၁။ "ကြော့ဆုံး" ၏ အဓိပ္ပါယ် ခွဲခြမ်းစိတ်ဖြာချက်
ကြော့: အဘိဓာန်အတိုင်း "ကြွားကြွားရွရွ လှပတင့်တယ်သော၊ ယဉ်ကျေးဖွယ်ရာသော" ဟူ၍ ဖြစ်သည်။
ဆုံး: အထွတ်အထိပ်၊ အလွန်ကဲဆုံး (Superlative) ကို ပြသည့် နောက်ဆက်တွဲ စကားလုံး ဖြစ်သည်။
"ကြော့ဆုံး" ဆိုသည်မှာ "အလှပဆုံး၊ အတင့်တယ်ဆုံး၊ အယဉ်ကျေးဆုံးသော အမျိုးသမီး (သို့မဟုတ်) ချစ်သူ" ကို တင်စားခေါ်ဆိုခြင်း ဖြစ်ပါတယ်။
၂။ ကဗျာစာသား၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်
"မနက်တုန်းဆီက ကြော့ဆုံးကို မောင်မြင်တော့၊ သူ့ဆံပင် နှင်းဆီပွင့်တွေနှင့် ဂုဏ်တင့်တယ်လေး။"
ဆိုလိုရင်းမှာ: နံနက်ခင်းအချိန်တုန်းက အလှပဆုံး၊ အယဉ်ဆုံးဖြစ်တဲ့ ချစ်သူမိန်ကလေးကို မောင်က လှမ်းမြင်လိုက်ရတဲ့အခါ၊ သူမရဲ့ ဆံပင်ထုံးအလယ်မှာ ဆင်မြန်းထားတဲ့ နှင်းဆီပွင့်လေးတွေကြောင့် တကယ့်ကို ပိုမိုလှပပြီး ဂုဏ်တင့်တယ် (ကျက်သရေရှိ) နေပါတော့တယ်ဟူ၍ ကျေးလက်သဘာဝ အလှတရားကို ပီပြင်စွာ ဖွဲ့ဆိုထားခြင်း ဖြစ်သည်။
ကြော့
ကြော့ – နဝိ /ကျော့/ ကြွားကြွားရွရွ လှပတင့်တယ်သော။ ယဉ်ကျေးဖွယ်ရာသော။ "သူဇာမလျော့၊ လေးပြိုင်ကြော့သည်၊ မယ်တင့်မိရင်း၊ ဘွားတော်မင်းလည်း။" မင်းရာ* ၄၆။
ကြော့ကြမ်း – ကြိ /ကျော့ဂျမ်း / ဆိုးသွမ်းသည်။ ခက်ထန်သည်။ "ကြော့ကြမ်းခက်ထန်၊ ကြေးကျွန်မကောင်း။" ကိုး* ၁၅၀။ "ကြော့ကြမ်းနိုင်ထက်၊ ဗလက္ကာရ၊ ပြုကတ္တု။" အနုသံ။ ၅၈။
ကြော့မော့ – နဝိ /ကျော့မော့ / ကြွားကြွားရွရွလှပတင့်တယ်သော။
ကြော့ရှင်း – နဝိ /ကျော့ယွင်း / သပ်ရပ် တင့်တယ်သော။ အချိုးအစားကျသော။
ကြော့ဆုံးဆိုတာ မိန်းကလေး၊ အမျိုးသမီးကို ခေါ်တဲ့ နာမ်စားတခုဖြစ်ပါတယ်။
စကားလုံးလေးတွေ လှပြီး၊ ဖတ်တဲ့ ကြားတဲ့သူတွေကို နှစ်လို စွဲမက်စေတဲ့ နာမ်စားက တင်ကျန်ရစ်တယ်။
အလားတူ အမည်အခေါ်တွေ အတော်များများရှိတယ်။
ဆရာစော
ငဘ
ဖိုးမောင်
ကိုဒေါင်း
ကြွက်နီ
ထွေးညို
ခိုင်
မေ
မြနန္ဒာ
ထား
စောသခင်
(၁)
မနက်တုန်းဆီက ကြော့ဆုံးကို မောင်မြင်တော့၊ သူ့ဆံပင်နှင်းဆီပွင့်တွေနှင့် ဂုဏ်တင့်တယ်လေး။ (မင်းသုဝဏ်)
(၂)
အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့ လိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။ (မင်းသုဝဏ်)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment