၁။ ပုစွန်စာဘယ်လိုအပင်မျိုးလဲ
၂။ ပုစွန်စာရွက်
အပင်ကို မြင်ဘူးချင်ပါတယ်။
ပန်းပွင့်နဲ့အပင် ဘေးမှာ တန်းစီပြီးပေါက်နေတဲ့အပင် ဖြစ်ပါတယ်။
အရွက်ချွန်ချွန်လေးတွေနဲ့ အစိမ်းရင့်ရောင်။
ကြော်စားပါတယ်။ အကြော်မှုန့်နဲရောပြီး ငါးပေါင်းကြော် လုပ်စားကြတယ်။
အကြော်မှုန့်နဲရောပြီး ငါးပေါင်းကြော် လုပ်စားကြတယ်။ ငပေါင်းကြာ်လို့ခေါ်ပေမဲ့ ငါးကလေးတွေမပါ။
အညာမှာ အရွက်တမျိုးမျိုးကို ဆန်မှုန့်နဲ့ရောကြော်တာကို ငပေါင်းကြောလို့ခေါ်တယ်။ ထားဝယ်မှိုင်းရွက်ကိုလည်း ကြော်တယ်။ ဒေါက်ခွက်၊ မြင်းခွါရွက် စသည်။
၁။ ပုစွန်စာရွက် (ပုဇွန်စာပင်) သည် ဘယ်လိုအပင်မျိုးလဲ
ပုဇွန်စာပင်သည် ရေစပ်စပ်၊ လယ်ကွင်းပြင်နှင့် ချောင်းရိုးမြောင်းရိုးတလျှောက်တွင် အလေ့ကျပေါက်တတ်သော "မြေကပ်ပင်/ရေစပ်ပင်" မျိုး ဖြစ်သည်။ ဦးကြီး၏ ကဗျာတွင် “ရိုးတလျှောက် ဖြိုးမောက်ပါတဲ့ လယ်ပဒူ၊ အရွက်ချွန်း ကန်စွန်း ပုဇွန်စာနဲ့” ဟု စပ်ဆိုထားသည့်အတိုင်း ကန်စွန်းပင်၊ လယ်ပဒူပင်တို့နှင့်အတူ ရေရိုးချောင်းရိုးများတွင် ရောနှောတန်းစီ၍ သဘာဝအလျောက် အလွန်ပေါများစွာ ပေါက်ရောက်တတ်ပါသည်။
အရွက်ချွန်ချွန်လေးများဖြစ်ပြီး အစိမ်းရင့်ရောင် ရှိသည်။ အပင်မှာ ပင်စည်ပျော့မျိုးဖြစ်ပြီး မြေတွင် ဖြန့်၍သော်၎င်း၊ ရေစပ်တွင် နွှယ်၍သော်၎င်း ပေါက်တတ်သည်။
ရိုးတလျှောက်
ဖြိုးမောက်ပါတဲ့ လယ်ပဒူ
အရွက်ချွန်း ကန်စွန်း ပုဇွန်စာနဲ့
လွန်တရာ ကညှို့ပေါတယ်
တောဖြစ်လို့ထူ။
မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်
ရွှေကနဖော့ ကြာရိုးဖြူ
ချိုးယူလို့ မကုန်ခန်း။
ပတ္တမြားရောင်
ဖားကပေါင် သံလွင်နှင့်
ရွှေညံပင် ရှုပ်မရှင်းတယ်
ကွင်းပြည့်ခမန်း။ (ဦးကြီး)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment