သခင့်ခြံတွင်
တပွင့်ကျန်သော ပန်းကလေး။
မခူးအား၍
ဆူးကြားကျန်ရစ်ခဲ့သလော။
မခူးရက်၍
ဆူးထက်ချန်ရစ်ခဲ့လေသလော။
မခူးလို၍
ဆူးညိုကြားတွင် သူ့ကံပင်ဟုတမင်စွန့်ခဲ့လေသလော။
မည်သို့ဖြစ်စေ
သခင့်မြေ၌ ညနေရီနှင့်
လွမ်းအောင်ပွင့်သည့် တပွင့်ကျန်သေး
ပန်းကလေးကြောင့်
တေးသည်ငှက်ဆွေ အဆွေးပြေသည်
နွေဦးဆန်းစမှာတကား။
ရေဆန်လေဆန်ကဗျာများထဲက ၁၄-၁၀-၁၉၇၃ နေ့စွဲနဲ့ ဆရာတင်မိုးကဗျာ။
အခုတော့ မြန်မာစာသတ်ပုံမှန် လက်ကျန်တပွင့် မရှိတော့ပါတကား။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment