၂။ ဆရာရဲ့ကျေးဇူးကို အဖေပြောလို့မဆုံး ဆရာဒေါက်တင့်ကြောင့် ငါ့ခြေထောက်ပြန်ကောင်းသွားတာ နေကောင်းကျန်းမာပါစေရှင့်
ကောင်းတာမွန်တာ ရေးတဲ့အတွက်တော့ ကျေးဇူး။ ဒါပေမဲ့ ကျွန်တော်က ကြီးကျယ်တဲ့အလုပ်မျိုး လုပ်ကိုင်နိုင်စွမ်း မရှိပါ။ ဆေးပညာစာတွေကိုတော့ နောက်ဆုံးထွက် ဆေးသုတေသနတွေအရ ရေးပါတယ်။ ဆေးကုတာမှာတော့ ဒုတိယကွန်မင့်လိုဘဲ (ကန်တော့) ခြေထောက်တို့ လက်တို့လောက်သာ စွမ်းသာတယ်။ လူတွေရဲ့ ဦးနှောက်နဲ့ နှလုံးကို မခွဲစိတ်တတ်ပါ။
အခက်ဆုံးက အတွေးအခေါ်၊ ဆင်ခြင်စဉ်းစားမှု။ အဲဒါကလည်း တကယ့်ကို အခြေခံအဆင့်ကို ပြင်ချင်တာ မရနိုင်။ ဥပမာ နည်းနည်းလေး ပေးမယ်။
ကိုဗစ်ဆိုတိုင်း ငှက်သိုက်၊ အောက်မဲညိုနဲ့ လောက်သေရွက်။ ဘာကင်ဆာဖြစ်ဖြစ် ခါချက်ဥနဲ့ ကန်စွန်းရိုနီလို့ ပြောနေကြတာတွေကို အမုန်းခံ ရေးနေတာ မအောင်မြင်ပါ။
ရွှေဥဒေါင်းရေးတဲ့ တသက်တာမှတ်တမ်းစာအုပ်ကို သတ်ပုံပြင်ထုတ်ခြင်းဟာ မှားတယ်လို့ ပြောတာလည်း လိုက်နာသူ တဦးတလေ မရှိ။ တောင်မြို့ဆရာတော်ကြီးရဲ တဘဝသာသနာကို သတ်ပုံပြင်ထုတ်တာ မသင့်လို့ပြောလည်း မရ။
ကျွန်တော်သည် ခြေဖျားလောက်သာ စွမ်းသူဖြစ်၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment