Skip to main content

"မှန်း" (ချင့်ချိန်တွေးဆခြင်း) နဲ့ "မှုန်း" (ထွန်ဖြင့် မှုန်းညက်စေခြင်း)


မေးခွန်းတခု = စိတ်ထဲမှာ မတင်မကျ ဖြစ်နေလို့ပါ  ဆရာရှင့်

ယာထွန်သူသည် မြေပဲခင်းကို  မှန်းရန် တောသို့ လာ၏

မှန်း က မှန်းဆ ကြည့်တာ ဆိုလိုတာလား

မှန်း အခင်းကို  ထွန်ချက်နှင့် မှုန်းတာ

မှုံး မှန်း  ဘယ်လို တွေးယူရမလဲ  ဆရာရှင့်

ဗဟုသုတ အဖြစ်ပါရှင့်။

ပြန်စာ

(၁)

“မြေပဲခင်းကို မှန်းရန်” ဆိုသည်မှာ မိမိစိုက်ပျိုးမည့် မြေပဲခင်း၏ အခြေအနေ၊ အချိန်အခါ သို့မဟုတ် ထွန်ရက်ရမည့် အတိုင်းအဆကို "ကြိုတင်ချင့်ချိန် တွေးဆရန်/ခန့်တွက်ရန်" တောသို့ လာခြင်းကို ဆိုလိုပါသည်။

(၂)

လယ်သမားသည် ယာခင်းထဲ၌ ထယ်ကြောင်းများကို ထွန်ဖြင့်မှုန်းသည်။

စိုက်ပျိုးရန် မြေယာကြိုတင်ပြင်ဆင်ခြင်း (သို့မဟုတ်) သီးနှံမစိုက်မီ မြေကြီးကို ထယ်ထိုးထွန်မွှေ၍ မြေသားနူးညံ့မှုန်းညက်စေရန် လုပ်ဆောင်နေခြင်းကို ဖော်ပြနေခြင်း။

ထယ်ကြောင်း / ထွန်ဖြင့်မှုန်းသည် = မြေကြီးကို ထယ်၊ ထွန်တို့ဖြင့် ထိုးဆွ၍ အတုံးအခဲများ ကင်းစင်ကာ မှုန့်ညက်နေအောင် ပြုလုပ်သည်။

မှန်း – ကြိ / မှန်း / ၁၊ ချင့်ချိန် တွေးဆသည်။ ခန့်တွက် ရမ်းဆသည်။ “အချင့်အချိန် မည်မျှကုန်မည်ဟု မှန်း၍ ကြည့်။” ဥတ္တမ။ ၅၇။ ၂၊ ရည်ဇော်သည်။ မျှော်ရွယ်သတ်မှတ်ထားသည်။ “သင့်သားနှင့် ငါ့သမီး ထိမ်းမြားအံ့ဟု မဖွားမိကပင် မှန်းထားသော မိန်းမ။” အဋ္ဌဂုဏ်။ ၂၈၂။ ၃၊ ရမ်းဆ ဦးတည်သည်။ ပစ်မှတ်အဖြစ် ရည်မှတ်သည်။ “မီးသို့ မှန်း၍ ပြန်လာရာ မကြာမီ အိမ်သို့ ပြန်ရောက်ကြောင်းကို။” တိုးပွား။ ၁၉၀။

– စည် / မှန်း / ကံနှင့် ကြိယာစပ်သော စကားလုံး။ (နာမ်၊ ကြိယာတို့၏ အတိအကျ ဖြစ်ရပ်စင်စစ်ကို ဖော်ပြလိုရာ၌

သိကြောင်းသိဖွယ်ဖြစ်သော ကံပုဒ်မျိုးနှင့် ကြိယာကို စပ်သွယ်၍ သုံးလေ့ရှိသည်။ ဟူ၍၊ ဖြစ်ကြောင်းကို၊ မည်ဟု၊ မည်ကို စသည့် သဘောရောက်သည်။) “သောက်၍ ယစ်ဝလျှင် လူမှန်းမသိသဖြင့်။” ကိပုံ။ ၁၈၇။ “အားနည်းမှန်းသိမှ နွှယ်ပခြုပ်ဖြင့်ဆောင်၍။” ကိကုဏ္ဍ။ ၄၁။ “ဘယ်ရက်တွင်မှ အိပ်စက်ရမှန်း၊ စားရမှန်းမသိ။” တေ။ ၉၉။

– အာလပ္ပ / မှန်း / တစုံတရာစူးစမ်းနှိုင်းယှဉ်လည်းကောင်း၊ ကြည့်ရှုလိုရာ၌လည်းကောင်း အားယူ ပြောဆိုလေ့ရှိသော အာလပ္ပစကား။ (ပြစမ်းဟူသော သဘောအနက်မျိုးရှိသည်။) “တို့နန္ဒာ လယ်တော်တိုက်မအော၊ ညည်းစိုက်တဲ့ ကောက်သငယ်၊ မှန်း ဘယ်မျှကြီး။” ညွန့်ပေါင်း။ စ။ ၁၀၀။

မှန်းချက် – န / မှန်းချက် / ခန့်တွက်ချက်။ ကြိုတင်တွက်ချက်၊ ချိန်ဆချက်။

မှန်းခြေ – န / မှန်းခြေ / ကြိုတင်တွက်ဆသော အတိုင်းအဆ။ ခန့်တွက်ထားသော အနေ။

မှန်းခြေကိုက် – ကြိ / မှန်းခြေကိုက် / ကြိုတင်တွက်ဆသည့်နှင့် တိုက်ဆိုင် ညီညွတ်သည်။ ကြိုတင်ရည်ရွယ်သည့် အတိုင်း ပြည့်မြောက်သည်။

မှန်းခြေပေါက် – ကြိ / မှန်းခြေပေါက် / ကြိုတင် တွက်ဆသည့် ပမာဏသို့ ထိရောက်ပြည့်မီသည်။ ရည်ရွယ်တွက်ဆသည့် အတိုင်း အောင်မြင်ထိရောက်သည်။

မှုန်း – ကြိ / မှုန်း / ၁၊ ထူထပ်ရာကို ပါးလွှာအောင် ပြုသည်။ “ဝါခင်း မြေကြီးကျပ်၍ ထွန်နှင့်မှုန်းသည်။” ၂၊ ပြန့်ညီအောင် ပြုသည်။ “ပန်းချီကားပေါ်တွင် ဆေးတင်၍ စုတ်နှင့်မှုန်း၊

ဒေါက်တာတင့်ဆွေ

Comments