Skip to main content

တပြည်သူ မရွှေထား


တက္ကသိုလ်ဘုန်းနိုင်ရေးသားတဲ့စာအုပ်တွေဟာ ကျွန်တော်တို့ အထက်တန်းနဲ့ ဆေးကျောင်းသားခေတ်မှာသာမက ကနေ့အထိတိုင် ထင်ရှားပြီး စာဖတ်သူတွေကို အလွန်စွဲလမ်းစေပါတယ်။ စာအုပ်တွေကို ပြန်ထုတ်ကြတယ်။ သတ်ပုံတွေကို ပြင်ထားကြတယ်။ စာအုပ်အဖုံးမှာ တစ်မဟုတ်ဘဲ ကြော်ငြာသူတွေက တစ်လုပ်ထားကြတယ်။ တပြည်သူ မရွှေထားကို တစ်ပြည်သူမရွှေထားလုပ်ထားကြတယ်။ လျှော်ကန်ပါရဲ့လား။

ကျွန်တော့်ဆီမှာ မူရင်းစာအုပ်တချို့ရှိပါတယ်။ တက္ကသိုလ်ဘုန်းနိုင်ရေးခဲ့တဲ့ သတ်ပုံနမူနာနည်းနည်းလောက်ကို တင်ပြပါတယ်။

ဟိုတခါတုန်းကကဲ့သို့ပင် 

ဟိုတခါတုန်းကကဲ့သို့ပင် ငွေလရောင်မှ ရွက်ကြွေတောများကို ညိုလတ် မြင်သည်။ ဟိုတခါတုန်းကကဲ့သို့ပင် ညိုလတ်သည် ညင်သာစွာ စတင်သီဆိုသည်။

ငွေလာသာသော နွေညပြာပြာဆီ၊ မြူလွှာမှုန်ရီ၊ သရဖီသင်း နှင်းကလဲ့စီ၊ ဝါရွက်တို့ ကြွေပြလေပြီ၊ သည်းသည်းရုတ်ရုတ်၊ တဖြုတ်ဖြုတ်တချီ၊ နွဲ့ယဲ့ယဲ့ ဝဲကာတလီ 

စွန့်ခွာရသည့် နွေညများ အထက်တန်းတွဲ့၏ က ခုံတန်းစဉ်ဘက် တနေရာရသည်မှာ ကံကောင်းသည်။ သည်ခုံတန်းစဉ်မှာက ယှဉ်ဘက်မရှိ။ တခုံတည်းတွင် တဦးတည်း သီးသီးသန့်သန့် ထိုင်ရသည်။

ကမာ္ဘကုန်ကျယ်သရွေ့ဝယ် (၂) 

နှင်းမြူရိပ်ကို မြင်လျှင်၊ အမှတ်မထင် ဝေဝေဝါး၊ ဘဝပမာလေလား့၊ တင်စားမိသည်၊ ဆီးတားကာဝှက်၊ လ-ရက်-နာရီ၊ အချိန်မင်ရည့်၊ အုံ့ကာဆိုင်းလို့ မပီ၊ တပိုင်းပြယ်လွင့်၊ နွေအဖွင့်သို့ လေသင့်ရာလျော မြော ရွှေရင့်လွှာသိင်္ဂီ

တပြည်သူကို သပြေသူ မရွှေထားလို့ မှားနေတာ တွေ့တယ်။ ရုပ်ရှင်အမည်က ဘယ်လိုလဲတော့ မသိပါ။ ဝတ္ထုအမည်ကတော့ တပြည်သူ မရွှေထား။ 

သပြေသူလို့ ကဖေးနှင့် အအေးဆိုင် တွေ့တယ်။ အမည်ကိုတော့ ကြိုက်သလိုပေးကြပါတယ်။ မရွှေထားဆိုင် မဟုတ်လောက်။

စာအုပ်ကို သတ်ပုံပြင်ထုတ်သူတွေက စာရေးဆရာအမည်ကို တစ်ကသိုလ်ဘုန်းနိုင်လို့ ရေးသင့်ကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ