ် / ၁။ မချောင်သည်။ ကျဉ်းမြောင်းသည်။ ၂။ ခဲယဉ်းသည်။ "ဆွမ်းရေးထက် ဝမ်းရေးကကျပ်။" စံပယ်။ ၁၂၂။

ကျပ်၇ - ကြိ / ကျတ် ၁၊ ဝက်အူဝက်အူကို တစုံတခုအတွင်းသို့ ဝက်အူလှည့်ဖြင့် ဖိလှည့်သွင်းသည်။ ၂။ မူလီချောင်းတွင် မူလီခေါင်းကို ကဏန်းလက်မဖြင့် လှည့်သွင်းသည်။

ကျပ် — ကြိ / ကျတ် / ၁။ (နားစသည်တွင် ကြက်တောင်စသည် သွင်း၍) ပွတ်လှည့်သည်။ ၂။ ထိုးသွင်းသည်။ “ထက်စွာ သွယ်သွယ်၊ စူးရဲအပ်နှင့်၊ ထိုးကျပ်သောနှယ်။” ဝေပျံ။* ၂၀၅။

ကျပ် — န / ကျတ် / ဂျပ် — န၊ နှင့် အတူတူ။

ကျပ်ကြိုးပြား — န / ကျတ်ကျိုးဗျား / ဂျတ်ကျိုးဗျား / ရက်လုပ်ထားသော အနံသေးကြိုးပြား။ (စည်းနှောင်ရာတွင် သုံးသည်။)

ကျပ်ခိုး — န / ကျတ်ခိုး / ကျပ်စင်တွင် ငြိကပ်နေသော မီးခိုးမှ ဖြစ်သည့် အမှုန့်။

ကျပ်ခိုးစင် — န / ကျတ်ခိုးဇင် / မီးဖိုအထက်တွင် လုပ်ထားသော စင်အဆင့်။ “ကျပ်ခိုးစင်၊ ငါးကင်ချောင်းတဲ့ ကြက်ကယယ်။” သာ။ ၇။

ကျပ်ခုတ် — ကြိ / ဂျတ်ခုတ် / ဂျပ်ခုတ် — ကြိ၊ နှင့် အတူတူ။

ကျပ်ချွတ် — န / ဂျတ်ချွတ် / ၁။ ကျပ်မှ ချွတ်ယူအသစ်။ ၂။ အသစ်စက်စက်။ “ဆရာဖြစ်သင်ဘဲ့ရကာ ကျောင်းမှထွက်စ ဆရာကျပ်ချွတ်ကလေးများ။” သည်မိုး။ ၂၄၁။

ကျပ်စင် — န / ကျတ်စင် / ၁။ ကျပ်တိုက်ရာစင်။ ၂။ ငါးခြောက် လှန်းရန် ပြုလုပ်ထားသော လူတရပ်ခန့်မြင့်သည့် စင်။

ကျပ်စည်း — ကြိ / ကျတ်စီး / ခြေ၊ လက်စသည် ကျိုးသည်ကို ကျပ်ဖြင့် တင်းကျပ်စွာ စည်းနှောင်သည်။

ကျပ်တိုက် — ကြိ / ကျတ်တိုက် / အမဲသား၊ ငါး၊ ကြက်ပေါင်စေး စသည်တို့ကို ကျပ်စင်တွင်ထား၍ ခြောက်သွေ့စေသည်။

ကြပ် - ကြိ / ကျပ် / ၁။ မြဲစေသည်။ အတူတကွဖြစ်စေသည်။ မကွဲမကွာ ဖြစ်စေသည်။ "ပဉ္စသီငါးရပ်၊ ကိုယ်ဝယ်ကြပ်မှ၊ သုံးထပ်သရဏဂုံ။" သံဝေ* ၂၂။ ၂။ မကွဲမကွာနေ၍ ထိန်းသိမ်းအုပ်ချုပ်စီမံခန့်ခွဲသည်။ "သိမ်းဆည်းအုပ်ကြပ်၊ နောက်အုပ်ကြပ်လျက်၊ တပ်မတော်စု။" ကုသ* ၁၅၃။

ကြပ်ကြပ် - ကြိဝိ / ကျပ်ကျပ် / ၁။ မြဲမြံစွာ။ အမြဲအမြဲ။ အခိုင်အမာ။ အတင်းအမာ။ "အာဝဇ္ဇုံ၊ ကြပ်ကြပ်ဆုံ၊ မြဲမြံစေကြ၊ နိဂဏ္ဌနှင့်။" သံဝေ* ၅၃။ ၂။ အနီးအကပ်။ အလွန်နီးကပ်စွာ။ "ထံပါးကြပ်ကြပ်၊ ရှေ့တွင်ရပ်သို့။" ဘူပေါင်* ၇၃။

ကြပ်ကြပ်တင်းတင်း — ကြိဝိ / ကျတ်ကျတ်တင်းတင်း / မိမိနှိပ်နှိပ်။ ခိုင်ခိုင်မြဲမြဲ။ နိုင်နိုင်နင်းနင်း။ “သစ္စာဓမ္မ၊ မြတ်ဘဝ၌၊ မခွတ်တပ်တပ်၊ အထပ်ထပ်ဖြင့်၊ ကြပ်ကြပ်တင်းတင်း၊ တည်စေလျင်း၍။” သောမ* ၁၄၃။

ကြပ်ကြပ်တည်းတည်း — ကြိဝိ / ကျတ်ကျတ်တီးတီး / အပြင်းအထန်။ “အခွန်တော်ဆိုင်ရာ အကြီးအအုပ်တို့က ကြပ်ကြပ်တည်းတည်း ဆင့်ဆိုစောင့်ထိန်း ထမ်းရွက်စေ။” လွှတ်။ ၁၇။

ကြပ်စည်း — ကြိ / ကျတ်စီး / ၁။ မကွဲပြားရအောင် အုပ်ထိန်းသည်။ “ပြစ်တိုကလည်း မိမိတို့တတွင် ကြပ်စည်း၍ နေသည်။” ရာဇပုံ။ ၂၆၃။ ၂။ စည်းကြပ် — ကြိ။ ၂၊ နှင့် အတူတူ။

ကြပ်မ — ကြိ / ကျတ်မ၊ / မကွဲမကွာ ဆောင်ရွက်သည်။ ကိုယ်တိုင် ဆောင်ရွက်သည်။ “ဆင့်၍ ပိုင်ပိုင်၊ မှုပြီးတိုင်စေ၊ မနိုင်လတ်ကာ၊ ကိုယ်ကြပ်မလော။” ကုသ* ၂၁။

ကျပ်တင် — ကြိ / ကျတ်တင် / ကျပ်တိုက်သည်။

— န / ကျတ်တင် / ကျပ်တိုက်ထားသော အမဲ၊ သား၊ ငါး။

ကျပ်တင်း — ကြိ / ကျပ်တင်း / မလှုပ်ရှား သာအောင် ကျဉ်းမြောင်းသည်။ “အိမ်ထောင် ကျပ်တင်း၊ နှောင်ချိုင့်တွင်းမှ။” မဃ* ၁၁၃။

ကျပ်တည်း — ကြိ / ကျတ်တီး/ကျတ်တဲ / ၁။ လျော့ခြင်း ချောင်ခြင်း မရှိ။ ကျဉ်းမြောင်းသည်။ “လောကကြီးအလယ်မှာ ပြုဘွယ်ကျပ်တည်းကြောင်း။” သူရ၊ ပ။ ၁၉၁။ ၂။ လွတ်လပ်မှု မရှိ။ ၃။ (စားဝတ်နေရေး) မချောင်လည်။ ၄။ ခဲယဉ်းသည်။

ကျပ်ထုပ် — န / ကျတ်ထုပ် / ကျွတ်ထုပ် — န၊ နှင့် အတူတူ။

ကျပ်ပြား — န / ကျတ်ပျား / ၁။ (အလေးချိန်) လေးမတ်သားရှိသော ငွေဒင်္ဂါး။ ၂။ ပြားတရာတန်ဖိုးရှိသော ငွေဒင်္ဂါး။

ကျပ်လုံး — န / ကျတ်လုန်း / အချင်း တလက်မရှိသောအချင်း အတံ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ