Skip to main content

ပန်းခြံထဲမှာ // သုမောင်

တလောဆီက ပန်းခြံတခုတွင် ရုပ်ရှင်ရိုက်ဖြစ်သည်။ ကျွန်တော်က ဆိုက်ကားသမားကြီး အခန်းမှ ပါဝင်ရသည်။ ထိုပန်းခြံထဲမှ ကလေးကစားကွင်းနှင့် တွဲလျက်ဖြစ်သော စားသောက်ဆိုင်မှာ ရိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် လာရောက်ကြည့် ရှုသူ ပရိသတ် တော်တော်စုံစုံကို တွေ့ ရသည်။ မိသားစုများနှင့် စုံတွဲတွေက အများစုဖြစ်၏။

ကျွန်တော်က ရုပ်ရှင်ရိုက် ကျဲပါးသောကြောင့် တ ကြောင်း၊ ဆိုက်ကားသမားကြီးအသွင် ဆင်မြန်းထားသောကြောင့် တကြောင်း ကျွန်တော့်ကို ပရိသတ်တွေက မသိကြတာများသည်။ မမှတ်မိတာလည်း ပါလိမ့်မည်။ သည်အတွက်လည်း ကြံဖန်၍ ကျေနပ်မိသည်။ လွတ်လွတ်လပ်လပ်ရှိသည်ဟု။ ထို့ ကြောင့် မိမိအလှည့် မကျခင်မှာ စာထိုင်ရေးနေလိုက်သည်။

စားသောက်ဆိုင်၏ စားပွဲလွတ်တခုမှာ ရေးလိုက်၊ စဉ်းစားရင်း ငေးလိုက်လုပ်နေသောအခါ ကျွန်တော် ငေးမိသည့်နေရာ၌ လူငယ်တဦး ကျွန်တော့်အား စူး စိုက်ကြည့်နေသည်ကို မှတ်မှတ်ထင်ထင် တွေ့ရသည်။ ကြာတော့ အားနာလာသည်နှင့် ပြုံးပြမိသည်။ ထိုအခါကျမှ လူငယ်သည် ပြန်၍ ပြုံးတုံ့ရင်း ကျွန်တော့်ထံ လာရောက်မိတ် ဆက်လေတော့သည်။ သူ့နောက်မှာ တော်တော်ကောင်းသော မော်တော်ကားတစီး ကျန်ရစ်၏။

(ရွှေအမြုတေ၊ ဒီဇင်ဘာ၊ ၁၉၉၇)

စာကို အစ အဆုံး ကူးမတင်တော့ပါ။ မူရင်းစာတွေကို အချက်အလက်နဲ့ စာလုံးပေါင်းသတ်ပုံမပျက်တင်ပေးရဲသူ၊ တင်ပေးရကောင်းမှန်းသိသူ ဦးရေ တိုးလာနေပြီ။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ 

Comments