Skip to main content

ယနေ့ နှင့် ကနေ့

- ကနေ့ ယနေ့ ဘယ်ဟာကအမှန်လဲဆရာ
- ကနေ့ညနဲ့ ယနေ့ည ဘာကွာခြားမှုရှိပါသလဲဆရာခင်ဗျ။ ယနေ့ညလို့သုံးနှုန်းလို့ရပါသလား။
ယနေ့လို့ ရေးရမည်လား။ ကနေ့လို့ ရေးရမည်လားလို့ မေးစဉ်က ရေးထားတယ်။ ကနေ့တော့ အပြင်မှာ လမ်းလျှောက်မရအောက်မှာ မေးတာတော့ ဟုတ်ပုံမရ ရေးလာတာက ကနေ့ ယနေ့ ဒီကနေ့ တဲ့။
စာလိုရေးရင် ယနေ့က မှန်။ ကနေ့ဆိုတာ စကားပြောအသုံး။ ယခုလို့စာလိုအမှန်ရေးရပြီး အခုလို့ စကားပြောကြတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
ယခု (နာမ်) = ပြောဆို ဖော်ပြသည့်ကာလ။ လက်ငင်းကာလ။
ယခု (နာမ်ဝိသေသန) = လက်ငင်းကာလနှင့်ဆိုင်သော။ လက်ငင်းကာလအဖို့ဖြစ်သော။
ယခုနေ့ (နာမ်) = မျက်မှောက်ကြုံရဆဲရက်၊ ကာလ။
ယခုနေ့ (ကြိယာဝိသေသန) = ယနေ့၊ ယခုနေ့၊ မျက်မှောက်ကြုံရဆဲရက်၊ ကာလ၌။ မပေါင်းချင်လျှင် ယခုနေ့ပါကွာ။
ယခင် = (ကြိယာဝိသေသန) ပြောဆို ဖော်ပြသည့်ကာလ မတိုင်မီ အတိတ်က။ လွန်ခဲ့သောကာလ။
ယခုန = (ကြိယာဝိသေသန) ယခုတွင်
ယခင် = ယခင့် = အတိတ်ကာလ
ယခင့်ယခင်ခေတ်
ယခင် = အတိတ်ကာလ
ယခု
ယခုကာလ
ယခုချက်ခြင်း
ယခုခေတ်
ယခုနှစ်
ယခုလ
ယခုအချိန်
ယခုအခါ
ယမန်နေ့ (မနေ့)
ယမန်နေ့ည
ယမန်အခါ
ယနေ့ ယခု၊ ပြုပြုသမျှသော ကုသိုလ်။ ယနေ့ ရွှေဈေး။ ယနေ့ထုတ် သတင်းစာများ။ ကနေ့ပဲ နှစ်ဆန်းတရက်နေ့ ရောက်ပြီ။
ကနေ့ = ယနေ့။ ကနေ့ပဲ လွတ်လပ်ရေးနေ့ရောက်ပြီ။
ကြောင်းတူသံကွဲများ ဒီနေ့၊ ဒီရက်၊ သည်နေ့၊ ဤနေ့၊ ယနေ့။
မနေ့နဲ့မတူ ယနေ့တမူထူးသည် နက်ဖြန်ဆိုရင် ဒိထက်ခရီးရောက်မည် (သီချင်း)
ယနေ့မှစနှစ်တရာတိုင် (သီချင်း)
နားနဲ့ ခြေသံ
ရန်ဖြစ်ဖူး၏
ကနေ့အထိ။
စိတ်နဲ့လောက
ဒေါပွဖူး၏
ကနေ့အထိ။ (မောင်သွေးသစ် ကဗျာဖြစ်ပါတယ်။ အဆုံးထိတော့ မရိုက်အားသေးပါ။)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ