စာကို မှန်အောင်မရေးတတ်ကြသော်လည်း စာမေးပွဲမကျတဲ့စနစ် ရှိပါသတဲ့။
စာမဖတ်ကြဘဲ စာအုပ်ကို ဖက်ထားကြသတဲ့။
ပွဲတက်ဝတ်စုံကို မဝတ်ဘဲ ပွဲတတ်ဝတ်စုံကိုသာ ဝတ်ကြသတဲ့။
သစ်ပင်မတက်တတ်သူတွေက သစ်ပင်ခုတ်တတ်ကြသတဲ့။
စားစရာမှန်သမျှကို မျိုချရခက်အောင်ရေးနေကြသည်။
သောက်စရာရေပင်လျှင် တစ်နေမှသာ ကြိုက်ကြသည်။
စားချင်သူတွေက ခြင်ကိုက်ခံချင်ကြသတဲ့။
ငွေသွားထုတ်သူတွေက ငွေထုပ်မယူခဲ့ကြ။
မဗေဒါသည် ဘဲအုပ်ကိုမတွေ့ရဘဲ ပဲထုပ်သာတွေ့သည်။
ပတ်သက်ကို သုံးလေးမျိုးနဲ့ ရေးတတ်သဖြင့်
မြန်မာစာသည် လိပ်ကြီးပက်လက်လှန်ထားသလိုဖြစ်နေပြီ။
ပြောလို့ မရ ကနေကြတော့သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment