Skip to main content

တရေးနိုးခြင်းအကြောင်း

ကွန်မင့်တခု = တကောင် = 1960 မတိုင်ခင် ကာလ သုံးခဲ့သော အရေးအသားပုံစံ။ တစ်ကောင် = 1960 မှ 2026 ယနေ့အထိ မြန်မာစာအဖွဲ့မှ တရားဝင်ပြဌာန်းထားသော အရေးအသားပုံစံ ပြန်လေ့လာပါဦး ဆရာရေ။

ပြန်စာ

စီစာနဲ့ ဒီနေ့တက်ကို စတင်လိုက်ပါပြီ။ စာရေးဖြစ်လို့ ကျေးဇူး။

ပြဋ္ဌာန်းလို့ ရေးရတယ်။ ဋ္ဌ ကလည်း ယူနီကုတ်မှာ ဂွကျတယ်။ ကျွန်တော်တော့ ဖုန်းကနေ မရိုက်တတ်။ ကွန်ပြူတာကနေသာ စာရေးရတယ်။

လူကြီးမင်း မှတ်ချက်က အနှစ် ၂၀ လောက်နောက်ကျနေပြီ။ သမိုင်းကြောင်း၊ အထောက်အထား၊ အကိုးအကေားတွေကို တင်ပြနေတာ အနှစ် ၂၀ နီးပါးရှိပြီ။

အဲလို အခုမှ တရေးနိုးလာသူတွေ ရှိတယ်။

တရေးနိုးတာလည်း ကောင်းပါတယ်။ တချို့က အခုထိ တရေးမနိုးကြသေးဘူး။

၁၉၆၀ လွဲနေတယ် ၁၉၈၆ စက်တင်ဘာလ ၃၀ ရက်နေ့မှာ အမိန့်စာနဲ့ ပြင်စေသတည်း လုပ်ထားတာ။

အကြောင်းပြချက်တွေကတော့ ငါ့စကား နွားရ (ကန်တော့)။

အရင်ရေးတာတွေ မှားနေလို့ မဟုတ်ဘဲ ပေါ်လစီမူအရ ပြင်ထားတယ်။

နှစ်ပေါင်း ၄၀ ဆိုတော့ လူပေါင်း သန်း ၄၀ တို့က ပေါ်လစီမူကိုသာ လူထင်ကြတာ အဆန်းမဟုတ်ပါ။

ကျွန်တော်က မြန်မာစာကို ဆရာကြီးလုပ်ပြီး သင်ပြေပေးနေတာလည်း မဟုတ်ပါ။

မျက်စိဖွင့်ပေးနေတာ၊ တရေးနိုးလာအောင် ဆူညံသံပေးနေတာ။

ကျွန်တော်တင်ပြနေတာတွေကို လက်မခံလို့လည်း လူကြီးမင်းတို့ လက်ရှိ၊ ရာထူး၊ တာဝန် ကျဆင်းစရာ မရှိပါ။

ပညာကို ပညာလို လေ့လာလိုသူတွေအတွက်တော့ အုတ်တချပ် သဲတပွင့်။

အဲဒီ အုတ်တချပ် သဲတပွင့် ဆိုစကားကိုလည်း မှန်အောင်ရေးတတ်သူ ၅-၁၀% လောက်သာရှိတယ်။ အဲဒါတောင် ၁-၂% ကနေ တက်ထာတာ။

အာဏာအောက်မှာနေရသူတွေ မှန်အောင် မရးရ၊ မှန်တာ မလုပ်ရ၊ မှန်အောင် မဖြေရပါ။

မှန်တာကို မသိသူက လုံးလုံးလျားလျား အများစု။

မှန်တာ သိလာပေမဲ့ အခြေအနေမပေးသူက နောက်တစု။

အခြေအနေရှိပါလျက်ကနဲ့ ရထားပြီးသား နာမည် (ကလောက်အမည်)၊ ဂုဏ်ရှိန်ကို ဆက်ထိန်းချင်သူတွေကလည်း ၁၀% လောက်တော့ ရှိနိုင်တယ်။

အဲလိုဖြစ်နေတာ ရာစုနှစ်တဝက် ကြာပြီ။

သတ်ပုံမှန်စာအုပ်တွေ ထုတ်ခဲ့ပြီး ၁၉၈၆ နောက်ကျမှ ပေါ်လစီလိုင်း ကူးပြောင်းတဲ့ နာမည်ကြီးတွေလည်း ရှိတတယ်။ လက်ထဲမှာ တအုပ်ရှိတယ်။

လက်ရှိမြန်မာစာသင်ယူနေသူ၊ သင်ယူခဲ့သူ အများစုက အဲလိုပုဂ္ဂိုလ်မျိုးတွေရဲ့ တပည့် ကျောင်းသူ ကျောင်းသားတွေ။

မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အတွက် ပေါ်လစီနောက်လိုက်ရုံမှတပါး အခြားမရှိ။

မှတပါး ကို မှန်အောင်ရေးတတ်သူ ၁၀% ထက် မပိုတာလည်း သိပါကြောင်း။

တရေးနိုးသော် အကြံပေါ်ကြစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ