Skip to main content

တစ် သမိုင်း သံခိပ်

၁။ အဲ့ဒီခေတ်အခါမှာလည်း လူငယ်ပညာတတ်တွေရှိမှာပေါ့ဆရာ။ သူတို့က သတ်ပုံပြောင်းတာကို သတိမပြုမိကြတာလား၊ မသိကြတာလား၊ သူတို့ကပါ မှန်တယ်ထင်လို့ ဘာမှမပြောကြတာလား ဆရာ။ သေချာတာတခုက အခုအချိန်မှာ တ ကို စ သတ်တဲ့ ပြဿနာက စုံးစုံးကြီးမြုပ်နေပြီဆရာ။

၂။ တ ကို စ သတ်တာ ၁၉၇၈ နောက်ပိုင်းမှာလို့ထင်ပါတယ် နားမလည်ဘဲနဲ့ အားလုံးကို တစ်နေကြပါတယ်။ ကျွန်တော်ကတော့ ဆရာ့အမြင်ကို လက်ခံပါတယ်။

၃။ တခု တလုံး သတ်ပုံကနေ တစ်ဖြစ်လာရင်း အကြောင်းသိချင်လို့ပါဆရာ

၄။ ဆရာ တ ကို တစ် လို့ စတင်သုံးစွဲစေခဲ့တာက ဘယ်အချိန်လောက်ကလဲ ခင်ဗျာ

၅။ ဆရာ တ နဲ့ တစ် သတ်ပုံကို ဆရာတော်တော်လေး ရေးတာတွေ့ရပါတယ်။ တ ကနေ တစ် ဖြစ်လာပုံလေးနဲ့ ဘယ်ဟာကိုအမှန်ယူသင့်ပုံ ဆရာ့အမြင်လေး မျှဝေပေးစေလိုပါတယ်။ လေးစားပါတယ်ခင်ဗျ။

အတိုချုပ်ပြောရရင် ၁၉၈၁ က စတယ်။ ဗခက နေဝင်းက မြန်မာစာအဖွဲ့ကို တပြေးညီအောင်လုပ်ဖို့ လမ်းညွှန်တယ်။

ကွန်မင့်တခုရခဲ့တယ်။ (စ) သိသလောက်တော့ ဦးနေဝင်းလက်ထက်မှာ ခြောက်မိုင်ခွဲမှာရှိတဲ့ မြန်မာစာအဖွဲ့ကို မြန်မာစာ ပညာရှင်များစုစည်းစေပြီးဖွဲ့ခဲ့တယ်လို ့သိရပါတယ်။ မြန်မာစာအသုံးနှုန်း၊ သတ်ပုံသတ်ညွှန်းတွေကို တစ်နိုင်ငံလုံး စနစ်တကျ တပြေးညီဖြစ်စေဖို ့ရည်ရွယ်လုပ်ဆောင်စေခဲ့တယ်လို့ သိရပါတယ်။ ထိုအချိန်က မြန်မာစာသတ်ပုံ သတ်ညွှန်းတွေ အမျိုးမျိုးကွဲပြားနေတယ်လို့ သိရပါတယ်။ အထက်မြန်မာပြည် မန္တလေးတက္ကသိုလ်မူ နဲ့ အောက်မြန်မာပြည် ရန်ကုန်တက္ကသိုလ်မူဟူ၍ တက္ကသိုလ်များမှာပင် သတ်ပုံအသုံးအနှုန်း ကွဲပြားတယ်လို့ ဆိုပါတယ်။ မန္တလေးတက္ကသိုလ် မြန်မာစာဌာနကလည်း အထက်မြန်မာပြည် မန္တလေးသည် မြန်မာမင်း ထီးနန်းစိုက်ရာ ရုံးစိုက်ရာဖြစ်ခဲ့သည့်အတွက် မြန်မာစာသတ်ပုံမှာ မန္တလေးတက္ကသိုလ်ကသုံးသော သတ်ပုံကသာ အမှန်၊ မန္တလေးတက္ကသိုလ်ရဲ့အသုံး အနှုန်းအတိုင်းသာ ယူသင့်တယ်လို့ဆိုတယ်တဲ့။ ဒါတွေကို အထက်ရော အောက်ရော တစ်နိင်ငံလုံးတညီတညွတ်တည်း ဖြစ်စေရန် လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်သတ်ပုံ ဘယ်လိုပေါင်းရမယ်ဆိုတာကို ဆုံးဖြတ်အတည်ပြုရာမှာတော့ ပညာရှင်တွေကပဲ ဆုံးဖြတ်လေသလား ဦးနေဝင်းကိုယ်တိုင် ပါဝင်ဆုံးဖြတ်လေသလားတော့ မသိပါ။ မှတ်သားဖူးတာမှ မှတ်မိသမျှပါ။ (ဆုံး)

ကျွန်တော်က သက်သေခံပစ္စည်းနည်းနည်းတင်ပြပါမယ်။

၁၉၇၈ ခုနှစ် ဇန်နဝါရီလထုတ် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်းမှာ ထိုကော်မရှင်သည် အစိုးရရုံးသုံး စံ မြန်မာရေးထုံး ကျမ်းတစောင် ပေါ်ထွက်လာရေး လုပ်ငန်းတရပ်ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်။ ၁၉၆၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းသုံးစာအုပ်ကော်မတီ အစည်းအဝေးကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပစဉ် ဥက္ကဋ္ဌကြီးက အသံကိုရေးတဲ့အခါ အမှန်ရေး။ ့့့ စည်းကမ်းဆိုတာ အတိအကျရှိရမယ်။ ့့့ စကားတလုံးနှင့် ခုနစ်နှစ်ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ တခုခုကို ပညတ်ရမှာပဲ။ မူကိုဦးစွာချပါ။

မြန်မာရေးထုံးကျမ်းတစ်စောင် မဟုတ်ပါ။ လုပ်ငန်းတစ်ရပ်ကိုလည်း မဟုတ်ပါ။ စကားတစ်လုံးနှင့် မဟုတ်ပါ။ တစ်ခုခုကို မဟုတ်ပါ။ ၁၉၈၈ အထိ ကိုယ့်သတ်ပုံနဲ့ကိုယ် ထုတ်ဝေခွင့် ရှိတယ်။ နဝတ ခေတ်မှာ သတ်ပုံစာအုပ်အသစ် ထုတ်တယ်။ အင်္ဂလိပ်-မြန်မာနဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်တွေ အသစ်ထုတ်တယ်။ ကျောင်းတွေမှာ တစ်မဟုတ်ရင် အမှတ်မပေး။ ဆင်ဆာအဖွဲ့က တစ်မဟုတ်တာ တလုံးဘယ်လောက်နဲ့ ဒဏ်ရိုက်ခဲ့ပါတယ်။

အခုလည်း အထက်အရာရှိတွေက ရုံးစာတွေ စာတမ်းတင်တာတွေကို တစ်လို့ အပြင်ခိုင်းတယ်။ လွှတ်တော်မှာ ဥပဒေသစ်တွေအတွက် မြန်မာစာအဖွဲ့ကခိုင်းတာသာရေးရတယ်။ စွယ်စုံကျမ်းမှာ တပင်တိုင်လို့ ရေးခဲ့ရာကနေ တစ်ပင်တိုင်ကျွန်းဥပဒေဆိုတာ ဖြစ်စေတယ်။

အဆိုးဆုံးကတော့ ဟိုအရင်က သတ်ပုံမှန်နဲ့ရေးသားထုတ်ဝေခဲ့တာတွေကို တစ်သတ်ပုံတွေနဲ့ ပြင်ရိုက်ပြီး ထုတ်ဝေ ရောင်းစာတာတွေနဲ့ ဒေါင်းလုဒ်လုပ်လို့တဲ့ စာအုပ်တွေဖြစ်တယ်။ မူလစာရေးသူတွေ၊ ဆရာတော်တွေကို စော်ကားရာကျတယ်လို့ ထင်နေတယ်။

သတ်ပုံမှန်နဲ့သာရေးကြတာ ပေလေးပင် ရှင်လေးပါး၊ နဝဒေး၊ နတ်သျှင်နောင်၊ ဝန်ကြီးပဒေသရာဇာ၊ ဦးပုည၊ မယ်ခွေ၊ အချုပ်တန်းဆရာဖေ။ သိပ္ပံမောင်ဝ၊ ဦးနု၊ သိန်းဖေမြင့်၊ ရွှေဥဒေါင်း၊ ဒဂုံရွှေမျှား၊ မောင်ထင်၊ မင်းသုဝဏ်၊ဇော်ဂျီ၊ ဦးဖိုးကျား၊ သခင်ဘသောင်း၊ ဦးဖေမောင်တင်၊ သော်တာဆွေ၊ သခင်သန်းထွန်း၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်မျိုးချစ်၊ လူထုဦးလှ၊ ဒေါ်အမာ၊ ပါရဂူ၊ ရန်ကုန်ဘဆွေ၊ ဝင်းဦး၊ ဂျာနယ်ကျော်မမလေး၊ သုခ၊ ဇဝန၊ ဒဂုန်ခင်ခင်လေး၊ မဟာဆွေ၊ ဒဂုန်နတ်ရှင်၊ တက်တိုး၊ ထင်ကြီး၊ သခင်ကိုယ်တော်မှိုင်း၊ လှသမိန်၊ မင်းကျော်၊ အောင်သင်း၊ ကြည်အောင်၊ ဒေါက်တာသန်းထွန်း၊ ဒဂုန်တာရာ၊ တင်မိုး၊ ကြည်အေး၊ ရှိသေးတယ်။

ဆဋ္ဌသံဂါယနာတင် ပါဠိမြန်မာပြန်စာအုပ်တွေထဲမှာ တစ်လုပ်မထားပါ။ မြန်မာ့စွယ်စုံကျမ်း ၁၅ အုပ်တွဲမှာလည်း တစ်တွေ မဟုတ်ပါ။ အားလုံး ကျွန်တော့်ဆီမှာ ရှိပါတယ်။ သြကာသဘုရားရှိခိုးစာ။ မိုးကုတ်ဆရာတော်စာအုပ်တွေ။ မဟာစည် ဆရာတော်စာအုပ်တွေ။ သင်ပုန်းကြီးစာအုပ်တွေ။ ဦးဘဂျမ်း၊ အောင်ရှိန်၊ မောင်စိန်၊ ရွှေသွေးနဲ့ စံရွှမြင့် ကာတွန်းတွေ။

ရေတွက်လို့ရရင် တစ်လို့ပြောနေကြတယ်။ မဟုတ်ပါ။ တမတ်၊ တကျပ်၊ တဆယ်ကျပ်၊ တရာကျပ်၊ ပိုက်ဆံတွေ ထုတ်ခဲ့တယ်။ ရေတွက်လို့ရတာတွေ။ ဂဏန်းဆိုမှသာ တစ်ရတယ်။ တစ် နှစ် သုံး လေး ငါး။

ကျွန်တော်ဆရာဝန်ဖြစ်ကတည်းက ဆေးညွှန်ကို တနေ့ တပြား၊ တည တပြားလို့သာရေးတယ်။ တကို စသတ်နေတာနဲ့ အင်ပြင်ထတဲ့ လူနာက ယားလှပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ