ကျွန်တော်က သီချင်းသမား မဟုတ်လို့ မရှာတတ်ပါ။ ဆောရီး။
တပြည်သူမရွှေထား သီချင်း
တပြည်သူမရွှေထားရေ
အခြေမတူ ဘဝအနေခြားလေ
အဆင့်အတန်းလည်းဝေးကွာနေ
မဖြစ်မှန်းလည်း တွေးပါသလေ
ဆင်ကန်းတောတိုး ဖြစ်မှာကို
သိပါသလေ
ဒါပေမယ့် သံယောဇဉ်တွေ
တွယ်တာရပါသည်ကောလေ
မသင့်မှန်းလည်းသိပါသလေ
ချစ်လမ်းလည်းမရှိရှာဖွေ
အချစ်ကမ်းပဲ ပြောပါလေ
ထားရေ ထားရေ
ထားသခင်ကိုမှ
အချစ်ပိုသည်များ
အပြစ်ဆိုမယ်လားလေ
နှလုံးအိမ်တွေလည်း
ပွင့်ထွက်တော့မယ်
ကြာရင်ခက်ရချည်လေ
ဝေးမှာကိုလည်း စိုးပါတယ်ကွဲ့
ထားသခင် အချစ်ဦးရေ
မပြောသာပေမယ့်
တီးတိုးစကားတွေ
ကိုယ်တယောက်တည်းဆိုနေ
တပြည်သူမရွှေထားရေ
တွယ်တာရပါသည်ကောလေ
ဖွင့်မပြောလည်းသိမှာပေ
အချစ်သဘောနဲ့ ကြည့်ပါလေ
ရင်မောဖွယ့် သိသာလေ
မရွှေထားရေ
ဝေးမှာကိုလည်း စိုးပါတယ်ကွဲ့
ထားသခင် အချစ်ဦးရေ
မပြောသာပေမယ့်
တီးတိုးစကားတွေ
ကိုယ်တယောက်တည်းဆိုနေ
တပြည်သူမရွှေထားရေ
တွယ်တာရပါသည်ကောလေ
ဖွင့်မပြောလည်းသိမှာပေ
အချစ်သဘောနဲ့ ကြည့်ပါလေ
ရင်မောဖွယ့် သိသာလေ
မရွှေထားရေ။ ။
စန္ဒယားလှထွဋ် တပြည်သူမရွှေထား https://www.youtube.com/watch?v=rshf7ri6Jw0
သီချင်းနောက်ခံ သီချင်းစသားမပါလို့ သတ်ပုံအမှာ ကင်းတယ်။ ဒါတောင် အဆိုတော်အမည် အသတ်မှားနေသေးတယ်။ ထွဋ် ကို ထွ၌ တဲ့။ ထွတ်ရေးလည်း မမှားပါ။
သတ်ပုံမှန်နဲ့ ရေးတဲ့ သီချင်းခေါင်းစဉ်များ ရှားတယ်။ တချို့က တစ်ပြည်သူတဲ့။ တချို့က တစ်ပြေသူတဲ့။ တချို့က သပြေသူတဲ့။ တချို့က မြင်းမိုရ်တဲ့။ သီချင်းတွေ တင်ကြတယ်။ မူရင်းအဆိုတော်အမည် ပျောက်ကုန်ပြီ။ မပျောက်စေရပါ။ နောက်လူပြန်ဆိုတွေကိုသူ မူရင်းထင်နေကြတယ်။ စာအုပ်တွေ ပြန်ထုတ်ကြတယ်။ မူရင်စာသားနဲ့သတ်ပုံတွေကို မှားအောင်ပြင်ကြတယ်။ မလုပ်သင့်မလုပ်ထိုက်တာဖြစ်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment