Skip to main content

တဦးမေတ္တာ တဦးမှာ

ကွန်မင့်တခု = ဆရာရှင့် ဆရာအမှားပြင်ပေးတာ ကျွန်မတို့လက်ခံပါတယ် ဆရာလို အမုန်းခံပြင်ပေးဖို့ဆိုတာလည်းတော်ရုံ သည်းခံနိုင်မှူမဟုတ်ပါဘူး ဆရာကအမျော်အမြင်ပိုရှိပိုသိပိုတတ်တာ လက်ခံပါတယ်ရှင့် ဆရာဘက်ကလည်း ဆရာမသိတဲ့ နည်းပညာတွေအကြောင်းအရာတွေ ဥပမာ Facebook Policy တွေ ကို မသိလို့ ကျွန်မတို့ပြောတဲ့အခါ လည်း ကလေးတို့က မှားလို့ပြင်ပေးတယ်ဆိုတဲ့ စိတ်နဲ့ လက္ခံပေးရင် ဆရာပြောသလို မှားလို့မှားတယ် ပြောတာကိုလက်ခံနိုင်ရင် တဦးမေတ္တာတဦးမှာ(တဦးမေတ္တာတဦးမှာ)မို့ ပိုအဆင်ပြေမှာပါ

ပြန်စာ

(၁)

တဦးမေတ္တာ တဦးမှာ၊ တဦးကစေတနာတဦးမေတ္တာ လို့ ရေးရပါတယ်။

ဖေ့စ်ဘွတ် ပေါ်လစီ လို့ခေါ်ကြတဲ့ (အရပ်ခေါ်) ဆိုတာ တကယ်ဟုတ် မဟုတ်။ ဖေ့စ်ဘွတ်ကိုဖြစ်ဖြစ် အေအိုင်ကိုဖြစ်ဖြစ် မေးကြည့်ရပါတယ်။ တင်ထား၊ ထင်ထား၊ ရမ်းပြောကြတာတွေက မှားကြောင်း ၃-၄ ခါ တင်ပြထားပါတယ်။ ဖေ့စ်ဘွတ်အကြောင်းကို ကင်ဆာပျောက်ဆေးပေးသလို ရေးနေကြတာက ပိုများတယ်။

(၂)

ကျွန်တော်မသိတာတွေ အများကြီး။ ဒီအကြောင်းအရာကို Gemini ကို အခုမေးလိုက်ပါတယ်။

ဖေ့စ်ဘွတ်ခ် (Facebook) ပေါ်မှာ အသုံးအနှုန်း၊ အရေးအသားနဲ့ အကြောင်းအရာတချို့ကို ကန့်သတ်၊ ပိတ်ပင်ထားတဲ့ စည်းကမ်းချက်တွေကို နည်းပညာနဲ့ ဆိုရှယ်မီဒီယာလောကမှာ အဓိကအားဖြင့် "Community Standards" သို့မဟုတ် "Community Guidelines" လို့ ခေါ်ဆိုပါတယ်။

မြန်မာလိုတော့ "လူမှုကွန်ရက် စံနှုန်းများ" သို့မဟုတ် "အသိုက်အဝန်း စံနှုန်းများ" လို့ ဘာသာပြန်လေ့ရှိကြပါတယ်။

ဒါ့အပြင် ဒီလိုကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာမှာ အသုံးများတဲ့ အသုံးအနှုန်းအချို့ကိုလည်း ဗဟုသုတအဖြစ် အခုလို ခွဲခြားမှတ်သားနိုင်ပါတယ်ခင်ဗျာ။

၁။ Content Moderation (အကြောင်းအရာ စိစစ်ထိန်းချုပ်ခြင်း)

အသုံးပြုသူတွေ တင်သမျှစာ၊ ပုံ၊ ဗီဒီယိုတွေကို စည်းကမ်းနဲ့ ညီမညီ နည်းပညာ (AI) သုံးပြီးဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စစ်ဆေး၊ ဖြတ်တောက်၊ ကန့်သတ်တဲ့ လုပ်ငန်းစဉ်တခုလုံးကို ခေါ်တာ ဖြစ်ပါတယ်။

၂။ Hate Speech Policy (အမုန်းစကား တားဆီးရေးမူဝါဒ)

လူမျိုးရေး၊ ဘာသာရေး၊ အုပ်စုတစုကို တိုက်ခိုက်တဲ့ ရိုင်းစိုင်းရုတ်ရင်းတဲ့ အရေးအသားတွေ၊ ခွဲခြားဆက်ဆံတဲ့ စကားလုံးတွေကို ကန့်သတ်တဲ့ အရေးကြီးတဲ့ စည်းကမ်းတခု ဖြစ်ပါတယ်။

၃။ Community Standard Violations (စံနှုန်းချိုးဖောက်မှု)

ဖေ့စ်ဘွတ်ခ်က တားမြစ်ထားတဲ့ စကားလုံး ဒါမှမဟုတ် အကြောင်းအရာတွေကို ရေးသားမိလို့ စည်းကမ်းဖောက်ဖျက်မှုအဖြစ် သတ်မှတ်ခံရတာကို ဆိုလိုပါတယ်။ (ဒီလိုဖြစ်ရင် ပို့စ်ဖျက်ခံရတာ၊ အကောင့် ခေတ္တပိတ်ခံရတာမျိုး ဖြစ်တတ်ပါတယ်)။

၄။ Shadowbanning / Algorithmic Suppression (အယ်လ်ဂိုရီသမ်ဖြင့် ဖုံးကွယ်ကန့်သတ်ခြင်း)

တခါတရံမှာ အကောင့်ကို လုံးဝပိတ်ပစ်တာမျိုး မဟုတ်ဘဲ၊ အများမြင်ကွင်းမှာ ကိုယ်ရေးတဲ့စာတွေ သိပ်မပေါ်လာအောင် ဖေ့စ်ဘွတ်ခ်ရဲ့ စနစ် (Algorithm) ကနေ အလိုအလျောက် လျှော့ချကန့်သတ်ထားတဲ့ နည်းပညာဆိုင်ရာ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။

အကျဉ်းချုပ်ပြောရရင်တော့ အဲဒီလို ကန့်သတ်ချက် ဥပဒေ/စည်းကမ်းစုစုပေါင်းကို Community Standards (အသိုက်အဝန်း စံနှုန်းများ) လို့ အလွယ်ဆုံး ခေါ်ဆိုနိုင်ပါတယ်ခင်ဗျာ။

(၃)

တဦးမေတ္တာ တဦးမှာ

ကူးကာဆက်ဆံ တုန့်ပြန်ပါသည်

ဧကံ မလွဲ

အမှန်ပါပဲ အတည်

တဦးမေတ္တာ တဦးမှာ

ကူးကာဆက်ဆံ တုန့်ပြန်ပါသည်

ဧကံ မလွဲ

အမှန်ပါပဲ အတည်

ရွှေမန်း မောင်တင်

ကြည်လင်သော မေတ္တာဓါတ်ကို

သိမှတ်ကြ ပေလိမ့်မည်

သောတ ဆင်ကြတဲ့

လူထု့ပရိတ်သတ်ကြီးက စုံညီ

မွန်မွန် မြတ်မြတ်နဲ့သာ

အားပေးမယ်လို့ ကျွန်တော်ယုံကြည် (ရွှေမန်းတင်မောင်)

ဒေါက်တာတင့်ဆွေ

Comments