Skip to main content

ခြေမှာစကား လက်ဖျားကဗျာ

၁။ ဆရာမိသားစုနှင့်အတူ ချမ်းမြေ့သာယာ ပျော်ရွှင်ပါစေ နိုင်ငံတော်နှင့်နိုင်ငံသားတို့အကျိုးတိုးတက်သာယာပါစေကြောင်း ထမ်းပိုးရွက်ဆောင်နိုင်ပါစေခမျာ

၂။ ဆရာရဲ့ကျေးဇူးကို အဖေပြောလို့မဆုံး ဆရာဒေါက်တင့်ကြောင့် ငါ့ခြေထောက်ပြန်ကောင်းသွားတာ နေကောင်းကျန်းမာပါစေရှင့်

ကောင်းတာမွန်တာ ရေးတဲ့အတွက်တော့ ကျေးဇူး။ ဒါပေမဲ့ ကျွန်တော်က ကြီးကျယ်တဲ့အလုပ်မျိုး လုပ်ကိုင်နိုင်စွမ်း မရှိပါ။ ဆေးပညာစာတွေကိုတော့ နောက်ဆုံးထွက် ဆေးသုတေသနတွေအရ ရေးပါတယ်။ ဆေးကုတာမှာတော့ ဒုတိယကွန်မင့်လိုဘဲ (ကန်တော့) ခြေထောက်တို့ လက်တို့လောက်သာ စွမ်းသာတယ်။ လူတွေရဲ့ ဦးနှောက်နဲ့ နှလုံးကို မခွဲစိတ်တတ်ပါ။ 

အခက်ဆုံးက အတွေးအခေါ်၊ ဆင်ခြင်စဉ်းစားမှု။ အဲဒါကလည်း တကယ့်ကို အခြေခံအဆင့်ကို ပြင်ချင်တာ မရနိုင်။ ဥပမာ နည်းနည်းလေး ပေးမယ်။

ကိုဗစ်ဆိုတိုင်း ငှက်သိုက်၊ အောက်မဲညိုနဲ့ လောက်သေရွက်။ ဘာကင်ဆာဖြစ်ဖြစ် ခါချက်ဥနဲ့ ကန်စွန်းရိုနီလို့ ပြောနေကြတာတွေကို အမုန်းခံ ရေးနေတာ မအောင်မြင်ပါ။ 

ရွှေဥဒေါင်းရေးတဲ့ တသက်တာမှတ်တမ်းစာအုပ်ကို သတ်ပုံပြင်ထုတ်ခြင်းဟာ မှားတယ်လို့ ပြောတာလည်း လိုက်နာသူ တဦးတလေ မရှိ။ တောင်မြို့ဆရာတော်ကြီးရဲ တဘဝသာသနာကို သတ်ပုံပြင်ထုတ်တာ မသင့်လို့ပြောလည်း မရ။ 

ကျွန်တော်သည် ခြေဖျားလောက်သာ စွမ်းသူဖြစ်၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ