Skip to main content

ခွေးမြီးကောက် ကျည်တောက်စွပ်

၁။ ခွေးမှီးကောက် ကျည်ထောက်စွပ် စကားရဲ့ အဓိပ္ပာယ်က ဘာလဲဗျ သိတဲ့သူများပြောပြကြပါ

ကျွန်တော့ကို မေးတာ မဟုတ်ပါ။ မှီး နဲ့ မြီးမှားနေတာ့ ဖြေလိုက်ရင် မေးတာ မဟုတ် ဖြစ်နေမလား မသိပါ။

၂။ ဆရာ့ရှင့် ခွေးမြီးတောက်ခြေထောက်စွပ် နဲ့ ဗလက်ချီးနန်း စကားလုံးအမှန်ကို သိပါရစေရှင့်

ခွေးမြီးတောက် မဟုတ်ပါ။ ခွေးမြီးကောက် ကျည်တောက်စွပ်ဖြစ်ပါတယ်။

ခွေးတွေအမြီးဟာ ကောက်နေတယ်။ မွေးကတည်းက ကောက်နေတာ။ ဖြောင့်အောင်လုပ်မရ။ ဒါပေမဲ့ ကျည်တောက်ခေါ် ဝါးကျည်တောက်နဲ့စွပ်ထားရင် ကျည်တောက်ထဲမှာ ဖြောင့်နေတယ်။ ကျည်ထောက် ဆွဲချွတ်လိုက်တာနဲ့ ခွေးမြီးက ကောက်မြဲသာ ကောက်နေမယ်။ ဆိုဆုံးမ မရသူတွေဟာ၊ လူကြီးမိဘ၊ ဆရာသမားရှေ့မှာတော့ လိမ္မာချင်ယောင်ဆောင်တဲ့သူ ကွယ်ရာမှာ မိုက်မြဲမိုက်တာကို တင်စားပြောလေ့ရှိတယ်။ တောရွာတွေမှာ ခွေးအမြီးကို မီးပုလွေခေါ် မီးမှုတ်စရာနဲ့စွပ်ပြီး ဆော့ကစားလေ့ရှိတယ်။

ဗလက်ချီးနန်း မဟုတ်ပါ။ ဗလချီးရမ်းလို့ ရှိတယ်။ အရပ်သုံးသာဖြစ်တယ်။ ဗရပွ၊ ဗရပျစ်၊ ဗရမ်း ဗဒါ၊ ဗလာင်ဆူ၊ ဗရပြွတ်၊ ဗရွတ်ရွှတ်တ၊ ဗရုတ်ဗရက်၊ ဗရုတ်သုက္ခ၊ ဗရုတ်သုတ်ခ၊ ဗရုန်းဗရင်း၊ ဗရုန်းသုန်းကားဗရဗွေ ဗလပျစ်၊ ဗရဗွေ စောင်းရမ်း၊ ဗလုံးဗထွေး၊ ဗလက်ကာရ၊ ဗလချာ၊ ဗလစ်ဗလစ်၊ ဗလာင်ဆန်၊ ဗယောက်ဗယက်၊ ဗလေ ဗလွင့်၊ ဗလောင်းဗလဲ၊ ဗလောင်ဆန်လို့ရှိတယ်။ ဟိုဟိုသည်သည် အစီအစဉ်တကျမရှိဘဲ ရမ်းချင်ရာရမ်းတာမျိုးမှာ ပြောလေ့ရှိတယ်။

မှီးကို ကြိယာအဖြစ် သုံးနိုင်တယ်။ မှီးရေးသည်။ ကိုးကားသည်။ နည်းနာယူသည်။

မြီး

ငကြင်းမြီး

မြီးကောင်ပေါက်

မြီးစွပ်နွား

မြီးဆံ

မြီးညောင်းရိုး

မြီးညှောင့်ကောင်

မြီးညှပ်ကောင်

မြီးတံ

မြီးတုံးစပါး

မြီးထူးမြီးပပ်

မြီးပျမ်းကြိုး

မြည်း

ဆားမြည်း

မြင်းနှင့်တူသော မြည်း

ဟင်းမြည်း

မြည်းတကောင်

ဟင်းကိုဆားမြည်းပါ

မြည်းကြည့်မှသိမယ်

မန္တလေးမြီးရှည် https://burmese-spelling.blogspot.com/2022/10/blog-post_14.html

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ