Skip to main content

ပန်းသာ မစာအု


(သခင်ဘသောင်း)

စာအုပ်အမည် ဝိဝါဒကွဲနေကြာင်း တင်ပြထားပါတယ်။

တချို့က မစာအု

တချို့က မစာဥ

သခင်ဘသောင်းဘာသာပြန်တဲ့ မူရင်းစာအုပ်၊ ၁၉၇၆ ခုနှစ်က ပုဂံတိုက်ထုတ်က မစာအု။

သခင်ဘာသောင်းက မခါအု လို့အမည်ပေးတာကို စာစီတော့ မစာအု ဖြစ်ကြောင်းကိုလည်း ကြားဘူးပါသေးသည်။

သခင်ဘသောင်း ကို သခင်ဗသောင်း လို့ ရေးတာ မတွေ့ဘူးပါ။

ဦးဘေမောင်တင် နဲ့ ဦးဖေမောင်တင် ကတော့ ပုံနှိပ်မူကွဲ ၂ မျိုးတွေ့ရတယ်။ 

အရင်က ဘ ကို ဖ ထက်ပိုပြီး အသုံးပြုခဲ့ကြပါတယ်။

မြို့မငြိမ်း အမည်လည်း စာလုံးပေါင်း မတူတာတွေ တွေ့ရတယ်။

မြို့မညိမ်း။

ကျားဘညိမ်း ကလည်း နာမည်ကြီးတယ်။ ညိမ်း က ပိုပြီး ဖြစ်နိုင်တယ်။

ပန်းသာမစာအုစာအုပ် လက်ထဲမှာ ရှိတယ်။ စာမျက်နှာ ၅၆၂ အထိပါတယ်။ တအုပ်လုံး သတ်ပုံမှန်တယ်။

အခန်း ၁

ပေပင်ကုန်းရွာ တောင်တံခါးအနီးတွင် ပင်လုံး ပုဆိုးနှစ်ပတ်လောက်တုတ်၍ မော်ကြည့်သူတို့ ခေါင်းပေါင်း ကျွတ်ခမန်း မြင့်မားခန့်ငြားသော လက်ပံပင်ကြီးသည် မိမိ၏ နီမြန်းသော အပွင့်တို့ဖြင့် သက်ရှိ ယဉ်ပျံတမျိုးဖြစ်သော ဆက်ရက်အဖိုးအို၊ ဆက်ရက်အဖွားအို၊ ဆက်ရက်အိမ်ထောင်ရှိ၊ ဆက်ရက်အိမ်ထောင်မဲ့၊ ဆက်ရက်တခုလပ်၊ ဆက်ရက်တမယားကွာ၊ ဆက်ရက်အပျို၊ ဆက်ရက်လူပျို၊ ဆက်ရက်ကျောင်းသား၊ ဆက်ရက်ကျောင်းသူ စသော ဆက်ရက်ပေါင်းများစွာတို့အား ဂုဏ်ရှိဂုဏ်မဲ့ မကျန်ဖိတ်ကြား၍ ဧည့်ခံပွဲကြီး ကျင်းပလျက် ရှိလေသည်။ ကမ္ဗလာနီ အဆင်းကို ဆောင်သော လက်ပံပွင့်တို့သည် မြိန်ရှက်စွာ စားသုံးကြသော ဆက်ရက်တို့အား နတ်သုဒ္ဓါကို ဆက်ပြီးနောက် မိမိတို့၏ ဝတ္တရားသည် တပွင့်ပြီးတပွင့် အလှည့်ကျ စုတေစိတ်ကျရမည် ဖြစ်သည့်အလား၊ လေထဲ

ပုဂံစာအုပ်တိုက်

မှတ်ချက်

စိတ်ကူးယဉ်ထဲက မတောသူကို စာဥ လို့ခေါ် ခေါ်၊ စာအု လို့ခေါ်ခေါ် ရတယ်။ 

သခင်ဘသောင်းစာအုပ်ကို ပြန်ထုတ်ရင်တော့ သတ်ပုံပြင်မထုတ်သင့်ပါ။ 

တထောင့်တည ကို ပြင်ထားကြတယ်။

အဲလိုပြင်ထုတ်တွေကို အဟုတ်မမှတ်ကြပါနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ