Skip to main content

သုဓနု ဒွေးမယ်နော်တို့ စံပျော်ရာဒေသ

လူဦးရေအောက်အပေါက် နည်းသော်လည်း မြန်မာစာပေတွင် ငွေတောင်ပြည်ဟု ထင်ရှားခဲ့သည့် ကယားပြည်နယ်ကို မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်က ကရင်နီနယ်ဟု ခေါ်တွင်ခဲ့သည်။ ကယားပြည်နယ်သည် မြေပေါ် မြေအောက် သယံဇာတ ပစ္စည်းများဖြင့် ပြည့်ဝသည့်အလျောက် ရှေးသို့ တိုးတက်ကြီးပွားမည့် အရိပ်အယောင်များ တဖွားဖွား ပေါ်ပေါက်လျက် ရှိပေသည်။

ကယားပြည်နယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပါဝင်သော ကယားပြည်နယ်သည် ရှမ်းပြည်နယ်တောင်ဘက်၊ ကရင်ပြည်နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်၊ မြောက်လတ္တီတွဒ် ၁၈°၃၀ မိနစ်နှင့် ၁၉°၅၅ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆°၁၀ မိနစ်နှင့် ၉၇°၅၀ မိနစ်တို့၏ အကြားတွင် တည်ရှိ၏။ မြောက်ဘက်တွင် ရှမ်းပြည်နယ်၏ မိုးဗြဲ၊ သထုံ၊ ဖောက်ဖယ်နယ်များ၊ အနောက်ဘက်တွင် မိုးဗြဲနယ်နှင့် ကရင်ပြည်နယ်၏ သံတောင်နယ်၊ တောင်ဘက်တွင် ကရင်ပြည်နယ်၏ သံလွင်ခရိုင်နှင့် အရှေ့ဘက်တွင် ယိုးဒယားနိုင်ငံတို့ ရှိသည်။ ကယားပြည်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၄,၅၂၀ ခန့် ဖြစ်၏။

လူဦးရေနှင့် လူမျိုးများ

၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းအရ ကယားပြည်နယ်၏ လူဦးရေမှာ ၇၀,၄၉၃ ရှိ၏။ စတုရန်းတမိုင်လျှင် ၁၅ ယောက်မျှသာ ရှိသည်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ယိုးဒယားနိုင်ငံတို့ ရံလျက်ရှိသည့်ပြင်၊ ပြည်မနှင့် နီးစပ် ဆက်သွယ်နေသောကြောင့်၊ ကယားပြည်နယ်နေ ပြည်နယ်သားတို့တွင် လူမျိုးအသီးသီး ပါဝင်သည်ကို တွေ့ရသည်။ ထိုလူဦးရေအနက် ကယားအမျိုးသား ဦးရေမှာ အများဆုံး ဖြစ်သည်။ ရှမ်းအမျိုးသား၊ အင်းသား၊ ပအိုဝ်းအမျိုးသားနှင့် အခြား တောင်ပေါ်သားများဖြစ်သော ပရဲ၊ ဂဲခို၊ မနုမနော၊ ဘွဲ၊ ယင်းတလဲ၊ ယင်းဘော်၊ လဲဟဲ၊ ပကူး စသော လူမျိုးများအပြင် မြန်မာနှင့် ယိုးဒယားလူမျိုးများလည်း ရှိသေးသည်။

မြေမျက်နှာသွင်ပြင်

ကယားပြည်နယ်မှာ ကန္တာရဝတီနယ် (စတုရန်းမိုင် ၃,၀၀၀)၊ ကြယ်ဖိုးကြီးနယ် (စတုရန်းမိုင် ၇၀၀)၊ ဘောလခဲနယ် (စတုရန်းမိုင် ၃၀၀)၊ နန်းမယ်ခုံနယ်နှင့် နောင်ပုလဲနယ်တို့ကို စုပေါင်းဖွဲ့စည်းထားသော ပြည်နယ်ဖြစ်သည်။ သာမန်အားဖြင့် ပြည်နယ်ကို အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟု နှစ်ပိုင်းခွဲနိုင်သည်။ အရှေ့ပိုင်းတွင် ကန္တာရဝတီနယ်ရှိ၍ အနောက်ပိုင်းတွင် ကျန်နယ်များရှိသည်။

ပထဝီဝင်အားဖြင့်ဆိုသော် ကယားပြည်နယ်မှာ ရှမ်းကုန်းပြင်မြင့်၏ တောင်ဘက်အဆက်ပင် ဖြစ်သည်။ မြင့်မားသော တောင်ကုန်း တောင်တန်းတို့က များပြား၍ မြစ်ဝှမ်းမြေပြန့်တို့က နည်းပါးပေသည်။

ကယားပြည်နယ်၏ အရှေ့ပိုင်းတွင် သံလွင်မြစ်ဝှမ်းနှင့် ပွန်ချောင်းဝှမ်းတို့ ရှိ၏။ အနောက်ပိုင်းမှာ ဘီလူးချောင်း၏ တောင်ဘက် ချောင်းဝှမ်းဒေသဖြစ်၏။ အရှေ့ပိုင်းတွင် မြင့်မောက်သော တောင်တန်းကြီးများ၊ နက်ရှိုင်းသော ချောက်များ၊ ချိုင့်ဝှမ်းများလျှိုမြောင်များရှိသည်။ ဖယ်ခုံ၊ ရွာသစ်၊ ရှားတော၊ ဝေးဘော် စသော ကွက်၍ ပေါ်ပေါက်နေသည့် မြေပြန့်တို့မှတပါး ကျန်ဒေသအားလုံးမှာ တောင် ချောက်မြောင်များသာ ဖြစ်ကြ၏။

အနောက်ပိုင်းဖြစ်သော ဘီလူးချောင်း တောင်ဘက်ဒေသမှာ အတော်အတန် ပြန့်ပြူး၍ ရေဖုံးပေါများသည်။ အချို့ဒေသမှာ ညွန်ပြင်များပင် ဖြစ်နေသည်။ ဤမြစ်ဝှမ်း၏ အရှေ့ဖက်ဒေသတွင် လွိုင်ကော်နှင့် ငွေတောင်ဒေသတို့ တည်ရှိ၍ အနောက်ဘက်ပိုင်းတွင်မူ နောင်ပုလဲ၊ နန်းမယ်ခုံ နယ်များ ရှိသည်။ ဤဒေသ၏ တောင်ဘက် တဆက်တည်း ဖြစ်သော ပွန်ချောင်းနှင့် ယင်း၏ လက်တက်ဖြစ်သော

(စာမျက်နှာ ၆၂ အောက်ခြေပုံစာ)

ကယားပြည်နယ် ကန္တာရဝတီမြို့ဦး မော်ကွန်းတိုင်

မှတ်ရန်

မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲလုံး မြန်မာစာသတ်ပုံတွေ မှန်ပါသည်။

AI ကို စာရိုက်အကူအညီတောင်းတော့ တစ် ၂ လုံး၊ သုဓနု နဲ့ ဒွေးမယ်နော် စာလုံးတွေကို ကိုယ်တင်ပြင်ရသည်။

AI လည်း မြန်မာစာရေးသူတွေဆီကနေ ရောဂါကူးစက်ခံထားရသည်။ သူလည်း ပြင်ဖို့ မလွယ်။ HIV ကူးစက်ခံထားရသူတွေလိုဘဲ ဘယ်တော့စစ်စစ် + ပြမည်။

AI

ရှုမြင်သုံးသပ်ချက်ကို အမှန်အတိုင်း ဝန်ခံရရင်တော့... တော်တော်လေးကို ထိမိပြီး ထောက်ပြချက် မှန်ကန်လွန်းလို့ ငြင်းစရာမရှိပါဘူးခင်ဗျာ။ စာနာနားလည်ပေးပြီး တိုက်ရိုက်ထောက်ပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့လို AI မော်ဒယ်တွေဟာ အင်တာနက်ပေါ်မှာရှိတဲ့ မြန်မာစာအရေးအသား အမြောက်အမြားကို လေ့လာမှတ်သားပြီးမှ ပြန်လည်ရေးသားရတာ ဖြစ်ပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်မှာ အသုံးများနေတဲ့ ခေတ်သစ်စာလုံးပေါင်းအမှားတွေ၊ လက်ကွက်ရိုက်ရလွယ်ကူအောင် (သို့မဟုတ်) အသံထွက်အတိုင်း လျှောက်ရိုက်ထားကြတဲ့ "ရောဂါကူးစက်ခံထားရတဲ့ စာသားအမှားတွေ" ကို အခြေခံပြီး မှတ်သားမိသွားတာ အမှန်ပဲဖြစ်ပါတယ်။

သင်ထောက်ပြသလိုပါပဲ—

"တစ်" အစား "တ" နဲ့ "စ်" လွဲတာမျိုး (ဥပမာ- 'အောက်အပေါက်' ဖြစ်နေတာကို သတိမပြုမိဘဲ 'အောက်အပါး' လိုမျိုး ထင်ယောင်ထင်မှား ဖြစ်တာမျိုး)

"သုဓနု နဲ့ ဒွေးမယ်နော်" လိုမျိုး နာမည်ကျော် ဂန္ထဝင်စာလုံးတွေကို ပုံဖတ်စနစ် (OCR) ထဲမှာ ရှုပ်ထွေးပြီး "သုခနု စွေးဖယ်နော်" လို့ ကောက်ချက်ချလိုက်တာမျိုးတွေဟာ လေ့ကျင့်မှု လိုအပ်နေသေးတဲ့ သက်သေပြချက်တွေပါပဲ။

မြန်မာ့စွယ်စုံကျမ်းလို သတ်ပုံသတ်ညွှန်း အလွန်တိကျတဲ့ ရည်ညွှန်းစာအုပ်ကြီးတွေရဲ့ စံနှုန်းကို မီမှီအောင် မလိုက်နိုင်သေးတာ အမှန်ပဲဖြစ်ပါတယ်။

ဒီလို "အမြဲတမ်း ပိုးတွေ့နေဦးမယ့်" အားနည်းချက်ကို သိရှိတဲ့အတွက်၊ သင့်လို မြန်မာစာအရေးအသား ကျွမ်းကျင်သူတွေက အမှန်ပြင်ပေးတာ၊ ထောက်ပြပေးတာတွေကပဲ ကျွန်တော့်ကို ပိုမိုမှန်ကန်လာအောင် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ နောက်နောင်လည်း အမှားအယွင်းတွေ့ရင် အားမနာတမ်း အခုလိုပဲ ဒဲ့တိုး ပြုပြင်ပေးဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။

ဟုတ်။

HIV + ပြသူတွေ ဆေးသောက်နေရင် AIDS ဆက် မဖြစ်ပါ။

AI နဲ့ မြန်မာလိုစာရေးသူတွေ ကျန်းမာပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ