(တောင်မြို့ဆရာတော်)
ကုသိုလ် ဥစ္စာ၊ ကျန်းခံ့သာ၍
ပညာ တန်ခိုး၊ တမျိုးမျိုးမှ
အကျိုးစုံထွက်၊
ထိုနေ့တွက်၊
သက်သက် ဝမ်းမြောက်ဖွယ်။ ။
ကုသိုလ် ဥစ္စာ၊ ကျန်းခံ့သာ၍
ပညာ တန်ခိုး၊ တမျိုးမျိုးမှ
အကျိုးမထွက်၊
ထိုနေ့တွက်၊
သက်သက် ဝမ်းနည်းဖွယ်။ ။
တနေ့အဖို့၌ ကုသိုလ်၊ ဥစ္စာ၊ ကျန်းမာရေး၊ အတတ်ပညာ၊ တန်ခိုးဂုဏ်သိန် ဤငါးမျိုးတွင် တမျိုးမျိုးမှ အကျိုးမရဘဲ ကုန်သွားသောနေ့သည် ဝမ်းနည်းစရာ လွန်စွာအသုံးမကျ, မသေခင်က အသေဖြစ်ရသော နေ့ပင်တည်း။
(အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)
#ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment