(သခင်ဘသောင်း)
စာအုပ်အမည် ဝိဝါဒကွဲနေကြာင်း တင်ပြထားပါတယ်။
တချို့က မစာအု
တချို့က မစာဥ
သခင်ဘသောင်းဘာသာပြန်တဲ့ မူရင်းစာအုပ်၊ ၁၉၇၆ ခုနှစ်က ပုဂံတိုက်ထုတ်က မစာအု။
သခင်ဘာသောင်းက မခါအု လို့အမည်ပေးတာကို စာစီတော့ မစာအု ဖြစ်ကြောင်းကိုလည်း ကြားဘူးပါသေးသည်။
သခင်ဘသောင်း ကို သခင်ဗသောင်း လို့ ရေးတာ မတွေ့ဘူးပါ။
ဦးဘေမောင်တင် နဲ့ ဦးဖေမောင်တင် ကတော့ ပုံနှိပ်မူကွဲ ၂ မျိုးတွေ့ရတယ်။
အရင်က ဘ ကို ဖ ထက်ပိုပြီး အသုံးပြုခဲ့ကြပါတယ်။
မြို့မငြိမ်း အမည်လည်း စာလုံးပေါင်း မတူတာတွေ တွေ့ရတယ်။
မြို့မညိမ်း။
ကျားဘညိမ်း ကလည်း နာမည်ကြီးတယ်။ ညိမ်း က ပိုပြီး ဖြစ်နိုင်တယ်။
ပန်းသာမစာအုစာအုပ် လက်ထဲမှာ ရှိတယ်။ စာမျက်နှာ ၅၆၂ အထိပါတယ်။ တအုပ်လုံး သတ်ပုံမှန်တယ်။
အခန်း ၁
ပေပင်ကုန်းရွာ တောင်တံခါးအနီးတွင် ပင်လုံး ပုဆိုးနှစ်ပတ်လောက်တုတ်၍ မော်ကြည့်သူတို့ ခေါင်းပေါင်း ကျွတ်ခမန်း မြင့်မားခန့်ငြားသော လက်ပံပင်ကြီးသည် မိမိ၏ နီမြန်းသော အပွင့်တို့ဖြင့် သက်ရှိ ယဉ်ပျံတမျိုးဖြစ်သော ဆက်ရက်အဖိုးအို၊ ဆက်ရက်အဖွားအို၊ ဆက်ရက်အိမ်ထောင်ရှိ၊ ဆက်ရက်အိမ်ထောင်မဲ့၊ ဆက်ရက်တခုလပ်၊ ဆက်ရက်တမယားကွာ၊ ဆက်ရက်အပျို၊ ဆက်ရက်လူပျို၊ ဆက်ရက်ကျောင်းသား၊ ဆက်ရက်ကျောင်းသူ စသော ဆက်ရက်ပေါင်းများစွာတို့အား ဂုဏ်ရှိဂုဏ်မဲ့ မကျန်ဖိတ်ကြား၍ ဧည့်ခံပွဲကြီး ကျင်းပလျက် ရှိလေသည်။ ကမ္ဗလာနီ အဆင်းကို ဆောင်သော လက်ပံပွင့်တို့သည် မြိန်ရှက်စွာ စားသုံးကြသော ဆက်ရက်တို့အား နတ်သုဒ္ဓါကို ဆက်ပြီးနောက် မိမိတို့၏ ဝတ္တရားသည် တပွင့်ပြီးတပွင့် အလှည့်ကျ စုတေစိတ်ကျရမည် ဖြစ်သည့်အလား၊ လေထဲ
ပုဂံစာအုပ်တိုက်
မှတ်ချက်
စိတ်ကူးယဉ်ထဲက မတောသူကို စာဥ လို့ခေါ် ခေါ်၊ စာအု လို့ခေါ်ခေါ် ရတယ်။
သခင်ဘသောင်းစာအုပ်ကို ပြန်ထုတ်ရင်တော့ သတ်ပုံပြင်မထုတ်သင့်ပါ။
တထောင့်တည ကို ပြင်ထားကြတယ်။
အဲလိုပြင်ထုတ်တွေကို အဟုတ်မမှတ်ကြပါနဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment