တင်ပေးထားသူရေးတဲ့ တကွက်ဟာသ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။
ဆရာအော်ပီကျယ်ကို ကျွန်တော်တို့ အခုနေရတဲ့မြို့မှာ စာပေဟော ပြောပွဲကို ဖိတ်လို့ ဟောတာပြောတာကို နားထောင်ဘူးတယ်။ ကောင်းတယ်။ လူကလည်း ခင်စရာကောင်းတယ်။
ကောင်းတယ်ဆိုတာ ဆရာအော်ပီကျယ်က စာနဲ့ရေးမပြဘဲ ပါးစပ်ကနေသာ ပြောတာဖြစ်တော့ သူ့ကာတွန်းတွေထဲက စာတွေမှာလို နိုင်ငံတော်မူသတ်ပုံပါလို့။
ဆရာချစ်ဦးညိုလည်း အတူတူဘဲ။ ပြောတာသာနားထောင်ရင် အင်မတန်ကောင်းတယ်။ နိုင်ငံတော်မူသတ်ပုံ တလုံးတလေမှ မပါ။ လူကလည်း ခင်စရာကောင်းတယ်။
အဆိုတော်တွေလည်း အတူတူဘဲ။ စိုင်းထီးဆိုင်သီချင်းဆိုတဲ့အခါ သီချင်းရေးတဲ့ စိုင်းခမ်းလိတ်စာသားကို နောက်ခံမှာ စာတန်းမပါလေ ကောင်းလေ။ ပါရင် ပျက်ရော။
အသံစာအုပ်ကို အားပေးတယ်လို့ ရေးထားတယ်။ မနေ့က မောင်ချောနွယ်ကဗျာကို အသံနဲ့ဖတ်တာတခု တွေ့တယ်။ နောက်ခံမှာ ကဗျာစားသားပါတယ်။ သတ်ပုံတွေက နိုင်ငံတော်မူနဲ့ဆိုတော့ ကဗျာပျက်ရော။
လူတိုင်း ပါးစပ်သာပိတ်နေရင် ဝစီကံမှာ သတ်ပုံမှားတာ လူမသိဘူး။ နိုင်ငံတော်ဂျီးက မှားခိုင်းထားလို့။ လက်ဝှေ့ကြိုးဝိုင်းထဲဝင်ရင်တော့ ဆိုင်ကယ်ဟဲလ်မတ် မသုံးရ။ နားလည်မှုပေးရတဲ့ခေတ်က ကြာပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment