Skip to main content

တကွက်ဟာသ

မြန်မာ ကာတွန်းဆရာ အော်ပီကျယ် သည် မြန်မာနိုင်ငံရှိ တကွက်ဟာသ၊ သရော်ကာတွန်းများကို ပြောင်မြောက်အောင် ရေးဆွဲနိုင်သူ နာမည်ကြီး ကာတွန်းဆရာတစ်ယောက်(တယောက်) ဖြစ်သည်။ 

တင်ပေးထားသူရေးတဲ့ တကွက်ဟာသ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ဆရာအော်ပီကျယ်ကို ကျွန်တော်တို့ အခုနေရတဲ့မြို့မှာ စာပေဟော ပြောပွဲကို ဖိတ်လို့ ဟောတာပြောတာကို နားထောင်ဘူးတယ်။ ကောင်းတယ်။ လူကလည်း ခင်စရာကောင်းတယ်။

ကောင်းတယ်ဆိုတာ ဆရာအော်ပီကျယ်က စာနဲ့ရေးမပြဘဲ ပါးစပ်ကနေသာ ပြောတာဖြစ်တော့ သူ့ကာတွန်းတွေထဲက စာတွေမှာလို နိုင်ငံတော်မူသတ်ပုံပါလို့။

ဆရာချစ်ဦးညိုလည်း အတူတူဘဲ။ ပြောတာသာနားထောင်ရင် အင်မတန်ကောင်းတယ်။ နိုင်ငံတော်မူသတ်ပုံ တလုံးတလေမှ မပါ။ လူကလည်း ခင်စရာကောင်းတယ်။ 

အဆိုတော်တွေလည်း အတူတူဘဲ။ စိုင်းထီးဆိုင်သီချင်းဆိုတဲ့အခါ သီချင်းရေးတဲ့ စိုင်းခမ်းလိတ်စာသားကို နောက်ခံမှာ စာတန်းမပါလေ ကောင်းလေ။ ပါရင် ပျက်ရော။

အသံစာအုပ်ကို အားပေးတယ်လို့ ရေးထားတယ်။ မနေ့က မောင်ချောနွယ်ကဗျာကို အသံနဲ့ဖတ်တာတခု တွေ့တယ်။ နောက်ခံမှာ ကဗျာစားသားပါတယ်။ သတ်ပုံတွေက နိုင်ငံတော်မူနဲ့ဆိုတော့ ကဗျာပျက်ရော။

လူတိုင်း ပါးစပ်သာပိတ်နေရင် ဝစီကံမှာ သတ်ပုံမှားတာ လူမသိဘူး။ နိုင်ငံတော်ဂျီးက မှားခိုင်းထားလို့။ လက်ဝှေ့ကြိုးဝိုင်းထဲဝင်ရင်တော့ ဆိုင်ကယ်ဟဲလ်မတ် မသုံးရ။ နားလည်မှုပေးရတဲ့ခေတ်က ကြာပြီ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ