၂။ G 6 မြန်မာစာ ဖတ်စာအုပ်မှာ လှည်းယဉ် ပဲသုံးပါတယ် လူစီးအလှစီးမို့ ယဉ်နဲ့သုံးပါတယ် ထင်းတို့ ဝါးတို့ သယ်တဲ့ဟာဆိုလှည်းယာဉ်နဲ့သုံးရမယ်လို့ ဆရာမကြီးတွေက ပြောပါတယ်။
ပြန်စာ
သူ့နေရာနဲ့သူ နှစ်မျိုးလုံး ရေးပါတယ်။
ယာဉ်
ဆင်ယာဉ်
ယာဉ်ထိန်းရဲ
မြင်းယာဉ်
ရထားယာဉ်
လှည်းယာဉ် (သွားလာစရာယာဉ်အဖြစ်သုံးသည်)
လှည်းယဉ် (အလှဆင်ထားပြီး အရင်က တောကျောင်းဆရာတော်တွေအတွက်လုပ်ထားတာ။ လှည်းယဉ်ကြော့ လို့လည်း ခေါ်တယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာအရ ပြုလုပ်ကြတဲ့ အလှူပွဲများ၊ ရှင်လောင်းလှည့်ပွဲများမှာ အလိုက်ဖက်ဆုံးယာဉ်တမျိုးဖြစ်ပြီး လှည်းယဉ်ကြော့၊ ယခုခေတ်မှာ ရွှေလှည်းယဉ်လို့ခေါ်ကြတယ်။)
မော်တော်ယာဉ်
လေယာဉ်ပျံ
လှေယာဉ်
ဝေါယာဉ်
နွားယာဉ်
ယျာဉ်
ပန်းဥယျာဉ်
ခြံဥယျာဉ်
ဥယျာဉ်
ယင်
ကယုကယင်
တန်းဆာဆင်ယင်
တုန်တုန်ယင်ယင်
တုယင်မှန်ကင်း
ဒက္ခိဏယဉ်
ယင်ပျားကောင်
ယင်မမဲရိုင်း
ယင်ရဲ
ယင်ကောင်
ယင်ချေးဥ
ယင်ပေါင်ငှက်
ယင်ပေါင်စာငါး
ယဉ်စွန်းတန်း
ယဉ်ပါး
ယဉ်ပိုက်
ယဉ်မင်းရုပ်
ယဉ်လွန်ဆင်
ယဉ်သွား (ရက်ကန်း)
ယဉ်ကျေးသည်၊ ယဉ်ကျေးမှု
ယဉ်ထွေးဧရာ
ယဉ်အောင်ပြုသည်
ရက်ကန်းယင်သွား
လက်မယဉ် = လက်ဆော့သူ
လင်းယဉ်တိုင်
ဥတ္တရယဉ်
ယောင်ယင်ငှက်
ရေယင်မျှော်ရွာ
အေးယဉ်ကျူး
ဒေါက်တာတင့်ဆွေ
၁၉-၅-၂၀၁၉

Comments
Post a Comment