သင်ခဏ်းစာ ၇
သူငယ်များသည် ရေကန်တကန်၏ အနီး၌ ကစားကာ နေကြ၏။
တနေ့က မြန်မာစာရေးတာ ဝါကျရေးနည်းတွေအကြောင်း မေးတယ်။ ကွန်တော်က မြန်မာစာဆရာမဟုတ်လို့ တခြားသူတွေရေးထားတာတချို့ကို (တ) သတ်ပုံ မှန်အောင်ပြင်ပြီး ပို့လိုက်တယ်။
မေးတဲ့သူ ကျောင်းပြန်တက်နိုင်မှာ မဟုတ်တော့။ မြန်မာစာသင်တန်းတွေတက်ရင်တော့ နိုင်ငံတော်မူ သတ်ပုံနဲ့သာ သင်ကြလိမ့်မယ်။ ကျွန်တော်တယောက်တည်းကတော့ သဘောမတူ။
သင့်မှန်လောက်တဲ့အကြံတခု စဉ်းစာရလို့ ထင်ပြပါမယ်။ ဟိုအရင် သတ်ပုံမှန်ခေတ်က သူငယ်တန်း မြန်မာစာကို ပြန်ဖတ်စေချင်တယ်။ ဝါကျတိုတိုလေးတွေကနေ အဆင့်ဆင့်ရှည်လာတာ တွေ့ပါမယ်။မူကွဲသတ်ပုံတွေ ရှိတာ သိလာမယ်။ ခေတ်အလိုက် ပိုမိုရှင်းလင်းအောင် ရေးလာတယ်။ ဥပမာ -
ဖတ်စာမတိုင်ခင်က ဘတ်စာလို့ ရေးကြတယ်။
ဘား ကို ဖါးလို့ အရေးများလာတယ်။ ဖါး နဲ့ ဖား ၁၀၀% တူတယ်။ ဘယ်ဟာတခုတည်းကသာ မှန်တယ် မပြောအပ်။
ပထမတန်း နဲ့ ပဌမတန်းလည်း ၁၀၀% တူတယ်။ ဘယ်ဟာတခုတည်းကသာ မှန်တယ် မပြောအပ်။
ရေကန်တကန်ကို စသတ်နဲ့ရေးနည်းက နိုင်ငံတော်မူ။ အလုပ်ရချင်ရင်၊ စာမေးပွဲအောင်ချင်ရင် အဲလိုသာ ရေးရမယ်။ လက်တွေ့ကျတယ်။ မြန်မာစာအမှတ်တတ်ချင်ရင် နိုင်ငံတော်မူကို အာခံရမယ်။
ဆပ်သွားဖူးရုံ အကြောင်း
ပျိုလေးတို့ အိမ်ဦး
ဆပ်သွားဖူးတဲ့ တရုံနှစ်ရုံ
ကျေးတွေကအုံ။
မအုံပါနဲ့ ကိုရွှေကျေး
ပျိုတို့မောင် ရှင်လိမ်ပြန်တော့
နားပန်ဘို့လေး။
တရုံနှစ်ရုံကို စသတ်နဲ့ရေးနည်းက နိုင်ငံတော်မူ။ အလုပ်ရချင်ရင်၊ စာမေးပွဲအောင်ချင်ရင် အဲလိုသာ ရေးရမယ်။ လက်တွေ့ကျတယ်။ မြန်မာစာအမှတ်တတ်ချင်ရင် နိုင်ငံတော်မူကို အာခံရမယ်။ ရေစုံကတော့ သက်သာတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment